
အင်္ကျီထူလေးထဲမှာ အမြဲဝင်ဝင်နေတတ်တဲ့ ကလေးမလေး
အင်္ကျီထူလေးထဲမှာ အမြဲဝင်ဝင်နေတတ်တဲ့ ကလေးမလေး







Hlaing (Love Feeling)

Unicode

ဆုံးပါးသွားသော မိခင်ဖြစ်သူကို လွမ်းဆွတ်သတိရကာ နွေးထွေးမှု အငွေ့အသက်လေးရအောင်ဆိုပြီး မိခင်ဖြစ်သူဝတ်ခဲ့သည့် အင်္ကျီထူလေးထဲမှာ အမြဲဝင်ဝင်နေတတ်တဲ့ ကလေးမလေး

သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲ၍ မရနိုင်သော်လည်း ကျန်ရစ်ခဲ့သူများအဖို့ လွမ်းဆွတ်သတိရရုံမှတစ်ပါး ဘားမှမတတ်နိုင်ခဲ့ကြပေ။

ယခုအခါတွင်လည်း တရုတ်နိုင်ငံမှ အသက် ၅နှစ်အရွယ် ကလေးမလေးသည် မိခင်ဖြစ်သူဧ။် အနွေးထည်လေးကို အမြဲကိုယ်နှင့်မကွာ ယူဆောင်ထားပြီး အရမ်းသတိရ ဖြစ်လာသည့်အခါ အင်္ကျီကိုဖြန့်ပြီး အထဲတွင်ဝင်နေတတ်သည်။

မိခင်ဖြစ်သူမှာ ၃နှစ်သမီးအရွယ်လောက်တွင် ဆုံးပါးသွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း စားဝတ်နေရေးအတွက် နေ့စဉ်အလုပ်သွားရကာ အိမ်တွင်အထီးကျန်စွာ တစ်ယောက်တည်းအမြဲ ကျန်ရစ်ခဲ့ရရှာသည်။

ထိုစဉ် ကလေးမလေးသည် မိခင်ဖြစ်သူဧ။် နွေးထွေးကြင်နာမှု ဂရုစိုက်မှုလေးတွေကို ပြန်တမ်းတရင်း ထင်ကျန်နေဆဲဖြစ်သော မိခင်ဝတ်ခဲ့သည့် အနွေးထည်လေးကိုသာ အဖော်ပြုနေခဲ့သည်။

ထိုအဖြစ်ကို မြင်တွေ့သော ဖခင်မှာလည်း သမီးလေးအတွက် စိတ်မကောင်းဖြစ်ရကာ အလုပ်မှထွက်လိုက်ပြီး သမီးလေးအနားတွင် အချိန်ပိုပေးပြီး နေခဲ့၍ အရင်ကလောက် ဆိုးဆိုးရွားရွား ဖြစ်မနေတော့ကြောင်း သိရသည်။

Hlaing (Love Feeling)

Be the first to comment

Leave a Reply

Your email address will not be published.


*