၂၂.၇.၂၀၂၀ (ဗုဒၶဟူး) မွ ၂၇.၇.၂၀၂၀ အထိ ၇ရက္သားသမီး ေဗဒင္ႏွင့္ ယၾတာ ေဟာစာတမ္း

၂၂.၇.၂၀၂၀ (ဗုဒၶဟူး) မွ ၂၇.၇.၂၀၂၀ အထိ ၇ရက္သားသမီး ေဗဒင္ႏွင့္ ယၾတာ ေဟာစာတမ္း
၂၂.၇.၂၀၂၀ (ဗုဒၶဟူး) မွ ၂၇.၇.၂၀၂၀ အထိ ၇ရက္သားသမီး ေဗဒင္ႏွင့္ ယၾတာ ေဟာစာတမ္း

၂၂.၇.၂၀၂၀ (ဗုဒၶဟူး) မွ ၂၇.၇.၂၀၂၀ အထိ ၇ရက္သားသမီး ေဗဒင္ႏွင့္ ယၾတာ ေဟာစာတမ္း

တနဂၤေႏြသားသမီး

စိတ္ခ်မ္းသာစရာ သတင္းေကာင္းတစ္ခုၾကားရပါလိမ့္မည္။ ႀကဳံေတြ႕ေနရသည့္ အခက္အခဲတို႔အား ကူညီေျဖရွည္းေပးမည့္သူေပၚမည္။ က်န္းမာေရး ခို်႕တဲ့ေနသူမ်ား ေဆးဝါးေကာင္း၊ ဆရာေကာင္းႏွင့္ေတြ႕တတ္သည္။ နားလန္ျပန္ထလာတတ္ပါသည္။

အထက္လူႀကီး သို႔မဟုတ္ ႀကီးကဲေသာပုဂၢိဳလ္မ်ား ကူညီ မစတတ္ပါသည္။ အလုပ္ကိစၥ၊ ေငြေၾကးကိစၥ အခက္အခဲျဖစ္၍တစ္စုံတစ္ေယာက္ထံမွ အကူအညီေတာင္းထားသူမ်ား အဆင္ေျပသြားပါလိမ့္မည္။ သူတစ္ပါးတို႔ ၏ အခက္အခဲကိစၥကိုလည္း ကူညီေျဖရွင္းေပးရတတ္ပါသည္။

ဘာသာေရးႏွင့္သက္ဆိုင္သည့္ စကားမ်ားၾကားရျခင္း၊ မိမိကိုယ္ေကာင္းက်ိဳးျပဳမည့္ ဂုဏ္ေတာ္၊ ဂါထာ၊ မႏၲန္မ်ားရရွိျခင္းတို႔ျဖစ္တတ္ပါသည္။ မေျဖရွင္းႏိုင္သည့္ ျပႆေဟာင္း၊ ကိစၥေဟာင္းမ်ားကို ေျဖရွင္းႏိုင္ပါလိမ့္မည္။ အိမ္တြင္းေရးအိမ္ေထာင္ေရး အဆင္ မေျပသူမ်ား ျပန္လည္သင့္ျမတ္သြားတတ္ပါသည္။

က်န္းမာေရး – အေအးမိလြယ္တတ္ပါသည္။ အဆစ္အျမစ္ကေညာင္းညာကိုက္ခဲသည့္ ေဝဒနာကို ခံစားရတတ္ပါသည္။

ယၾတာ – က်န္းမာေရးမေကာင္းသူတစ္ဦးအား ေဆးဖိုးဝါးခေငြ(သို႔မဟုတ္) ေဆး ဝယ္၍လႉဒါန္းေပးလိုက္ပါေလ။

တနလၤာသားသမီးမ်ား

ေငြေၾကးကိစၥ၊ အလုပ္ကိစၥအဆင္ေျပေအာင္ျမင္မႈ ရရွိပါလိမ့္မည္။ စပ္တူရွယ္ယာလုပ္ငန္း(သို႔မဟုတ္) စုေပါင္းလုပ္ကိုင္ရသည့္အလုပ္ အကို်းေပး တတ္ပါသည္။ မိတ္ေဆြေကာင္းရရွိျခင္း၊ အဆက္အသြယ္ေကာင္းရရွိျခင္းတို႔ႀကဳံေတြ႕ရတတ္ပါသည္။ မ်က္ႏွာပြင့္တတ္ပါသည္။

