










အုန်းဆီနဲ့သံပယိုရည်



crd

Unicode

ဓာတုပစ္စည်းတွေမပါပဲ သဘာဝအတိုင်း ဗောက်တွေပျောက်ကင်းသွားစေမယ့် နည်းလမ်း

ဗောက် ထတာက တော်တော် များများကြုံတွေ့ရတဲ့ ပြဿနာ တစ်ခုပါပဲ ဆောင်းတွင်းရောက်ပြီဆိုရင် ဗောက် ထတာ ပိုအဖြစ်များပါတယ်။

ဒီလိုဗောက် ထလာပြီဆိုရင် မြန်မြန်ပျောက် အောင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသလို့ရပါတယ်ဒါကြောင့် ပိုက်ဆံအကုန် အကျလည်း သက်သာပြီး ထိရောက်တဲ့ နည်းလမ်းနဲ့ ကုသလို့ရအောင် ဓာတုပစ္စည်းတွေမပါပဲ

သဘာဝအတိုင်း ဗောက်တွေ ပျောက်သွားအောင် လုပ်ပေးနိုင်မယ့် နည်လမ်းကောင်း ၃- မျိုးကို မျှဝေပေးလိုက်ပါတယ်။

လိမ္မော်သီးအခွံနဲ့ သံပယိုရည်လိမ္မော်သီး အခွံနည်းနည်းနဲ့ သံပယိုရည်နည်းနည်းကို ကြိတ်စက်ထဲ ထည့်ပြီး ရောကြိတ်ပါ ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပေးပါ။ ကြိတ်ပြီးရ လာတာကိုမှ လက်နဲ့ယူပြီး ဦးရေပြားမှာ သေချာနှံ့အောင် နှိပ်နယ်ပြီး လိမ်းထားပေးပါမိနစ် ၃၀ ထားပြီးရင်တော့ ရေဆေးချပြီး Shampoo နဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ငှက်ပျောသီးနဲ့ apple cider vinegar

ငှက်ပျေ ာသီးတစ်လုံးကို အခွံဖယ် ထုတ်ပြီး ပန်းကန်လုံးထဲထည့်ပါ။ apple cider vinegar ကို ခွက် ၂ခွက်စာလောက် ယူပြီး ထည့်ပါ။

ပြီးရင်တော့ အဲ့ ၂မျိုးကို ရောချေပြီး သမအောင် နယ်ပေးပါ ရလာတာကို မှ Brush နဲ့ယူပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။

ပိုတာတွေကို ဆံပင်ပါ သုတ်လိမ်း ပေးပါမိနစ် ၂၀- ထားပြီးရင်တော့ ရေကြက်သီး နွေးလေးနဲ့ ဆေးချပြီး ပုံမှန်လျှော်နေကျ Shampoo နဲ့ လျှော်လိုက်ရုံပါပဲ။

အုန်းဆီနဲ့သံပယိုရည်

အုန်းဆီ စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ဆတူရောပြီး မီးဖိုပေါ်တင်ကာ အပူပေးပါ မွှေပေးပါ။

ခဏလောက် အပူပေးပြီးရင်တော့ အအေးခံပြီး ဦးရေ ပြားအနှံ့ ပွတ်လိမ်းပေးပါမိနစ် ၂၀- ထားပြီးရင်တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။အခုပြောပြပေး လိုက်တဲ့ နည်းလမ်း ၃ မျိုးထဲကမှ ကိုယ်ကြိုက် နှစ်သက်ရာ နည်းလမ်းကို ရွေးလုပ်လို့ ရပါတယ်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*