ႂကြက္ႏို႔ေတြကို သဘာဝအတိုင္း ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းလမ္း (၈) ခု

ႂကြက္ႏို႔ေတြကို သဘာဝအတိုင္း ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းလမ္း (၈) ခု
ႂကြက္ႏို႔ေတြကို သဘာဝအတိုင္း ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းလမ္း (၈) ခု

ႂကြက္ႏို႔ေတြကို သဘာဝအတိုင္း ဖယ္ရွားႏိုင္မယ့္ အလြယ္ဆုံးနည္းလမ္း (၈) ခု

စိတ္အေႏွာင့္အယွက္ျဖစ္စရာ အေရျပား ျပႆနာေတြထဲမွာ ႂကြက္ႏို႔ကလည္း တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ ႂကြက္ႏို႔က အႏၲရာယ္ေတာ့ မရွိပါဘူး။ ေျခေခ်ာင္း လက္ေခ်ာင္းေလးေတြေပၚမွာ ေပါက္တတ္ပါတယ္။ ခႏၶာကိုယ္ေပၚက ႂကြက္ႏို႔ေတြကို သဘာဝအတိုင္း ဖယ္ရွားေပးႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။

၁။ ပ်ားရည္

ပ်ားရည္ကို ႂကြက္ႏို႔အေပၚ လိမ္းေပးတဲ့အခါ တျဖည္းျဖည္း ပါးလာပါတယ္။ ေဆးဖက္ဝင္တဲ့ပ်ားရည္အစစ္ကို အသုံးျပဳပါ။ ႂကြက္ႏို႔ေပၚမွာ ပ်ားရည္ကို ထူထူလိမ္းၿပီး ပ်ားရည္ေတြ ျပဳတ္မက်သြားေအာင္ အဝတ္စနဲ႔ တစ္ညတာ ပတ္ထားပါ။ မၾကာခဏ လုပ္ေပးတဲ့အခါ သိသာတဲ့ ရလဒ္ကို ရရွိလာပါလိမ့္မယ္။

၂။ ေရေႏြးႏွင့္ ပင္လယ္ဆား

ဒီနည္းလမ္းကေတာ့ အလြယ္ဆုံး ပါပဲ။ အရမ္းလည္း ထိေရာက္ပါတယ္။ ဇလုံထဲကို ေရေႏြး ေလာင္းထည့္လိုက္ပါ။ ေရေႏြးက ၁၁၃F နဲ႔ ၁၂၀F ၾကားမွာ ရွိဖို႔လိုပါတယ္။ ၿပီးရင္ေတာ့ ပင္လယ္ဆား ထည့္လိုက္ပါ။ ႂကြက္ႏို႔ေပါက္တဲ့ေနရာကို အေရျပား ႏူးညံ့လာတဲ့အထိ ၁၀ မိနစ္ကေန ၁၅ မိနစ္အထိ စိမ္ထားပါ။ ႂကြက္ႏို႔ေပါက္တဲ့ အေရျပားကို ျခစ္ထုတ္ဖို႔ လက္သည္းတံစဥ္း၊ ေရျမႇဳပ္ေက်ာက္၊ ႏူးညံ့တဲ့ ေကာ္ဖတ္တို႔ကို အသုံးျပဳၿပီး ျခစ္ထုတ္ပါ။

၃။ နာနတ္သီး

နာနတ္သီးမွာ အက္ဆစ္ဓါတ္နဲ႔ ႂကြက္ႏို႔ကို ဖယ္ထုတ္ေပးတဲ့ bromelain ပါတာေၾကာင့္ အရမ္း သင့္ေတာ္ပါတယ္။ ပိတ္စေလးတစ္စကို နာနတ္ေရထဲ ႏွစ္ထားၿပီး ေရေတြကုန္သြားတဲ့အထိ ေရညႇစ္ခ်လိုက္ပါ။

အဲဒီ ပိတ္စေလးပို ႂကြက္ႏို႔ေပါက္တဲ့ ေနရာေပၚကို တင္ထားပါ။ ၿပီးေတာ့ အေပၚကေန ပတ္တီးနဲ႔ ထပ္စည္းၿပီး ၅ မိနစ္ၾကာထားပါ။ ရလဒ္ကို ျမန္ျမန္သိသာခ်င္ရင္ တစ္ေန႔ကို ႏွစ္ႀကိမ္၊ သုံးႀကိမ္ခန႔္ ျပဳလုပ္လို႔ ရပါတယ္။

