သူမနဲ႔က်ေနာ္ ျပတ္သြားျပီးတဲ့ေနာက္

သူမနဲ႔က်ေနာ္ ျပတ္သြားျပီးတဲ့ေနာက္
သူမနဲ႔က်ေနာ္ ျပတ္သြားျပီးတဲ့ေနာက္

သူမနဲ႔က်ေနာ္ ျပတ္သြားျပီးတဲ့ေနာက္

သူ ႔အေၾကာင္းကို သူငယ္ခ်င္းေတြကတဆင့္ ၊ ပတ္ဝန္းက်င္ကတဆင့္ ေမးခဲ့ဖူးလား … … ခင္ဗ်ာတုိ့ေတာ့ မသိဘူးဗ်ာ … … က်ေနာ္ကေတာ့ ေမးခဲ့ဖူးတယ္ဗ် … … ဒါကေတာ့ မရွက္တမ္း ဝန္ခံတာေပါ့ေလ … … အဲ့လုိသြားေမးမိတုိင္းလဲ သူငယ္ခ်င္ေတြကုိ အရမ္း အားနားရတယ္ … … ဒါေပမဲ့လဲ ခ်စ္တာကုိဗ် … …

သူ႔ရဲ့ My Day ေလးမွာ ဘာေတြမ်ား တင္ထားလဲ … … သူ႔ရဲ့ Timeline ေလးမွာေကာ ဘာေတြ အဆင္မေျပတာေတြမ်ား တင္ထားေသးလဲ … … ျပီးေတာ့ IG မွာေကာ … …

သူေပ်ာ္ေနရဲ႕လား ၊ သူအဆင္ေျပရဲ႕လား ၊ သူဘာေတြမ်ား တင္ထားသလဲ ဆိုၿပီးေတာ့ေပါ့ဗ်ာ ။ ကုိယ္က ခ်စ္ေနေသးတာကုိဗ် … မုန္းမွ မမုန္းရက္ခဲ့တာ … … ျဖစ္နုိင္ရင္ေတာ့ သူမနဲ႔ အရင္လုိ ၊ အရင္ကအတုိင္းေလးပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေနခ်င္တာေပါ့ဗ်ာ … … ကုိယ္ဘက္က မျပတ္နုိင္္ပါဆုိျပီး ဒူးေထာက္မတတ္ ေတာင္းပန္တာေတာင္ သူမေနခ်င္လုိ႔ ထြက္သြားခဲ့တယ္ … … ။

ထြက္သြားသူက လွည့္မၾကည့္ပဲ ထြက္သြားနုိင္ေပမဲ့ မခြဲနုိင္တဲ့ က်ေနာ္ကပဲ သူ႕ေနာက္ကြယ္ကေန သူ့အေၾကာင္းေလးေတြ မရမက လုိက္စုံစမ္းမိေနတယ္ သိခ်င္ေနမိတယ္ ၊ လြမ္းလဲလြမ္းတယ္ ၊ အရမ္းလဲေတြ့ခ်င္ေနမိတယ္ … … ။

ဒါေပမဲ့ မၾကာခဲ့တဲ့ ေန႔တစ္ရက္ကပဲ ( အဲ့ေန႔က က်ေနာ့အတြက္ ျပႆဒါးရက္ၾကီး ထင္ပါတယ္ဗ်ာ ) သူငယ္ခ်င္း တစ္ေယာက္က Screen Shot တစ္ခုကုိ Messager ကေန ပုိ႔လာခဲ့တယ္ … … ။ ( က်ေနာ္ၾကည့္လုိက္တယ္ ၊ သူမ ေနာက္ထပ္ေကာင္ေလး တစ္ေယာက္နဲ႔ လက္ခ်င္းခ်ိတ္ျပီးေတာ့ တြဲရုိက္ထားတဲ့ ပုံေလးဗ် ) … …

အဲ့အခ်ိန္က က်ေနာ့ရဲ႕ ရင္ဘတ္ကမၻာေျမၾကီး တစ္ခုလုံးဗ်ာ … … က်ေနာ္ ဘယ္လုိ ေျပာျပရမလဲ ၊ က်ေနာ္ ခံစားရတာကုိ ဘယ္အရာနဲ႔ ႏွဳိင္းယွဥ္ျပီး ေျပာျပရမလဲေတာင္ မသိေတာ့ဘူးဗ်ာ …

ေသခ်ာတာတစ္ခုကေတာ့ အရမ္းနာတယ္ ၊ ရင္ဘတ္ထဲ တအားေအာင့္တယ္ ။ ဒါေပမဲ့ သူမေပ်ာ္႐ႊင္မွာပါေလ … … ​သူမ မေနခ်င္တဲ့ ကုိယ့္ရင္ဘတ္ကမၻာၾကီးကေန သူထြက္သြားခဲ့ျပီးျပီပဲေလ … … သူေပ်ာ္ေနတယ္လုိ့ သတင္းေလးၾကားရင္ပဲ က်ေနာ္လဲ ကုိယ့္ကုိကုိယ္ ေပ်ာ္ေအာင္ထားရေတာ့မွာေပါ့ဗ်ာ … … မဟုတ္ဘူးလား … ကုိယ့္ကုိအရင္လုိ ေပ်ာ္ေအာင္ လုပ္ေပးတဲ့သူမွ မရွိေတာ့ပဲ ။

