မိန္းမတစ္ေယာက္ဘဝမွာ အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္

မိန္းမတစ္ေယာက္ဘဝမွာ အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္
မိန္းမတစ္ေယာက္ဘဝမွာ အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္

မိန္းမတစ္ေယာက္ဘဝမွာ အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္

ေလာကမွာ ေယာက်ာ္းနဲ႔ မိန္းမ ေတြ႕ႀကဳံဆုံကြဲ ျဖစ္ၾကရတာ ဓမၼတာပါ… ဘာထူးဆန္းလို႔လဲလို႔ ေမးခ်င္စရာ … ဟုတ္တယ္ မထူးဆန္းဘူး။ ထူးဆန္းတာတာကေတာ့ အဲဒီမိန္းမတစ္ေယာက္ဟာ ကိုယ့္အေပၚ သစၥာမရွိ တန္ဖိုးမထားကိုယ့္အျပင္ အျခားအျခားေသာ မိန္းမတကာ မိန္းမေတြကို လစ္ရင္တြယ္ ေခ်ာင္ရင္ႏႈိက္ ေဖာက္ျပန္တတ္တဲ့ ေယာက်ာ္းကို ရထားၿပီဆိုရင္ေတာ့ အဲဒါ ထူးဆန္းေနၿပီ။

ကြၽန္မငယ္႐ြယ္စဥ္ စိတ္ဓာတ္မရင့္က်က္ခင္ကာလေတြမွာ တရားေတြ ကို နားနဲ႔ပဲနာခဲ့ၿပီး ႏွလုံးသားနဲ႔ မနာတတ္ခင္ကာလေတြတုန္းက ေယာက်ာ္းတစ္ေယာက္ ကိုယ့္ကို ေဖာက္ျပန္တာ ခံရၿပီဆို ပထမဦးဆုံး သူ႔ကိုေဒါသထြက္တယ္။

ဒုတိယ ကိုယ့္ကိုကိုယ္ ေဒါသထြက္တယ္ တတိယ သူနဲ႔ေဖာက္ျပန္တဲ့ မိန္းမကို ေဒါသထြက္တယ္။ အခုေတာ့ အဲလို (၃) မ်ိဴးေသာ ေဒါသေတြ မရွိေတာ့ဘူး။ ေဖာက္ျပန္တတ္တဲ့ ေယာက်ာ္းဟာ ကိုယ္နဲ႔ေတြ႕ၿပီးမွ ေဖာက္ျပန္တာ မဟုတ္ပါဘူး။

သူ႔ရဲ႕ ေမြးရာပါ အငုံ႔စိတ္ကိုက သူ႔အေသြးအသား အေတြးထဲမွာ ပါလာခဲ့ၿပီးသားပါ။ အခြင့္အေရး မႀကဳံလို႔သာ သူလုပ္ခြင့္မရခဲ့တာပါ။ ဒါေၾကာင့္ ကိုယ္နဲ႔မယူခင္ Single ဘဝမွာ ေဖာက္ျပန္တတ္ တဲ့ ေယာက်ာ္းကို ကိုယ္နဲ႔ယူၿပီးမွ ၿငိမ္မယ္ မထင္လိုက္ပါနဲ႔။

ကိုယ္နဲ႔လက္ထပ္ၿပီးမွ ေဖာက္ျပန္တဲ့ ေယာက်ာ္းကို သူနဲ႔ ကေလးရလိုက္ရင္ ၿငိမ္သြားမယ္မထင္လိုက္ပါနဲ႔။ ကိုယ္သာ တစ္ခုလတ္ ကေလးအေမ ဘဝေတြ ေရာက္သြားမယ္ သူတို႔ကေတာ့ ၿခံခုန္ေကာင္းေနတုန္းပါပဲ။

မိန္းမတစ္ေယာက္ ဘဝမွာ အကုသိုလ္ကံ သိပ္ႀကီးလြန္းေနရင္… အက်င့္စာရိတၱ မေကာင္းတဲ့ မိန္းမေတြနဲ႔ ေပြလီေဖာက္ျပားတတ္တဲ့ ေယာက်ာ္းမ်ိဴး (သို႕မဟုတ္) ဆိုးသြမ္းေနတဲ့ ေယာက်ာ္းမ်ိဴ း ျဖစ္ေနလည္း အဲဒီမိန္းမ စိတ္ထဲ အေတြးထဲ အသိစိတ္ထဲမွာ ဒီေယာက်ာ္းဟာ ငါတစ္ေန႔မွာ ေျပာင္းလဲလုပ္ယူ ျပဳျပင္ယူလို႔ ရနိင္မယ့္ ေယာက်ာ္းလို႔ ဘဝင္ေလဟက္ၿပီး ထင္ေနတတ္ၾကတယ္။

