

zawgyi












unicode

မိဘတွေ ကို ပြန်စားတဲ့ ကင်းမြီးကောက်ပမာ သားသမီးတွေ မဖြစ်ပါစေနဲ့…..

ကင်းမြီးကောက် မိခင်တွေ ရဲ့ သဘော သဘာဝ က ကလေး ပေါက်ဖွားပြီး တဲ့နောက်မှာ မိမိကလေး တွေကို မိမိခန္ဓာကိုယ်မှ ာ တက်ခိုင်းထားတာ ပါပဲ….

ကင်းမြီးကောက် အပေါက်လေးတွေ ဟာ ကင်းမြီးကောက် မိခင်ကြီး ရဲ့ ကိုယ်မှာ နေရင်း နဲ့ ကင်းမြီးကောက်မိခင် ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက် ကြတယ်။

‌ဘယ်လောက်ထိ ကင်းမြီးကောက်မကြီး ရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် အသားတွေ အားလုံး ကုန်သွားပြီး ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့…..

သူတို့ အမေလည်း သေရော……. သူတို့လေးတွေလည်း ကြီးလာရောပေါ့..သူတို့ ကိုယ်တိုင်လည်း သွားနိုင် လာနိုင် ရုံမက ရှာဖွေ စားသောက် နိုင်နေပြီပေါ့…

ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း အဲ့ကင်းမြီးကောက်ပေါက်လေးတွေ လို ဖြစ်နေတယ်…မိဘ ဖြစ်သူက ဘဝ တလျှောက်လုံး ကိုယ့်သားတွေ သမီးတွေ အတွက် မိမိဘဝ ကို သွေး ချွေးရင်းပြီး ပြုစု ပျိုးထောင် ကြတယ်။

ဒါပေမယ့် သားတွေ သမီးတွေ ကြီးလာတဲ့ အခါ ကိုယ်စီ ကိုယ်စီ အိမ်ထောင် ပြုလိုက် ကြတယ်… အဲ့ အချိန် မိဘ‌တွေက အိုနေပြီလေ…. သူတို့ ကိုယ်တိုင် လည်း ရှာဖွေ မစားသောက်နိုင်တဲ့ အရွယ်ပေါ့……..

ထိုအခါ တချို့ သားသမီး တွေက မိဘတွေကို ပြောကြ သေးတယ်..အမေတို့ အသုံးမကျလို့ အဖေတို့ အသုံးမကျ လို့ ကျနော် ကျမတို့ဘဝ ဒီလို ဖြစ်နေတာတဲ့..ဆိုပြီး အပြစ်ဖို့တတ်ကြ ပြန်သေးတယ်….

ပြီးတော့ အဲ့လို အသက်ရွယ်ကြီးလာတဲ့ သနားစရာ မိဘတွေကို ပြန်လည် မစောင့်ရှောက်တဲ့ အပြင် ပစ်ထား လိုက်ကြတယ်……

အဲ့လို မိဘကျေးဇူးကို မသိတတ်ပဲ ပစ်ပယ်ထားတဲ့ သားသမီးတွေဟာ ကင်းမြီး‌တွေ နဲ့ ပမာတူတယ်…..

Credit to Orginal writer

Be the first to comment

Leave a Reply

Your email address will not be published.


*