ဘဝအတြက္ ျငင္းဆန္လို႕မရႏိုင္တဲ့ အမွန္တရား ၅ ခု

ဘဝအတြက္ ျငင္းဆန္လို႕မရႏိုင္တဲ့ အမွန္တရား ၅ ခု
ဘဝအတြက္ ျငင္းဆန္လို႕မရႏိုင္တဲ့ အမွန္တရား ၅ ခု

ဘဝအတြက္ ျငင္းဆန္လို႕မရႏိုင္တဲ့ အမွန္တရား ၅ ခု

၁။ က်န္းမာေရးမေကာင္းရင္ ေငြေၾကးခ်မ္းသာမႈက အလကားပဲ

ေငြေၾကးအေျမာက္အျမားႂကြယ္ဝခ်မ္းသာတာ၊ ဝင္ေငြေတြ အမ်ားႀကီးရွိတာက အသုံးဝင္ၿပီး ေကာင္းမြန္တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ေငြေၾကးဟာ သင့္အတြက္ အခြင့္အလမ္းမ်ားစြာကို ဖန္တီးေပးႏိုင္ပါတယ္။

ဒါေပမယ့္ ေငြေၾကးေနာက္ကိုလိုက္ရင္ သင့္က်န္းမာေရးကို လ်စ္လ်ဴရႈထားေလာက္တဲ့အထိေတာ့ မထိုက္တန္ပါဘူး။ ေငြေၾကးဘယ္ေလာက္ပဲ ခ်မ္းသာပါေစ ယိုယြင္းသြားတဲ့ က်န္းမာေရးကို မူလအတိုင္းျပန္လည္ေကာင္းမြန္လာေအာင္ ျပင္ဆင္လို႔မရဘူးဆိုတာ သတိရပါ။

ဘဝမွာ က်န္းမာေရးဟာ နံပတ္ ၁ ဦးစားေပးျဖစ္ပါတယ္။ က်န္းမာေရးက ၁ ဆိုရင္ အေနာက္မွာ သုညေပါင္းမ်ားစြာကို ျဖည့္ဆည္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးကို ဦးစားေပးပါ။ က်န္းမာျခင္းက ခ်မ္းသာျခင္းကိုပါ ေဆာင္ယူေပးႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။

၂။ ေပ်ာ္႐ႊင္မႈဆိုတာ သင့္ရဲ႕ေ႐ြးခ်ယ္မႈပါ

လူအမ်ားစုက သူတို႔မွာ လက္ရွိထက္ပိုၿပီး ျပည့္စုံရင္ ေပ်ာ္႐ႊင္ႏိုင္မယ္လို႔ ထင္တတ္ၾကပါတယ္။ ကားအသစ္တစ္စီးရွိရင္၊ အိမ္အသစ္တစ္လုံးပိုင္ရင္၊ ဝင္ေငြပိုေကာင္းတဲ့ အလုပ္တစ္ခုရရင္ ေပ်ာ္႐ႊင္ႏိုင္မွာပဲလို႔ ေတြးထားၾကပါတယ္။

တကယ္ေတာ့ ေပ်ာ္႐ႊင္မႈဆိုတာ ဒီလို ပိုမိုျပည့္စုံလာမွမဟုတ္ပါဘူး။ လက္ရွိပိုင္ဆိုင္မႈေတြကို အသိအမွတ္ျပဳတတ္ရင္ ခံစားရႏိုင္ပါတယ္။ ေပ်ာ္႐ႊင္မႈဆိုတာ သင့္ရဲ႕ေ႐ြးခ်ယ္မႈပဲ ျဖစ္ပါတယ္။ သင့္အေနနဲ႔ ေပ်ာ္႐ႊင္ဖို႔ ေ႐ြးခ်ယ္ထားရင္ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ ေပ်ာ္႐ႊင္မႈကို ခံစားရမွာပါ။

