စိတ္ပူပန္တတ္တဲ့အက်င့္ကိုေဖ်ာက္နည္း

စိတ္ပူပန္တတ္တဲ့အက်င့္ကိုေဖ်ာက္နည္း
စိတ္ပူပန္တတ္တဲ့အက်င့္ကိုေဖ်ာက္နည္း

စိတ္ပူပန္တတ္တဲ့အက်င့္ကိုေဖ်ာက္နည္း

ကြၽန္ေတာ္တို႔ဟာေန႔စဥ္အရာရာကိုပူပန္ေနတတ္ၾကပါတယ္။ အလုပ္မွာ လူႀကီးကဆူမွာေျပာမွာ၊ကေလးေနမေကာင္း ျဖစ္မွာ၊ အိမ္နီးခ်င္းေတြက အထင္ေသးမွာ စသျဖင့္ပူပန္မႈမ်ားစြာနဲ႔ ေန႔စဥ္ဘဝကို ျဖတ္သန္းေနၾကပါတယ္။တခ်ိဳ႕ေတြက ဆိုရင္ ’ မင္းစိတ္မပူဘူးလား’ လို႔ ကိုယ္သတိမထားမိတာေတာင္ သတိထားမိေအာင္ လုပ္ၾက ပါတယ္။

စိတ္ပူတယ္ဆိုတာ ကံဆိုးျခင္းကို လက္ယပ္ေခၚတာပါပဲ။ က်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။ ဒါဆို စိတ္မပူရေတာ့ဘူးလားလို႔ ေမးစရာရွိပါတယ္။ စိတ္ပူပန္မႈကို ေဖ်ာက္လိုက္ပါ။စိတ္ပူမယ့္အစား လုပ္စရာရွိတာကို လုပ္လိုက္ပါ။

အလုပ္မွာ လူႀကီးက ဆူမွာ ေျပာမွာ ပူပန္ေနမယ့္ အစား ကိုယ့္အလုပ္တာဝန္ ကို ေက်ပြန္ေအာင္ ဂ႐ုစိုက္ၿပီး လုပ္ပါ။ ကေလး ေနမေကာင္း ျဖစ္မွာကို ပူပန္ေနမယ့္ အစား ေနမေကာင္း ျဖစ္ေစတဲ့အရာေတြကို ကာကြယ္မႈ လုပ္ပါ။

အိမ္နီးနားခ်င္းေတြရဲ႕ အထင္ေသးမႈ ကို ပူပန္ ေနရမယ့္ အစား အက်င့္သိကၡာ ကို ျပည့္စုံေအာင္ ေစာင့္ထိန္းပါ။ စိတ္ပူေတာ့မယ္ ဆိုရင္ ’အခု အခ်ိန္မွာ စိတ္ပူေနတာ ဘာလဲ’ လို႔ ကိုယ့္ကိုယ္ကို ေမးပါ။

ေသေရးရွင္ေရး ကိစၥေတြက လြဲၿပီး ဘာမဟုတ္တဲ့ ျပႆနာကို စိတ္ပူေနမိတာကို ေတြ႕ရပါလိမ့္မယ္။ ျပႆနာ ဆိုတာကေတာ့ ရွိေနမွာပါပဲ။ ဖ်ားနာတယ္ ဆိုတာ ျဖစ္တတ္ ပါတယ္။ အလုပ္မွာလည္းလူႀကီးကေတာ့ ဆူမွာ ေျပာမွာပဲ။ ဒါ သူ႔အလုပ္ပဲေလ။ တစ္ခ်ိန္လုံး ပူပင္ေနၿပီး ယုန္တစ္ေကာင္လို အရာရာကို ေၾကာက္ေနရတဲ့ ဘဝနဲ႔ေတာ့ မေနသင့္ပါဘူး။

ျပႆနာေတြ အခက္အခဲေတြနဲ႔ တကယ္ ႀကဳံေတြ႕လာတဲ့အခါမွာ လက္ေတြ႕က်က် ေျဖရွင္းပါ။လက္ငင္းေျဖရွင္းလို႔ရတာက ဘာလဲ။ ယခု လုပ္လို႔ရတာကို ခ်က္ခ်င္းလုပ္ပါ။ မနက္ျဖန္အတြက္ကို ေတြးၿပီး ပူမေနပါနဲ႔။

ဘဝမွာ ျပန္ၾကည့္မယ္ဆိုရင္ မေက်ာ္လႊားႏိုင္ခဲ့တဲ့ အခက္အခဲ ဆိုတာ မရွိပါဘူး။ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ေတာ့ ေက်ာ္လႊားခဲ့တာခ်ည္းပါပဲ။ အခက္အခဲဆိုတာလည္း အသက္ရွင္ေနသေ႐ြ႕ ေန႔စဥ္ ေတြ႕ေနရမွာပါ။ ပူပန္ေနလို႔လည္း အခက္အခဲကို ေက်ာ္လႊားလို႔ မရပါဘူး။

