သီးစုံပဲကုလားဟင်း ကြိုက်တဲ့သူတွေ အတွက် ချက်နည်းလေးပါ





ပါဝင်ပစွည်းများ



ပြုလုပ်နည်း










#credit ပါ

Unicode

သီးစုံပဲကုလားဟင်း ချက်နည်း

ပဲကုလားဟင်းသည် ကိုယ်ခံအားမြင့်တင် ပေးတဲ့ အဟာရ အစားစာများစွာ ပါဝင်ပြီး ကျန်မာရေးအတွက် အထောက်အကူပြုတဲ့ ဟင်းဖြစ်ပါတယ်။

အိမ်ထမင်းဝိုင်းမှာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဆိုလဲ မမှားပါဘူး အိမ်မှာ ပါဝင်ပစွည်း အစုံရှိနေရင် ချက်စားရတာ မြန်ပါတယ်။

ပါဝင်ပစွည်းများ

ကြက်သွန်ဖြူ+နီ အနည်းငယ်၊ ငရုပ်သီးအစိမ်းမူန့် ၊ ဂျင်း+ ပျဉ်တော်သိမ်းရွက်+မာဆလာ၊ အာလူးအနည်းငယ်၊ ဘူးသီးတစ်စိမ့်၊ပဲသီးတစ်စည်း၊ ဒန့်ဒလွန်သီး သုံးတောင့်

ရွှေဖရုံသီး တစ်စိပ်၊ ခရမ်းသီးရှည် တစ်လုံး၊ ပန်းဂေါ်ဖီ အနည်းငယ်၊ ရုံးပတေသီး နှစ်တောင့်၊ မန်၊ ကျည်းသီး အနည်းငယ်၊ ငရုပ်သီးစိမ်း သုံးတောင့်၊ ကုလားပဲ တစ်ဆယ်သား

ပြုလုပ်နည်း

(1)ကုလားပဲ ကို နူးအိနေအောင် ပြုတ်ရပါမယ် ပဲစိများ ကြေသွားသည် ။ ထိပြုတ်ပါ တကယ်လို့မကြေခဲ့ရင် ပဲများကိုဆယ်ထုပ်ပီး ထောင်း+ကြိပ် ခြင်းပြုလုပ်ထားပါ။

(2) ကြက်သွန်ဖြူ+အနီ ဆီသပ်လို့နီးလျှင် ငရုပ်သီးအစိမ်းမူန့်ထည့်ပါ။

(3) ဂျင်း+ပျဉ်တော်စိမ်း+မာဆလာ တို့ကိုထဲ့ပီး အနံ့မွှေးလာသည်ထိ ဆီသတ်ပါ။

(4)အာလူး +ရွှေဖရုံသီး +ပဲသီး +ဒန့်ဒလွန်သီးနှင့် ဘူးသီး တို့ကို အနေတော် တုံး/စိပ်၍ ရေစင်အောင် ဆေးပြီးဆီသတ်ထားသောအိုးထဲသို့ ထဲ့ပါ။

(5) ခရမ်းသီးနှင့် ပန်းဂေါ်ဖီ တို့ကို အနေတော် လှီးပြီး ထဲ့ပါ။

(6) ကြေညပ်အောင် ထောင်း/ကြိပ် ထားသော ကုလားပဲကို ထည့်ပါ ရေလိုလျှင် ရေနွေကိုပြုတ်ပီး လိုသလောက် ထဲထည့်ပြီးမွှေပါ။

(7) ဟင်းခတ်မှုန့် အရသာမှုန့် နှင့် ငံပြာရည် တို့ကိုအရသာမြည်းပီး လိုသလောက် ထဲ့ပါ။ ၁၀မိနှစ်လောက်အဖုံးအုပ်ထားပေးပါ။

(8)အဖုံးအုပ်ထားသောအိုး ပွတ်ပွတ်ဆူလားပီးဆိုရင် ခရမ်းသီးနှင့် ငရုပ်သီးစိမ်း(ရိုက်ပြာပီး ထက်ခြမ်းခွဲထားပါ) တို့ကို ထည့်ပါ။

(9) မန်းကျည်းရည် ကို အနဲငယ်သာ ထည့်ပီး ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာကို ပြုပြင်ပါ။ ၁၀မိနှစ်လောက် ကြာသွားရင်တော့ အရသာရှိတဲ့ ပဲကုလာဟင်းကို သုံးဆောင်လို့ရပါပီးဗျ။
(သတိပြုရန် ပဲများကို အနူးမြန်အောင် ညအိပ်ကတယ်က ရေစိမ်ထားပေးပါ)

#credit ပါ

Be the first to comment

Leave a Reply

Your email address will not be published.


*