လူသိနည္းတဲ့ အစြန္းအထင္းဟူသမွ် ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္း (၁၆) မ်ိဴး

လူသိနည္းတဲ့ အစြန္းအထင္းဟူသမွ် ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္း (၁၆) မ်ိဴး
လူသိနည္းတဲ့ အစြန္းအထင္းဟူသမွ် ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္း (၁၆) မ်ိဴး

လူသိနည္းတဲ့ အစြန္းအထင္းဟူသမွ် ခြၽတ္ေပးႏိုင္တဲ့ နည္းလမ္း (၁၆) မ်ိဴး

သင္အရမ္းႀကိဳက္တဲ့ အဝတ္အစားတစ္ခုခုမွာ အေရာင္တစ္ခုခု ဒါမွမဟုတ္ ပစၥည္းတစ္ခုခု စြန္းေပသြားတဲ့အခါ ႏွေျမာတသ ျဖစ္ေနစရာမလိုေတာ့ပါဘူးေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စြန္းသြားတဲ့အရာအလိုက္ ခြၽတ္နည္းအမ်ိဳးမ်ိဳးရွိေနလို႔ပါ။ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ႏႈတ္ခမ္းနီေပသြားခဲ့ရင္ အဝတ္စနဲ႔ အရက္ကိုတို႔ၿပီး ေပသြားတဲ့ေနရာကို ပြတ္တိုက္ေပးပါ။

၂။ ျမက္ေပၚမွာထိုင္တာၾကာလို႔ ျမက္ေတြစြန္းသြားရင္ ရွာလကာရည္ထဲကို နာရီဝက္ခန႔္စိမ္ၿပီး ေလွ်ာ္ေပးလိုက္ပါ။

၃။ ဝိုင္နီေပသြားခဲ့ရင္ ဝိုင္ျဖဴနဲ႔ ျပန္ဖ်က္ေပးႏိုင္ပါတယ္။

၄။ မွင္စြန္းသြားခဲ့ရင္ ႏြားႏို႔ထဲကို စိမ္လိုက္ပါ။

၅။ အမဲဆီစြန္းသြားခဲ့ရင္ အဝတ္ေလွ်ာ္တဲ့အထဲ ကိုကာကိုလာ ထည့္ေလွ်ာ္ပါ။

၆။ ေသြးစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို ဟိုက္ဒ႐ိုဂ်င္ပါေအာက္ဆိုဒ္ ေလာင္းေပးပါ။

၇။ ေခြၽးစြန္းသြားခဲ့ရင္ Aspirin ေဆးျပား ၃ျပားကို ေရေႏြးနဲ႔ေရာၿပီး အဲ့ဒီ့အရည္ထဲကို တစ္နာရီခန႔္စိမ္လိုက္ပါ။

၈။ အာလူးစြန္းသြားခဲ့ရင္ ရွာကာရည္နဲ႔ေရကိုေရာၿပီး အဝတ္စနဲ႔တို႔ကာ စြန္းသြားတဲ့ေနရာကိုပြတ္တိုက္ေပးပါ။

၉။ ေကာ္ဖီစြန္းသြားခဲ့ရင္ ၾကက္ဥအႏွစ္၊ ေရေႏြးနဲ႔ အရက္တို႔ကိုေရာကာ အဝတ္စႏွင့္တို႔ၿပီး ပြတ္တိုက္ေပးပါ။

၁၀။ မိတ္ကပ္စြန္းေပသြားခဲ့ရင္ Shaving cream နဲ႔ေလွ်ာ္ေပးပါ။

၁၁။ အဆီတစ္ခုခုစြန္းသြားခဲ့ရင္ စြန္းသြားတဲ့ေနရာကို Baby ေပါင္ဒါျဖဴးၿပီး တစ္ည ထားေပးလိုက္ပါ။ ေနာက္ေန႔ေလွ်ာ္ေပး လိုက္႐ုံပါပဲ။