မွတ္သားစရာ

ပူပန္ေနမယ့္အစား လုပ္သင့္တာကို ခ်က္ခ်င္းလုပ္ပါ။ ပူပန္မႈကို ေဖ်ာက္ႏိုင္ရင္ေပ်ာ္႐ႊင္မႈကေရာက္လာ မွာပါ။

Credit

Unicode

စိတ်ပူပန်တတ်တဲ့အကျင့်ကိုဖျောက်နည်း

ကျွန်တော်တို့ဟာနေ့စဉ်အရာရာကိုပူပန်နေတတ်ကြပါတယ်။ အလုပ်မှာ လူကြီးကဆူမှာပြောမှာ၊ကလေးနေမကောင်း ဖြစ်မှာ၊ အိမ်နီးချင်းတွေက အထင်သေးမှာ စသဖြင့်ပူပန်မှုများစွာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြပါတယ်။တချို့တွေက ဆိုရင် ’ မင်းစိတ်မပူဘူးလား’ လို့ ကိုယ်သတိမထားမိတာတောင် သတိထားမိအောင် လုပ်ကြ ပါတယ်။

စိတ်ပူတယ်ဆိုတာ ကံဆိုးခြင်းကို လက်ယပ်ခေါ်တာပါပဲ။ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါဆို စိတ်မပူရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ စိတ်ပူပန်မှုကို ဖျောက်လိုက်ပါ။စိတ်ပူမယ့်အစား လုပ်စရာရှိတာကို လုပ်လိုက်ပါ။

အလုပ်မှာ လူကြီးက ဆူမှာ ပြောမှာ ပူပန်နေမယ့် အစား ကိုယ့်အလုပ်တာဝန် ကို ကျေပွန်အောင် ဂရုစိုက်ပြီး လုပ်ပါ။ ကလေး နေမကောင်း ဖြစ်မှာကို ပူပန်နေမယ့် အစား နေမကောင်း ဖြစ်စေတဲ့အရာတွေကို ကာကွယ်မှု လုပ်ပါ။

အိမ်နီးနားချင်းတွေရဲ့ အထင်သေးမှု ကို ပူပန် နေရမယ့် အစား အကျင့်သိက္ခာ ကို ပြည့်စုံအောင် စောင့်ထိန်းပါ။ စိတ်ပူတော့မယ် ဆိုရင် ’အခု အချိန်မှာ စိတ်ပူနေတာ ဘာလဲ’ လို့ ကိုယ့်ကိုယ်ကို မေးပါ။

သေရေးရှင်ရေး ကိစ္စတွေက လွဲပြီး ဘာမဟုတ်တဲ့ ပြဿနာကို စိတ်ပူနေမိတာကို တွေ့ရပါလိမ့်မယ်။ ပြဿနာ ဆိုတာကတော့ ရှိနေမှာပါပဲ။ ဖျားနာတယ် ဆိုတာ ဖြစ်တတ် ပါတယ်။ အလုပ်မှာလည်းလူကြီးကတော့ ဆူမှာ ပြောမှာပဲ။ ဒါ သူ့အလုပ်ပဲလေ။ တစ်ချိန်လုံး ပူပင်နေပြီး ယုန်တစ်ကောင်လို အရာရာကို ကြောက်နေရတဲ့ ဘဝနဲ့တော့ မနေသင့်ပါဘူး။

ပြဿနာတွေ အခက်အခဲတွေနဲ့ တကယ် ကြုံတွေ့လာတဲ့အခါမှာ လက်တွေ့ကျကျ ဖြေရှင်းပါ။လက်ငင်းဖြေရှင်းလို့ရတာက ဘာလဲ။ ယခု လုပ်လို့ရတာကို ချက်ချင်းလုပ်ပါ။ မနက်ဖြန်အတွက်ကို တွေးပြီး ပူမနေပါနဲ့။

ဘဝမှာ ပြန်ကြည့်မယ်ဆိုရင် မကျော်လွှားနိုင်ခဲ့တဲ့ အခက်အခဲ ဆိုတာ မရှိပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကျော်လွှားခဲ့တာချည်းပါပဲ။ အခက်အခဲဆိုတာလည်း အသက်ရှင်နေသရွေ့ နေ့စဉ် တွေ့နေရမှာပါ။ ပူပန်နေလို့လည်း အခက်အခဲကို ကျော်လွှားလို့ မရပါဘူး။

မှတ်သားစရာ

ပူပန်နေမယ့်အစား လုပ်သင့်တာကို ချက်ချင်းလုပ်ပါ။ ပူပန်မှုကို ဖျောက်နိုင်ရင်ပျော်ရွှင်မှုကရောက်လာ မှာပါ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*