အေမေသဆုံးသြားတဲ့ေန႔

အေမေသဆုံးသြားတဲ့ေန႔
အေမေသဆုံးသြားတဲ့ေန႔

အေမေသဆုံးသြားတဲ့ေန႔

❒ မင္းအေမ ဆုံး … … သြားၿပီ နင့္ အေမ ေသ … … သြားၿပီ ဆိုတဲ့ အသံမ်ိဳး ကို အေမ ဆုံးရႈံးခဲ့ ရဖူး သူတိုင္း ၾကားခဲ့ ရတဲ့ စကားလည္း ျဖစ္သလို မၾကားခ်င္ဆုံး စကား တစ္ခြန္းလည္း ျဖစ္မွာပါ ။ … …

❒ အဲ့ဒီ အခ်ိန္ အခိုက္တန္႔ေလးမွာ ခံစားရတဲ့ ခံစားခ်က္က ငိုခ်င္ေပမယ့္ မ်က္ရည္ မထြက္ခဲ့ဘူး ။ အသံ ထြက္ခ်င္ေပမယ့္ ဆြံ႕အ သြားခဲ့တယ္ ။ အဲဒါက … ဘဝမွာလုံးဝ ေမွ်ာ္လင့္မထားေသာ ေတြ႕ႀကဳံလိုက္ရတဲ့ အံ့ၾသျခင္း ေၾကာင့္ပဲ ။

❒ ခဏအၾကာမွ ကမာၻႀကီး မီးေလာင္ သြားသလို ခႏၶာကိုယ္ တစ္ခုလုံး အပူေတြ တက္လာတယ္ ဝမ္းေခါင္း ထဲကေန အသံနက္ႀကီးနဲ႔ အသံတစ္သံ ထြက္က်လာခဲ့တယ္ေလ ။ အဲဒါက အေမ … … ဆိုတဲ့ စကားတစ္ခြန္းေပါ့ ။

❒ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ေတာ့ဘူး ။ အေၾကာက္တရားေတြလည္း ကင္းေနပီ အေမ့ကို ဖက္ဖက္ၿပီး ငိုေႂကြးျခင္းေတြနဲ႔ အတူ ရင္ထဲမွာ တကယ္ အသိတစ္ခု ရွိေနတာက ေနာက္ေန႔ေတြက စတင္ၿပီး လက္က်န္ဘဝရဲ႕ အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ ငါဟာ အေမလို႔ ေခၚခြင့္ မရွိေတာ့တဲ့ သူလို႔ ။

❒အ႐ြယ္ေရာက္လာျပန္ေတာ့ အားအင္ေတြအျပည့္နဲ႔ ထမင္းတစ္လုတ္ေလာက္ေတာ့ အေမ့ကိုေကြၽးခ်င္ေမြးခ်င္ခဲ့တယ္ ဒါေပမယ့္ အေမက ေဘးနားမွာရွိမေနေတာ့ဘူး။

❒သူမ်ားသားသမီးေတြ အေမ အေမလို႔ေခၚတဲ့အသံကိုၾကားရတိုင္း အခုဆိုရင္ အေမဘယ္ဘဝမ်ားေရာက္ေနသလဲ အေမ့ရဲ႕အေၾကာင္းေတြ ျပန္ေတြးေတာရင္းနဲ႔ပဲ တိတ္တဆိတ္နဲ႔ ဘယ္သူမွမၾကားေအာင္ ႏႈတ္ခမ္းဝမွာတင္ အေမ ……လို႔တမ္းခဲ့တယ္။

❒ရွာရင္လည္းေတြ႕ ၾကာရင္လည္းေမ့ဆိုတဲ့ ဒီစကားထဲမွာ အေမေတြေတာ့ မပါေလာက္ဘူး ထင္ပါရဲ႕ေနာ္ဘာျဖစ္လို႔တုန္းဆိုေတာ့ အ႐ြယ္ေတြသာရတယ္ ငယ္ကတည္းကတိုင္ ယေန႔အ႐ြယ္ထိ ေမ့မရေသးလို႔ေလ။

