ၿပီးျပည့္စုံတဲ့ မိသားစုဘဝတစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔ အေရးႀကီးတဲ့အခ်က္ (၅)ခ်က္

ၿပီးျပည့္စုံတဲ့ မိသားစုဘဝတစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔ အေရးႀကီးတဲ့အခ်က္ (၅)ခ်က္
ၿပီးျပည့္စုံတဲ့ မိသားစုဘဝတစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔ အေရးႀကီးတဲ့အခ်က္ (၅)ခ်က္

ၿပီးျပည့္စုံတဲ့ မိသားစုဘဝတစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔ အေရးႀကီးတဲ့အခ်က္ (၅)ခ်က္

လူတိုင္းက ေပ်ာ္႐ႊင္ေႏြးေထြးတဲ့ မိသားစုဘဝကို လိုခ်င္ၾကသူေတြခ်ည္းပါပဲ။ မိဘေတြအေနနဲ႔လည္း ကိုယ့္သားသမီးအတြက္ စိတ္လုံၿခဳံမႈကို ေပးခ်င္ၾကပါတယ္။

ယေန႔ေခတ္မွာေတာ့ မိသားစုဘဝကို သက္ေရာက္မႈေတြက အေကာင္းဘက္ကထက္ အဆိုးဘက္ကေနသာ ပိုမ်ားလာပါတယ္။

ဒါဆို အိမ္ေထာင္ကို ဦးစီးေနၾကတဲ့ ဇနီးေမာင္ႏွံေတြအတြက္ ေပ်ာ္႐ႊင္က်န္းမာတဲ့ မိသားစုကို ဘယ္လိုတည္ေဆာက္မလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။

(၁) အိမ္ျပန္လာသူကို ႀကိဳဆိုရာဝယ္

ခင္ပြန္းျပန္လာတာကို ဇနီးက ဆီးႀကိဳတာျဖစ္ေစ၊ ဇနီးျပန္လာတာကို ခင္ပြန္းက ဆီးႀကိဳတာျဖစ္ေစ အရင္ဆုံး ေႏြးေထြးတဲ့ အၿပဳံး၊ ခ်ိဳသာတဲ့ စကား၊ ကူညီလိုတဲ့ လက္တစ္စုံနဲ႔ အသင့္ေစာင့္ေနဖို႔ လိုအပ္ပါတယ္။

အလုပ္က ျပန္ေရာက္လာသူကို စိတ္ရႈပ္ရမယ့္ အေၾကာင္းအရာေတြ၊ အျငင္းပြားစရာေတြ၊ မေက်နပ္မႈေတြ ေျပာဖို႔ထက္ အရင္ဦးဆုံး ျပန္ေရာက္လာသူ ေပ်ာ္႐ႊင္သြားေစမယ့္ အျပဳအမူ အေျပာအဆိုကိုသာ ေျပာသင့္ လုပ္သင့္ပါတယ္။ ဒါဟာ မိသားစုေႏြးေထြးမႈကို ပ်ိဳးေထာင္ေပးတဲ့ အေလ့အက်င့္တစ္ခုပါ။

(၂) လွ်ိဳ႕ဝွက္ခ်က္ဆိုရင္

ေလာကႀကီးမွာ ကိုယ္အယုံၾကည္ရဆုံး၊ အားအကိုးရဆုံးဆိုရင္ ကိုယ့္မိသားစုသာ နံပါတ္တစ္ ျဖစ္ေနတတ္ၾကပါတယ္။ ဒါဆို သင္ေရာ? သင့္ရဲ႕ ေပ်ာ္စရာ၊ ဝမ္းနည္းစရာ၊ စိတ္ညစ္စရာ၊ တိုင္ပင္စရာ အားလုံးကို မိသားစုနဲ႔ ေဝမွ်ျဖစ္ပါသလား။

ေႏြးေထြးနီးစပ္တဲ့ မိသားစုဘဝကို တည္ေဆာက္ဖို႔က တစ္ကိုယ္နဲ႔တစ္ကိုယ္ၾကား လွ်ိဳ႕ဝွက္ခ်က္ဆိုတာမ်ိဳး မထားရဘဲ ေအးအတူပူအမွ် ျဖစ္ေနသင့္ပါတယ္။