အကုသိုလ္ကံ အေမွာင္က အရမ္းမ်ားလြန္းေနေတာ့ အသိအလင္းတန္းက ေတာ္ ႐ုံနဲ႔ ထိုးမေဖာက္ႏိုင္ဘူး ဘုရားေဟာ တရားေတာ္ထဲမွာရွိပါတယ္။

ငရဲသား တစ္ေယာက္ဟာ ေခါင္းမွာ ငရဲစက္သြားစက္ႀကီး တင္ခံထားရၿပီး ေသြးစိမ္းရွင္ရွင္ေတြ နီျမန္းေနေအာင္ စီးက်ၿပီး ငရဲဝဋ္ကို ခံေနရစဥ္ ေနာက္ထပ္ေရာက္လာတဲ့ ငရဲသားျဖစ္မယ့္သူက သူ႔မ်က္လုံးထဲမယ္ ငရဲေခြးသြားစက္ႀကီးကို ပတၱျမားပန္းခိုင္ႀကီး နီျမန္းေနတာႀကီးကို ေခါင္းမွာဆင္ၿပီး လွေနတယ္လို႔ ျမင္ၿပီး အတင္းကို လုပန္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒါေၾကာင့္ ေဖာက္ျပန္တဲ့ ေယာက်ာ္းကို လက္လႊတ္ရမွာ စိတ္က ေဝခြဲမရျဖစ္ေနတဲ့အခါ ကိုယ့္ကိုထားၿပီး သူမ်ားေနာက္ပါသြားတဲ့အခါမွာ မိန္းမေတြစိတ္ထဲ ငါတို႔အကုသိုလ္ကံ ေပးဆပ္ရဖို႔ ဝဋ္ေႂကြးေတြ ဒီအခ်ိန္မွာ ေက်ၿပီမို႔ ေနာက္လူက ပတၱျမား ပန္းအထင္နဲ႔. လုယူပန္ဆင္တာျဖစ္တယ္။

ငါတို႔ ကုသိုလ္ကံေလးေတြ ျပန္အလင္းပြင့္လာၿပီျဖစ္လို႔ ကိုယ့္ဘဝကိုယ္ လြတ္လပ္ေပါ့ပါးစြာ ျဖတ္သန္း ရွင္သန္ခြင့္ကို ရလိုက္ၿပီလို႔သာ ေတြးၿပီး ဝမ္းသာၾကည္ႏူးျဖစ္ၾကပါ။ အကုသိုလ္ကံ သိပ္မ်ားေနခ်ိန္မွာ မိန္းမေတြဟာ ေယာက်ာ္းယုတ္ ၊ ေယာက်ာ္းဆိုး ေတြနဲ႔ ေတြ႕ႀကဳံရတတ္ပါတယ္။

မိန္းမသားမ်ားအားလုံး ကုသိုလ္စိတ္ေလးေတြ အျပည့္နဲ႔ တစ္ေယာက္တည္း ဘဝကို ေက်နပ္လွပစြာ ဖန္တီးပုံေဖာ္ႏိုင္ၾကေစဖို႔ အားေပးဆုေတာင္းေပးပါတယ္။ “ရွင္ဘုရင္ ေတာ္ေကာက္ခံရမယ့္ မိန္းမေတြဟာ သူေတာင္းစားေတြနဲ႔ လြဲတတ္ပါတယ္”။

Credit မူရင္းေရးသားသူ

Unicode

မိန်းမတစ်ယောက်ဘဝမှာ အကုသိုလ်ကံ သိပ်ကြီးလွန်းနေရင်

လောကမှာ ယောကျာ်းနဲ့ မိန်းမ တွေ့ကြုံဆုံကွဲ ဖြစ်ကြရတာ ဓမ္မတာပါ… ဘာထူးဆန်းလို့လဲလို့ မေးချင်စရာ … ဟုတ်တယ် မထူးဆန်းဘူး။ ထူးဆန်းတာတာကတော့ အဲဒီမိန်းမတစ်ယောက်ဟာ ကိုယ့်အပေါ် သစ္စာမရှိ တန်ဖိုးမထားကိုယ့်အပြင် အခြားအခြားသော မိန်းမတကာ မိန်းမတွေကို လစ်ရင်တွယ် ချောင်ရင်နှိုက် ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ရထားပြီဆိုရင်တော့ အဲဒါ ထူးဆန်းနေပြီ။

ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ်မရင့်ကျက်ခင်ကာလတွေမှာ တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့ မနာတတ်ခင်ကာလတွေတုန်းက ယောကျာ်းတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို ပထမဦးဆုံး သူ့ကိုဒေါသထွက်တယ်။

ဒုတိယ ကိုယ့်ကိုကိုယ် ဒေါသထွက်တယ် တတိယ သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ်။ အခုတော့ အဲလို (၃) မျိူးသော ဒေါသတွေ မရှိတော့ဘူး။ ဖောက်ပြန်တတ်တဲ့ ယောကျာ်းဟာ ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး။

