ေယာက်ာ္းတစ္ေယာက္ရဲ႕ ဗီဇဆိုတာျပဳျပင္ေပးလို႔မလြယ္ဘူး(ပ်ိဳေမတို႔သိေစဖို႔)

ဗီဇ
ဗီဇ

ေယာက်ာ္းတစ္ေယာက္ရဲ႕ ဗီဇဆိုတာျပဳျပင္ေပးလို႔မလြယ္ဘူး(ပ်ိဳေမတို႔သိေစဖို႔)

” ဖတ္ေစခ်င္တယ္ ညီမေလး ”အိမ္ေထာင္ တစ္ခုကို အခ်စ္အတြက္ ေ႐ြးခ်ယ္သင့္သလား…?ဘဝအတြက္ ေ႐ြးခ်ယ္သင့္သလား…?

မိန္းကေလးတိုင္းက မ်ားေသာအားျဖင့္ ႏူးညံ့တယ္ အယုံလြယ္တတ္။သူတို႔ တကယ္ခ်စ္လာတဲ့ အခါအားနည္းခ်က္ေတြ၊ လိုအပ္ခ်က္ေတြကိုမစဥ္းစား တတ္ၾကပါဘူး။

သူက ကိုယ့္ကို တကယ္ခ်စ္လို႔ ေနာက္ဆိုရင္ ျပင္သြားမွာပါဆိုၿပီး။အခ်စ္ေတြ ျမင္ေနတဲ့ အခ်ိန္။အျပစ္ေတြကို မျမင္ဘူးဆိုရင္ ဘဝတစ္ခုလုံးကို ဒူးနဲ႔မ်က္ရည္ သုတ္ေနရပါလိမ့္မယ္။

အရက္ေသာက္တတ္တဲ့ လူတစ္ေယာက္ကို ငါ့ကိုခ်စ္ရင္ ျပင္လိုရပါတယ္လို႔ မထင္လိုက္ပါနဲ႔ ။ေဆးလိပ္ေသာက္တတ္တဲ့ လူတစ္ေယာက္ကိုငါ့ကိုခ်စ္ရင္ ျပင္ေပးရင္ ျပင္မွာပဲလို႔ မေတြးနဲ႔။

သမီးရည္းစား ရန္ျဖစ္တိုင္း ႐ိုင္းစိုင္းစြာ ဆဲဆိုတတ္တဲ့ လူတစ္ေယာက္ကို ေနာက္ဆိုရင္ ျပင္လာမွာပါလို႔ မထင္နဲ႔။စကားမ်ားတိုင္း လက္ပါတတ္တဲ့ လူတစ္ေယာက္ကိုေနာင္တခ်ိန္မွာ ျပင္လာမွာပါ ဆိုၿပီ။ျပင္ေပးရင္ ရပါတယ္လို႔ မေတြးမိလိုက္ပါနဲ႔။

လူဆိုတာ အက်င့္တစ္ခု ရွိရင္ ကိုယ္ကိုယ္တိုင္ ျပင္ရင္ျပင္ မျပင္ရင္ ဘယ္ေတာ့မွ မေျပာင္းလဲပါဘူး ဘယ္သူကမွ ျပင္ေပးလို႔မရပါဘူး။သူဗီဇက ဒီလိုပါလာခဲ့ရင္ဘယ္ေလာက္ထိခ်စ္ပါတယ္ ေျပာေျပာ နဂိုဗီဇက ျပဳျပင္လဲ ခဏတာပါပဲ။

နဂိုဗီဇက ျပဳျပင္လဲ ခဏတာပါပဲ

မိန္းကေလး တစ္ေယာက္ကို ေက်ာရ႐ုံ ႀကံတတ္ၾကတဲ့ သူေတြနဲ႔ ေတြ႕ခဲ့ရင္အခ်စ္စစ္ဆိုတာ သူတို႔အတြက္ေတာ့ စာမဖြဲ႕ေလာက္ပါဘူး။ဒါေၾကာင့္ခ်စ္ပါ မခ်စ္နဲ႔ မဆိုလိုပါဘူး။

ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ မေကာင္းခဲ့ရင္ ကိုယ့္အေပၚ ႏွမခ်င္း ကိုယ္ခ်င္းစာနာတဲ့ စိတ္မရွိခဲ့ရင္။ကိုယ့္အေပၚ သစၥာမရွိခဲ့ရင္။ကိုယ့္ရဲ႕ အရွက္ သိကၡာကို ထိပါးလာခဲ့ရင္။ဘယ္ေလာက္ထိပဲ ခ်စ္ေနပါေစ ျပတ္ျပတ္သားသား လမ္းခြဲလိုက္တာကအေကာင္းဆုံးပါပဲ ။

သူနဲ႔ကိုယ္ ခ်စ္သူရည္းစာ ဘဝမွာေတာင္ကိုယ့္ရဲ႕အေပၚမွာ နားလည္မႈလုံးဝ မရွိတဲ့ ေယာက္်ားေလး တစ္ေယာက္ကို ကိုယ့္ရဲ႕ ဘဝတစ္ခုလုံးကို ပုံအပ္ၿပီးေတာ့လက္တြဲ သြားဖို႔ဆိုတာကေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။မိန္းကေလးတိုင္း ခ်စ္ပါ မခ်စ္နဲ႔လို႔ ေျပာတာမဟုတ္ပါဘူး ။

ဒါေပမယ့္ကိုယ္ရဲ႕တစ္ဘဝလုံး လက္တြဲဖို႔ရည္႐ြယ္ထားတဲ့ ခ်စ္သူကိုေတာ့မ်က္စိနဲ႔ ျမင္ေအာင္ၾကည့္ပါ။ႏွလုံးသားနဲ႔ ခံစားပါ။ သို႔ေပမယ့္ ဦးေႏွာက္နဲ႔ ဆုံးျဖတ္ဖို႔ေတာ့ မေမ့ပါနဲ႔။တကယ္တမ္းေတာ့ မိန္းကေလးဆိုတာအိမ္ေထာင္ဖက္ အေ႐ြးမွားသြားတဲ့ အခါ။သူရဲ႕ ဘဝတစ္ခုလုံးကို ငရဲတြင္းထဲ ေရာက္သြားတာနဲ႔ အတူတူပါပဲ။

အိမ္ေထာင္တစ္ခုကို အခ်စ္တစ္ခုတည္းနဲ႔တည္ေဆာက္လို႔ မရႏိုင္သလို အခ်စ္မပါတဲ့ အိမ္ေထာင္ေရးဟာလဲ ဘယ္ေတာ့မွ ၾကာရွည္ မတည္ၿမဲႏိုင္ပါဘူး။ဒါေၾကာင့္ အခ်စ္သူရဲေကာင္းဆိုတာ ဝတၱဳေတြ / ဇာတ္လမ္းေတြ /သီခ်င္းေတြ video ဇာတ္လမ္း ေတြထဲမွာပဲရွိတယ္ေနာ္။

စာဖတ္မိတ္ေဆြမ်ားအားလုံး ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစရွင္။
Credit to original writer

Unicode

ယောကျာ်းတစ်ယောက်ရဲ့ ဗီဇဆိုတာပြုပြင်ပေးလို့မလွယ်ဘူး(ပျိုမေတို့သိစေဖို့)

” ဖတ်စေချင်တယ် ညီမလေး ”အိမ်ထောင် တစ်ခုကို အချစ်အတွက် ရွေးချယ်သင့်သလား…?ဘဝအတွက် ရွေးချယ်သင့်သလား…?

မိန်းကလေးတိုင်းက များသောအားဖြင့် နူးညံ့တယ် အယုံလွယ်တတ်။သူတို့ တကယ်ချစ်လာတဲ့ အခါအားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုမစဉ်းစား တတ်ကြပါဘူး။

သူက ကိုယ့်ကို တကယ်ချစ်လို့ နောက်ဆိုရင် ပြင်သွားမှာပါဆိုပြီး။အချစ်တွေ မြင်နေတဲ့ အချိန်။အပြစ်တွေကို မမြင်ဘူးဆိုရင် ဘဝတစ်ခုလုံးကို ဒူးနဲ့မျက်ရည် သုတ်နေရပါလိမ့်မယ်။

အရက်သောက်တတ်တဲ့ လူတစ်ယောက်ကို ငါ့ကိုချစ်ရင် ပြင်လိုရပါတယ်လို့ မထင်လိုက်ပါနဲ့ ။ဆေးလိပ်သောက်တတ်တဲ့ လူတစ်ယောက်ကိုငါ့ကိုချစ်ရင် ပြင်ပေးရင် ပြင်မှာပဲလို့ မတွေးနဲ့။