(၃) ေပ်ာ္စရာေတြ စုေဆာင္းပါ

မိသားစုဝင္အခ်င္းခ်င္း၊ ဇနီးေမာင္ႏွံအခ်င္းခ်င္း ဆက္ဆံေရး ေကာင္းၿပီး ေႏြးေထြးေပ်ာ္႐ႊင္ခ်င္ၾကရင္ ၅ ခ်ိဳး ၁ ခ်ိဳး နိယာမကို သိထားဖို႔လိုပါတယ္။

ဥပမာ – ကိုယ္နဲ႔ သူ႔ၾကားမွာ ကေတာက္ကဆ ျဖစ္စရာ တစ္ခုရွိမယ္ဆိုရင္ ႏွစ္ဦးၾကား ခ်စ္ခင္ျမတ္ႏိုးစရာ ေပ်ာ္စရာ အေၾကာင္းအရာက ၅ ခု ရွိေနသင့္ပါတယ္။

တစ္ဦးနဲ႔ တစ္ဦးၾကား စိတ္မၾကည္စရာေတြ စုမထားဘဲ ေပ်ာ္စရာေတြ စုထားမယ္ဆိုရင္ မိသားစုဘဝက သိပ္ကို ေပ်ာ္ဖို႔ ေကာင္းပါတယ္။

 

(၄) စိတ္လႈပ္ရွား စြန႔္စားမႈေတြ

ေန႔စဥ္ဘဝကို ပုံစံတူ ထပ္ေနေအာင္ ျဖတ္သန္းမယ့္အစား အသစ္အဆန္းေလးေတြ၊ စိတ္လႈပ္ရွားစရာေလးေတြကို အတူတူလုပ္ၾကည့္ပါ။

ခရီးထြက္တာ၊ မလုပ္ဖူးတဲ့ activity ေတြ အတူတူလုပ္ၾကည့္တာ၊ တစ္ေယာက္အခက္အခဲကို တစ္ေယာက္ ကူညီေျဖရွင္းေပးတာမ်ိဳးေတြက ေန႔စဥ္လုပ္ေနက်ေတြထဲက ခြဲထြက္ၿပီး စိတ္လႈပ္ရွားမႈေတြကို ရွာေဖြျခင္းပါပဲ။

မိသားစုၾကား ေႏြးေထြးခိုင္မာတဲ့ ဆက္ဆံေရးနဲ႔ သံေယာဇဥ္တည္ေဆာက္ဖို႔ဆို လုပ္ကိုလုပ္ရမယ့္ အရာပါ။

(၅) ေပ်ာ္႐ႊင္ဖို႔ဆို က်န္းမာဖို႔က အဓိက

အတူတူ ေပ်ာ္စရာေတြ ျဖတ္သန္းဖို႔ဆိုရင္ အထူးဆုံးဆုလာဘ္ျဖစ္တဲ့ က်န္းမာေရးေကာင္းျခင္းကို မိသားစုဝင္တိုင္း ပိုင္ဆိုင္ထားဖို႔လိုပါတယ္။

အိမ္ရွင္မေတြ အေနနဲ႔ မိမိရဲ႕ သားသမီး၊ ခင္ပြန္းကို သန႔္ရွင္းၿပီး အာဟာရျဖစ္တဲ့ အစားအေသာက္ စီမံေပးဖို႔က ေႏြးေထြးေပ်ာ္႐ႊင္တဲ့ မိသားစုတည္ေဆာက္ရမွာ အေရးပါပါတယ္။

ေန႔စဥ္စားသုံးေန႔က် ထမင္းနဲ႔ဟင္းအျပင္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကိုေတာ့ အိုဗာတင္းက ေပးစြမ္းႏိုင္ပါလိမ့္မယ္။

