တကယ္ေဆးလိပ္ျဖတ္ႏိုင္ေအာင္ ကူညီေပးမယ့္ လမ္းၫႊန္ခ်က္ ၁၀ ခ်က္

တကယ္ေဆးလိပ္ျဖတ္ႏိုင္ေအာင္ ကူညီေပးမယ့္ လမ္းၫႊန္ခ်က္ ၁၀ ခ်က္
တကယ္ေဆးလိပ္ျဖတ္ႏိုင္ေအာင္ ကူညီေပးမယ့္ လမ္းၫႊန္ခ်က္ ၁၀ ခ်က္

zawgyi

တကယ္ေဆးလိပ္ျဖတ္ႏိုင္ေအာင္ ကူညီေပးမယ့္ လမ္းၫႊန္ခ်က္ ၁၀ ခ်က္

ေဆးလိပ္ေသာက္တယ္ ဆိုတာက မေကာင္းတဲ့ ကိစၥတစ္ခုပါ ။ ကိုယ့္ရဲ႕ က်န္းမာေရးကို ထိခိုက္ေစသလို ကိုယ့္ရဲ႕ ေဆးလိပ္ေငြ႕ေၾကာင့္လည္း သူတစ္ပါးကိုပါ ထိခိုက္ ေစႏိုင္ပါတယ္ ။

ကမာၻတစ္ဝွမ္းမွာ ေဆးလိပ္ ေသာက္သုံးသူ သန္း ၁၀၀၀ နီးပါးရွိေနၿပီးေတာ့ တစ္ႏွစ္ကို လူ ၈ သန္းေလာက္က ေဆးလိပ္ေၾကာင့္ ေသဆုံးေနၾကတာပါ ။ ဝမ္းနည္းစရာေကာင္းတာက အဲ့ဒီထဲက ၁ ဒႆမ ၂ သန္းေလာက္က ေဆးလိပ္မေသာက္သုံးတဲ့လူေတြျဖစ္ေနတာပါပဲ ။

ကိုယ့္ကိုေရာ ကိုယ့္ပတ္ဝန္းက်င္က လူေတြကိုေရာ ထိခိုက္မွာကို မလိုလားတဲ့ လူတစ္ခ်ိဳ႕က ေဆးလိပ္ျဖတ္ဖို႔ ႀကိဳးစားၾကပါတယ္ ။

တကယ္ေတာ့ ေဆးလိပ္ျဖတ္တယ္ဆိုတာက လြယ္ကူတဲ့ ကိစၥေတာ့မဟုတ္ပါဘူး ။ ခက္ခဲသလို လူတိုင္းလည္း မေအာင္ျမင္တတ္ၾကပါဘူး ။ ဒါေၾကာင့္ လမ္းတစ္ဝက္မွာတင္ လက္ေလွ်ာ့သြားၾကရသူ အေျမာက္အမ်ားရွိခဲ့ပါတယ္ ။

ကိုယ္တိုင္ကလည္း ေဆးလိပ္ျဖတ္ခ်င္တဲ့ စိတ္ဆႏၵရွိၿပီး လမ္းတစ္ဝက္မွာ မေအာင္မျမင္ျဖစ္သြားမွာလည္း စိုးရိမ္ေနသူေတြအတြက္ အေမရိကန္က အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈဌာန (NHS) ရဲ႕ လမ္းၫႊန္ခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္ ။

ဒီနည္းလမ္းေတြက ေဆးလိပ္ျဖတ္ေနသူေတြအတြက္ ထိေရာက္ၿပီး အက်ိဳးရွိေစေအာင္ ကူညီႏိုင္မယ့္ နည္းလမ္းေတြျဖစ္ပါတယ္ ။

