မိမိတို႔ရဲ႕ ကေလးေတြကို ဒီငါးသုံးေကာင္အေၾကာင္း ေျပာျပေပးပါ ဘဝအတြက္ အလြန္တန္ဖိုးရွိပါတယ္

ငါးသုံးေကာင္အေၾကာင္း
ငါးသုံးေကာင္အေၾကာင္း

မိမိတို႔ရဲ႕ ကေလးေတြကို ဒီငါးသုံးေကာင္အေၾကာင္း ေျပာျပေပးပါ ဘဝအတြက္ အလြန္တန္ဖိုးရွိပါတယ္

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥၿပီးတာနဲ႔ ဥရဲ႕မလွမ္းမကမ္းမွာ ေစာင့္ေနခဲ့တယ္။ ဥေကပါကႅာတဲ့ ငါးကေလးေတြဟာ အစာမရွာတတ္ေသးေတာ့ မိခင္ရဲ႕အသားကိုပဲ စားရေတာ့တယ္။Chum salmon အမဟာ ငါးကေလးကိုက္တဲ့ဒဏ္ကို အံႀကိတ္ၿပီး ခံခဲ့ပါတယ္။

ငါးကေလးေတြႀကီးျပင္းလာခ်ိန္မွာ ငါးအမဟာ အစားခံရလို႔ အ႐ိုးပဲက်န္ခဲ့ေတာ့တယ္။Chum salmonငါးအမဟာ ေလာကမွာ အျမင့္ျမတ္ဆုံးျဖစ္တဲ့မိခင္ေမတၱာကို အသံတိတ္ ေပးဆပ္ေနခဲ့ပါတယ္။Chum salmon ငါးက မိခင္ေမတၱာျပည့္ဝတဲ့ ငါးတစ္မ်ိဳးျဖစ္ပါတယ္။

(၂) Northern snakehead

ဒီငါးမ်ိဳးက ဥ,ဥၿပီးတာနဲ႔ မ်က္စိႏွစ္လုံးအလင္းကြယ္သြားတယ္လို႔ ဆိုပါတယ္။ ငါးဟာ မ်က္စိမျမင္ေတာ့ အစာမရွာႏိုင္လို႔ ဆာေလာင္တဲ့ဒဏ္ကိုခံရပါတယ္။ဥကေပါက္လာတဲ့ ငါးေပါက္ေထာင္ေသာင္းမ်ားစြာဟာ မိခင္အစာငတ္ေသသြားမွာကို မၾကည့္ရက္လို႔ တစ္ေကာင္ခ်င္းစီ မိခင္ရဲ႕ပါးစပ္ထဲ ကူးခတ္ဝင္ေရာက္ၿပီး မိခင္ကိုအာရဟာျဖည့္ေပးၾကပါတယ္။

မိခင္က အသက္ရွင္က်န္ရစ္ခဲ့ေပမယ့္ ငါးကေလးေတြရဲ႕အသက္ရွင္ႏႈန္းက ၁ဝပုံပုံ ၁ပုံပဲရွိခဲ့ပါတယ္။မိခင္အတြက္ သူတို႔ဟာ ငယ္႐ြယ္တဲ့အသက္ကို စေတးခဲ့ၾကပါတယ္။Northern snakehead ငါးက မိဘကို ႐ိုေသကိုင္းရႈိင္းတဲ့ငါးျဖစ္ပါတယ္။

(၃) ေဆာ္လမြန္ငါး

ႏွစ္စဥ္ႏွစ္တိုင္း ဥ,ဥတဲ့ရာသီေရာက္တိုင္း ေဆာ္လမြန္ငါးတို႔ဟာ ခရီးမိုင္ေထာင္ေပါင္းမ်ားစြာကိုျဖတ္သန္းၿပီး ပင္လယ္ျပင္ကေန ကုန္းတြင္းပိုင္းမွာရွိတဲ့ သူတို႔ရဲ႕ေမြးရပ္ေျမ ျမစ္ေခ်ာင္းဆီ အေရာက္ျပန္ၾကပါတယ္။

ေဆာ္လမြန္ငါးတို႔ရဲ႕အျပန္လမ္းဟာ ခက္ခဲၾကမ္းတမ္းလြန္းလွတာကို CCTV႐ုပ္ျမင္သံၾကားရဲ႕ တိရစာၦန္ကမာၻအစီအစဥ္မွာ ႐ိုက္ကူးတင္ဆက္ခဲ့ဖူးပါတယ္။အိမ္အျပန္လမ္းမွာ ေရတံခြန္ေတြကို ဆန္တက္ရပါတယ္။ေရတံခြန္ေဘးမွာက ဝက္ဝံေတြအုပ္စုလိုက္ေစာင့္ေနၾကပါတယ္။ ေရတံခြန္ကိုမဆန္တက္ႏိုင္တဲ့ေဆာ္လမြန္ငါးေတြဟာ ဝက္ဝံညိဳေတြရဲ႕အစာျဖစ္ရပါတယ္။

ေရတံခြန္ကိုျဖတ္ေက်ာ္ႏိုင္တဲ့ ငါးေတြက လက္ပန္းက်ေနခဲ့ေပမယ့္ လင္းယုန္ငွက္ေတြရဲ႕ ဖမ္းဆီးတာကို ရင္ဆိုင္ရပါေသးတယ္။ကံေကာင္းတဲ့ငါးေလာက္ပဲ ဖမ္းဆီးသတ္ျဖတ္တာကို ေရွာင္ႏိုင္ခဲ့ပါတယ္။

