မိဘအမ်ားစု မသိေသးတဲ့ ေမြးကင္းစကေလးေတြရဲ႕ အမူအရာ (၅) ခု

ေမြးကင္းစကေလးေတြရဲ႕ အမူအရာ (၅) ခု
ေမြးကင္းစကေလးေတြရဲ႕ အမူအရာ (၅) ခု

မိဘအမ်ားစု မသိေသးတဲ့ ေမြးကင္းစကေလးေတြရဲ႕ အမူအရာ (၅) ခု

ေမြးကင္းစကေလးေတြရဲ႕အမူအရာေတြကို မိဘအမ်ားစုက နားမလည္ၾကပါဘူး။ ကေလးေတြရဲ႕အမူအရာေတြက ပတ္ဝန္းက်င္မွာရွိတဲ့လူေတြနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားေနတာပါ။ ေမြးကင္းစကေလးေတြ ျပဳလုပ္တတ္တဲ့ အမူအရာေတြရဲ႕ အဓိပၸါယ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေခါင္းကို လွည့္သြားျခင္း

ကေလးေတြဟာလည္း တစ္ခါတရံမွာ သူတို႔ဘာသာ ေအးေအးေဆးေဆး ေနခ်င္ၾကပါတယ္။ ကေလးေတြနားမွာ ဆူညံတာ၊ လူႀကီးေတြက လာခ်ီတာေတြကို သေဘာမက်တဲ့အခါ ေခါင္းကို တျခားဘက္ လွည့္လွည့္သြားတတ္ပါတယ္။

၂။ မ်က္လုံးႏွင့္ ဆက္သြယ္ျခင္း၊ တခစ္ခစ္ရယ္ျခင္း

ကေလးေတြက တစ္ေယာက္ေယာက္နဲ႔ မ်က္လုံးခ်င္း စကားေျပာၿပီး တခစ္ခစ္ ရယ္ေနတာကေတာ့ သူတို႔ကစားခ်င္လို႔ပါ။ လအနည္းငယ္ၾကာလာရင္ေတာ့ ကေလးေတြက သင့္ကို ထိဖို႔၊ ကိုင္ဖို႔ ႀကိဳးစားလာၿပီး ဗလုံးဗေထြးေတြ ေျပာေနမွာပါ။ အဲဒီအမူအရာကေတာ့ သူတို႔ကစားခ်င္ေၾကာင္း ဆိုလိုတာပါ။

၃။ လက္ကို ညႇစ္ထားျခင္း

ကေလးေတြရဲ႕အသက္ ၆ လနဲ႔အထက္ ေရာက္လာရင္ သူတို႔ရဲ႕လက္ေသးေသးေလးေတြနဲ႔ သင့္လက္ကို ဆုပ္ညႇစ္ထားႏိုင္ပါၿပီ။ အဲဒီဆုပ္ညႇစ္ထားႏိုင္တာက ကေလးေတြရဲ႕ ႂကြက္သားနဲ႔ အာ႐ုံေၾကာစနစ္ေတြ ေကာင္းစြာဖြံ႕ၿဖိဳးတိုးတက္ေနၿပီဆိုတဲ့ အဓိပၸါယ္ပါပဲ။ သင့္ကိုဆက္သြယ္လိုတဲ့အတြက္လည္း လက္ကို ဆုပ္ညႇစ္ထားတာပါ။

၄။ အိပ္ရာႏိုးတဲ့အခါ မငိုျခင္း

ကေလးအမ်ားစုက အိပ္ရာႏိုးရင္ ငိုတတ္ၾကပါတယ္။ ဒါေပမယ့္ အိပ္ရာႏိုးလို႔ ကေလး မငိုေတာ့ရင္ သင္ အံ့ၾသေနပါလိမ့္မယ္။ ကေလးေတြက မငိုဘဲ ပတ္ဝန္းက်င္ကို ေလ့လာေနတာပါ။ အဲဒီအခ်ိန္မွာ တစ္ခုခုကို ေငးၾကည့္ေနတတ္တာ၊ အသံတစ္ခုခုကို တုံ႔ျပန္တာ၊ ျဖည္းျဖည္းခ်င္းလႈပ္ရွားေနတာကို ေတြ႕ရမွာပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ ကေလးေတြက အသံနဲ႔အျမင္အာ႐ုံေတြကို ပိုၿပီးလ်င္လ်င္ျမန္ျမန္ တုံ႔ျပန္လာႏိုင္ပါတယ္။

၅။ တူတူေရဝါး ကစားနည္းကို သေဘာက်လာျခင္း

ဒီကစားနည္းကို ႏွစ္သက္သေဘာက်တယ္ဆိုရင္ ကေလးရဲ႕ သိျမင္မႈစြမ္းရည္က တိုးတက္လာလို႔ပါ။ ကေလးေတြက သူတို႔မ်က္လုံးမွိတ္လိုက္ရင္ေတာင္ အရာဝတၳဳေတြက ဆက္လက္တည္ရွိေနေသးတယ္ဆိုတာကို စတင္နားလည္ပါၿပီ။အသက္ ၆ လမွာ ကေလးေတြက အရာဝတၳဳေတြကို စူးစမ္းတတ္လာၿပီး အသက္ ၉ လအ႐ြယ္မွာေတာ့ ဖုံးကြယ္ထားတဲ့ အရာေတြကိုေတာင္ ရွာေဖြတတ္ေနပါၿပီ။

