႐ုပ္ဆိုးလို႔ အဆက္အဆံ မလုပ္ၾကေပမယ့္ အသက္ ၈၀ ဖခင္ႀကီးကို ရွာေကြၽးေနတဲ့ သူ . . .

႐ုပ္ဆိုးလို႔ အဆက္အဆံ မလုပ္ၾကေပမယ့္ အသက္ ၈၀ ဖခင္ႀကီးကို ရွာေကြၽးေနတဲ့ သူ . . .
႐ုပ္ဆိုးလို႔ အဆက္အဆံ မလုပ္ၾကေပမယ့္ အသက္ ၈၀ ဖခင္ႀကီးကို ရွာေကြၽးေနတဲ့ သူ . . .

zawgyi

႐ုပ္ဆိုးလို႔ အဆက္အဆံ မလုပ္ၾကေပမယ့္ အသက္ ၈၀ ဖခင္ႀကီးကို ရွာေကြၽးေနတဲ့ သူ . . .

အသက္ ၄၃ႏွစ္ အ႐ြယ္ Le Huu Hien ဆိုတဲ့ အမ်ိဳးသားဟာ ထူးဆန္းတဲ့ ေမြးရာပါ ရွားပါးေရာဂါကို ခံစားရတဲ့အျပင္ လူေတြရဲ႕ ေရွာင္ဖယ္ျခင္းကိုလည္း ခံေနရရွာပါတယ္။သူဟာ ဆင္းရဲ ႏြမ္းပါးတဲ့ လူတန္းစား တစ္ဦးျဖစ္ၿပီး ထီလက္မွတ္ေရာင္းၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနရသူလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ေမြးရာပါ ႐ုပ္ဆင္းအဂၤါ မလွတဲ့အတြက္ လူေတြ ရဲ႕ ေရွာင္ဖယ္ျခင္းကို ခံရတဲ့အျပင္ စားဝတ္ေနအတြက္ အလုပ္လုပ္ရာမွာလဲ အခက္အခဲအမ်ားႀကီး နဲ႔ ႀကဳံေတြ႕ရပါတယ္။ Hien ဟာ လမ္းဆုံ ၊ လမ္းဂြမွာ ထီေရာင္းၿပီး သူ႔ရဲ႕ ဖခင္ႀကီးကို အလုပ္အေကြၽးျပဳေနတာ ၂၂ႏွစ္ရွိေနပါၿပီ။

႐ုပ္ဆင္းအဂၤါ ဆိုး႐ြားတဲ့အတြက္ အခ်ိဳ႕ေသာသူေတြက သူ႔ေရာင္းတဲ့ ထီကိုအားေပးေပမဲ့ အခ်ိဳ႕ေသာသူေတြကေတာ့ သူ႔ကိုေတြ႕ရင္ ေဝးေဝးက ေရွာင္သြားတတ္ၾကပါတယ္။အသက္ ၈၀ အေဖအိုနဲ႔အတူတူေနထိုင္ၿပီး သူတို႔ရဲ႕ဘဝက အေဖတစ္ခု သားတစ္ခုဆိုလည္းမမွားပါဘူး။

ဖခင္ႀကီးရဲ႕ အဆိုအရ Hien ကို ေမြးဖြားတုန္းက အျခားသူေတြလို သန္သန္မာမာ နဲ႔ က်န္းက်န္းမာမာ မဟုတ္ဘဲ ေမြးရာပါ ႐ုပ္ဆင္းအဂၤါ ခ်ိဳ႕တဲ့ခဲ့တာ ျဖစ္ပါတယ္။၆ႏွစ္အ႐ြယ္ေလာက္မွာ ေက်ာင္းထားေပမဲ့ မေကာင္းဆိုးဝါး တစ္ေယာက္လို႔ ထင္ျမင္ခံခဲ့ရၿပီး လူေတြရဲ႕ ေရွာင္ဖယ္ ေနာက္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