အမို်းသမီးတစ္ေယာက္ထံမွ အကူအညီရျခင္း၊ အႀကံအÓဏ္ေကာင္းရျခင္းတို႔ျဖစ္လာတတ္သည္။ အလုပ္မွာနာမည္ေကာင္းရတတ္သည္။ ရည္႐ြယ္ထားသည့္ကိစၥတို႔ ေအာင္ျမင္ပါလာ လိမ့္မည္။ ဤကာလတြင္ အေပ်ာ္အပါး၊ အေသာက္အစားကိစၥတို႔ ေရွာင္ၾကဥ္ပါမွ အထက္ပါအကို်းမ်ားခံစားရပါလိမ့္မည္။ အက်င့္မေကာင္းသည့္မိန္းမ တစ္ေယာက္ဒုကၡေပးလာတတ္သည္ သတိထားပါ။ မိတ္ေဆြေကာင္းမ်ားႏွင့္ျပန္လည္ဆုံေတြ႕ရတတ္ပါသည္။

က်န္းမာေရး – အစားအေသာက္မွား၍ ေရာဂါျဖစ္တတ္ပါသည္။

ယၾတာ အိမ္ဘုရားတြင္ ေန႔စဥ္ေသာက္ေတာ္ေရသုံးခြက္ကပ္လႉ၍ လိုရာဆုကိုေတာင္းပါေလ။

အဂၤါသားသမီးမ်ား

အလုပ္သစ္လုပ္လိုစိတ္ေပၚမည္။ အလုပ္သစ္လည္း စတင္လုပ္ကိုင္တတ္သည္။ မိမိေမွ်ာ္မွန္းထားသေလာက္ ျဖစ္မလာႏိုင္ေသးေသာ္လည္း အလုပ္ ႏွင့္ပတ္သက္၍ စိတ္ေက်နပ္မႈရရွိတတ္ပါသည္။ ေငြအကုန္အက်မ်ားရတတ္ပါသည္။

ေငြဝင္လာလွ်င္ တစ္နည္းမဟုတ္တစ္နည္းျဖင့္ ေငြျပန္ထြက္တတ္ပါသည္။ အခို်႕ကိစၥမ်ားတြင္ ခ်ိတုံခ်တုံျဖင့္ ဆုံးျဖတ္ရခက္ေနတတ္ပါသည္။ ေငြမ်ားမ်ားဝင္မည့္ကိစၥတို႔ ပြတ္ကာသီကာလြဲေခ်ာ္ေနတတ္ပါသည္။ အခက္အခဲႀကဳံ၍ အကူ အညီေတာင္းထားေသာကိစၥတို႔ အဆင္မေျပႏိုင္ေသးပါ။

ခ်ိန္းထားေသာသူႏွင့္လြဲတတ္ပါသည္။ ႀကိဳးစားအားထုတ္မႈလိုအပ္ေနေသးေသာေၾကာင့္ မိမိရည္မွန္း ထားသည့္ကိစၥတို႔ ျဖစ္မလာေသးျခင္းျဖစ္ပါသည္။ ဇြဲ၊ လုံ႔လ၊ ဝိရီယတို႔ျဖင့္ ယခုထက္ပို၍ႀကိဳးစားလွ်င္ လိုတာရႏိုင္ပါသည္။

က်န္းမာေရး – ေသြးတိုးျခင္း၊ ေသြးေပါင္က်ျခင္း၊ ေခါင္းမူး၊ ေခါင္းကိုက္ေရာဂါျဖစ္တတ္ပါသည္။

ယၾတာ -နီးရာဘုရားတစ္ဆူတို႔သြား၍ မိမိေမြးနံေထာင့္တြင္ ေရသက္ေစ့သြန္းေလာင္းပူေဇာ္ၿပီး အလိုရွိရာကိုဆုေတာင္းလိုက္ပါေလ။