၁၂။ စေတာ္ဘယ္ရီသီးစားရင္း အႏွစ္ေတြေပကုန္ရင္ – စေတာ္ဘယ္ရီသီးတို႔၊ ဘလူးဘယ္ရီသီးတို႔လို ဘယ္ရီသီးႏြယ္ဝင္ေတြကထြက္တဲ့ အခ်ိဳရည္ေတြဟာ စြန္းထင္းလြယ္ၿပီး ဖ်က္ရခက္ပါတယ္။ ဒီအစြန္းအထင္းေတြကို ဖယ္ရွားဖို႔အတြက္ အရင္ဆုံး ေရေအးနဲ႔ ပြတ္တိုက္လိုက္ပါ။

ၿပီးမွ အေပၚက သံပုရာရည္နဲ႔ ပြတ္ၿပီး (၂) နာရီေလာက္ ဒီတိုင္းထားေပးလိုက္ပါ။ ၿပီးရင္ အထည္ကို အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္လိုက္ပါ။ ၿပီးရင္ေတာ့ သြားတိုက္တံေလး တစ္ေခ်ာင္းယူၿပီး ဆပ္ျပာရည္နည္းနည္းနဲ႔ ထပ္ပြတ္လိုက္ပါဦး။ ဒါဆိုရင္ အစြန္းေတြေျပာင္ေလာက္ပါၿပီ။

၁၃။ အက်ႌေပၚ ဟင္းေမွာက္က်ရင္ – ဟင္းခ်က္ဆီတို႔၊ ေထာပတ္တို႔ေၾကာင့္ျဖစ္တဲ့ အစြန္းအ ထင္း ေတြဟာလည္း ဖယ္ရွားရခက္ပါတယ္။ အက်ၤ ီေပၚမွာ ၾကက္သားဟင္းဖိတ္သြားလို႔ ဆီကြက္ထင္းေနတာကို ေတြးၾကည့္ပါ။

ဒါကို ဖယ္ရွားဖို႔အတြက္ကေတာ့ ဆီစြန္းထင္းေနတဲ့ အဝတ္ အစားကို ေရေႏြးပူပူထဲမွာ မိနစ္ (၃၀) ေလာက္ၾကာေအာင္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ဆပ္ ျပာမႈန႔္ထည့္ၿပီး သြားပြတ္တံေလးတစ္ေခ်ာင္းနဲ႔ ပြတ္ေပးလိုက္ပါ။ ၿပီးရင္ ေရေႏြးပူထဲမွာ ခဏျပန္စိမ္ထားၿပီး ပုံမွန္အတိုင္းပဲ ေလွ်ာ္ဖြတ္ေပးလိုက္ပါ။

၁၄။ ေဖ်ာ္ရည္ေမွာက္က်ရင္ – အေအးဆိုင္ ထိုင္ရင္း ေဖ်ာ္ရည္ခြက္ ေမွာက္က်တဲ့အခါ အက်ႌမွာ အစြန္းအထင္းက်န္ခဲ့မွာပါပဲ။ ဒီအစြန္းကို ခြၽတ္ဖို႔ဆိုရင္ ဇလုံတစ္လုံးထဲမွာ ပန္းကန္ေဆးဆပ္ျပာရည္ (၁/၂) ခြက္ကို ရွာလကာရည္အၾကည္ (၁/၄) ခြက္နဲ႔ ေရာစပ္ေပးလိုက္ပါ။

သမေအာင္ေမႊၿပီးရင္ ေဖ်ာ္ရည္ေၾကာင့္ျဖစ္တဲ့ အစြန္းကြက္ေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ မိနစ္ (၃၀) ေလာက္ ဒီတိုင္းထားၿပီးရင္ သြားတိုက္တံေလးတစ္ေခ်ာင္းနဲ႔ ပြတ္တိုက္ေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ ေရေအးေအးေလးတစ္ခြက္နဲ႔ ျပန္ေဆးခ်ေပး လိုက္ပါ။

၁၅။ အဝတ္အစားမွာ ပီေကလာကပ္ေနရင္ -အက်ႌ ပီေက (chewing gum) လာကပ္ေနရင္ ေတာ္ေတာ္အာ႐ုံေနာက္ရပါတယ္။ ေျဖရွင္းနည္းကိုမသိခင္ကေတာ့ အမွ်င္တန္းလန္းႀကီးကိုဆြဲခြာ၊ လက္ကို ျပန္လာကပ္နဲ႔… ေတာ္ေတာ္အာ႐ုံေနာက္ရပါတယ္။

