ကိုယ့္ဒူးကိုယ္ခၽြန္ ေအာင္ျမင္ဖို႔ နည္းလမ္း (၁၀) ခု

ကိုယ့္ဒူးကိုယ္ခၽြန္
ကိုယ့္ဒူးကိုယ္ခၽြန္

ကိုယ့္ဒူးကိုယ္ခၽြန္ ေအာင္ျမင္ဖို႔ နည္းလမ္း (၁၀) ခု

ကိုယ့္ထူးကိုယ္ခၽြန္ၿပီး သူေဌးတစ္ေယာက္ျဖစ္ဖို႔ လြယ္မယ္ထင္ပါသလား…? မလြယ္ေပမယ့္ ဒီလိုနည္းနဲ႔ သန္းႂကြယ္သူေဌးျဖစ္လာခဲ့တဲ့သူေတြ တကယ္ရွိပါတယ္။

သင္ကိုယ္တိုင္လည္း ကိုယ္ထူးကိုယ္ခၽြန္ သူေဌးတစ္ေယာက္ ျဖစ္ခ်င္တယ္ဆိုရင္လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။

ဒီစည္းမ်ဥ္းေတြက ဘယ္နယ္ပယ္မွာမဆို သင့္ကိုေအာင္ျမင္ေစဖို႔ အေထာက္အကူျဖစ္ေစမွာမွာ ေသခ်ာပါတယ္။

၁။ စိန္ေခၚၿပီး လုပ္ေဆာင္ပါ

ကိုယ့္ထူးကိုယ္ခၽြန္ၿပီး သန္းႂကြယ္သူေဌးျဖစ္လာသူေတြကို ဘာေၾကာင့္သူတို႔ ဒီလိုေအာင္ျမင္လာတာလဲ ေမးၾကည့္ရင္ အေျဖက ေဒၚလာသန္းခ်ီၿပီးရဖို႔ လို႔ ေျဖမွာမဟုတ္ပါဘူး။

တကယ့္အေၾကာင္းရင္း အစစ္အမွန္က သူတို႔အားလုံးက စိတ္ကူးအိပ္မက္ေတြရဲ့ စိန္ေခၚမႈကိုလက္ခံၿပီး ႀကိဳးစားခဲ့ၾကလို႔ ေအာင္ျမင္ခ်မ္းသာလာခဲ့ၾကတာ ျဖစ္ပါတယ္။

၂။ သက္သာဖို႔ မစဥ္းစားပါနဲ႔

ထိပ္ဆုံးေရာက္ေအာင္ သြားေနတဲ့ ခရီးမွာ ဒီေလာက္ဆိုရပါၿပီလို႔ ေတြးၿပီး နားေနဖို႔ အခ်ိန္မရွိပါဘူး။

ကနဦးခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ျပည့္ဝၿပီး ဝင္ေငြသန္းခ်ီေနၿပီဆိုရင္ ေနာက္ထပ္ရည္မွန္းခ်က္တစ္ခု ခ်မွတ္လုပ္ေဆာင္ပါ။ ဘယ္ေတာ့မွ သက္ေတာင့္သက္သာျဖစ္ဖို႔ မစဥ္းစားပါနဲ႔။

၃။ အားလုံးထက္ ပိုၿပီး ေလ့လာႀကိဳးစားပါ

သင့္မွာ ဘယ္ေလာက္ပဲအရည္အခ်င္းေတြ ရွိေနပါေစ။ အျခားသူေတြထက္ ပိုၿပီးေတာ့ ေလ့လာႀကိဳးစားခ်င္စိတ္ မရွိဘူးဆိုရင္ ေအာင္ျမင္မႈကို အျပည့္အဝခံစားရမွာမဟုတ္ပါဘူး။

သူမ်ားေတြထက္ ႀကိဳးစားတာက ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပါတယ္။

