ရည္းစားတစ္ေထာင္၊ လင္ေကာင္တစ္ေယာက္ ဆိုတဲ့ စကားပုံ ၾကားဖူးပါတယ္

ရည္းစားတစ္ေထာင္၊ လင္ေကာင္တစ္ေယာက္ ဆိုတဲ့ စကားပုံ ၾကားဖူးပါတယ္
ရည္းစားတစ္ေထာင္၊ လင္ေကာင္တစ္ေယာက္ ဆိုတဲ့ စကားပုံ ၾကားဖူးပါတယ္

ရည္းစားတစ္ေထာင္၊ လင္ေကာင္တစ္ေယာက္ ဆိုတဲ့ စကားပုံ ၾကားဖူးပါတယ္

အမ်ိဳးသမီးမ်ား ရည္းစားတစ္ေထာင္ထားရမယ္လို႔ မဆိုလိုပါဘူး။ဒါေပမဲ့ အမ်ိဳးသားတစ္ဦးရဲ႕ အေၾကာင္းကို ေကာင္းေကာင္းမသိေသးခင္မွာ အခ်စ္ကို ယုံၿပီး ဘဝကို မပုံအပ္သင့္ပါဘူး။

အခ်စ္ဦးဆိုတာ ႐ုပ္ရွင္ထဲမွာ ဇာတ္လမ္းထဲမွာ အလြန္လွပသေလာက္ တကယ္ညားသြားရင္ သာယာတာက နည္းပါတယ္။ ဘယ္လိုေယာက္်ားမ်ိဳးကို အိမ္ေထာင္ဘက္အျဖစ္ေ႐ြးခ်ယ္သင့္ပါသလဲဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ခ်င္းမတူၾကပါဘူး။

ဒါေပမဲ့ ေအာက္ပါအက်င့္မ်ားၿငိစြန္းေနတဲ့ ေယာက်္ားမ်ားကိုေတာ့ အိမ္ေထာင္ဘက္ေ႐ြးခဲ့ရင္ ေရွာင္ရွားသင့္ပါတယ္။

၁။ ကပ္ေစးႏွဲလြန္းတဲ့ ေယာက်္ား

အရပ္စကားနဲ႔ ႏွပ္ေခ်းလို႔လည္းေခၚတာၾကားဖူးပါတယ္။ ဒီလိုေယာက္်ားမ်ိဳးနဲ႔ အတူတူ ဆိုင္မွာ တစ္ခုခုစားရင္ ပိုက္ဆံေပးဖို႔ လက္တြန႔္တတ္တာကို ေတြ႕ရတတ္ပါတယ္။

သူဟာဘယ္ေလာက္ခ်မ္းသာတယ္။ ဘယ္လို Brand ေတြကို ဝတ္ဆင္တယ္ စသည္ျဖင့္ သိသိသာသာျဖစ္ျဖစ္၊

မသိမသာျဖစ္ျဖစ္ ႂကြားတတ္ေပမဲ့ ပိုက္ဆံရွင္းရၿပီဆိုရင္ မသိသလို ေနတတ္တဲ့ ေယာက်္ားမ်ိဳးျဖစ္ပါတယ္။ ဒီလိုမ်ိဳးေယာက်္ား ေရွာင္ရွားသင့္ပါတယ္။

၂။ သံသယ မ်ားတဲ့ေယာက္်ား

တအားခ်စ္လို႔ သံသယမ်ားတယ္။အရမ္းခ်စ္လို႔ သဝန္တိုတယ္ စသည္ျဖင့္ ေျပာႏိုင္ေပမဲ့ သံသယမ်ားတဲ့ ေယာက္်ားမ်ားဟာ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္မရွိတာ ေသခ်ာပါတယ္။

ဒီလိုေယာက္်ားမ်ိဳးနဲ႔ တစ္သက္လုံး ေနထိုင္ဖို႔ မလြယ္ေလာက္ဘူး။ ကိုယ္ဘာပဲေျပာေျပာ သူလိုခ်င္တဲ့ အဓိပၺါယ္ကို ေကာက္ယူသြားတတ္တယ္။

ၿပီးရင္ မထင္မွတ္တဲ့ အခ်ိန္အခါမွာ စိတ္ဆိုးတယ္။ ဒါေပမဲ့ အိမ္ေထာင္က်ၿပီရင္ေတာ့ သံသယကင္းၿပီး စိတ္ခ်သြားတဲ့ ေယာက်္ားေတြလည္း ရွိၾကျပန္တယ္။