ေဆးလိပ္ျဖတ္ေနသူေတြ လိုက္နာသင့္တဲ့ နည္းလမ္း ၁၀ ခ်က္ကေတာ့

၁။ အျပဳသေဘာေဆာင္စြာ ေတြးပါ – ေဆးလိပ္ျဖတ္ဖို႔ ႀကိဳးစားရတာက ခက္ခဲတတ္ပါတယ္။ အေကာင္းျမင္စိတ္နဲ႔ ေတြးၿပီး ျဖည္းျဖည္းျခင္းႀကိဳးစားဖို႔ လိုအပ္ပါတယ္ ။

၂။ အစီအစဥ္တက် ျပဳလုပ္ပါ – ျဖစ္သလိုေတြးၿပီး ႀကဳံသလိုျဖတ္ေနမယ္ဆိုရင္ ေဆးလိပ္ လုံးဝျပတ္ဖို႔ မေသခ်ာပါဘူး။ ေသခ်ာ အစီအစဥ္တက် လုပ္ဖို႔ လိုအပ္ပါတယ္ ။

၃။ အာဟာရျပည့္ဝမႈကိုလည္း ထည့္စဥ္းစားပါ – ေဆးလိပ္ေသာက္သူေတြရဲ႕ Favorite After-dinner က ေဆးလိပ္ပါပဲ ။ ခံတြင္းခ်ဥ္လို႔ ဆိုတဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ေပါ့ ။ အသားေတြ အမ်ားႀကီးစားတာက ေဆးလိပ္ေသာက္ခ်င္စိတ္ကို ပိုၿပီးတိုးပြားေစပါတယ္ ။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ခ်ိန္မွာ အသားေလွ်ာ့စားတာ အေကာင္းဆုံးပါ ။

၄။ အေဖ်ာ္ယမကာ မွီဝဲတဲ့ ပုံစံကိုလည္း ေျပာင္းလဲပါ – အခ်ိဳရည္ေတြ၊ အယ္လ္ကိုေဟာေတြ၊ ေကာ္ဖီေတြဟာ ေဆးလိပ္ရဲ႕ အရသာကို ပိုေကာင္းေစတတ္ပါတယ္ ။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ေတာ့မယ္ဆိုရင္ ဒါေတြကိုပါ ေရွာင္ၾကဥ္ရပါလိမ့္မယ္ ။

၅။ ကိုယ့္စိတ္ဆႏၵကို ကိုယ္နားလည္ပါ – ကိုယ္က ဘယ္အခ်ိန္မွာ ေဆးလိပ္ေသာက္ခ်င္တတ္လဲ ၊ တစ္ေန႔ ဘယ္ႏွစ္လိပ္ေလာက္ ေသာက္တတ္သလဲဆိုတာကို တိတိက်က် သိနားလည္ထားဖို႔လည္း လိုအပ္ပါတယ္ ။ ေဆးလိပ္ေသာက္ခ်င္စိတ္ေပၚလာရရင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ ဒီအခ်က္ကလည္း အေရးႀကီးလွပါတယ္ ။

၆။ ပါးစပ္ကို အလုပ္ရႈပ္ေနပါေစ – ပီေကဝါးေနတာမ်ိဳး ၊ သၾကားလုံးငုံတာမ်ိဳးေတြက ေဆးလိပ္ေသာက္ခ်င္စိတ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္ ။

၇။ ပတ္ဝန္းက်င္ထံက အကူအညီရယူပါ – မိသားစုဝင္ေတြ ၊ ခ်စ္ခင္ရင္းႏွီးရသူေတြဆီက အားေပးမႈ ကူညီမႈေတြလည္း ရဖို႔ လိုအပ္ပါတယ္ ။

၈။ ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးပါ – ခႏၶာကိုယ္ က်န္းမာေနေစဖို႔နဲ႔ ေဆးလိပ္ေသာက္ခ်င္စိတ္ကို ေလွ်ာ့ခ်ဖို႔ လမ္းေလွ်ာက္တာမ်ိဳး ၊ ေလ့က်င့္ခန္းလုပ္တာမ်ိဳးေတြ လုပ္ေပးဖို႔လည္းလိုအပ္ပါတယ္ ။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ရင္ ဦးေႏွာက္ကေန ေဆးလိပ္ေသာက္ခ်င္စိတ္ ေလ်ာ့က်ေစမယ့္ ဓာတုပစၥည္းေတြ ပိုၿပီး မ်ားမ်ားထုတ္ေပးတတ္ပါတယ္ ။