အမွန္ေတာ့ နည္းသိရင္ လြယ္လြယ္ေလးပါ။ ပီေကကပ္ေနတဲ့ အဝတ္အစားကို ေရခဲေသတၱာအေအးခန္းထဲ တစ္ညေလာက္ထည့္ထားလိုက္ပါ။ မနက္မိုးလင္းရင္ ခဲေနတဲ့ ပီေကေလးကို ဓားနဲ႔ ေကာ္ထုတ္ၿပီး ပုံမွန္အတိုင္း ျပန္လည္ေလွ်ာ္ဖြတ္ေပးႏိုင္ပါၿပီ။

၁၆။ ခရမ္းခ်ဥ္သီးေဆာ့စ္ ေပသြားရင္ – ခရမ္းခ်ဥ္သီးေဆာ့စ္ေၾကာင့္ျဖစ္တဲ့ အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ အစြန္းအထင္းေပေနတဲ့အဝတ္အစားကို ရွာလကာရည္ထဲ ထည့္စိမ္လိုက္ပါ။ ဒါမွမဟုတ္ ေပေနတဲ့ေနရာကို ရွာလကာရည္နဲ႔ ပြတ္ေပး လိုက္ပါ။

အဲဒီအတိုင္း တစ္နာရီေလာက္ထားၿပီး ပုံမွန္အတိုင္းျပန္ေလွ်ာ္ဖြတ္ေပးလိုက္ရင္ ရပါၿပီ။

Unicode

လူသိနည်းတဲ့ အစွန်းအထင်းဟူသမျှ ချွတ်ပေးနိုင်တဲ့ နည်းလမ်း (၁၆) မျိူး

သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာ အရောင်တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသ ဖြစ်နေစရာမလိုတော့ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။

၂။ မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။

၃။ ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။

၄။ မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။

၅။ အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။

၆။ သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။

၇။ ချွေးစွန်းသွားခဲ့ရင် Aspirin ဆေးပြား ၃ပြားကို ရေနွေးနဲ့ရောပြီး အဲ့ဒီ့အရည်ထဲကို တစ်နာရီခန့်စိမ်လိုက်ပါ။

၈။ အာလူးစွန်းသွားခဲ့ရင် ရှာကာရည်နဲ့ရေကိုရောပြီး အဝတ်စနဲ့တို့ကာ စွန်းသွားတဲ့နေရာကိုပွတ်တိုက်ပေးပါ။

၉။ ကော်ဖီစွန်းသွားခဲ့ရင် ကြက်ဥအနှစ်၊ ရေနွေးနဲ့ အရက်တို့ကိုရောကာ အဝတ်စနှင့်တို့ပြီး ပွတ်တိုက်ပေးပါ။

၁၀။ မိတ်ကပ်စွန်းပေသွားခဲ့ရင် Shaving cream နဲ့လျှော်ပေးပါ။

၁၁။ အဆီတစ်ခုခုစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို Baby ပေါင်ဒါဖြူးပြီး တစ်ည ထားပေးလိုက်ပါ။ နောက်နေ့လျှော်ပေး လိုက်ရုံပါပဲ။

၁၂။ စတော်ဘယ်ရီသီးစားရင်း အနှစ်တွေပေကုန်ရင် – စတော်ဘယ်ရီသီးတို့၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးနွယ်ဝင်တွေကထွက်တဲ့ အချိုရည်တွေဟာ စွန်းထင်းလွယ်ပြီး ဖျက်ရခက်ပါတယ်။ ဒီအစွန်းအထင်းတွေကို ဖယ်ရှားဖို့အတွက် အရင်ဆုံး ရေအေးနဲ့ ပွတ်တိုက်လိုက်ပါ။

ပြီးမှ အပေါ်က သံပုရာရည်နဲ့ ပွတ်ပြီး (၂) နာရီလောက် ဒီတိုင်းထားပေးလိုက်ပါ။ ပြီးရင် အထည်ကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ပါ။ ပြီးရင်တော့ သွားတိုက်တံလေး တစ်ချောင်းယူပြီး ဆပ်ပြာရည်နည်းနည်းနဲ့ ထပ်ပွတ်လိုက်ပါဦး။ ဒါဆိုရင် အစွန်းတွေပြောင်လောက်ပါပြီ။