၃။ လူတိုင္း ေက်နပ္ေအာင္ မစြမ္းေဆာင္ႏိုင္ဘူး

သင့္ပတ္ဝန္းက်င္က လူတိုင္းေက်နပ္ေပ်ာ္႐ႊင္ေအာင္ ႀကိဳးစားမယ္ဆိုရင္ အခ်ည္းႏွီးအားထုတ္မႈပဲ ျဖစ္ပါလိမ့္မယ္။ တစ္ေယာက္မဟုတ္ တစ္ေယာက္က အၿမဲတမ္း အျပစ္ျမင္ညည္းျငဴ၊ ေဝဖန္ရႈံ႕ခ်ေနမွာပါပဲ။

လူတိုင္းကို ေက်နပ္ေစဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူတိုင္းေက်နပ္ေအာင္ မႀကိဳးစားပါနဲ႔။

၄။ သင့္ထက္ ေတာ္တဲ့သူတစ္ေယာက္ အၿမဲရွိတယ္

ေလာကမွာ ၿပိဳင္ဘက္ကင္းတဲ့သူဆိုတာ မရွိပါဘူး။ အၿမဲတမ္း သင့္ထက္သာတဲ့သူ တစ္ေယာက္ေယာက္ေတာ့ ရွိေနစၿမဲပါ။ ဒီအေပၚမွာ စိတ္ပ်က္ဝမ္းနည္းစရာ မလိုပါဘူး။ သင့္ရဲ႕ ကြၽမ္းက်င္မႈကို အျခားသူနဲ႔ မႏႈိင္းယွဥ္ပါနဲ႔။

သင့္ကိုယ္သင္ျပန္ႏႈိင္းယွဥ္ၿပီး အရင္ကထက္ပိုတိုးတက္လာဖို႔ကိုပဲ အာ႐ုံစိုက္သင့္ပါတယ္။

၅။ အခက္အခဲႀကဳံရခ်ိန္မွ လူေတြရဲ႕သ႐ုပ္မွန္ကို ျမင္ႏိုင္တယ္

ဒါက လူေတြရဲ႕သဘာဝတစ္ခုပါ။ သင္ ထိပ္ဆုံးေရာက္ေနခ်ိန္နဲ႔ ေငြေၾကး၊အာဏာေတြ ဆုံးရႈံးသြားခ်ိန္ေတြမွာ လူေတြရဲ႕ဆက္ဆံမႈက ေျပာင္းလဲကြာျခားသြားတတ္ပါတယ္။

ဒီအခ်က္ကို နားလည္ထားမယ္ဆိုရင္ လူတိုင္းက သင့္ရဲ႕မိတ္ေဆြစစ္မျဖစ္ႏိုင္ဘူးဆိုတာ သတိထားမိမွာပါ။ သင့္ဘ၀ ဘယ္အေျခအေနေရာက္ေရာက္ သင့္အနားမွာ အားေပးရပ္တည္ေပးႏိုင္တဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကို တန္ဖိုးထားပါ။

Credit

Unicode

ဘဝအတွက် ငြင်းဆန်လို့မရနိုင်တဲ့ အမှန်တရား ၅ ခု

၁။ ကျန်းမာရေးမကောင်းရင် ငွေကြေးချမ်းသာမှုက အလကားပဲ

ငွေကြေးအမြောက်အမြားကြွယ်ဝချမ်းသာတာ၊ ဝင်ငွေတွေ အများကြီးရှိတာက အသုံးဝင်ပြီး ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ငွေကြေးဟာ သင့်အတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ပါတယ်။

ဒါပေမယ့် ငွေကြေးနောက်ကိုလိုက်ရင် သင့်ကျန်းမာရေးကို လျစ်လျူရှုထားလောက်တဲ့အထိတော့ မထိုက်တန်ပါဘူး။ ငွေကြေးဘယ်လောက်ပဲ ချမ်းသာပါစေ ယိုယွင်းသွားတဲ့ ကျန်းမာရေးကို မူလအတိုင်းပြန်လည်ကောင်းမွန်လာအောင် ပြင်ဆင်လို့မရဘူးဆိုတာ သတိရပါ။