Credit : Zombie (Lovemedia)

Unicode

မိဘအများစု မသိသေးတဲ့ မွေးကင်းစကလေးတွေရဲ့ အမူအရာ (၅) ခု

မွေးကင်းစကလေးတွေရဲ့အမူအရာတွေကို မိဘအများစုက နားမလည်ကြပါဘူး။ ကလေးတွေရဲ့အမူအရာတွေက ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာပါ။ မွေးကင်းစကလေးတွေ ပြုလုပ်တတ်တဲ့ အမူအရာတွေရဲ့ အဓိပ္ပါယ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခေါင်းကို လှည့်သွားခြင်း

ကလေးတွေဟာလည်း တစ်ခါတရံမှာ သူတို့ဘာသာ အေးအေးဆေးဆေး နေချင်ကြပါတယ်။ ကလေးတွေနားမှာ ဆူညံတာ၊ လူကြီးတွေက လာချီတာတွေကို သဘောမကျတဲ့အခါ ခေါင်းကို တခြားဘက် လှည့်လှည့်သွားတတ်ပါတယ်။

၂။ မျက်လုံးနှင့် ဆက်သွယ်ခြင်း၊ တခစ်ခစ်ရယ်ခြင်း

ကလေးတွေက တစ်ယောက်ယောက်နဲ့ မျက်လုံးချင်း စကားပြောပြီး တခစ်ခစ် ရယ်နေတာကတော့ သူတို့ကစားချင်လို့ပါ။ လအနည်းငယ်ကြာလာရင်တော့ ကလေးတွေက သင့်ကို ထိဖို့၊ ကိုင်ဖို့ ကြိုးစားလာပြီး ဗလုံးဗထွေးတွေ ပြောနေမှာပါ။ အဲဒီအမူအရာကတော့ သူတို့ကစားချင်ကြောင်း ဆိုလိုတာပါ။

၃။ လက်ကို ညှစ်ထားခြင်း

ကလေးတွေရဲ့အသက် ၆ လနဲ့အထက် ရောက်လာရင် သူတို့ရဲ့လက်သေးသေးလေးတွေနဲ့ သင့်လက်ကို ဆုပ်ညှစ်ထားနိုင်ပါပြီ။ အဲဒီဆုပ်ညှစ်ထားနိုင်တာက ကလေးတွေရဲ့ ကြွက်သားနဲ့ အာရုံကြောစနစ်တွေ ကောင်းစွာဖွံ့ဖြိုးတိုးတက်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သင့်ကိုဆက်သွယ်လိုတဲ့အတွက်လည်း လက်ကို ဆုပ်ညှစ်ထားတာပါ။

၄။ အိပ်ရာနိုးတဲ့အခါ မငိုခြင်း

ကလေးအများစုက အိပ်ရာနိုးရင် ငိုတတ်ကြပါတယ်။ ဒါပေမယ့် အိပ်ရာနိုးလို့ ကလေး မငိုတော့ရင် သင် အံ့သြနေပါလိမ့်မယ်။ ကလေးတွေက မငိုဘဲ ပတ်ဝန်းကျင်ကို လေ့လာနေတာပါ။ အဲဒီအချိန်မှာ တစ်ခုခုကို ငေးကြည့်နေတတ်တာ၊ အသံတစ်ခုခုကို တုံ့ပြန်တာ၊ ဖြည်းဖြည်းချင်းလှုပ်ရှားနေတာကို တွေ့ရမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ ကလေးတွေက အသံနဲ့အမြင်အာရုံတွေကို ပိုပြီးလျင်လျင်မြန်မြန် တုံ့ပြန်လာနိုင်ပါတယ်။

၅။ တူတူရေဝါး ကစားနည်းကို သဘောကျလာခြင်း

ဒီကစားနည်းကို နှစ်သက်သဘောကျတယ်ဆိုရင် ကလေးရဲ့ သိမြင်မှုစွမ်းရည်က တိုးတက်လာလို့ပါ။ ကလေးတွေက သူတို့မျက်လုံးမှိတ်လိုက်ရင်တောင် အရာဝတ္ထုတွေက ဆက်လက်တည်ရှိနေသေးတယ်ဆိုတာကို စတင်နားလည်ပါပြီ။အသက် ၆ လမှာ ကလေးတွေက အရာဝတ္ထုတွေကို စူးစမ်းတတ်လာပြီး အသက် ၉ လအရွယ်မှာတော့ ဖုံးကွယ်ထားတဲ့ အရာတွေကိုတောင် ရှာဖွေတတ်နေပါပြီ။

Credit : Zombie (Lovemedia)

Be the first to comment

Leave a Reply

Your email address will not be published.


*