၄။ အရႈံးေတြ အမွားေတြကေန သင္ခန္းစာယူပါ

အမွားေတြ လုပ္မိၿပီး အရႈံးေတြနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ရမွာပါ။ ဒီလို ၾကဳံေတြ႕ရတဲ့အခါမွာ ဘယ္လိုတုံ႔ျပန္သလဲဆိုတာက သင့္ရဲ့ေအာင္ျမင္မႈကို အဆုံးအျဖတ္ေပးမွာ ျဖစ္ပါတယ္။

အၿပီးတိုင္ လဲၿပိဳက်သြားရင္ေတာ့ ဘာမွအဖတ္ဆယ္လို႔ ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ က်ရႈံးမႈရဲ့အေၾကာင္းရင္းကို ရွာေဖြၿပီး အေတြ႕အၾကဳံအျဖစ္နဲ႔ သင္ခန္းစာယူနိုင္ရမွာ ျဖစ္ပါတယ္။

၅။ ေန႔တိုင္းစာဖတ္ပါ

စာဖတ္တာကို ဘယ္ေတာ့မွ မရပ္သင့္သလို ဖတ္စရာအေၾကာင္းအရာေတြ ရွာေဖြမႈကိုလည္း မရပ္တန႔္လိုက္ပါနဲ႔။

သက္ဆိုင္ရာ လုပ္ငန္းနယ္ပယ္ထဲက ေနာက္ဆုံးအေၾကာင္းအရာေတြကို သတိမျပတ္ေစာင့္ၾကည့္ၿပီး အားလုံးထက္ ေရွ႕ေရာက္ေနဖို႔ လိုပါတယ္။

၆။ စိတ္ေရာကိုယ္ပါ က်န္းမာေနပါေစ

ေအာင္ျမင္မႈလမ္းခရီးကို ေလၽွာက္လွမ္းရာမွာ ကိုယ္ေရာစိတ္ပါ က်န္းမာႀကံ့ခိုင္ေနဖို႔က အေရးႀကီးလိုအပ္ခ်က္ တစ္ခုျဖစ္ပါတယ္။ ေန႔တိုင္းေလ့က်င့္ခန္းလုပ္ပါ။

က်န္းမာေရးနဲ႔ညီညြတ္တာေတြ စားသုံးၿပီး အိပ္ေရးဝ,ဝအိပ္စက္ပါ။

၇။ ေအာင္ျမင္လိုစိတ္ရွိသူေတြနဲ႔ ဝန္းရံထားပါ

သင့္ရဲ့ပတ္ဝန္းက်င္မွာ ရည္မွန္းခ်က္ခ်င္း၊ ဦးတည္ခ်က္ျခင္း တူညီသူေတြနဲ႔ ဝန္းရံထားပါ။ အားလုံးကလည္း သင္နဲ႔ ထပ္တူထပ္မၽွ ေအာင္ျမင္ခ်င္သူေတြ ျဖစ္ပါေစ။

ဒီလို ဝန္းရံထားမွသာ သင့္ကို စိတ္အားတက္ႂကြေစၿပီး အာ႐ုံစိုက္နိုင္ေအာင္ ကူညီေပးနိုင္မွာျဖစ္ပါတယ္။ အလုပ္ကို ဂ႐ုမစိုက္တတ္ပဲ အေပ်ာ္အပါး ဦးစားေပးလြန္းသူေတြကို ေရွာင္ပါ။

၈။ ေပးကမ္းစြန႔္ၾကဲပါ။ ခ်စ္သူခင္သူေတြကို ဂ႐ုစိုက္ပါ

စိတ္ဓာတ္ေရာ ခႏၶာကိုယ္ပါ က်န္းမာေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ သင္စိတ္ဝိဉာဥ္ကိုလည္း အားျဖည့္ေပးဖို႔လိုပါတယ္။ သင့္ပတ္ဝန္းက်င္နဲ႔ အကူအညီလိုအပ္ေနသူေတြကို ကူညီေပးဖို႔ ဘယ္ေတာ့မွမေမ့ပါနဲ႔။