၁၃။ အင်္ကျီပေါ် ဟင်းမှောက်ကျရင် – ဟင်းချက်ဆီတို့၊ ထောပတ်တို့ကြောင့်ဖြစ်တဲ့ အစွန်းအ ထင်း တွေဟာလည်း ဖယ်ရှားရခက်ပါတယ်။ အင်္ကျ ီပေါ်မှာ ကြက်သားဟင်းဖိတ်သွားလို့ ဆီကွက်ထင်းနေတာကို တွေးကြည့်ပါ။

ဒါကို ဖယ်ရှားဖို့အတွက်ကတော့ ဆီစွန်းထင်းနေတဲ့ အဝတ် အစားကို ရေနွေးပူပူထဲမှာ မိနစ် (၃၀) လောက်ကြာအောင် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ ဆပ် ပြာမှုန့်ထည့်ပြီး သွားပွတ်တံလေးတစ်ချောင်းနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေးပူထဲမှာ ခဏပြန်စိမ်ထားပြီး ပုံမှန်အတိုင်းပဲ လျှော်ဖွတ်ပေးလိုက်ပါ။

၁၄။ ဖျော်ရည်မှောက်ကျရင် – အအေးဆိုင် ထိုင်ရင်း ဖျော်ရည်ခွက် မှောက်ကျတဲ့အခါ အင်္ကျီမှာ အစွန်းအထင်းကျန်ခဲ့မှာပါပဲ။ ဒီအစွန်းကို ချွတ်ဖို့ဆိုရင် ဇလုံတစ်လုံးထဲမှာ ပန်းကန်ဆေးဆပ်ပြာရည် (၁/၂) ခွက်ကို ရှာလကာရည်အကြည် (၁/၄) ခွက်နဲ့ ရောစပ်ပေးလိုက်ပါ။

သမအောင်မွှေပြီးရင် ဖျော်ရည်ကြောင့်ဖြစ်တဲ့ အစွန်းကွက်ပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် (၃၀) လောက် ဒီတိုင်းထားပြီးရင် သွားတိုက်တံလေးတစ်ချောင်းနဲ့ ပွတ်တိုက်ပေးလိုက်ပါဦး။ ပြီးရင်တော့ ရေအေးအေးလေးတစ်ခွက်နဲ့ ပြန်ဆေးချပေး လိုက်ပါ။

၁၅။ အဝတ်အစားမှာ ပီကေလာကပ်နေရင် -အင်္ကျီ ပီကေ (chewing gum) လာကပ်နေရင် တော်တော်အာရုံနောက်ရပါတယ်။ ဖြေရှင်းနည်းကိုမသိခင်ကတော့ အမျှင်တန်းလန်းကြီးကိုဆွဲခွာ၊ လက်ကို ပြန်လာကပ်နဲ့… တော်တော်အာရုံနောက်ရပါတယ်။

အမှန်တော့ နည်းသိရင် လွယ်လွယ်လေးပါ။ ပီကေကပ်နေတဲ့ အဝတ်အစားကို ရေခဲသေတ္တာအအေးခန်းထဲ တစ်ညလောက်ထည့်ထားလိုက်ပါ။ မနက်မိုးလင်းရင် ခဲနေတဲ့ ပီကေလေးကို ဓားနဲ့ ကော်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်လည်လျှော်ဖွတ်ပေးနိုင်ပါပြီ။

၁၆။ ခရမ်းချဉ်သီးဆော့စ် ပေသွားရင် – ခရမ်းချဉ်သီးဆော့စ်ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အစွန်းအထင်းပေနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲ ထည့်စိမ်လိုက်ပါ။ ဒါမှမဟုတ် ပေနေတဲ့နေရာကို ရှာလကာရည်နဲ့ ပွတ်ပေး လိုက်ပါ။

အဲဒီအတိုင်း တစ်နာရီလောက်ထားပြီး ပုံမှန်အတိုင်းပြန်လျှော်ဖွတ်ပေးလိုက်ရင် ရပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*