သမီးရည်းစား ရန်ဖြစ်တိုင်း ရိုင်းစိုင်းစွာ ဆဲဆိုတတ်တဲ့ လူတစ်ယောက်ကို နောက်ဆိုရင် ပြင်လာမှာပါလို့ မထင်နဲ့။စကားများတိုင်း လက်ပါတတ်တဲ့ လူတစ်ယောက်ကိုနောင်တချိန်မှာ ပြင်လာမှာပါ ဆိုပြီ။ပြင်ပေးရင် ရပါတယ်လို့ မတွေးမိလိုက်ပါနဲ့။

လူဆိုတာ အကျင့်တစ်ခု ရှိရင် ကိုယ်ကိုယ်တိုင် ပြင်ရင်ပြင် မပြင်ရင် ဘယ်တော့မှ မပြောင်းလဲပါဘူး ဘယ်သူကမှ ပြင်ပေးလို့မရပါဘူး။သူဗီဇက ဒီလိုပါလာခဲ့ရင်ဘယ်လောက်ထိချစ်ပါတယ် ပြောပြော နဂိုဗီဇက ပြုပြင်လဲ ခဏတာပါပဲ။

နဂိုဗီဇက ပြုပြင်လဲ ခဏတာပါပဲ

မိန်းကလေး တစ်ယောက်ကို ကျောရရုံ ကြံတတ်ကြတဲ့ သူတွေနဲ့ တွေ့ခဲ့ရင်အချစ်စစ်ဆိုတာ သူတို့အတွက်တော့ စာမဖွဲ့လောက်ပါဘူး။ဒါကြောင့်ချစ်ပါ မချစ်နဲ့ မဆိုလိုပါဘူး။

ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် မကောင်းခဲ့ရင် ကိုယ့်အပေါ် နှမချင်း ကိုယ်ချင်းစာနာတဲ့ စိတ်မရှိခဲ့ရင်။ကိုယ့်အပေါ် သစ္စာမရှိခဲ့ရင်။ကိုယ့်ရဲ့ အရှက် သိက္ခာကို ထိပါးလာခဲ့ရင်။ဘယ်လောက်ထိပဲ ချစ်နေပါစေ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာကအကောင်းဆုံးပါပဲ ။

သူနဲ့ကိုယ် ချစ်သူရည်းစာ ဘဝမှာတောင်ကိုယ့်ရဲ့အပေါ်မှာ နားလည်မှုလုံးဝ မရှိတဲ့ ယောက်ျားလေး တစ်ယောက်ကို ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို ပုံအပ်ပြီးတော့လက်တွဲ သွားဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။မိန်းကလေးတိုင်း ချစ်ပါ မချစ်နဲ့လို့ ပြောတာမဟုတ်ပါဘူး ။

ဒါပေမယ့်ကိုယ်ရဲ့တစ်ဘဝလုံး လက်တွဲဖို့ရည်ရွယ်ထားတဲ့ ချစ်သူကိုတော့မျက်စိနဲ့ မြင်အောင်ကြည့်ပါ။နှလုံးသားနဲ့ ခံစားပါ။ သို့ပေမယ့် ဦးနှောက်နဲ့ ဆုံးဖြတ်ဖို့တော့ မမေ့ပါနဲ့။တကယ်တမ်းတော့ မိန်းကလေးဆိုတာအိမ်ထောင်ဖက် အရွေးမှားသွားတဲ့ အခါ။သူရဲ့ ဘဝတစ်ခုလုံးကို ငရဲတွင်းထဲ ရောက်သွားတာနဲ့ အတူတူပါပဲ။

အိမ်ထောင်တစ်ခုကို အချစ်တစ်ခုတည်းနဲ့တည်ဆောက်လို့ မရနိုင်သလို အချစ်မပါတဲ့ အိမ်ထောင်ရေးဟာလဲ ဘယ်တော့မှ ကြာရှည် မတည်မြဲနိုင်ပါဘူး။ဒါကြောင့် အချစ်သူရဲကောင်းဆိုတာ ဝတ္တုတွေ / ဇာတ်လမ်းတွေ /သီချင်းတွေ video ဇာတ်လမ်း တွေထဲမှာပဲရှိတယ်နော်။

စာဖတ်မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။
Credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*