၉။ ေဆးလိပ္ မေသာက္တတ္တဲ့ မိတ္ေဆြေတြနဲ႔ ပိုမိုေပါင္းသင္းပါ – ကိုယ့္ေရွ႕က အေပါင္းအသင္းက ေသာက္ျပေနရင္ ကိုယ္လည္း ျပန္ေသာက္မိလာႏိုင္ပါတယ္။ ဒါမွမဟုတ္ သူတို႔က အတင္းတိုက္တာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္ ။ ဒါေၾကာင့္ ေဆးလိပ္ျဖတ္ေနခ်ိန္မွာ ေဆးလိပ္မေသာက္သူေတြနဲ႔ ေပါင္းသင္းပါ ။

၁၀။ ဘာေၾကာင့္ ေဆးလိပ္ျဖတ္သင့္တာလဲဆိုတဲ့ စာရင္းလုပ္ပါ – ေဆးလိပ္ျဖတ္ေနစဥ္မွာ လက္မေလွ်ာ့ျဖစ္ေအာင္ စာရင္းေလးလုပ္ထားၿပီး ကိုယ္ဘာေၾကာင့္ ေဆးလိပ္ျဖတ္သင့္တာလဲဆိုတာကို အခ်က္အလိုက္ စာရင္းျပဳစုထားပါ ။ နည္းနည္း စိတ္ယိုင္ခ်င္လာခ်ိန္ေတြမွာ ဒီစာရင္းကိုျပန္ျပန္ဖတ္ေပးေပါ့ ။

ေဆးလိပ္ေသာက္သုံးတာက က်န္းမာရးဆိုင္ရာ ဆိုးက်ိဳးေတြမ်ားျပားလွပါတယ္ ။ ဒါကို သိနားလည္သြားသူေတြက ေဆးလိပ္ျဖတ္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေပမယ့္ ေဆးလိပ္ေသာက္ဖို႔ ႀကိဳးပမ္းသူတိုင္း ေအာင္ျမင္ၾကတာေတာ့ မဟုတ္ပါဘူး ။

ေဆးလိပ္ကို ေအာင္ေအာင္ျမင္ျမင္ျဖတ္ႏိုင္ဖို႔ဆိုရင္ ဆုံးျဖတ္ခ်က္ ျပတ္ျပတ္သားသားခ်မွတ္ၿပီး တိတိက်က်လုပ္ေဆာင္ဖို႔က အေရးႀကီးပါတယ္ ။ ေဆးလိပ္ဆက္ေသာက္ရင္ ဘယ္လို ဆိုးက်ိဳးေတြ ႀကဳံရလာမယ္ဆိုတာကို သိနားလည္ထားပါေစ ။

ဥပမာ ေဆးလိပ္နဲ႔ အရက္တြဲေသာက္ရင္ သာမာန္လူတစ္ေယာက္ထက္ ခံတြင္းကင္ဆာျဖစ္ႏိုင္ေျခ ၃၈ % ပိုမ်ားတယ္ဆိုတာမ်ိဳးေပါ့ ။ ဒါေၾကာင့္ သင္ေဆးလိပ္ေသာက္ျဖစ္ေနတယ္ဆိုရင္ ခပ္ျမန္ျမန္သာျဖတ္လိုက္ပါေတာ့ ။

credit to orginal writer

unicode

တကယ်ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက် ၁၀ ချက်

ဆေးလိပ်သောက်တယ် ဆိုတာက မကောင်းတဲ့ ကိစ္စတစ်ခုပါ ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့်လည်း သူတစ်ပါးကိုပါ ထိခိုက် စေနိုင်ပါတယ် ။

