ထက္ျမတ္တဲ့မိန္းကေလး ျဖစ္ခ်င္သူတိုင္း ဖတ္ရန္…

ထက္ျမတ္တဲ့မိန္းကေလး
ထက္ျမတ္တဲ့မိန္းကေလး

ထက္ျမတ္တဲ့မိန္းကေလး ျဖစ္ခ်င္သူတိုင္း ဖတ္ရန္…

ထက္ျမတ္တဲ့ မိန္းကေလး တစ္ေယာက္ ျဖစ္ခ်င္ရင္ေတာ့ ငိုစရာ ႐ွိရင္ေတာင္ ညမွာငိုၿပီး မနက္အိပ္ရာ ထတာနဲ႔ ေမ့ပစ္ကာ ဘဝခရီးလမ္းကို အႏိူင္မခံ အ႐ူံးမေပးဘဲ ဆက္ေလွ်ာက္တယ္။

အားငယ္ ဝမ္းနည္း ေနရင္ေတာင္ အျခားသူကို အပူမကူးေစဘဲ ဘာမွမျဖစ္သလို ေအာင္ႏိုင္တဲ့ အျပဳံး ၊ ယုံၾကည္မႈ ႐ွိတဲ့ ကိုယ္ဟန္နဲ႔ ရင္ထဲက အနာကို ေသသပ္လွပစြာ ဖုံးကြယ္ ထားတတ္တယ္။

ကိုယ့္အေပၚ မတရား လုပ္ေနသူေတြကိုလည္း ပညာသားပါပါ တုန္႔ျပန္တတ္ၿပီး ဂုဏ္သိကၡာကို အသက္ထက္ ျမတ္ႏိုးကာ အ႐ွက္တရားကို လက္ကိုင္ထားတယ္။

ကိုယ့္ေျခေထာက္အေပၚ ကိုယ္ရပ္ႏိုင္ေအာင္ ႀကိဳးစားၿပီး ကိုယ့္အေပၚ စြန္႔ျပစ္သြားသူကိုလည္း ဒူးမေထာက္သလို ခယေနတတ္သူလည္း မဟုတ္ဘူး။

ေယာက်္ား တစ္ေယာက္ေလာက္ေတာ့ ခြန္အား မႀကီးေပမယ့္

ေယာက်္ား တစ္ေယာက္ေလာက္ေတာ့ ခြန္အား မႀကီးေပမယ့္ ဉာဏ္႐ွိၿပီး လုပ္သင့္တာကို ခ်င့္ခ်ိန္ႏိူင္ၿပီး ကိုယ့္တန္ဖိုး အၿမဲ တိုးတက္တက္ေနေအာင္ အရည္အေသြးကို အၿမဲတမ္း ျမႇင့္တင္ေနသူျဖစ္တယ္။

လုပ္ငန္း အႀကီးအေသးကအစ စီမံအုပ္ခ်ဳပ္ ႏိုင္ၿပီး ေလာကဓံ လိႈင္းတံပိုးၾကားမွာ အျပဳံးမပ်က္ မ်က္ႏွာ မမဲ့ဘဲ ဘဝတစ္ခုကို လွပခမ္းနားေအာင္ တည္ေဆာက္ႏိူင္သူျဖစ္တယ္။

အားငယ္စိတ္ ႐ွိရင္ေတာင္ လူသိမခံဘဲ ဘဝကို လက္ေတြ႕က်က် တည္ေဆာက္ေနၿပီး တန္ဖိုးႀကီးတဲ့ အခ်ိန္ေတြကို အက်ိဳး႐ွိ႐ွိ အသုံးခ်ေနတတ္တယ္။

ထက္ျမက္မႈေၾကာင့္ မိမိကိုယ္ကို ယုံၾကည္မႈ ျပင္းထန္ေသာ္လည္း မာနထက္ ဂုဏ္သိကၡာကို တန္ဖိုးထားကာ နာမည္ေကာင္း တစ္ခုကို ေမြးျမဴေနသူ ျဖစ္တယ္။

သမိုင္းမွာ အမည္းစက္ မက်န္ရေအာင္ အလုပ္တစ္ခု လုပ္တိုင္း ေဆြမ်ိဳးခုႏွစ္ဆက္အထိ ေတြးေတာ လုပ္ေဆာင္ တတ္သူ ျဖစ္တယ္။

အေနအထိုင္ ႐ွင္းသန္႔ သပ္ရပ္သလို အေနတည္ေသာ္လည္း စိတ္ဓာတ္ ျမင့္မားၿပီး အေနဆင္းရဲ ေနရင္ေတာင္မွ ဘဝ ျမင့္မားေနသူ ျဖစ္တယ္။

အရိပ္ျပရင္ အေကာင္ျမင္တတ္ၿပီး ျမင္တိုင္းမေျပာ သိတိုင္းမျပ ခန္႔မွန္းရခက္ၿပီး အားနည္းခ်က္ေတြကို အျခားသူ သတိမထားမိေအာင္ ဟန္ေဆာင္တတ္တယ္။