၃။ မ်ိဳးခ်စ္လြန္းတဲ့ ေယာက်္ား

သူ႔အမ်ိဳးဆိုရင္ အကုန္ေကာင္းတယ္။

နည္းနည္းမွ ထိလို႔မရဘူး၊ သူမ်ားမိသားစု၊ သူမ်ားအမ်ိဳးဆိုရင္ လူမထင္ဘူး။

ဘာမဆို သူတို႔ဆိုရင္ အေကာင္းခ်ည္းပဲ။ စဥ္းစားၾကည့္ေလ ဘယ္လိုေပါင္းမလဲ။

၄။ စိတ္မ်ားတဲ့ ေယာက်္ား

စိတ္မ်ားတဲ့ေယာက္်ား၊ ရည္းစားကို အထည္လဲသလို ထားတဲ့ေယာက္်ားမ်ိဳးကို ေရွာင္ပါ။

ဒီလိုေယာက္်ားမ်ိဳးနဲ႔ ညားသြားတာ ရည္းစားလုဘက္ေတြကို အႏိုင္ရလိုက္ၿပီ မထင္လိုက္ပါနဲ႔၊ ကိုယ္နဲ႔ ညားၿပီးရင္ ေနာင္အသစ္ေပၚလာတတ္ပါတယ္။

၅။ ေလာင္းကစားတတ္ျခင္း

အစားအေသာက္မက္တဲ့ ေယာက္်ားထက္ ေလာင္းကစားဝါသနာပါတဲ့ေယာက္်ားက ပိုေၾကာက္စရာေကာင္းပါတယ္။

ပိုင္ဆိုင္သမွ် အကုန္ေျပာင္သြားတတ္လို႔ပါ။ ေလာင္းကစားဆိုရာမွာ ( ၂ ) လုံးထီ၊ ( ၃ )လုံးထီလည္းပါဝင္ပါတယ္။

၆။ လက္ပါတတ္ျခင္း

လက္ပါတတ္တဲ့ ေယာက္်ားမ်ိဳးကို ေရွာင္က်ဥ္ပါ။ တစ္ခါခြင့္လြတ္လိုက္ရင္ ေနာက္တစ္ခါ ျပန္လာတတ္ပါတယ္။

၇။ အတၱဆန္လြန္းျခင္း

အတၱဆန္လြန္းရင္ ေရွာင္က်ဥ္သင့္ပါတယ္။ ဘာမဆို သူမွန္တယ္။ ဘာမဆို သူ႔ကို အလိုလိုက္မွဆိုရင္ တစ္သက္လုံး ဘယ္လို အဆင္ေျပႏိုင္မလဲ။

၈။ ေယာက္်ားႀကီးဝါဒ လြန္ကဲျခင္း

ဒီလိုေယာက္်ားမ်ိဳးဟာ အရည္အခ်င္းရွိတတ္ပါတယ္။

ယုံၾကည္မူ အျပည့္ရွိေနတတ္ပါတယ္။ ျပသနာက တစ္ခ်က္လြတ္အမိန႔္ေျပာသလို စကားေျပာတတ္ပါတယ္။

သူဟာ သင့္ကိုစိတ္တြင္းကေန အထင္ေသးေနတတ္ပါတယ္။

မိန္းကေလးမ်ားအားလုံးကို အထင္ေသးေနတာလည္း ျဖစ္ႏိုင္ပါတယ္။

သူ႔ရဲ႕ အျမင္မွာ ဒီကမာၻႀကီးကို ေယာ့က္်ားမ်ားက ပိုင္ဆိုင္ပါတယ္။ မိန္းမဆိုတာ အျဖည့္ခံ လို႔ သေဘာထားပါတယ္။

Credit:Sayar Aung Ko Latt

Unicode

ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက် ဆိုတဲ့ စကားပုံ ကြားဖူးပါတယ်

အမျိုးသမီးများ ရည်းစားတစ်ထောင်ထားရမယ်လို့ မဆိုလိုပါဘူး။ဒါပေမဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းကို ကောင်းကောင်းမသိသေးခင်မှာ အချစ်ကို ယုံပြီး ဘဝကို မပုံအပ်သင့်ပါဘူး။

အချစ်ဦးဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန်လှပသလောက် တကယ်ညားသွားရင် သာယာတာက နည်းပါတယ်။ ဘယ်လိုယောက်ျားမျိုးကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြပါဘူး။

ဒါပေမဲ့ အောက်ပါအကျင့်များငြိစွန်းနေတဲ့ ယောကျ်ားများကိုတော့ အိမ်ထောင်ဘက်ရွေးခဲ့ရင် ရှောင်ရှားသင့်ပါတယ်။

၁။ ကပ်စေးနှဲလွန်းတဲ့ ယောကျ်ား

အရပ်စကားနဲ့ နှပ်ချေးလို့လည်းခေါ်တာကြားဖူးပါတယ်။ ဒီလိုယောက်ျားမျိုးနဲ့ အတူတူ ဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့်တတ်တာကို တွေ့ရတတ်ပါတယ်။