ဗုဒၶဟူးသားသမီးမ်ား

မိမိမိတ္ေဆြ၊ မိမိအနီးအနားပတ္ဝန္းက်င္မွ လူမ်ားႏွင့္ အဆင္မေျပျဖစ္တတ္ပါသည္။ အျပဳအမႈအေျပာအဆိုမွား၍ျပႆနာႀကဳံေတြ႕ ရတတ္ပါသည္။ ဤအခ်ိန္ကာလသည္ မိမိကိုယ္လူမုန္းမ်ားတက္ေသာေၾကာင့္ သတိထား၍လုပ္ကိုင္ေျပာဆိုရပါလိမ့္မည္။

ရန္အတိုက္အခိုက္လည္းေပၚတတ္ပါသည္။ ေငြဝင္ မည့္အခြင့္အလန္းတို႔ လက္လြတ္ဆုံးရႈံးရတတ္ပါသည္။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးတြင္ အဆင္မေျပမႈမ်ားျဖစ္တတ္ပါသည္။ အခက္အခဲႀကဳံလွ်င္ ကိုယ္ထိ လက္ေရာက္ အမွန္တကယ္ကူညီေပးမည့္သူႏွင့္ မေတြ႕ဆုံႏိုင္ဘဲ ျဖစ္တတ္ပါသည္။

စကားကိုအနည္းဆုံးေျပာၿပီး အလုပ္ကိုပို၍လုပ္ရမည့္အခ်ိန္ျဖစ္ပါသည္။ စိတ္ကူးယဥ္ဆန္သည့္အေတြးမ်ားေၾကာင့္ နစ္မြန္းတတ္ပါသည္။ တစ္ခုသတိေပးလိုသည္မွာ မိမိကိုယ္ကိုမိမိအထင္ႀကီးလြန္းျခင္း၊ ယုံၾကည္မႈလြန္ကဲျခင္းတို႔ ျဖစ္တတ္ေသာေၾကာင့္ အမွားေတြ႕ရတတ္ပါသည္။

က်န္းမာေရး – အစားအေသာက္ေသာင္းက်န္း၍ေရာဂါရတတ္ပါသည္။ လက္တစ္ဖက္အေၾကာညႇပ္ျခင္း၊ အေၾကာကပ္ျခင္းတို႔ျဖစ္တတ္ပါသည္။

ယၾတာ- ဆင္းရဲသည့္ကေလးငယ္ေလးမ်ားကို ေဖ်ာ္ရည္ဗူးမ်ားေဝေပးလိုက္ပါ။

ၾကာသပေတးသားမ်ား

လမ္းေလွ်ာက္ရင္းလမ္းေပ်ာက္ေနသူကဲ့သို႔ အလုပ္လုပ္ရင္း ႀကိဳးစား႐ုန္းကန္ေနရင္း အဆင္မေျပမႈမ်ားႏွင့္ႀကဳံေတြ႕ရတတ္ပါသည္။ ဤအခ်ိန္ကာလ တြင္ ရည္႐ြယ္ခ်က္ရည္မွန္းခ်က္တို႔ ေပ်ာက္ဆုံးေနသကဲ့သို႔ျဖစ္တတ္ပါသည္။ စိတ္ေသာကေရာက္စရာတို႔ႏွင့္ႀကဳံရတတ္သည္။

အလုပ္ကိစၥ၊ အေရာင္းအဝယ္ ကိစၥတို႔ ေျပာထားၿပီးမွ ပ်က္သြားတတ္ပါသည္။ လူပင္ပန္း၊ စိတ္ပင္ပန္းျဖစ္တတ္ပါသည္။ အလုပ္ထဲတြင္ စိတ္မဝင္စားသကဲ့သို႔ျဖစ္လာတတ္သည္။ မိမိ၏အား နည္းခ်က္၊ လိုအပ္ခ်က္တို႔ကို ျပန္လည္စဥ္ျခင္သုံးသပ္ၿပီး ရည္မွန္းခ်က္အတိုင္း ဆက္ေလွ်ာက္ပါက အဆင္ေျပေအာင္ျမင္မႈႏွင့္ႀကဳံေတြ႕လာရပါလိမ့္မည္။

