“စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ”

စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ
စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ

“စကားတစ္ခြန္းေၾကာင့္ဘဝေျပာင္းခဲ့သူ”

စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ဟာ လမ္းေဘးမွာ ခဲတံေလးေတြ ေရာင္းၿပီး ေငြေတာင္းေနတဲ့လူတစ္ေယာက္ရဲ႕ ခြက္ထဲကို တစ္ေဒၚလာ ထည့္လိုက္ ပါတယ္။ၿပီးေတာ့ သုတ္သီးသုတ္ပ်ာနဲ႔ရထားေပၚကို ေျပးတက္ သြားပါတယ္။

ေနာက္မွ သတိရၿပီး ရထားေပၚက ျပန္ဆင္းလာကာ ေစာေစာကသူေငြ ထည့္ေပးခဲ့တဲ့ သူဆီ ျပန္သြားၿပီး ခြက္ထဲက ခဲတံ တစ္ေခ်ာင္းကို ႏႈိက္ယူလိုက္ပါတယ္။ ၿပီးေတာ့သူက အေလာတႀကီး ျဖစ္ေနလို႔ ေငြထည့္ၿပီး ခဲတံယူဖို႔ ေမ့သြားတယ္လို႔ ၿပဳံးျပၿပီး ေျပာပါတယ္။

ေနာက္ၿပီး သူက ေငြေတာင္းေနသူကို ေျပာတယ္။“ခင္ဗ်ားလည္း ကြၽန္ေတာ့္လို စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ပဲေလ။ ခင္ဗ်ားမွာ ေရာင္းစရာေတြ ရွိေနၿပီး ဒါေတြကို သင့္တင့္မွ်တတဲ့ ေစ်းႏႈန္းသတ္မွတ္ထားတာပဲ မဟုတ္လား။ ႀကိဳးစားပါ။”လို႔ ေျပာၿပီး ရထားေပၚတက္သြားခဲ့ပါတယ္။

ေနာင္ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါ လူမႈေရး ပြဲလမ္းသဘင္ တစ္ခုမွာ သားသားနားနား ၀တ္စားထားတဲ့သူတစ္ေယာက္က စီးပြားေရး လုပ္ငန္းရွင္ ႀကီးထံလာၿပီး သူ႔ကိုယ္သူ မိတ္ဆက္ပါတယ္။“ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ကို မွတ္မိမွာ မဟုတ္ေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွာ ေမ့မွာမဟုတ္ပါဘူး။

ခင္ဗ်ားနဲ႔ မေတြ႕မီ အခ်ိန္အထိေတာ့ ကြၽန္ေတာ္ဟာခဲတံေလးေတြ ေရာင္းတဲ့သူေတာင္းစား တစ္ေယာက္ပါပဲ။ဒါေပမယ့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို စီးပြားေရး လုပ္ငန္းရွင္ပဲလို႔ေျပာသြားခဲ့တဲ့ အခ်ိန္က စၿပီး၊ ကြၽန္ေတာ္ဟာ စီးပြားေရး လုပ္ငန္းရွင္ ျဖစ္သြားတယ္” လို႔ ေျပာခဲ့ပါတယ္။

သူဟာ သူ႔ကိုယ္သူ သူေတာင္းစားပဲ လို႔ ေတြးေတာ ထားတဲ့ အျမင္ကေန ႐ုတ္တရက္စကားတစ္ခြန္းေၾကာင့္ သူ႔အေတြးေတြ ေျပာင္းသြားတယ္။ သူ႔ကိုယ္သူ အဲ့ဒီအခ်ိန္ကစၿပီး သူဟာစီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ပဲလို႔ ေတြးေတာခဲ့တယ္။

စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္လိုစတင္ က်င့္သုံး ျပဳမူခဲ့တယ္။ သူအေတြးေတြဟာ သူ႔ဘဝရဲ႕ ပဲ့တင္သံေတြ ပါပဲ။မိမိအေတြး ပုံရိပ္ထဲမွာ“ငါဟာ သူေတာင္းစားပဲ”လို႔ ေတြးပါမ်ားရင္ “ငါဟာ သူေတာင္းစားပဲ” ဆိုတဲ့ အသံသာ အထပ္ထပ္ျပန္ၾကားေနရမွာပါ။ “ငါဟာလုပ္ငန္းရွင္ပဲ” လို႔ ေတြးလိုက္တာနဲ႔ “ငါဟာ လုပ္ငန္းရွင္ပဲ” ဆိုတဲ့အေတြးပဲ့တင္သံ ျပန္လာမွာ အေသအခ်ာပါပဲ။