သိုေလာင္ထားတဲ့ အင္အားနဲ႔အဆီေတြ ကုန္ခမ္းသြားမွ ေဆာ္လမြန္ငါးေတြဟာ ကိုယ့္ေနရပ္ဆီ ျပန္ေရာက္ၾကၿပီး သူတို႔တစ္သက္မွာ အေရးပါဆုံးျဖစ္တဲ့ မိတ္လိုက္၊ ဥ, ဥတဲ့ကိစၥကို လုပ္ေဆာင္ၾကပါတယ္။အဲဒီေနာက္ သူတို႔ေမြးရပ္ဌာေနမွာပဲ ေအးေအးခ်မ္းခ်မ္းေသဆုံးသြားၾကပါတယ္။ေနာက္တစ္ႏွစ္ ေႏြဦးရာသီမွာ ေဆာ္လမြန္ငါးေလာင္းေလးေတြေပါက္ဖြားလာျပါတယ္။

အဲဒီေနာက္ ျမစ္ေခ်ာင္းတစ္ေလွ်ာက္ စီးေမ်ာလိုက္ပါၿပီး သူတို႔ရဲ႕ေရွ႕မ်ိဳးဆက္အတိုင္း ခက္ခဲၾကမ္းတမ္းတဲ့ဘဝလမ္းကို စတင္ၾကပါတယ္။ ေဆာ္လမြန္ငါးဟာ ေမြးရပ္ဇာတိကို ျမတ္ႏိုးတြယ္တာတဲ့ငါးျဖစ္ပါတယ္။

ဒီေလာကမွာ အနည္းဆုံး ငါးသုံးေကာင္က ကြၽန္မတို႔ကို သက္ဝင္ခံစားေနေစခဲ့ပါၿပီ။

ပထမငါးတစ္ေကာင္က မိဘျဖစ္ၿပီး ကြၽန္မတို႔ကိုဘဝေပးခဲ့သူျဖစ္တယ္။ သူတို႔ကိုခြဲခြာၿပီး အေဝးကိုထြက္သြားမယ့္ကြၽန္မတို႔ကို မ်က္စိတစ္ဆုံးနဲ႔ သူတို႔ပို႔ေဆာင္ႏႈတ္ဆက္ခဲ့ပါတယ္။ ေနာင္တမရွိ၊ ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာမထားဘဲ သူတို႔ေပးဆပ္ႏိုင္သေလာက္ ေပးဆပ္ေနခဲ့ပါတယ္။

ေနာက္ငါးတစ္ေကာင္က သားသမီးေတြျဖစ္ပါတယ္။ ဝမ္းကကြၽတ္တာနဲ႔ ကြၽန္မတို႔ရဲ႕ေသြးသားေတာ္စပ္သူျဖစ္ခဲ့ပါတယ္။ အဲဒီကစ အိုမင္းတဲ့အထိ အတူတကြေနထိုင္အေဖာ္ျပဳသြားမယ္လို႔ ယုံၾကည္ခဲ့ပါတယ္။

ေနာက္တစ္ေကာင္က ေမြးရပ္ဇာတိျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ အေဝးကိုေရာက္ေရာက္၊ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ အိမ္အျပန္လမ္းဆိုတဲ့ လမ္းမေပၚဆီ ကြၽန္မတို႔ေလွ်ာက္လွမ္းၾကရမွာပါ။

ကြၽန္မတို႔က အထီးက်န္တဲ့ငါးတစ္အုပ္ပါ။ ဒီကမာၻေလာကထဲ မေတာ္တဆ ကူးခတ္ေရာက္ရွိလာခဲ့ၾကပါတယ္။အဲဒီေနာက္ ဒီေလာကထဲခိုလႈံေနထိုင္ရင္း ကြၽန္မတို႔ဘဝရဲ႕ငါးသုံးေကာင္ကို ျမတ္ႏိုးတြယ္တာခ်စ္ခင္ေနခဲ့ၾကပါတယ္။

ႀကိဳက္ႏွစ္သက္ရင္ အမ်ားသိေအာင္ Share ေပးဖို႔မေမ့နဲ႔ေနာ္

Credit-Search Myanmar

Unicode

မိမိတို့ရဲ့ ကလေးတွေကို ဒီငါးသုံးကောင်အကြောင်း ပြောပြပေးပါ ဘဝအတွက် အလွန်တန်ဖိုးရှိပါတယ်

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကေပါက္လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။

ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead

ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။

မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။

ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ရေတံခွန်ဘေးမှာက ဝက်ဝံတွေအုပ်စုလိုက်စောင့်နေကြပါတယ်။ ရေတံခွန်ကိုမဆန်တက်နိုင်တဲ့ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့အစာဖြစ်ရပါတယ်။

ရေတံခွန်ကိုဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။

သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်းသေဆုံးသွားကြပါတယ်။နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေပေါက်ဖွားလာပြါတယ်။

အဲဒီနောက် မြစ်ချောင်းတစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကိုဘဝပေးခဲ့သူဖြစ်တယ်။ သူတို့ကိုခွဲခွာပြီး အဝေးကိုထွက်သွားမယ့်ကျွန်မတို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။

နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့လျှောက်လှမ်းကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

ကြိုက်နှစ်သက်ရင် အများသိအောင် Share ပေးဖို့မမေ့နဲ့နော်

Credit-Search Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*