ဘဝမှာ ကျန်းမာရေးဟာ နံပတ် ၁ ဦးစားပေးဖြစ်ပါတယ်။ ကျန်းမာရေးက ၁ ဆိုရင် အနောက်မှာ သုညပေါင်းများစွာကို ဖြည့်ဆည်းနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို ဦးစားပေးပါ။ ကျန်းမာခြင်းက ချမ်းသာခြင်းကိုပါ ဆောင်ယူပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၂။ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပါ

လူအများစုက သူတို့မှာ လက်ရှိထက်ပိုပြီး ပြည့်စုံရင် ပျော်ရွှင်နိုင်မယ်လို့ ထင်တတ်ကြပါတယ်။ ကားအသစ်တစ်စီးရှိရင်၊ အိမ်အသစ်တစ်လုံးပိုင်ရင်၊ ဝင်ငွေပိုကောင်းတဲ့ အလုပ်တစ်ခုရရင် ပျော်ရွှင်နိုင်မှာပဲလို့ တွေးထားကြပါတယ်။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဒီလို ပိုမိုပြည့်စုံလာမှမဟုတ်ပါဘူး။ လက်ရှိပိုင်ဆိုင်မှုတွေကို အသိအမှတ်ပြုတတ်ရင် ခံစားရနိုင်ပါတယ်။ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ပျော်ရွှင်ဖို့ ရွေးချယ်ထားရင် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ခံစားရမှာပါ။

၃။ လူတိုင်း ကျေနပ်အောင် မစွမ်းဆောင်နိုင်ဘူး

သင့်ပတ်ဝန်းကျင်က လူတိုင်းကျေနပ်ပျော်ရွှင်အောင် ကြိုးစားမယ်ဆိုရင် အချည်းနှီးအားထုတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ တစ်ယောက်မဟုတ် တစ်ယောက်က အမြဲတမ်း အပြစ်မြင်ညည်းငြူ၊ ဝေဖန်ရှုံ့ချနေမှာပါပဲ။

လူတိုင်းကို ကျေနပ်စေဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းကျေနပ်အောင် မကြိုးစားပါနဲ့။

၄။ သင့်ထက် တော်တဲ့သူတစ်ယောက် အမြဲရှိတယ်

လောကမှာ ပြိုင်ဘက်ကင်းတဲ့သူဆိုတာ မရှိပါဘူး။ အမြဲတမ်း သင့်ထက်သာတဲ့သူ တစ်ယောက်ယောက်တော့ ရှိနေစမြဲပါ။ ဒီအပေါ်မှာ စိတ်ပျက်ဝမ်းနည်းစရာ မလိုပါဘူး။ သင့်ရဲ့ ကျွမ်းကျင်မှုကို အခြားသူနဲ့ မနှိုင်းယှဉ်ပါနဲ့။

သင့်ကိုယ်သင်ပြန်နှိုင်းယှဉ်ပြီး အရင်ကထက်ပိုတိုးတက်လာဖို့ကိုပဲ အာရုံစိုက်သင့်ပါတယ်။

၅။ အခက်အခဲကြုံရချိန်မှ လူတွေရဲ့သရုပ်မှန်ကို မြင်နိုင်တယ်

ဒါက လူတွေရဲ့သဘာဝတစ်ခုပါ။ သင် ထိပ်ဆုံးရောက်နေချိန်နဲ့ ငွေကြေး၊အာဏာတွေ ဆုံးရှုံးသွားချိန်တွေမှာ လူတွေရဲ့ဆက်ဆံမှုက ပြောင်းလဲကွာခြားသွားတတ်ပါတယ်။

ဒီအချက်ကို နားလည်ထားမယ်ဆိုရင် လူတိုင်းက သင့်ရဲ့မိတ်ဆွေစစ်မဖြစ်နိုင်ဘူးဆိုတာ သတိထားမိမှာပါ။ သင့်ဘ၀ ဘယ်အခြေအနေရောက်ရောက် သင့်အနားမှာ အားပေးရပ်တည်ပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို တန်ဖိုးထားပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*