ထက္ျမက္တဲ့ မိန္းကေလးတိုင္းသည္ အိမ္ေထာင္ျပဳမယ္ ဆိုရင္ေတာင္ ေယာက်္ားတစ္ေယာက္ကို အားကိုးဖို႔ယူတာ မဟုတ္ဘဲ ႏွလုံးသား ဆႏၵအရ သူမဘဝကို ပုံအပ္ျခင္းပါ။

လူတစ္ေယာက္ဟာ ထက္ျမက္လာေလေလ ထမ္းေဆာင္ရတဲ့ တာဝန္ ပိုႀကီးလာၿပီး ရင့္က်က္လာေလေလပါ။

အမရာခင္

Unicode

ထက်မြတ်တဲ့မိန်းကလေး ဖြစ်ချင်သူတိုင်း ဖတ်ရန်…

ထက်မြတ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ချင်ရင်တော့ ငိုစရာ ရှိရင်တောင် ညမှာငိုပြီး မနက်အိပ်ရာ ထတာနဲ့ မေ့ပစ်ကာ ဘဝခရီးလမ်းကို အနိူင်မခံ အရူံးမပေးဘဲ ဆက်လျှောက်တယ်။

အားငယ် ဝမ်းနည်း နေရင်တောင် အခြားသူကို အပူမကူးစေဘဲ ဘာမှမဖြစ်သလို အောင်နိုင်တဲ့ အပြုံး ၊ ယုံကြည်မှု ရှိတဲ့ ကိုယ်ဟန်နဲ့ ရင်ထဲက အနာကို သေသပ်လှပစွာ ဖုံးကွယ် ထားတတ်တယ်။

ကိုယ့်အပေါ် မတရား လုပ်နေသူတွေကိုလည်း ပညာသားပါပါ တုန့်ပြန်တတ်ပြီး ဂုဏ်သိက္ခာကို အသက်ထက် မြတ်နိုးကာ အရှက်တရားကို လက်ကိုင်ထားတယ်။

ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားပြီး ကိုယ့်အပေါ် စွန့်ပြစ်သွားသူကိုလည်း ဒူးမထောက်သလို ခယနေတတ်သူလည်း မဟုတ်ဘူး။

ယောကျ်ား တစ်ယောက်လောက်တော့ ခွန်အား မကြီးပေမယ့်

ယောကျ်ား တစ်ယောက်လောက်တော့ ခွန်အား မကြီးပေမယ့် ဉာဏ်ရှိပြီး လုပ်သင့်တာကို ချင့်ချိန်နိူင်ပြီး ကိုယ့်တန်ဖိုး အမြဲ တိုးတက်တက်နေအောင် အရည်အသွေးကို အမြဲတမ်း မြှင့်တင်နေသူဖြစ်တယ်။

လုပ်ငန်း အကြီးအသေးကအစ စီမံအုပ်ချုပ် နိုင်ပြီး လောကဓံ လှိုင်းတံပိုးကြားမှာ အပြုံးမပျက် မျက်နှာ မမဲ့ဘဲ ဘဝတစ်ခုကို လှပခမ်းနားအောင် တည်ဆောက်နိူင်သူဖြစ်တယ်။

အားငယ်စိတ် ရှိရင်တောင် လူသိမခံဘဲ ဘဝကို လက်တွေ့ကျကျ တည်ဆောက်နေပြီး တန်ဖိုးကြီးတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတတ်တယ်။

ထက်မြက်မှုကြောင့် မိမိကိုယ်ကို ယုံကြည်မှု ပြင်းထန်သော်လည်း မာနထက် ဂုဏ်သိက္ခာကို တန်ဖိုးထားကာ နာမည်ကောင်း တစ်ခုကို မွေးမြူနေသူ ဖြစ်တယ်။

သမိုင်းမှာ အမည်းစက် မကျန်ရအောင် အလုပ်တစ်ခု လုပ်တိုင်း ဆွေမျိုးခုနှစ်ဆက်အထိ တွေးတော လုပ်ဆောင် တတ်သူ ဖြစ်တယ်။

အနေအထိုင် ရှင်းသန့် သပ်ရပ်သလို အနေတည်သော်လည်း စိတ်ဓာတ် မြင့်မားပြီး အနေဆင်းရဲ နေရင်တောင်မှ ဘဝ မြင့်မားနေသူ ဖြစ်တယ်။

အရိပ်ပြရင် အကောင်မြင်တတ်ပြီး မြင်တိုင်းမပြော သိတိုင်းမပြ ခန့်မှန်းရခက်ပြီး အားနည်းချက်တွေကို အခြားသူ သတိမထားမိအောင် ဟန်ဆောင်တတ်တယ်။

ထက်မြက်တဲ့ မိန်းကလေးတိုင်းသည် အိမ်ထောင်ပြုမယ် ဆိုရင်တောင် ယောကျ်ားတစ်ယောက်ကို အားကိုးဖို့ယူတာ မဟုတ်ဘဲ နှလုံးသား ဆန္ဒအရ သူမဘဝကို ပုံအပ်ခြင်းပါ။

လူတစ်ယောက်ဟာ ထက်မြက်လာလေလေ ထမ်းဆောင်ရတဲ့ တာဝန် ပိုကြီးလာပြီး ရင့်ကျက်လာလေလေပါ။

အမရာခင်

Be the first to comment

Leave a Reply

Your email address will not be published.


*