တင္းတိတ္အမွန္တကယ္ ေပ်ာက္ခ်င္လား လက္ေတြ႕စမ္းသုံးၾကည့္လိုက္ပါ

တင္းတိတ္အမွန္တကယ္ ေပ်ာက္ခ်င္လား
တင္းတိတ္အမွန္တကယ္ ေပ်ာက္ခ်င္လား

တင္းတိတ္အမွန္တကယ္ ေပ်ာက္ခ်င္လား လက္ေတြ႕စမ္းသုံးၾကည့္လိုက္ပါ

အုန္းမုတ္ ခြက္သာ သက္ေသ ၾကည့္ေတာ့။ သံပုရာသီး မသုံးပဲ အုန္းမုတ္ခြက္ပဲ ေသြးလူးပါက သုံးခါေလာက္ လူးၿပီး မ်က္နာျပင္ ေခ်ာေမြ႕လာမည္ကို လက္ေတြ႕ သိရပါလိမ့္မည္။

လူသိနည္းေသာ “အုန္းမႈတ္ခြက္ေဆးနည္းမ်ား” အခုေျပာျပမယ့္ ခြက္ကေလးက အုန္းမႈတ္ခြက္ေလးအေၾကာင္းပါ ။ ဖတ္ဘူးသမွ်နဲ႔ ကိုယ္ေတြ႕ ေဆးဖက္ဝင္တဲ့ အုန္းမႈတ္ခြက္ အေၾကာင္းေလးပါ ။

အညာေဒသရဲ႕ ႐ြာတြင္း႐ြာျပင္ ျပယုဒ္တစ္ခုျဖစ္တဲ့ ခ်စ့္စရာ့ဓေလ့ေတြ ဟာ… ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနပါၿပီ ။ ေရခ်မ္းစင္မွာ ေသာက္ေရခြက္ အျဖစ္ အမ်ားအားျဖင့္ အသုံးျပဳ ၾကတာကေတာ့ အုန္းမႈတ္ခြက္ပါ။

အိုးမႈတ္ခြက္ ကို အေသခ်ာ အေခ်ာကိုင္ ၊ ခြက္နားစြန္း တဖက္တခ်က္ မွာ အေပါက္ေဖာက္ၿပီး လက္ကိုင္႐ိုး ကို တတ္ထားပါတယ္။ အခြံမပါ၊ အေမႊးမပါ ခြဲထားၿပီး၊ အသား၊ အဆန္ထုတ္ထားၿပီး၊ လႊင့္ပစ္ထားေသာ အုန္းမႈတ္ခြက္ အခြံကို ဆိုလိုပါသည္။

ေဆးနည္းတစ္မ်ိဳးကေတာ့

အုန္းမႈတ္ခြက္ တစ္ခုကို ေရေဆး ေနလွမ္းၿပီး ပါက မီးရႈိ႕ပါ။ ထြက္လာေသာအေငြ႕ကို သန႔္ေသာ ဒန္၊ သတၳဳ အဖုံးတစ္ခုခုျဖင့္ မႈိင္းခံပါ။ ( တစ္ခ်ိဳ႕ကေတာ့ ဓါးမႀကီး တစ္ေခ်ာင္းေပၚမွာတင္ၿပီးလုပ္ပါတယ္ ျမန္မာနည္းေပါ့ )

အညိဳေရာင္ အဆီမ်ားကပ္လာပါမည္။ ေပြးကိုသန႔္ေသာ ပစၥည္းတစ္ခုျဖင့္ ျခစ္ပါ။ အေပၚယံအေရျပား ပြန္းသြားပါက အုန္းမႈတ္ခြက္အဆီ ကို ျခစ္ယူၿပီး သုတ္ေပးပါ။ အနည္းငယ္ စပ္ၿပီး ေပ်ာက္ပါသည္။ ( ေပြးေရာဂါ လက္ေတြ႕ ေပ်ာက္ပါသည္ )

နာက္တစ္နည္းကေတာ့

တကယ္အသုံးဝင္တဲ့မိတ္ကပ္တစ္မ်ိဳးေပါ့ ။ အပ်ိဳေဖာ္ဝင္ကာစ လူပ်ိဳ အပ်ိဳေလးေတြနဲ႔ မ်က္ႏွာမွာ အဖုအထစ္ေတြနဲ႔ လကမာၻအလား အစက္အေျပာက္ေတြ ထူလျပစ္နဲ႔ နဂို႐ုပ္ခံကို ပ်က္စီးေစတဲ့ ဝက္ၿခံ တင္းတိတ္ ေနေလာင္နာေတြအတြက္ ရက္တိုတိုအတြင္း ေပ်ာက္ကင္းေခ်ာမြတ္ေစပါတယ္။