ကမ္ဘာတစ်ဝှမ်းမှာ ဆေးလိပ် သောက်သုံးသူ သန်း ၁၀၀၀ နီးပါးရှိနေပြီးတော့ တစ်နှစ်ကို လူ ၈ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြတာပါ ။ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီထဲက ၁ ဒဿမ ၂ သန်းလောက်က ဆေးလိပ်မသောက်သုံးတဲ့လူတွေဖြစ်နေတာပါပဲ ။

ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်မှာကို မလိုလားတဲ့ လူတစ်ချို့က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ် ။

တကယ်တော့ ဆေးလိပ်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး ။ ခက်ခဲသလို လူတိုင်းလည်း မအောင်မြင်တတ်ကြပါဘူး ။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြရသူ အမြောက်အများရှိခဲ့ပါတယ် ။

ကိုယ်တိုင်ကလည်း ဆေးလိပ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒရှိပြီး လမ်းတစ်ဝက်မှာ မအောင်မမြင်ဖြစ်သွားမှာလည်း စိုးရိမ်နေသူတွေအတွက် အမေရိကန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ လမ်းညွှန်ချက်လေးတွေကို ပြောပြပေးချင်ပါတယ် ။

ဒီနည်းလမ်းတွေက ဆေးလိပ်ဖြတ်နေသူတွေအတွက် ထိရောက်ပြီး အကျိုးရှိစေအောင် ကူညီနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ် ။

ဆေးလိပ်ဖြတ်နေသူတွေ လိုက်နာသင့်တဲ့ နည်းလမ်း ၁၀ ချက်ကတော့

၁။ အပြုသဘောဆောင်စွာ တွေးပါ – ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာက ခက်ခဲတတ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ တွေးပြီး ဖြည်းဖြည်းခြင်းကြိုးစားဖို့ လိုအပ်ပါတယ် ။

၂။ အစီအစဉ်တကျ ပြုလုပ်ပါ – ဖြစ်သလိုတွေးပြီး ကြုံသလိုဖြတ်နေမယ်ဆိုရင် ဆေးလိပ် လုံးဝပြတ်ဖို့ မသေချာပါဘူး။ သေချာ အစီအစဉ်တကျ လုပ်ဖို့ လိုအပ်ပါတယ် ။

၃။ အာဟာရပြည့်ဝမှုကိုလည်း ထည့်စဉ်းစားပါ – ဆေးလိပ်သောက်သူတွေရဲ့ Favorite After-dinner က ဆေးလိပ်ပါပဲ ။ ခံတွင်းချဉ်လို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ပေါ့ ။ အသားတွေ အများကြီးစားတာက ဆေးလိပ်သောက်ချင်စိတ်ကို ပိုပြီးတိုးပွားစေပါတယ် ။ ဒါကြောင့် ဆေးလိပ်ဖြတ်ချိန်မှာ အသားလျှော့စားတာ အကောင်းဆုံးပါ ။

၄။ အဖျော်ယမကာ မှီဝဲတဲ့ ပုံစံကိုလည်း ပြောင်းလဲပါ – အချိုရည်တွေ၊ အယ်လ်ကိုဟောတွေ၊ ကော်ဖီတွေဟာ ဆေးလိပ်ရဲ့ အရသာကို ပိုကောင်းစေတတ်ပါတယ် ။ ဒါကြောင့် ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် ဒါတွေကိုပါ ရှောင်ကြဉ်ရပါလိမ့်မယ် ။

၅။ ကိုယ့်စိတ်ဆန္ဒကို ကိုယ်နားလည်ပါ – ကိုယ်က ဘယ်အချိန်မှာ ဆေးလိပ်သောက်ချင်တတ်လဲ ၊ တစ်နေ့ ဘယ်နှစ်လိပ်လောက် သောက်တတ်သလဲဆိုတာကို တိတိကျကျ သိနားလည်ထားဖို့လည်း လိုအပ်ပါတယ် ။ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရရင် ထိန်းချုပ်နိုင်ဖို့ ဒီအချက်ကလည်း အရေးကြီးလှပါတယ် ။

