ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား

ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား
ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား

ရဟန္းသံဃာကို ဖိနပ္မခြၽတ္ပဲ လႉရင္ အလႉေျမာက္ပါသလား

ရဟန္းသံဃာကို ဖိနပ္ မခြၽတ္ပဲ လႉရင္ အလႉ ေျမာက္ပါသလား ရဟန္းသံဃာကို လႉရင္ ဖိနပ္ခြၽတ္ၿပီးမွ လႉရ တယ္လို႔ မိဘဆရာမ်ားက သင္ခဲ့ၾကပါတယ္။ ဖိနပ္ မခြၽတ္ပဲ လႉခဲ့ရင္ အလႉေျမာက္ပါသလား။ အက်ိဳး အျပစ္ ရွိပါသလား။

ရဟန္းေတြရဲ႕ ၂၂၇ သြယ္ေသာ သိကၡာပုတ္ မွာ ေျခနင္း၊ ဖိနပ္ စီးထားေသာ သူကို တရား မေဟာရဟု ပါရွိပါတယ္။ ဒါေၾကာင့္ အကယ္၍ မိမိမွ ဖိနပ္ မခြၽတ္ပဲ လႈဒါန္းရင္ အလႈခံ ရဟန္းမွ တရား ေဟာေျပာျခင္လွ်င္ေတာင္ မွ ေဟာေျပာခြင့္ မရ ျဖစ္ေနမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ ဖိနပ္ မစီးသင့္ပါဘူး။

ဘုန္းႀကီးေက်ာင္းဝင္း အတြင္း ဝင္လွ်င္ ဖိနပ္ခြၽတ္ဝင္ ၾကေသာ သေဘာတရားနဲ႔ အတူတူ ပါပဲ။ သာသနာေတာ္မွာ သီးသန႔္ သတ္မွတ္ (ဖိနပ္ခြၽတ္ရမည္ဟု) ထားတာ မေတြ႕ရွိပါ။

ဖိနပ္ မခြၽတ္လည္း အလႉေတာ့ ေျမာက္တယ္။ ဒါေပမယ့္ သကစၥ မျဖစ္ပါဘူး။ ဒါန အက်ိဳးရတယ္။ သကစၥ အက်ိဳး မရပါဘူး။ သကၠစၥဆိုတာ ႐ို႐ိုေသေသလႉတာ ေလးေလးစားစား လႉတာကို ေျပာတာပါ။ ဒါန အက်ိဳးေၾကာင့္ ႂကြယ္ဝ မယ္၊ အေႁခြအရံ ေပါမယ္။

ဒါေပမယ့္ သကၠစၥ မျဖစ္ေတာ့ အေႁခြအရံက အစ ကိုယ့္ကို မေလးစားဘူးေပါ့။ လူေလးစား မခံရဘူးေပါ့။ ဘႀကီးေတာ္မင္းနဲ႔ မယ္ႏုတို႔ဟာ အဖိုး၃သိန္းတန္တဲ့ အုတ္ေက်ာင္းကို ေရစက္ခ်တဲ့ေန႔မွာ ဆရာေတာ္ ဦးဗုဓ္ဟာ ကန္ေတာ့ခန္းၿပီးတာေတာင္ သီလ မေပးဘူးတဲ့။

ဘာလို႔လဲ ဆိုေတာ့ ဘႀကီးေတာ္ ဟာ ထိျခင္း ငါးပါးနဲ႔ မရွိခိုးပဲ ေခါင္းအုံး ခံထားလို႔တဲ့။ ေခါင္းအုံး ဖယ္ၿပီးတာေတာင္ ရွိခိုးတာ အခ်ိဳးက်မွ သီလ ေပးသတဲ့ဗ်ာ။

Credit:

Unicode

ရဟန်းသံဃာကို ဖိနပ်မချွတ်ပဲ လှူရင် အလှူမြောက်ပါသလား

ရဟန်းသံဃာကို ဖိနပ် မချွတ်ပဲ လှူရင် အလှူ မြောက်ပါသလား ရဟန်းသံဃာကို လှူရင် ဖိနပ်ချွတ်ပြီးမှ လှူရ တယ်လို့ မိဘဆရာများက သင်ခဲ့ကြပါတယ်။ ဖိနပ် မချွတ်ပဲ လှူခဲ့ရင် အလှူမြောက်ပါသလား။ အကျိုး အပြစ် ရှိပါသလား။

ရဟန်းတွေရဲ့ ၂၂၇ သွယ်သော သိက္ခာပုတ် မှာ ခြေနင်း၊ ဖိနပ် စီးထားသော သူကို တရား မဟောရဟု ပါရှိပါတယ်။ ဒါကြောင့် အကယ်၍ မိမိမှ ဖိနပ် မချွတ်ပဲ လှုဒါန်းရင် အလှုခံ ရဟန်းမှ တရား ဟောပြောခြင်လျှင်တောင် မှ ဟောပြောခွင့် မရ ဖြစ်နေမှာ ဖြစ်တဲ့ အတွက်ကြောင့် ဖိနပ် မစီးသင့်ပါဘူး။

ဘုန်းကြီးကျောင်းဝင်း အတွင်း ဝင်လျှင် ဖိနပ်ချွတ်ဝင် ကြသော သဘောတရားနဲ့ အတူတူ ပါပဲ။ သာသနာတော်မှာ သီးသန့် သတ်မှတ် (ဖိနပ်ချွတ်ရမည်ဟု) ထားတာ မတွေ့ရှိပါ။

ဖိနပ် မချွတ်လည်း အလှူတော့ မြောက်တယ်။ ဒါပေမယ့် သကစ္စ မဖြစ်ပါဘူး။ ဒါန အကျိုးရတယ်။ သကစ္စ အကျိုး မရပါဘူး။ သက္ကစ္စဆိုတာ ရိုရိုသေသေလှူတာ လေးလေးစားစား လှူတာကို ပြောတာပါ။ ဒါန အကျိုးကြောင့် ကြွယ်ဝ မယ်၊ အခြွေအရံ ပေါမယ်။

ဒါပေမယ့် သက္ကစ္စ မဖြစ်တော့ အခြွေအရံက အစ ကိုယ့်ကို မလေးစားဘူးပေါ့။ လူလေးစား မခံရဘူးပေါ့။ ဘကြီးတော်မင်းနဲ့ မယ်နုတို့ဟာ အဖိုး၃သိန်းတန်တဲ့ အုတ်ကျောင်းကို ရေစက်ချတဲ့နေ့မှာ ဆရာတော် ဦးဗုဓ်ဟာ ကန်တော့ခန်းပြီးတာတောင် သီလ မပေးဘူးတဲ့။

ဘာလို့လဲ ဆိုတော့ ဘကြီးတော် ဟာ ထိခြင်း ငါးပါးနဲ့ မရှိခိုးပဲ ခေါင်းအုံး ခံထားလို့တဲ့။ ခေါင်းအုံး ဖယ်ပြီးတာတောင် ရှိခိုးတာ အချိုးကျမှ သီလ ပေးသတဲ့ဗျာ။

Credit:

Be the first to comment

Leave a Reply

Your email address will not be published.


*