ပုရိသေယာက်ၤားတို႕ကိုႏိုင္တဲ့ နည္း (၆) ခု

ပုရိသေယာက်ၤားတို႕ကိုႏိုင္တဲ့ နည္း (၆) ခု
ပုရိသေယာက်ၤားတို႕ကိုႏိုင္တဲ့ နည္း (၆) ခု

ပုရိသေယာက်ၤားတို႕ကိုႏိုင္တဲ့ နည္း (၆) ခု

(၁) Dating လာလုပ္တိုင္း ေခါင္းမညိတ္ပါနဲ႔

အရမ္းေတြ႕ခ်င္ ေနတယ္ ဆိုေတာင္မွ စိတ္ကိုေလွ်ာ့ အ႐ုပ္ကိုဘဲ ၂ ဆတိုးၿပီး အသဲယားပစ္လိုက္ အျပစ္ပုံခ် အာဘြားေပးလိုက္။

လူေတြက လြယ္တဲ့အရာဆို တန္ဘိုးထားၾကတာမွ မဟုတ္တာ။ ခက္ေပ့ ဆိုတာကိုမွ ကိုးကြယ္ခ်င္တဲ့ အမ်ိဳးေလ။ အဲ့ေတာ့.. ခ်ိန္းတိုင္း ျငင္းလိုက္ပါ ။ ၁၀ ေကြ႕ ၁ ေကြ႕ေလာက္ဘဲ လက္ခံလိုက္ပါ။ တန္ဖိုးကို သူနားလည္ သြားလိမ့္မယ္ ။

(၂) နည္းနည္းခ်င္းဘဲ ခ်စ္ျပပါ

ဟတ္ဟတ္ထိုး ေႂကြတဲ့အထာနဲ႔ အေသအလဲ ခ်စ္ျပလိုက္ရင္ တစ္ခ်ိန္ခ်ိန္မွာ သင္ ေခ်ာင္ထိုးခံရ ပါလိမ့္မယ္။ မာန္တက္သြားတာ အေၾကာေျပာင္သြားတာ ျမင္ရပါလိမ့္မယ္။

အဲ့ဒီေတာ့.. ခ်စ္ေနခဲ့ရင္ေတာင္ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ၿပီး မခ်စ္သလိုေန နဲနဲခ်င္းဘဲ ခ်စ္ျပပါ Anni ေတြအထိ တာ႐ွည္ခံပါလိမ့္မယ္ ။

(၃) သူမေခၚရင္ ကိုယ္လည္း မေခၚနဲ႔

ကိုယ္က ေအာက္က်ေနာက္က်ခံ ခ်စ္ေပးၾကည့္လိုက္ ေခါင္းပါ တက္နင္းသြားမွာ။ ဖုန္း တဂြမ္ဂြမ္ဆက္ အသည္းအသန္ ျဖစ္မျပလိုက္နဲ႔ ၊ ကိုယ့္ကို သံပုရာပင္ ထင္သြားေရာ။

ရည္းစားထားၿပီး ေခ်ာ့တာေလာက္မွ မလုပ္ႏိုင္ဘူးဆို အစကတည္းက လာမပက္သက္ ေနနဲ႔ေလ။ ပစ္သာထားလိုက္ တစ္ကယ္ ခ်စ္တယ္ ျမတ္ႏိုးတယ္ဆို သူ႕ဘက္က ေနႏိုင္မွာ မဟုတ္ဘူး ခယလာလိမ့္မယ္။ အနည္းဆုံးေတာ့ စိတ္ဓါတ္ေလး သိရမွာ ။

(၄) သူ႕ေ႐ွ႕မွာ ဘယ္ေတာ့မွ မ်က္ရည္ က်မျပနဲ႔

သင္ဝမ္းနည္းတတ္မွန္း သိသြားရင္ ေနာက္ဆို စိတ္ဒုကၡေတြ လာေပးေတာ့မွာ ေသခ်ာတယ္။ သိပ္ ဝမ္းနည္းေနခဲ့ရင္ေတာင္ သူ႕ေ႐ွ႕မွာ ဟန္ေဆာင္ျပဳံးျပ ကြယ္ရာက်မွ လူးလွိမ့္ ငိုေႂကြးလိုက္။