ေငြေရး၊ ေၾကးေရးအခက္အခဲႀကဳံေတြ႕ရတတ္ပါသည္။ လာဘ္ပိတ္ေနတတ္ပါသည္။ သူတစ္ပါးတို႔၏ အထင္အျမင္ေသးျခင္းကိုလည္းခံရတတ္သည္။ အားငယ္ေနတတ္ ပါသည္။ မိမိကိုယ္မိမိလည္း အားမလိုအားမရျဖစ္တတ္ပါသည္။

က်န္းမာေရး – ထိခိုက္အနာတရႀကဳံရတတ္သည္။

ယၾတာ – ဘုရားသို႔သြား၍ ေ႐ႊသကၤန္းအတြက္ အလႉေငြထည့္ဝင္လႉဒါန္းလိုက္ပါေလ။

ေသာၾကာသားသမီးမ်ား

ဤအခ်ိန္ကာလတြင္ အိုးေျပာင္း၊ အိမ္ေျပာင္း၊ အလုပ္ေျပာင္း၊ ေနရာေျပာင္းစသည့္ အေျပာင္းအလဲတစ္မဟုတ္တစ္ခုႏွင့္ႀကဳံေတြ႕ရတတ္ပါသည္။ ထိုအေျပာင္းအလဲသည္ အေကာင္းလည္းျဖစ္ႏိုင္သလို၊ အဆိုးႏွင့္လည္းႀကဳံေတြ႕ရႏိုင္ပါသည္။

မိသားစုထဲမွတစ္ဦးဦး နာဖ်ားျခင္း၊ မက်န္းမမာျဖစ္တတ္ပါသည္။ စီးပြားေရးအလုပ္အကိုင္ႏွင့္ပတ္သက္၍ အတိုက္အခံႀကဳံေတြ႕ရတတ္ပါသည္။ အထက္လူႀကီးအႀကီးအကဲတို႔ဒုကၡေပးတတ္ပါသည္။ အႀကီးအကဲတို႔၏ အထင္ အျမင္လြဲမွားျခင္းကိုခံရတတ္ပါသည္။ ခရီးသြားရန္အစီအစဥ္ရွိပါက ရက္ေ႐ႊ႕ၿပီးမွသြားပါ။

မိဘ၊ ဆရာသမားတို႔၏ စကားကိုဆန႔္က်င္၍ လုပ္ကိုင္ပါက ဆိုးကို်း ေတြ႕တတ္ပါသည္။ မိမိႏွင့္နီးစပ္သည့္ မိတ္ေဆြပတ္ဝန္းက်င္တြင္ နာေရးသတင္းတစ္ခုၾကားရတတ္ပါသည္။ နာေရးသြားျခင္းကို ေရွာင္ထားရမည့္ကာလျဖစ္ပါ သည္။ မိမိတက္လမ္းကို တားဆီးပိတ္ဆို႔ဟန႔္တားထားသည့္ အရာမ်ားႏွင့္ ႀကဳံေတြ႕ရတတ္ပါသည္။ စိတ္မပ်က္လိုက္ပါႏွင့္။ ယာယီသာျဖစ္ပါလိမ့္မည္။

က်န္းမာေရး – ခႏၶာကိုယ္ေညာင္းညာကိုက္ခဲျခင္း၊ နာက်င္ျခင္းတို႔ျဖစ္တတ္ပါသည္။

ယၾတာ – ဆင္းရဲသည့္ သက္ႀကီး႐ြယ္အိုတစ္ဦးကို ပိုက္ဆံလႉေပးပါ။

စေနသားသမီးမ်ား

ေငြေရးေၾကးေရးကိစၥ၊ အလုပ္ကိစၥတို႔တြင္ အျငင္းပြားစရာေပၚေပါက္လာတတ္ပါသည္။ စီးပြားေရးအလုပ္အကိုင္ႏွင့္ပတ္သက္ၿပီး အတိုက္အခံလုပ္ မည့္သူႏွင့္ေတြ႕ရတတ္ပါသည္။ အေၾကာင္းမဲ့ရန္ေပၚလာတတ္ပါသည္။