မုေယာစပါးက ထုတ္ထားတဲ့ အိုဗာတင္း Malted Milk မွာ ခႏၶာကိုယ္အတြက္ အဓိကလိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ ၂၃ မ်ိဳးနဲ႔ ပ႐ိုတင္းဓာတ္တို႔ ႂကြယ္ဝစြာ ပါဝင္ၿပီး အိုဗာတင္းတစ္ခြက္မွာ ႏြားႏို႔ ၂ ခြက္စာ ကယ္ဆီယမ္ဓာတ္ ပါဝင္တဲ့အတြက္ မိုးတြင္းမွာ ခုခံအားေကာင္းၿပီး က်န္းမာေနေစဖို႔ မိသားစုဝင္တိုင္း ေန႔စဥ္ေသာက္သုံးေပးသင့္ပါတယ္။

အထက္ပါ အခ်က္ေလးေတြကေန က်န္းမာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ေအာင္ျမင္စြာ တည္ေဆာက္ဖို႔ အေထာက္အကူေပးႏိုင္မယ္လို႔ ယုံၾကည္ေနလ်က္..

Credit #Original Writter

Unicode

ပြီးပြည့်စုံတဲ့ မိသားစုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးတဲ့အချက် (၅)ချက်

လူတိုင်းက ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝကို လိုချင်ကြသူတွေချည်းပါပဲ။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးအတွက် စိတ်လုံခြုံမှုကို ပေးချင်ကြပါတယ်။

ယနေ့ခေတ်မှာတော့ မိသားစုဘဝကို သက်ရောက်မှုတွေက အကောင်းဘက်ကထက် အဆိုးဘက်ကနေသာ ပိုများလာပါတယ်။

ဒါဆို အိမ်ထောင်ကို ဦးစီးနေကြတဲ့ ဇနီးမောင်နှံတွေအတွက် ပျော်ရွှင်ကျန်းမာတဲ့ မိသားစုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အိမ်ပြန်လာသူကို ကြိုဆိုရာဝယ်

ခင်ပွန်းပြန်လာတာကို ဇနီးက ဆီးကြိုတာဖြစ်စေ၊ ဇနီးပြန်လာတာကို ခင်ပွန်းက ဆီးကြိုတာဖြစ်စေ အရင်ဆုံး နွေးထွေးတဲ့ အပြုံး၊ ချိုသာတဲ့ စကား၊ ကူညီလိုတဲ့ လက်တစ်စုံနဲ့ အသင့်စောင့်နေဖို့ လိုအပ်ပါတယ်။

အလုပ်က ပြန်ရောက်လာသူကို စိတ်ရှုပ်ရမယ့် အကြောင်းအရာတွေ၊ အငြင်းပွားစရာတွေ၊ မကျေနပ်မှုတွေ ပြောဖို့ထက် အရင်ဦးဆုံး ပြန်ရောက်လာသူ ပျော်ရွှင်သွားစေမယ့် အပြုအမူ အပြောအဆိုကိုသာ ပြောသင့် လုပ်သင့်ပါတယ်။ ဒါဟာ မိသားစုနွေးထွေးမှုကို ပျိုးထောင်ပေးတဲ့ အလေ့အကျင့်တစ်ခုပါ။

(၂) လျှို့ဝှက်ချက်ဆိုရင်

လောကကြီးမှာ ကိုယ်အယုံကြည်ရဆုံး၊ အားအကိုးရဆုံးဆိုရင် ကိုယ့်မိသားစုသာ နံပါတ်တစ် ဖြစ်နေတတ်ကြပါတယ်။ ဒါဆို သင်ရော? သင့်ရဲ့ ပျော်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ တိုင်ပင်စရာ အားလုံးကို မိသားစုနဲ့ ဝေမျှဖြစ်ပါသလား။

နွေးထွေးနီးစပ်တဲ့ မိသားစုဘဝကို တည်ဆောက်ဖို့က တစ်ကိုယ်နဲ့တစ်ကိုယ်ကြား လျှို့ဝှက်ချက်ဆိုတာမျိုး မထားရဘဲ အေးအတူပူအမျှ ဖြစ်နေသင့်ပါတယ်။