၆။ ပါးစပ်ကို အလုပ်ရှုပ်နေပါစေ – ပီကေဝါးနေတာမျိုး ၊ သကြားလုံးငုံတာမျိုးတွေက ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ် ။

၇။ ပတ်ဝန်းကျင်ထံက အကူအညီရယူပါ – မိသားစုဝင်တွေ ၊ ချစ်ခင်ရင်းနှီးရသူတွေဆီက အားပေးမှု ကူညီမှုတွေလည်း ရဖို့ လိုအပ်ပါတယ် ။

၈။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ – ခန္ဓာကိုယ် ကျန်းမာနေစေဖို့နဲ့ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချဖို့ လမ်းလျှောက်တာမျိုး ၊ လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ပေးဖို့လည်းလိုအပ်ပါတယ် ။ လေ့ကျင့်ခန်း များများလုပ်ရင် ဦးနှောက်ကနေ ဆေးလိပ်သောက်ချင်စိတ် လျော့ကျစေမယ့် ဓာတုပစ္စည်းတွေ ပိုပြီး များများထုတ်ပေးတတ်ပါတယ် ။

၉။ ဆေးလိပ် မသောက်တတ်တဲ့ မိတ်ဆွေတွေနဲ့ ပိုမိုပေါင်းသင်းပါ – ကိုယ့်ရှေ့က အပေါင်းအသင်းက သောက်ပြနေရင် ကိုယ်လည်း ပြန်သောက်မိလာနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့က အတင်းတိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ဆေးလိပ်ဖြတ်နေချိန်မှာ ဆေးလိပ်မသောက်သူတွေနဲ့ ပေါင်းသင်းပါ ။

၁၀။ ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တာလဲဆိုတဲ့ စာရင်းလုပ်ပါ – ဆေးလိပ်ဖြတ်နေစဉ်မှာ လက်မလျှော့ဖြစ်အောင် စာရင်းလေးလုပ်ထားပြီး ကိုယ်ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တာလဲဆိုတာကို အချက်အလိုက် စာရင်းပြုစုထားပါ ။ နည်းနည်း စိတ်ယိုင်ချင်လာချိန်တွေမှာ ဒီစာရင်းကိုပြန်ပြန်ဖတ်ပေးပေါ့ ။

ဆေးလိပ်သောက်သုံးတာက ကျန်းမာရးဆိုင်ရာ ဆိုးကျိုးတွေများပြားလှပါတယ် ။ ဒါကို သိနားလည်သွားသူတွေက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ဖို့ ကြိုးပမ်းသူတိုင်း အောင်မြင်ကြတာတော့ မဟုတ်ပါဘူး ။

ဆေးလိပ်ကို အောင်အောင်မြင်မြင်ဖြတ်နိုင်ဖို့ဆိုရင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချမှတ်ပြီး တိတိကျကျလုပ်ဆောင်ဖို့က အရေးကြီးပါတယ် ။ ဆေးလိပ်ဆက်သောက်ရင် ဘယ်လို ဆိုးကျိုးတွေ ကြုံရလာမယ်ဆိုတာကို သိနားလည်ထားပါစေ ။

ဥပမာ ဆေးလိပ်နဲ့ အရက်တွဲသောက်ရင် သာမာန်လူတစ်ယောက်ထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၃၈ % ပိုများတယ်ဆိုတာမျိုးပေါ့ ။ ဒါကြောင့် သင်ဆေးလိပ်သောက်ဖြစ်နေတယ်ဆိုရင် ခပ်မြန်မြန်သာဖြတ်လိုက်ပါတော့ ။

credit to orginal writer

Be the first to comment

Leave a Reply

Your email address will not be published.


*