၄။ ဒုဓလီပန္း

တ႐ုတ္ေဆးဝါးနဲ႔ အေရွ႕အလယ္ပိုင္း ေဒသတို႔ရဲ႕ေဆးဝါးမွာ ဒုဓလီပန္းကို အသုံးျပဳခဲ့တာ ၾကာပါၿပီ။ ေဆးမဖ်န္းထားတဲ့ သဘာဝအေလ်ာက္ေပါက္တဲ့ ဒုဓလီပန္းကို ေ႐ြးခ်ယ္ပါ။

ပန္းကေန ထြက္တဲ့အေစးကို ႂကြက္ႏို႔ေပၚကို လိမ္းတဲ့နည္း ျဖစ္ပါတယ္။ တစ္ရက္ကို ၂ ႀကိမ္ ၃ ႀကိမ္ ျပဳလုပ္ေပးတဲ့အခါ ၂ ပတ္အတြင္း သိသာပါတယ္။

၅။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္မွာ ဗိုင္းရပ္စ္ေတြ၊ ေရာဂါပိုးေသေစတဲ့ အစြမ္းေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ရွားေစာင္းလက္ပတ္က ဂ်ယ္လီကို ႂကြက္ႏို႔ေပၚတင္ၿပီး အေပၚကေန ပတ္တီးနဲ႔ စည္းထားေပး႐ုံပါပဲ။

၆။ ဗီတာမင္စီ

ဗီတာမင္စီက ကိုယ္ခံအားေကာင္းေစတဲ့အျပင္ အနာေတြကို က်က္ေစတဲ့ ဂုဏ္သတၱိလည္း ရွိပါတယ္။ ဗီတာမင္စီေဆးျပားကို အမႈန႔္ႀကိတ္ၿပီး အႏွစ္ရေအာင္ ေရနည္းနည္းနဲ႔ ေရာေဖ်ာ္ပါ။ ရလာတဲ့အႏွစ္ကို ႂကြက္ႏို႔ေပၚမွာ ပိတ္စေလးနဲ႔ ကပ္ပါ။ ၿပီးရင္ေတာ့ အေပၚကေန ပတ္တီးနဲ႔စည္းၿပီး တစ္ညတာ ထားေပးပါ။

၇။ ပင္စိမ္း

ပင္စိမ္းမွာ အင္တီေအာက္ဆီးဒင့္ေတြနဲ႔ ရနံ႔ဆီေတြ အမ်ားႀကီး ပါဝင္ေနပါတယ္။ ပင္စိမ္းကို အႏွစ္ရလာတဲ့အထိ ေခ်ပါ။ အႏွစ္ရလာတဲ့အခါ ႂကြက္ႏို႔ေပၚမွာ ပြတ္တိုက္ေပးပါ။ ၿပီးရင္ အေပၚကေန ပတ္တီးနဲ႔စည္းၿပံး တစ္ညတာ ထားေပးပါ။ ၂ပတ္ခန႔္ ေန႔စဥ္ျပဳလုပ္ေပးရင္ ႂကြက္ႏို႔က ေပ်ာက္ကြယ္သြားေတာ့မွာပါ။

၈။ လီမြန္ရနံ႔ဆီ

ရနံ႔ဆီေတြဟာလည္း မႈိေတြ၊ ဘက္တီးရီးယားေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ရနံ႔ဆီကို အေရျပားမွာ တိုက္႐ိုက္ထိေပးလို႔ မရပါဘူး။ ရနံ႔ဆီအနည္းငယ္ကို သံလြင္ဆီ တစ္ေအာင္စေလာက္နဲ႔ ေရာပါ။

ရနံ႔ဆီကို ႂကြက္ႏို႔ေပၚမတင္ခင္မွာ ဓါတ္တည့္လား ဆိုတာကို စမ္းသပ္ဖို႔ အေရျပားေပၚမွာ အနည္းငယ္ေလး လိမ္းၾကည့္ပါ။ ေနာက္ထပ္ ၂၄ နာရီကေန ၄၈ နာရီအတြင္း ဘာဓါတ္မတည့္တာမွ ျဖစ္မလာရင္ အသုံးျပဳလို႔ရပါၿပီ။