မာနႀကီးၿပီး စိတ္ဓါတ္မာတဲ့ မိန္းခေလးဆို ဘယ္သူကမွ အထင္မေသးရဲဘူး ပစ္ခ်ဖို႔ဆို ပိုလို႔ေတာင္ ေဝးေသး။ ဘူဒိုဇာနဲ႔ ထိုးခ်တာေတာင္ အနားက ထြက္သြားမွာ မဟုတ္ဘူး ။

(၅) အေလ်ာ့မေပးနဲ႔

စကားေရာ ေဖါေရာနဲ႔ အလိုလိုက္ေပးၾကည့္.. Ha haa ေတာင္ ဟိုက လုပ္သြားဦးမယ္ေလ။ စပ္ၿဖီးၿဖီး သြားမလုပ္နဲ႔ ရင့္က်က္တဲ့ အထာနဲ႔ေန ဖိန္႔ဖိန္႔တုန္ လန္႔ေနလိမ့္မယ္။

တစ္ခါတည္းပါ ဆိုတဲ့ စကားရယ္… ခဏပါ ဆိုတဲ့ စကားရယ္… စိတ္ခ်ပါ ဆိုတဲ့ စကားရယ္… လုံးဝယုံေပးဖို႔ မစဥ္းစား လိုက္နဲ႔။ ရင္ထဲ အသည္းထဲ ကလီစာထဲက မွတ္ထား ။

(၆) Record အၿမဲ လုပၳားပါ

ေျဗာင္ျငင္းလို႔ မရေအာင္ အခ်က္အလက္နဲ႔တကြ သက္ေသျပပါ။ ေန႔စြဲေတြ အခ်ိန္ေတြ ေသခ်ာ မွတ္သားထားပါ။ ကတိေတြ ရၿပီးရင္ ေသခ်ာမွတ္သား အခ်ိဳးမေျပရင္ သစၥာမဲ့တဲ့သူ ဆိုၿပီး စကားလုံးနဲ႔ ကိုင္ေပါက္ပါ။

တစ္ခုခု မဟုတ္တာ လုပ္မယ္ၾကံတိုင္း မ်က္လုံးနဲ႔ တစ္ခ်က္ ႐ိႈးတာနဲ႔ ဒူးပါဆတ္ဆတ္ တုန္သြားတဲ့ အထိ ႏိုင္ကြက္ေတြ မွတ္သားထားပါ ။

Unicode

ပုရိသယောင်္ကျားတို့ကိုနိုင်တဲ့ နည်း (၆) ခု

(၁) Dating လာလုပ်တိုင်း ခေါင်းမညိတ်ပါနဲ့

အရမ်းတွေ့ချင် နေတယ် ဆိုတောင်မှ စိတ်ကိုလျှော့ အရုပ်ကိုဘဲ ၂ ဆတိုးပြီး အသဲယားပစ်လိုက် အပြစ်ပုံချ အာဘွားပေးလိုက်။

လူတွေက လွယ်တဲ့အရာဆို တန်ဘိုးထားကြတာမှ မဟုတ်တာ။ ခက်ပေ့ ဆိုတာကိုမှ ကိုးကွယ်ချင်တဲ့ အမျိုးလေ။ အဲ့တော့.. ချိန်းတိုင်း ငြင်းလိုက်ပါ ။ ၁၀ ကွေ့ ၁ ကွေ့လောက်ဘဲ လက်ခံလိုက်ပါ။ တန်ဖိုးကို သူနားလည် သွားလိမ့်မယ် ။

(၂) နည်းနည်းချင်းဘဲ ချစ်ပြပါ

ဟတ်ဟတ်ထိုး ကြွေတဲ့အထာနဲ့ အသေအလဲ ချစ်ပြလိုက်ရင် တစ်ချိန်ချိန်မှာ သင် ချောင်ထိုးခံရ ပါလိမ့်မယ်။ မာန်တက်သွားတာ အကြောပြောင်သွားတာ မြင်ရပါလိမ့်မယ်။