အုန္းမႈတ္ခြက္ အရင့္တစ္လုံး ကို ေသြးၿပီး သနပ္ခါးလိမ္းသလို ညတိုင္းလိမ္းအိပ္ေပးရမွာ ျဖစ္ပါတယ္။

အုန္းမႈတ္ခြက္ ဆိုၿပီးေလွ်ာ့ေတာ့မတြက္လိုက္ပါနဲ႔ လိမ္းထားလို႔ေျခာက္သြားရင္ သနပ္ခါးနဲ႔မျခားပါဘူး လက္ေလးနဲ႔အသာပြတ္ၾကည့္လိုက္ ေခ်ာမြတ္ေနတဲ့အထိအေတြ႕က ဆက္မေျပာေတာ့ဘူး လိမ္းဘူးတဲ့သူေတြသာေမးၾကည့္ပါေတာ့…

Credit

Unicode

တင်းတိတ်အမှန်တကယ် ပျောက်ချင်လား လက်တွေ့စမ်းသုံးကြည့်လိုက်ပါ

အုန်းမုတ် ခွက်သာ သက်သေ ကြည့်တော့။ သံပုရာသီး မသုံးပဲ အုန်းမုတ်ခွက်ပဲ သွေးလူးပါက သုံးခါလောက် လူးပြီး မျက်နာပြင် ချောမွေ့လာမည်ကို လက်တွေ့ သိရပါလိမ့်မည်။

လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ” အခုပြောပြမယ့် ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။ ဖတ်ဘူးသမျှနဲ့ ကိုယ်တွေ့ ဆေးဖက်ဝင်တဲ့ အုန်းမှုတ်ခွက် အကြောင်းလေးပါ ။

အညာဒေသရဲ့ ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ့်စရာ့ဓလေ့တွေ ဟာ… ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ ။ ရေချမ်းစင်မှာ သောက်ရေခွက် အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက်ပါ။

အိုးမှုတ်ခွက် ကို အသေချာ အချောကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ဖောက်ပြီး လက်ကိုင်ရိုး ကို တတ်ထားပါတယ်။ အခွံမပါ၊ အမွှေးမပါ ခွဲထားပြီး၊ အသား၊ အဆန်ထုတ်ထားပြီး၊ လွှင့်ပစ်ထားသော အုန်းမှုတ်ခွက် အခွံကို ဆိုလိုပါသည်။

ဆေးနည်းတစ်မျိုးကတော့

အုန်းမှုတ်ခွက် တစ်ခုကို ရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ။ ထွက်လာသောအငွေ့ကို သန့်သော ဒန်၊ သတ္ထု အဖုံးတစ်ခုခုဖြင့် မှိုင်းခံပါ။ ( တစ်ချို့ကတော့ ဓါးမကြီး တစ်ချောင်းပေါ်မှာတင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့ )

အညိုရောင် အဆီများကပ်လာပါမည်။ ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့် ခြစ်ပါ။ အပေါ်ယံအရေပြား ပွန်းသွားပါက အုန်းမှုတ်ခွက်အဆီ ကို ခြစ်ယူပြီး သုတ်ပေးပါ။ အနည်းငယ် စပ်ပြီး ပျောက်ပါသည်။ ( ပွေးရောဂါ လက်တွေ့ ပျောက်ပါသည် )

နာက်တစ်နည်းကတော့

တကယ်အသုံးဝင်တဲ့မိတ်ကပ်တစ်မျိုးပေါ့ ။ အပျိုဖော်ဝင်ကာစ လူပျို အပျိုလေးတွေနဲ့ မျက်နှာမှာ အဖုအထစ်တွေနဲ့ လကမ္ဘာအလား အစက်အပြောက်တွေ ထူလပြစ်နဲ့ နဂိုရုပ်ခံကို ပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက် ရက်တိုတိုအတွင်း ပျောက်ကင်းချောမွတ်စေပါတယ်။

အုန်းမှုတ်ခွက် အရင့်တစ်လုံး ကို သွေးပြီး သနပ်ခါးလိမ်းသလို ညတိုင်းလိမ်းအိပ်ပေးရမှာ ဖြစ်ပါတယ်။

အုန်းမှုတ်ခွက် ဆိုပြီးလျှော့တော့မတွက်လိုက်ပါနဲ့ လိမ်းထားလို့ခြောက်သွားရင် သနပ်ခါးနဲ့မခြားပါဘူး လက်လေးနဲ့အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့အထိအတွေ့က ဆက်မပြောတော့ဘူး လိမ်းဘူးတဲ့သူတွေသာမေးကြည့်ပါတော့…

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*