ဒါ့အျပင္ ခ်စ္သူခင္သူေတြကို ဂ႐ုစိုက္ေပးျခင္းကလည္း ေငြေၾကးေအာင္ျမင္မႈကို ခံစားဖို႔ အေကာင္းဆုံး နည္းလမ္းျဖစ္ပါတယ္။

၉။ ရိုးသားၿပီး ပြင့္လင္းျမင္သာမႈရွိပါေစ

လိမ္ညာဟန္ေဆာင္မႈေတြက သင္ထင္သေလာက္ အရာေရာက္ေစမွာမဟုတ္ပါဘူး။ အျမဲတမ္းရိုးသားၿပီး ပြင့္လင္းေနဖို႔ လိုပါတယ္။ ဒီအခ်က္ကသင့္ကို ေရရွည္ေအာင္ျမင္မႈကို ရရွိေစဖို႔အေရးႀကီးပါတယ္။

၁၀။ ေရရွည္ေအာင္ျမင္ဖို႔ကို ေတြးပါ

လူအမ်ားစုက ေရတိုေအာင္ျမင္မႈေတြနဲ႔ ရည္မွန္းခ်က္ေတြကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ ေရတိုရည္မွန္းခ်က္ေတြကို အာ႐ုံအရမ္းမစိုက္ပါနဲ႔။

ဘဝမွာ လိုလားေတာင့္တာဆုံးအရာအျဖစ္နဲ႔ ေရရွည္ရည္မွန္းခ်က္ကို ဦးစားေပးပါ။ ဒါမွသင္ကိုယ္တိုင္နဲ႔ သင့္မိသားစုအတြက္ ခိုင္မာတဲ့ ဓနအင္အားကို တည္ေဆာက္နိုင္မွာ ျဖစ္ပါတယ္။

ေအာင္ျမင္ႀကီးပြား တိုးတတ္နိုင္ၾကပါေစ။

crd;

Unicode

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀) ခု

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ လွယ်မယ်ထင်ပါသလား…? မလွယ်ပေမယ့် ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။

သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။

ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။

၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ

ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာတာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီးရဖို့ လို့ ဖြေမှာမဟုတ်ပါဘူး။

တကယ့်အကြောင်းရင်း အစစ်အမှန်က သူတို့အားလုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကိုလက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာလာခဲ့ကြတာ ဖြစ်ပါတယ်။

၂။ သက်သာဖို့ မစဉ်းစားပါနဲ့

ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့ တွေးပြီး နားနေဖို့ အချိန်မရှိပါဘူး။

ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်ဝပြီး ဝင်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။

၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ

သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင် အောင်မြင်မှုကို အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။

သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

၄။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ

အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

အပြီးတိုင် လဲပြိုကျသွားရင်တော့ ဘာမှအဖတ်ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ ဖြစ်ပါတယ်။

၅။ နေ့တိုင်းစာဖတ်ပါ

စာဖတ်တာကို ဘယ်တော့မှ မရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။

သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက် ရှေ့ရောက်နေဖို့ လိုပါတယ်။

၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ

အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေးဝ,ဝအိပ်စက်ပါ။

၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ဝန်းရံထားပါ

သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ခြင်း တူညီသူတွေနဲ့ ဝန်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှ အောင်မြင်ချင်သူတွေ ဖြစ်ပါစေ။

ဒီလို ဝန်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို ရှောင်ပါ။

၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို ဂရုစိုက်ပါ

စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။

ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်းကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ

လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်းရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်ကသင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့အရေးကြီးပါတယ်။

၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ

လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။

ဘဝမှာ လိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှသင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အောင်မြင်ကြီးပွား တိုးတတ်နိုင်ကြပါစေ။

crd;

Be the first to comment

Leave a Reply

Your email address will not be published.


*