အဲ့ဒါေၾကာင့္ ေက်ာင္းကေနထြက္ခဲ့ၿပီး အိမ္မွာပဲ ေနေနခဲ့ပါတယ္။ အသက္ ၂၀ ေရာက္တဲ့အခါ စီးပြားေရး အေျခအေနမေကာင္းတဲ့အျပင္ အဖျဖစ္သူကို ျပဳစုေစာင့္ေရွာက္ဖို႔ အတြက္ ထီကိုယ္စားလွယ္စီမွာ ထီလက္မွတ္ယူၿပီး ေရာင္းခ်ဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာ ျဖစ္ပါတယ္။

အခုဆို Hien ဟာ ဖခင္ကိုအလုပ္အေကြၽးျပဳဖို႔ ထီးေရာင္းေနတာ ၂၂ႏွစ္မကေတာ့ပါဘူး။

credit to original writer

unicode

ရုပ်ဆိုးလို့ အဆက်အဆံ မလုပ်ကြပေမယ့် အသက် ၈၀ ဖခင်ကြီးကို ရှာကျွေးနေတဲ့ သူ . . .

အသက် ၄၃နှစ် အရွယ် Le Huu Hien ဆိုတဲ့ အမျိုးသားဟာ ထူးဆန်းတဲ့ မွေးရာပါ ရှားပါးရောဂါကို ခံစားရတဲ့အပြင် လူတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံနေရရှာပါတယ်။သူဟာ ဆင်းရဲ နွမ်းပါးတဲ့ လူတန်းစား တစ်ဦးဖြစ်ပြီး ထီလက်မှတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မွေးရာပါ ရုပ်ဆင်းအင်္ဂါ မလှတဲ့အတွက် လူတွေ ရဲ့ ရှောင်ဖယ်ခြင်းကို ခံရတဲ့အပြင် စားဝတ်နေအတွက် အလုပ်လုပ်ရာမှာလဲ အခက်အခဲအများကြီး နဲ့ ကြုံတွေ့ရပါတယ်။ Hien ဟာ လမ်းဆုံ ၊ လမ်းဂွမှာ ထီရောင်းပြီး သူ့ရဲ့ ဖခင်ကြီးကို အလုပ်အကျွေးပြုနေတာ ၂၂နှစ်ရှိနေပါပြီ။

ရုပ်ဆင်းအင်္ဂါ ဆိုးရွားတဲ့အတွက် အချို့သောသူတွေက သူ့ရောင်းတဲ့ ထီကိုအားပေးပေမဲ့ အချို့သောသူတွေကတော့ သူ့ကိုတွေ့ရင် ဝေးဝေးက ရှောင်သွားတတ်ကြပါတယ်။အသက် ၈၀ အဖေအိုနဲ့အတူတူနေထိုင်ပြီး သူတို့ရဲ့ဘဝက အဖေတစ်ခု သားတစ်ခုဆိုလည်းမမှားပါဘူး။

ဖခင်ကြီးရဲ့ အဆိုအရ Hien ကို မွေးဖွားတုန်းက အခြားသူတွေလို သန်သန်မာမာ နဲ့ ကျန်းကျန်းမာမာ မဟုတ်ဘဲ မွေးရာပါ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခဲ့တာ ဖြစ်ပါတယ်။၆နှစ်အရွယ်လောက်မှာ ကျောင်းထားပေမဲ့ မကောင်းဆိုးဝါး တစ်ယောက်လို့ ထင်မြင်ခံခဲ့ရပြီး လူတွေရဲ့ ရှောင်ဖယ် နောက်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် ကျောင်းကနေထွက်ခဲ့ပြီး အိမ်မှာပဲ နေနေခဲ့ပါတယ်။ အသက် ၂၀ ရောက်တဲ့အခါ စီးပွားရေး အခြေအနေမကောင်းတဲ့အပြင် အဖဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့ အတွက် ထီကိုယ်စားလှယ်စီမှာ ထီလက်မှတ်ယူပြီး ရောင်းချဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

အခုဆို Hien ဟာ ဖခင်ကိုအလုပ်အကျွေးပြုဖို့ ထီးရောင်းနေတာ ၂၂နှစ်မကတော့ပါဘူး။

credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*