











Crd

Unicode

Facebook ပေါ်မှာ ခင်မင် တွေ့ဆုံ ကြတယ် ဆိုတာ

မိန်းကလေး တစ်ယောက်က ယောင်္ကျားလေး တစ်ယောက် လာ add အပ်တာကို လက်ခံတာက ခင်မင်မှု့ကို လက်ခံလိုက်ခြင်းသာ ဖြစ်ပါတယ် … ။ ရည်းစားစကား ပြောခြင်းကို နားထောင်ပေးဖို့ အသုံးချခံ ဖြစ်ဖို့ မဟုတ်တာကို နားလည်ပေးဖို့လိုပါတယ် … … ။

ယောင်္ကျားလေး တစ်ယောက်ကို မိန်းကလေး တစ်ယောက်က လာ add အပ်တာက သူမရဲ့ သူငယ်ချင်း ဖြစ်လိုတာ မိတ်ဆွေသစ် ရှာလိုတာကို ဖော်ပြတာပါ … … ။ ယောင်္ကျားလေးရဲ့ ရည်းစား ဖြစ်ခြင်လို့ စပ်စလူးထနေခြင်း မဟုတ်တာကို နားလည်ပေးဖို့ လိုပါတယ် … ။

မိန်းကလေး တစ်ယောက်က ယောင်္ကျားလေး ရဲ့ Post တွေ Photo တွေ ကို Like လုပ် ပေးတာက အတွေး အမြင်တွေ ဆန်းသစ်မှု့တွေကို အားပေးတာပါ … … ။ သဘောကျပြီး ချစ်ကြိုက်နေတာ မဟုတ်ဘူး ဆိုတာကို နားလည်ပေးဖို့ လိုပါတယ် … … ။

မိန်းကလေး တစ်ယောက်က ယောင်္ကျားလေးကို Tag ပေးတာက အတွေးတွေကို မျှဝေတာပါ … … ။

သဘောထားကိုမလေးစားလို့မဟုတ်တာကို နားလည်ပေးဖို့လိုပါတယ်။ ( အတွေးအခေါ် ဗဟုသုတ တွေကို မျှဝေတဲ့ မိန်းကလေးတွေကို ဆိုလိုတာပါ ။ Like လိုချင် ထင်ပေါ် လိုချင်သူတွေကို မဆိုလိုပါ )

မိန်းကလေး တစ်ယောက်က ယောင်္ကျားလေးရဲ့ Postတွေ Photo တွေကို comment ပေးတာက သူမအမြင်ကို ဖော်ပြတာပါ … … ။ ယောင်္ကျားလေးကို မြူဆွယ်နေခြင်း မဟုတ်တာကို နားလည်ပေးဖို့ လိုပါတယ် … … ။

facebook ပေါ်မှာ နှမအရွယ် အမအရွယ် အမေအရွယ် အဒေါ်အရွယ်တွေလည်း ရှိနေကြလို့ ရိုင်းစိုင်းမှု့လေးတွေ ထိန်းသိမ်းပေးရင် Fb ယဉ်ကျေးမှု့ ပို အားကောင်းလာမှာပါ။

facebook ပေါ်မှာ ကောင်းတာလေးတွေ မျှဝေပေးရင် သင့် စိတ်တွေလည်းကြည်နူးနေရမှာပါ။

facebook ပေါ်မှာေ ရှာင်စရာလေးတွေ မျှဝေပေးရင်း သင် သိခဲ့တာတွေက အသုံးဝင်လို့ နေမှာပါ…………………။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*