ေနာက္ၿပီး ဒီပုံျပင္ေလးထဲက စီးပြားေရး လုပ္ငန္းရွင္ႀကီးလိုသင္လည္း သူတစ္ပါးကို အေကာင္းျမင္ၿပီး စိတ္ခြန္အား ျဖစ္ေစမယ့္ စကားလုံးေတြနဲ႔ ကူညီႏိုင္ပါတယ္။လူေတြရဲ႕ ခႏၶာကိုယ္ထဲမွာ ပါရမီေတြ၊ အစြမ္းအစေတြ ရွိေနၾကပါတယ္။

ဒါေတြကိုသင္ကႏႈိးဆြေပးလိုက္႐ုံနဲ႔ သူ႔ကိုယ္ထဲက အစြမ္းအစေတြဟာ အၿငိမ္မေနႏိုင္ပဲ စြမ္းအားေတြ အျဖစ္ထြက္ေပၚကာ သူ႔ဘဝတစ္ခုလုံးကို ေျပာင္းလဲ သြားေစႏိုင္ ပါေသးတယ္။ ဒီလိုနည္းနဲ႔ သင္က လူေတြရဲ႕ဘဝေတြကို တိုးတက္ ေအာင္ျမင္သြားေအာင္ ေစတနာ စိတ္ဓာတ္ အျပည့္နဲ႔ ကူညီေပးမယ္ဆိုရင္သင့္ကူညီမႈရဲ႕ ပဲ့တင္သံေတြဟာ သင့္ထံ ျပန္လာမွာ မလြဲမေသြပါပဲ။

တျခားသူေတြရဲ႕ဘဝကို ျမႇင့္တင္ေပးျခင္း အားျဖင့္ သင္ကိုယ္တိုင္လည္း ေသခ်ာေပါက္ တိုးတက္ေအာင္ျမင္လာမွာ ျဖစ္တယ္ဆိုတာ အာမခံပါတယ္။သင္ျပဳတဲ့ကံ၊ ပဲ့တင္သံ၊ သင့္ထံ ျပန္လာမွာပဲျဖစ္ပါတယ္။

Credit

Unicode

“စကားတစ်ခွန်းကြောင့်ဘဝပြောင်းခဲ့သူ”

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့လူတစ်ယောက်ရဲ့ ခွက်ထဲကို တစ်ဒေါ်လာ ထည့်လိုက် ပါတယ်။ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ရထားပေါ်ကို ပြေးတက် သွားပါတယ်။

နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောကသူငွေ ထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံ တစ်ချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ်။

နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။“ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ။”လို့ ပြောပြီး ရထားပေါ်တက်သွားခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ဝတ်စားထားတဲ့သူတစ်ယောက်က စီးပွားရေး လုပ်ငန်းရှင် ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။“ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး။

ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာခဲတံလေးတွေ ရောင်းတဲ့သူတောင်းစား တစ်ယောက်ပါပဲ။ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲလို့ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်” လို့ ပြောခဲ့ပါတယ်။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတော ထားတဲ့ အမြင်ကနေ ရုတ်တရက်စကားတစ်ခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာစီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလို့ တွေးတောခဲ့တယ်။

စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လိုစတင် ကျင့်သုံး ပြုမူခဲ့တယ်။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။မိမိအတွေး ပုံရိပ်ထဲမှာ“ငါဟာ သူတောင်းစားပဲ”လို့ တွေးပါများရင် “ငါဟာ သူတောင်းစားပဲ” ဆိုတဲ့ အသံသာ အထပ်ထပ်ပြန်ကြားနေရမှာပါ။ “ငါဟာလုပ်ငန်းရှင်ပဲ” လို့ တွေးလိုက်တာနဲ့ “ငါဟာ လုပ်ငန်းရှင်ပဲ” ဆိုတဲ့အတွေးပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလိုသင်လည်း သူတစ်ပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင်ပါတယ်။လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြပါတယ်။

ဒါတွေကိုသင်ကနှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ်ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် ပါသေးတယ်။ ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ်ဆိုရင်သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံ ပြန်လာမှာ မလွဲမသွေပါပဲ။

တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်း အားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက်အောင်မြင်လာမှာ ဖြစ်တယ်ဆိုတာ အာမခံပါတယ်။သင်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမှာပဲဖြစ်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*