(၃) ပျော်စရာတွေ စုဆောင်းပါ

မိသားစုဝင်အချင်းချင်း၊ ဇနီးမောင်နှံအချင်းချင်း ဆက်ဆံရေး ကောင်းပြီး နွေးထွေးပျော်ရွှင်ချင်ကြရင် ၅ ချိုး ၁ ချိုး နိယာမကို သိထားဖို့လိုပါတယ်။

ဥပမာ – ကိုယ်နဲ့ သူ့ကြားမှာ ကတောက်ကဆ ဖြစ်စရာ တစ်ခုရှိမယ်ဆိုရင် နှစ်ဦးကြား ချစ်ခင်မြတ်နိုးစရာ ပျော်စရာ အကြောင်းအရာက ၅ ခု ရှိနေသင့်ပါတယ်။

တစ်ဦးနဲ့ တစ်ဦးကြား စိတ်မကြည်စရာတွေ စုမထားဘဲ ပျော်စရာတွေ စုထားမယ်ဆိုရင် မိသားစုဘဝက သိပ်ကို ပျော်ဖို့ ကောင်းပါတယ်။

(၄) စိတ်လှုပ်ရှား စွန့်စားမှုတွေ

နေ့စဉ်ဘဝကို ပုံစံတူ ထပ်နေအောင် ဖြတ်သန်းမယ့်အစား အသစ်အဆန်းလေးတွေ၊ စိတ်လှုပ်ရှားစရာလေးတွေကို အတူတူလုပ်ကြည့်ပါ။

ခရီးထွက်တာ၊ မလုပ်ဖူးတဲ့ activity တွေ အတူတူလုပ်ကြည့်တာ၊ တစ်ယောက်အခက်အခဲကို တစ်ယောက် ကူညီဖြေရှင်းပေးတာမျိုးတွေက နေ့စဉ်လုပ်နေကျတွေထဲက ခွဲထွက်ပြီး စိတ်လှုပ်ရှားမှုတွေကို ရှာဖွေခြင်းပါပဲ။

မိသားစုကြား နွေးထွေးခိုင်မာတဲ့ ဆက်ဆံရေးနဲ့ သံယောဇဉ်တည်ဆောက်ဖို့ဆို လုပ်ကိုလုပ်ရမယ့် အရာပါ။

(၅) ပျော်ရွှင်ဖို့ဆို ကျန်းမာဖို့က အဓိက

အတူတူ ပျော်စရာတွေ ဖြတ်သန်းဖို့ဆိုရင် အထူးဆုံးဆုလာဘ်ဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို မိသားစုဝင်တိုင်း ပိုင်ဆိုင်ထားဖို့လိုပါတယ်။

အိမ်ရှင်မတွေ အနေနဲ့ မိမိရဲ့ သားသမီး၊ ခင်ပွန်းကို သန့်ရှင်းပြီး အာဟာရဖြစ်တဲ့ အစားအသောက် စီမံပေးဖို့က နွေးထွေးပျော်ရွှင်တဲ့ မိသားစုတည်ဆောက်ရမှာ အရေးပါပါတယ်။

နေ့စဉ်စားသုံးနေ့ကျ ထမင်းနဲ့ဟင်းအပြင် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုတော့ အိုဗာတင်းက ပေးစွမ်းနိုင်ပါလိမ့်မယ်။

မုယောစပါးက ထုတ်ထားတဲ့ အိုဗာတင်း Malted Milk မှာ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၃ မျိုးနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး အိုဗာတင်းတစ်ခွက်မှာ နွားနို့ ၂ ခွက်စာ ကယ်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် မိုးတွင်းမှာ ခုခံအားကောင်းပြီး ကျန်းမာနေစေဖို့ မိသားစုဝင်တိုင်း နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

အထက်ပါ အချက်လေးတွေကနေ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို အောင်မြင်စွာ တည်ဆောက်ဖို့ အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်နေလျက်..

Credit #Original Writter

Be the first to comment

Leave a Reply

Your email address will not be published.


*