အဲ့ဒီတော့.. ချစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး မချစ်သလိုနေ နဲနဲချင်းဘဲ ချစ်ပြပါ Anni တွေအထိ တာရှည်ခံပါလိမ့်မယ် ။

(၃) သူမခေါ်ရင် ကိုယ်လည်း မခေါ်နဲ့

ကိုယ်က အောက်ကျနောက်ကျခံ ချစ်ပေးကြည့်လိုက် ခေါင်းပါ တက်နင်းသွားမှာ။ ဖုန်း တဂွမ်ဂွမ်ဆက် အသည်းအသန် ဖြစ်မပြလိုက်နဲ့ ၊ ကိုယ့်ကို သံပုရာပင် ထင်သွားရော။

ရည်းစားထားပြီး ချော့တာလောက်မှ မလုပ်နိုင်ဘူးဆို အစကတည်းက လာမပက်သက် နေနဲ့လေ။ ပစ်သာထားလိုက် တစ်ကယ် ချစ်တယ် မြတ်နိုးတယ်ဆို သူ့ဘက်က နေနိုင်မှာ မဟုတ်ဘူး ခယလာလိမ့်မယ်။ အနည်းဆုံးတော့ စိတ်ဓါတ်လေး သိရမှာ ။

(၄) သူ့ရှေ့မှာ ဘယ်တော့မှ မျက်ရည် ကျမပြနဲ့

သင်ဝမ်းနည်းတတ်မှန်း သိသွားရင် နောက်ဆို စိတ်ဒုက္ခတွေ လာပေးတော့မှာ သေချာတယ်။ သိပ် ဝမ်းနည်းနေခဲ့ရင်တောင် သူ့ရှေ့မှာ ဟန်ဆောင်ပြုံးပြ ကွယ်ရာကျမှ လူးလှိမ့် ငိုကြွေးလိုက်။

မာနကြီးပြီး စိတ်ဓါတ်မာတဲ့ မိန်းခလေးဆို ဘယ်သူကမှ အထင်မသေးရဲဘူး ပစ်ချဖို့ဆို ပိုလို့တောင် ဝေးသေး။ ဘူဒိုဇာနဲ့ ထိုးချတာတောင် အနားက ထွက်သွားမှာ မဟုတ်ဘူး ။

(၅) အလျော့မပေးနဲ့

စကားရော ဖေါရောနဲ့ အလိုလိုက်ပေးကြည့်.. Ha haa တောင် ဟိုက လုပ်သွားဦးမယ်လေ။ စပ်ဖြီးဖြီး သွားမလုပ်နဲ့ ရင့်ကျက်တဲ့ အထာနဲ့နေ ဖိန့်ဖိန့်တုန် လန့်နေလိမ့်မယ်။

တစ်ခါတည်းပါ ဆိုတဲ့ စကားရယ်… ခဏပါ ဆိုတဲ့ စကားရယ်… စိတ်ချပါ ဆိုတဲ့ စကားရယ်… လုံးဝယုံပေးဖို့ မစဉ်းစား လိုက်နဲ့။ ရင်ထဲ အသည်းထဲ ကလီစာထဲက မှတ်ထား ။

(၆) Record အမြဲ လုပ္ထားပါ

ဗြောင်ငြင်းလို့ မရအောင် အချက်အလက်နဲ့တကွ သက်သေပြပါ။ နေ့စွဲတွေ အချိန်တွေ သေချာ မှတ်သားထားပါ။ ကတိတွေ ရပြီးရင် သေချာမှတ်သား အချိုးမပြေရင် သစ္စာမဲ့တဲ့သူ ဆိုပြီး စကားလုံးနဲ့ ကိုင်ပေါက်ပါ။

တစ်ခုခု မဟုတ်တာ လုပ်မယ်ကြံတိုင်း မျက်လုံးနဲ့ တစ်ချက် ရှိုးတာနဲ့ ဒူးပါဆတ်ဆတ် တုန်သွားတဲ့ အထိ နိုင်ကွက်တွေ မှတ်သားထားပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*