ရနံ႔ဆီထဲကို ပိတ္စပါးေလးႏွစ္ၿပီး ႂကြက္ႏို႔အေပၚမွာ ေသေသခ်ာခ်ာ ပြတ္တိုက္ေပးပါ။ ဒီနည္းလမ္းကို အသုံးျပဳေနစဥ္မွာ ႂကြက္ႏို႔ရွိတဲ့ေနရာကို ေနေရာင္ျခည္ မထိဖို႔အတြက္ သတိထားရမွာ ျဖစ္ပါတယ္။ ေနေရာင္ျခည္ထိတဲ့အခါ အမည္းစက္ေတြပါ ျဖစ္လာတတ္ပါတယ္။

Credit : love media

Unicode

ကြွက်နို့တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်း (၈) ခု

စိတ်အနှောင့်အယှက်ဖြစ်စရာ အရေပြား ပြဿနာတွေထဲမှာ ကြွက်နို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကြွက်နို့က အန္တရာယ်တော့ မရှိပါဘူး။ ခြေချောင်း လက်ချောင်းလေးတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ခန္ဓာကိုယ်ပေါ်က ကြွက်နို့တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ ပျားရည်

ပျားရည်ကို ကြွက်နို့အပေါ် လိမ်းပေးတဲ့အခါ တဖြည်းဖြည်း ပါးလာပါတယ်။ ဆေးဖက်ဝင်တဲ့ပျားရည်အစစ်ကို အသုံးပြုပါ။ ကြွက်နို့ပေါ်မှာ ပျားရည်ကို ထူထူလိမ်းပြီး ပျားရည်တွေ ပြုတ်မကျသွားအောင် အဝတ်စနဲ့ တစ်ညတာ ပတ်ထားပါ။ မကြာခဏ လုပ်ပေးတဲ့အခါ သိသာတဲ့ ရလဒ်ကို ရရှိလာပါလိမ့်မယ်။

၂။ ရေနွေးနှင့် ပင်လယ်ဆား

ဒီနည်းလမ်းကတော့ အလွယ်ဆုံး ပါပဲ။ အရမ်းလည်း ထိရောက်ပါတယ်။ ဇလုံထဲကို ရေနွေး လောင်းထည့်လိုက်ပါ။ ရေနွေးက ၁၁၃F နဲ့ ၁၂၀F ကြားမှာ ရှိဖို့လိုပါတယ်။ ပြီးရင်တော့ ပင်လယ်ဆား ထည့်လိုက်ပါ။ ကြွက်နို့ပေါက်တဲ့နေရာကို အရေပြား နူးညံ့လာတဲ့အထိ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ထားပါ။ ကြွက်နို့ပေါက်တဲ့ အရေပြားကို ခြစ်ထုတ်ဖို့ လက်သည်းတံစဉ်း၊ ရေမြှုပ်ကျောက်၊ နူးညံ့တဲ့ ကော်ဖတ်တို့ကို အသုံးပြုပြီး ခြစ်ထုတ်ပါ။

၃။ နာနတ်သီး

နာနတ်သီးမှာ အက်ဆစ်ဓါတ်နဲ့ ကြွက်နို့ကို ဖယ်ထုတ်ပေးတဲ့ bromelain ပါတာကြောင့် အရမ်း သင့်တော်ပါတယ်။ ပိတ်စလေးတစ်စကို နာနတ်ရေထဲ နှစ်ထားပြီး ရေတွေကုန်သွားတဲ့အထိ ရေညှစ်ချလိုက်ပါ။

အဲဒီ ပိတ်စလေးပို ကြွက်နို့ပေါက်တဲ့ နေရာပေါ်ကို တင်ထားပါ။ ပြီးတော့ အပေါ်ကနေ ပတ်တီးနဲ့ ထပ်စည်းပြီး ၅ မိနစ်ကြာထားပါ။ ရလဒ်ကို မြန်မြန်သိသာချင်ရင် တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်လို့ ရပါတယ်။