သူ့ရဲ့ မွေးရာပါ အငုံ့စိတ်ကိုက သူ့အသွေးအသား အတွေးထဲမှာ ပါလာခဲ့ပြီးသားပါ။ အခွင့်အရေး မကြုံလို့သာ သူလုပ်ခွင့်မရခဲ့တာပါ။ ဒါကြောင့် ကိုယ်နဲ့မယူခင် Single ဘဝမှာ ဖောက်ပြန်တတ် တဲ့ ယောကျာ်းကို ကိုယ်နဲ့ယူပြီးမှ ငြိမ်မယ် မထင်လိုက်ပါနဲ့။

ကိုယ်နဲ့လက်ထပ်ပြီးမှ ဖောက်ပြန်တဲ့ ယောကျာ်းကို သူနဲ့ ကလေးရလိုက်ရင် ငြိမ်သွားမယ်မထင်လိုက်ပါနဲ့။ ကိုယ်သာ တစ်ခုလတ် ကလေးအမေ ဘဝတွေ ရောက်သွားမယ် သူတို့ကတော့ ခြံခုန်ကောင်းနေတုန်းပါပဲ။

မိန်းမတစ်ယောက် ဘဝမှာ အကုသိုလ်ကံ သိပ်ကြီးလွန်းနေရင်… အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမတွေနဲ့ ပွေလီဖောက်ပြားတတ်တဲ့ ယောကျာ်းမျိူး (သို့မဟုတ်) ဆိုးသွမ်းနေတဲ့ ယောကျာ်းမျိူ း ဖြစ်နေလည်း အဲဒီမိန်းမ စိတ်ထဲ အတွေးထဲ အသိစိတ်ထဲမှာ ဒီယောကျာ်းဟာ ငါတစ်နေ့မှာ ပြောင်းလဲလုပ်ယူ ပြုပြင်ယူလို့ ရနိင်မယ့် ယောကျာ်းလို့ ဘဝင်လေဟက်ပြီး ထင်နေတတ်ကြတယ်။

အကုသိုလ်ကံ အမှောင်က အရမ်းများလွန်းနေတော့ အသိအလင်းတန်းက တော် ရုံနဲ့ ထိုးမဖောက်နိုင်ဘူး ဘုရားဟော တရားတော်ထဲမှာရှိပါတယ်။

ငရဲသား တစ်ယောက်ဟာ ခေါင်းမှာ ငရဲစက်သွားစက်ကြီး တင်ခံထားရပြီး သွေးစိမ်းရှင်ရှင်တွေ နီမြန်းနေအောင် စီးကျပြီး ငရဲဝဋ်ကို ခံနေရစဉ် နောက်ထပ်ရောက်လာတဲ့ ငရဲသားဖြစ်မယ့်သူက သူ့မျက်လုံးထဲမယ် ငရဲခွေးသွားစက်ကြီးကို ပတ္တမြားပန်းခိုင်ကြီး နီမြန်းနေတာကြီးကို ခေါင်းမှာဆင်ပြီး လှနေတယ်လို့ မြင်ပြီး အတင်းကို လုပန်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် ဖောက်ပြန်တဲ့ ယောကျာ်းကို လက်လွှတ်ရမှာ စိတ်က ဝေခွဲမရဖြစ်နေတဲ့အခါ ကိုယ့်ကိုထားပြီး သူများနောက်ပါသွားတဲ့အခါမှာ မိန်းမတွေစိတ်ထဲ ငါတို့အကုသိုလ်ကံ ပေးဆပ်ရဖို့ ဝဋ်ကြွေးတွေ ဒီအချိန်မှာ ကျေပြီမို့ နောက်လူက ပတ္တမြား ပန်းအထင်နဲ့. လုယူပန်ဆင်တာဖြစ်တယ်။

ငါတို့ ကုသိုလ်ကံလေးတွေ ပြန်အလင်းပွင့်လာပြီဖြစ်လို့ ကိုယ့်ဘဝကိုယ် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်း ရှင်သန်ခွင့်ကို ရလိုက်ပြီလို့သာ တွေးပြီး ဝမ်းသာကြည်နူးဖြစ်ကြပါ။ အကုသိုလ်ကံ သိပ်များနေချိန်မှာ မိန်းမတွေဟာ ယောကျာ်းယုတ် ၊ ယောကျာ်းဆိုး တွေနဲ့ တွေ့ကြုံရတတ်ပါတယ်။

မိန်းမသားများအားလုံး ကုသိုလ်စိတ်လေးတွေ အပြည့်နဲ့ တစ်ယောက်တည်း ဘဝကို ကျေနပ်လှပစွာ ဖန်တီးပုံဖော်နိုင်ကြစေဖို့ အားပေးဆုတောင်းပေးပါတယ်။ “ရှင်ဘုရင် တော်ကောက်ခံရမယ့် မိန်းမတွေဟာ သူတောင်းစားတွေနဲ့ လွဲတတ်ပါတယ်”။

Credit မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*