ဘာပဲျဖစ္ျဖစ္ပါ ဟုိသီခ်င္းေလးလုိပဲ ” မင္းေပ်ာ္ရင္ ငါေက်နပ္တယ္ ေသမေလာက္ခ်စ္တာသိရဲ႕လား ”

ဒါေပမဲ့လဲ … …

KoZinn

Unicode

သူမနဲ့ကျနော် ပြတ်သွားပြီးတဲ့နောက်

သူ့အကြောင်းကို သူငယ်ချင်းတွေကတဆင့် ၊ ပတ်ဝန်းကျင်ကတဆင့် မေးခဲ့ဖူးလား … … ခင်ဗျာတို့တော့ မသိဘူးဗျာ … … ကျနော်ကတော့ မေးခဲ့ဖူးတယ်ဗျ … … ဒါကတော့ မရှက်တမ်း ဝန်ခံတာပေါ့လေ … … အဲ့လိုသွားမေးမိတိုင်းလဲ သူငယ်ချင်တွေကို အရမ်း အားနားရတယ် … … ဒါပေမဲ့လဲ ချစ်တာကိုဗျ … …

သူ့ရဲ့ My Day လေးမှာ ဘာတွေများ တင်ထားလဲ … … သူ့ရဲ့ Timeline လေးမှာကော ဘာတွေ အဆင်မပြေတာတွေများ တင်ထားသေးလဲ … … ပြီးတော့ IG မှာကော … …

သူပျော်နေရဲ့လား ၊ သူအဆင်ပြေရဲ့လား ၊ သူဘာတွေများ တင်ထားသလဲ ဆိုပြီးတော့ပေါ့ဗျာ ။ ကိုယ်က ချစ်နေသေးတာကိုဗျ … မုန်းမှ မမုန်းရက်ခဲ့တာ … … ဖြစ်နိုင်ရင်တော့ သူမနဲ့ အရင်လို ၊ အရင်ကအတိုင်းလေးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်တာပေါ့ဗျာ … … ကိုယ်ဘက်က မပြတ်နိုင်ပါဆိုပြီး ဒူးထောက်မတတ် တောင်းပန်တာတောင် သူမနေချင်လို့ ထွက်သွားခဲ့တယ် … … ။

ထွက်သွားသူက လှည့်မကြည့်ပဲ ထွက်သွားနိုင်ပေမဲ့ မခွဲနိုင်တဲ့ ကျနော်ကပဲ သူ့နောက်ကွယ်ကနေ သူ့အကြောင်းလေးတွေ မရမက လိုက်စုံစမ်းမိနေတယ် သိချင်နေမိတယ် ၊ လွမ်းလဲလွမ်းတယ် ၊ အရမ်းလဲတွေ့ချင်နေမိတယ် … … ။

ဒါပေမဲ့ မကြာခဲ့တဲ့ နေ့တစ်ရက်ကပဲ ( အဲ့နေ့က ကျနော့အတွက် ပြဿဒါးရက်ကြီး ထင်ပါတယ်ဗျာ ) သူငယ်ချင်း တစ်ယောက်က Screen Shot တစ်ခုကို Messager ကနေ ပို့လာခဲ့တယ် … … ။ ( ကျနော်ကြည့်လိုက်တယ် ၊ သူမ နောက်ထပ်ကောင်လေး တစ်ယောက်နဲ့ လက်ချင်းချိတ်ပြီးတော့ တွဲရိုက်ထားတဲ့ ပုံလေးဗျ ) … …

အဲ့အချိန်က ကျနော့ရဲ့ ရင်ဘတ်ကမ္ဘာမြေကြီး တစ်ခုလုံးဗျာ … … ကျနော် ဘယ်လို ပြောပြရမလဲ ၊ ကျနော် ခံစားရတာကို ဘယ်အရာနဲ့ နှိုင်းယှဉ်ပြီး ပြောပြရမလဲတောင် မသိတော့ဘူးဗျာ …

သေချာတာတစ်ခုကတော့ အရမ်းနာတယ် ၊ ရင်ဘတ်ထဲ တအားအောင့်တယ် ။ ဒါပေမဲ့ သူမပျော်ရွှင်မှာပါလေ … … သူမ မနေချင်တဲ့ ကိုယ့်ရင်ဘတ်ကမ္ဘာကြီးကနေ သူထွက်သွားခဲ့ပြီးပြီပဲလေ … … သူပျော်နေတယ်လို့ သတင်းလေးကြားရင်ပဲ ကျနော်လဲ ကိုယ့်ကိုကိုယ် ပျော်အောင်ထားရတော့မှာပေါ့ဗျာ … … မဟုတ်ဘူးလား … ကိုယ့်ကိုအရင်လို ပျော်အောင် လုပ်ပေးတဲ့သူမှ မရှိတော့ပဲ ။

ဘာပဲဖြစ်ဖြစ်ပါ ဟိုသီချင်းလေးလိုပဲ ” မင်းပျော်ရင် ငါကျေနပ်တယ် သေမလောက်ချစ်တာသိရဲ့လား ”

ဒါပေမဲ့လဲ … …

KoZinn

Be the first to comment

Leave a Reply

Your email address will not be published.


*