၄။ ဒုဓလီပန်း

တရုတ်ဆေးဝါးနဲ့ အရှေ့အလယ်ပိုင်း ဒေသတို့ရဲ့ဆေးဝါးမှာ ဒုဓလီပန်းကို အသုံးပြုခဲ့တာ ကြာပါပြီ။ ဆေးမဖျန်းထားတဲ့ သဘာဝအလျောက်ပေါက်တဲ့ ဒုဓလီပန်းကို ရွေးချယ်ပါ။

ပန်းကနေ ထွက်တဲ့အစေးကို ကြွက်နို့ပေါ်ကို လိမ်းတဲ့နည်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ကြိမ် ၃ ကြိမ် ပြုလုပ်ပေးတဲ့အခါ ၂ ပတ်အတွင်း သိသာပါတယ်။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ဗိုင်းရပ်စ်တွေ၊ ရောဂါပိုးသေစေတဲ့ အစွမ်းတွေ အများကြီး ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်က ဂျယ်လီကို ကြွက်နို့ပေါ်တင်ပြီး အပေါ်ကနေ ပတ်တီးနဲ့ စည်းထားပေးရုံပါပဲ။

၆။ ဗီတာမင်စီ

ဗီတာမင်စီက ကိုယ်ခံအားကောင်းစေတဲ့အပြင် အနာတွေကို ကျက်စေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဗီတာမင်စီဆေးပြားကို အမှုန့်ကြိတ်ပြီး အနှစ်ရအောင် ရေနည်းနည်းနဲ့ ရောဖျော်ပါ။ ရလာတဲ့အနှစ်ကို ကြွက်နို့ပေါ်မှာ ပိတ်စလေးနဲ့ ကပ်ပါ။ ပြီးရင်တော့ အပေါ်ကနေ ပတ်တီးနဲ့စည်းပြီး တစ်ညတာ ထားပေးပါ။

၇။ ပင်စိမ်း

ပင်စိမ်းမှာ အင်တီအောက်ဆီးဒင့်တွေနဲ့ ရနံ့ဆီတွေ အများကြီး ပါဝင်နေပါတယ်။ ပင်စိမ်းကို အနှစ်ရလာတဲ့အထိ ချေပါ။ အနှစ်ရလာတဲ့အခါ ကြွက်နို့ပေါ်မှာ ပွတ်တိုက်ပေးပါ။ ပြီးရင် အပေါ်ကနေ ပတ်တီးနဲ့စည်းပြံး တစ်ညတာ ထားပေးပါ။ ၂ပတ်ခန့် နေ့စဉ်ပြုလုပ်ပေးရင် ကြွက်နို့က ပျောက်ကွယ်သွားတော့မှာပါ။

၈။ လီမွန်ရနံ့ဆီ

ရနံ့ဆီတွေဟာလည်း မှိုတွေ၊ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရနံ့ဆီကို အရေပြားမှာ တိုက်ရိုက်ထိပေးလို့ မရပါဘူး။ ရနံ့ဆီအနည်းငယ်ကို သံလွင်ဆီ တစ်အောင်စလောက်နဲ့ ရောပါ။

ရနံ့ဆီကို ကြွက်နို့ပေါ်မတင်ခင်မှာ ဓါတ်တည့်လား ဆိုတာကို စမ်းသပ်ဖို့ အရေပြားပေါ်မှာ အနည်းငယ်လေး လိမ်းကြည့်ပါ။ နောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ဘာဓါတ်မတည့်တာမှ ဖြစ်မလာရင် အသုံးပြုလို့ရပါပြီ။

ရနံ့ဆီထဲကို ပိတ်စပါးလေးနှစ်ပြီး ကြွက်နို့အပေါ်မှာ သေသေချာချာ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းကို အသုံးပြုနေစဉ်မှာ ကြွက်နို့ရှိတဲ့နေရာကို နေရောင်ခြည် မထိဖို့အတွက် သတိထားရမှာ ဖြစ်ပါတယ်။ နေရောင်ခြည်ထိတဲ့အခါ အမည်းစက်တွေပါ ဖြစ်လာတတ်ပါတယ်။

Credit : love media

Be the first to comment

Leave a Reply

Your email address will not be published.


*