သူဟာဘယ်လောက်ချမ်းသာတယ်။ ဘယ်လို Brand တွေကို ဝတ်ဆင်တယ် စသည်ဖြင့် သိသိသာသာဖြစ်ဖြစ်၊

မသိမသာဖြစ်ဖြစ် ကြွားတတ်ပေမဲ့ ပိုက်ဆံရှင်းရပြီဆိုရင် မသိသလို နေတတ်တဲ့ ယောကျ်ားမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးယောကျ်ား ရှောင်ရှားသင့်ပါတယ်။

၂။ သံသယ များတဲ့ယောက်ျား

တအားချစ်လို့ သံသယများတယ်။အရမ်းချစ်လို့ သဝန်တိုတယ် စသည်ဖြင့် ပြောနိုင်ပေမဲ့ သံသယများတဲ့ ယောက်ျားများဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ သေချာပါတယ်။

ဒီလိုယောက်ျားမျိုးနဲ့ တစ်သက်လုံး နေထိုင်ဖို့ မလွယ်လောက်ဘူး။ ကိုယ်ဘာပဲပြောပြော သူလိုချင်တဲ့ အဓိပ္ဗါယ်ကို ကောက်ယူသွားတတ်တယ်။

ပြီးရင် မထင်မှတ်တဲ့ အချိန်အခါမှာ စိတ်ဆိုးတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီရင်တော့ သံသယကင်းပြီး စိတ်ချသွားတဲ့ ယောကျ်ားတွေလည်း ရှိကြပြန်တယ်။

၃။ မျိုးချစ်လွန်းတဲ့ ယောကျ်ား

သူ့အမျိုးဆိုရင် အကုန်ကောင်းတယ်။

နည်းနည်းမှ ထိလို့မရဘူး၊ သူများမိသားစု၊ သူများအမျိုးဆိုရင် လူမထင်ဘူး။

ဘာမဆို သူတို့ဆိုရင် အကောင်းချည်းပဲ။ စဉ်းစားကြည့်လေ ဘယ်လိုပေါင်းမလဲ။

၄။ စိတ်များတဲ့ ယောကျ်ား

စိတ်များတဲ့ယောက်ျား၊ ရည်းစားကို အထည်လဲသလို ထားတဲ့ယောက်ျားမျိုးကို ရှောင်ပါ။

ဒီလိုယောက်ျားမျိုးနဲ့ ညားသွားတာ ရည်းစားလုဘက်တွေကို အနိုင်ရလိုက်ပြီ မထင်လိုက်ပါနဲ့၊ ကိုယ်နဲ့ ညားပြီးရင် နောင်အသစ်ပေါ်လာတတ်ပါတယ်။

၅။ လောင်းကစားတတ်ခြင်း

အစားအသောက်မက်တဲ့ ယောက်ျားထက် လောင်းကစားဝါသနာပါတဲ့ယောက်ျားက ပိုကြောက်စရာကောင်းပါတယ်။

ပိုင်ဆိုင်သမျှ အကုန်ပြောင်သွားတတ်လို့ပါ။ လောင်းကစားဆိုရာမှာ ( ၂ ) လုံးထီ၊ ( ၃ )လုံးထီလည်းပါဝင်ပါတယ်။

၆။ လက်ပါတတ်ခြင်း

လက်ပါတတ်တဲ့ ယောက်ျားမျိုးကို ရှောင်ကျဉ်ပါ။ တစ်ခါခွင့်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်လာတတ်ပါတယ်။

၇။ အတ္တဆန်လွန်းခြင်း

အတ္တဆန်လွန်းရင် ရှောင်ကျဉ်သင့်ပါတယ်။ ဘာမဆို သူမှန်တယ်။ ဘာမဆို သူ့ကို အလိုလိုက်မှဆိုရင် တစ်သက်လုံး ဘယ်လို အဆင်ပြေနိုင်မလဲ။

၈။ ယောက်ျားကြီးဝါဒ လွန်ကဲခြင်း

ဒီလိုယောက်ျားမျိုးဟာ အရည်အချင်းရှိတတ်ပါတယ်။

ယုံကြည်မူ အပြည့်ရှိနေတတ်ပါတယ်။ ပြသနာက တစ်ချက်လွတ်အမိန့်ပြောသလို စကားပြောတတ်ပါတယ်။

သူဟာ သင့်ကိုစိတ်တွင်းကနေ အထင်သေးနေတတ်ပါတယ်။

မိန်းကလေးများအားလုံးကို အထင်သေးနေတာလည်း ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ အမြင်မှာ ဒီကမ္ဘာကြီးကို ယော့က်ျားများက ပိုင်ဆိုင်ပါတယ်။ မိန်းမဆိုတာ အဖြည့်ခံ လို့ သဘောထားပါတယ်။

Credit:Sayar Aung Ko Latt

Be the first to comment

Leave a Reply

Your email address will not be published.


*