❒မေမ့ပါရေစနဲ႔ … … လက္ေတြ႕မွာ အေမ မရွိေပမယ့္ ရင္ထဲမွာေတာ့ အေမ့ကိုဖက္တြယ္ထားပါရေစ အေမလို႔လည္းေခၚခြင့္မရွိေတာ့ေပမယ့္ စိတ္ထဲကအလိုရွိတဲ့အခါ တမ္းပါရေစ ျပန္မဆုံႏိုင္ေတာ့တာ သိပါလွ်က္နဲ႔ အေမကို ဆုံးရႈံးလိုက္ရတဲ့ သားသမီးတိုင္း အေမ့ကိုေလ … … ႐ူးမိုက္စြာေတြနဲ႔ပဲ ေမွ်ာ္ေနတတ္ၾကတယ္ဆိုတာ ပါပဲေလ။

ဖန္ခါးေျမအရွင္

Crd

Unicode

အမေသေဆုံးသွားတဲ့နေ့

❒ မင်းအမေ ဆုံး … … သွားပြီ နင့် အမေ သေ … … သွားပြီ ဆိုတဲ့ အသံမျိုး ကို အမေ ဆုံးရှုံးခဲ့ ရဖူး သူတိုင်း ကြားခဲ့ ရတဲ့ စကားလည်း ဖြစ်သလို မကြားချင်ဆုံး စကား တစ်ခွန်းလည်း ဖြစ်မှာပါ ။ … …

❒ အဲ့ဒီ အချိန် အခိုက်တန့်လေးမှာ ခံစားရတဲ့ ခံစားချက်က ငိုချင်ပေမယ့် မျက်ရည် မထွက်ခဲ့ဘူး ။ အသံ ထွက်ချင်ပေမယ့် ဆွံ့အ သွားခဲ့တယ် ။ အဲဒါက … ဘဝမှာလုံးဝ မျှော်လင့်မထားသော တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်း ကြောင့်ပဲ ။

❒ ခဏအကြာမှ ကမ္ဘာကြီး မီးလောင် သွားသလို ခန္ဓာကိုယ် တစ်ခုလုံး အပူတွေ တက်လာတယ် ဝမ်းခေါင်း ထဲကနေ အသံနက်ကြီးနဲ့ အသံတစ်သံ ထွက်ကျလာခဲ့တယ်လေ ။ အဲဒါက အမေ … … ဆိုတဲ့ စကားတစ်ခွန်းပေါ့ ။

❒ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး ။ အကြောက်တရားတွေလည်း ကင်းနေပီ အမေ့ကို ဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့ အတူ ရင်ထဲမှာ တကယ် အသိတစ်ခု ရှိနေတာက နောက်နေ့တွေက စတင်ပြီး လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ ငါဟာ အမေလို့ ခေါ်ခွင့် မရှိတော့တဲ့ သူလို့ ။

❒အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ ထမင်းတစ်လုတ်လောက်တော့ အမေ့ကိုကျွေးချင်မွေးချင်ခဲ့တယ် ဒါပေမယ့် အမေက ဘေးနားမှာရှိမနေတော့ဘူး။

❒သူများသားသမီးတွေ အမေ အမေလို့ခေါ်တဲ့အသံကိုကြားရတိုင်း အခုဆိုရင် အမေဘယ်ဘဝများရောက်နေသလဲ အမေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အမေ ……လို့တမ်းခဲ့တယ်။

❒ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ အမေတွေတော့ မပါလောက်ဘူး ထင်ပါရဲ့နော်ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ် ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။

❒မမေ့ပါရစေနဲ့ … … လက်တွေ့မှာ အမေ မရှိပေမယ့် ရင်ထဲမှာတော့ အမေ့ကိုဖက်တွယ်ထားပါရစေ အမေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့် စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ ပြန်မဆုံနိုင်တော့တာ သိပါလျှက်နဲ့ အမေကို ဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း အမေ့ကိုလေ … … ရူးမိုက်စွာတွေနဲ့ပဲ မျှော်နေတတ်ကြတယ်ဆိုတာ ပါပဲလေ။

ဖန်ခါးမြေအရှင်

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*