အမႈျပႆနာျဖစ္တတ္ေသာေၾကာင့္ သူတစ္ပါးတို႔၏အမႈျပႆနာမ်ားတြင္ ၾကားဝင္ျခင္း လုံးဝမလုပ္ပါႏွင့္။ ေငြေရးရွာေဖြရခက္ခဲသေလာက္ အကုန္ျမန္တတ္ပါသည္။ ပိုက္ဆံေပ်ာက္တတ္သည္ သတိထားပါ။ အလုပ္ကိုပင္ပင္ပန္းပန္းလုပ္ေနရတတ္ ပါသည္။ သူတစ္ပါးကမိမိအေပၚအျပစ္ပုံခ်တတ္သည္။

အမႈေဟာင္း၊ ျပႆနာေဟာင္းျပန္ေပၚလာတတ္ေသာ ကာလျဖစ္၍ အကုသိုလ္ျဖစ္ေစသည့္ အေနအထိုင္ မ်ားစဥ္ျခင္ရပါလိမ့္မည္။ သူမ်ားေျမႇာက္ေပးတိုင္းဘာမွမလုပ္ပါႏွင့္။ ရန္လိုတတ္သူ၊ အေသာက္အစားအေပ်ာ္အပါးမက္ေမာတတ္သူမိတ္ေဆြမ်ားကို ေရွာင္ထား ပါ။ အေကာင္းဆုံးကေတာ့ စြန႔္စားလုပ္ကိုင္ရမည့္အလုပ္မည့္သည့္အလုပ္ကိုမွမလုပ္ဘဲ အဓိဌာန္တစ္ခုခုဝင္ေနျခင္းကပို၍ေကာင္းပါသည္။

က်န္းမာေရး – ေျခနာ၊ လက္နာျဖစ္တတ္ပါသည္။

ယၾတာ – ေတာင္းရမ္းစားေသာက္ေနရသူမ်ားကို ဒါနျပဳေပးလိုက္ပါေလ။

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းလမ္းဆုံအနီး၊ေျမာက္ဒဂုံျပည္ႀကီးခ်မ္းသာမဟာေစတီေခၚ( ၿမိဳ႕ဦးေစတီ ) ဘုရားေတာင္ဘက္မုခ္

ဆက္သြယ္ရန္ဖုန္း

09787734338

09797532606

တနလၤာေန႔တိုင္းေဟာခန္းနားပါသည္။

ေဟာခန္းဖြင့္ခ်ိန္မနက္ 10:00 မွ ညေန 4:00ထိ

Unicode

၂၂.၇.၂၀၂၀ (ဗုဒ္ဓဟူး) မှ ၂၇.၇.၂၀၂၀ အထိ ၇ရက်သားသမီး ဗေဒင်နှင့် ယတြာ ဟောစာတမ်း

တနင်္ဂနွေသားသမီး

စိတ်ချမ်းသာစရာ သတင်းကောင်းတစ်ခုကြားရပါလိမ့်မည်။ ကြုံတွေ့နေရသည့် အခက်အခဲတို့အား ကူညီဖြေရှည်းပေးမည့်သူပေါ်မည်။ ကျန်းမာရေး ခိုျ့တဲ့နေသူများ ဆေးဝါးကောင်း၊ ဆရာကောင်းနှင့်တွေ့တတ်သည်။ နားလန်ပြန်ထလာတတ်ပါသည်။

အထက်လူကြီး သို့မဟုတ် ကြီးကဲသောပုဂ္ဂိုလ်များ ကူညီ မစတတ်ပါသည်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စ အခက်အခဲဖြစ်၍တစ်စုံတစ်ယောက်ထံမှ အကူအညီတောင်းထားသူများ အဆင်ပြေသွားပါလိမ့်မည်။ သူတစ်ပါးတို့ ၏ အခက်အခဲကိစ္စကိုလည်း ကူညီဖြေရှင်းပေးရတတ်ပါသည်။

ဘာသာရေးနှင့်သက်ဆိုင်သည့် စကားများကြားရခြင်း၊ မိမိကိုယ်ကောင်းကျိုးပြုမည့် ဂုဏ်တော်၊ ဂါထာ၊ မန္တန်များရရှိခြင်းတို့ဖြစ်တတ်ပါသည်။ မဖြေရှင်းနိုင်သည့် ပြဿဟောင်း၊ ကိစ္စဟောင်းများကို ဖြေရှင်းနိုင်ပါလိမ့်မည်။ အိမ်တွင်းရေးအိမ်ထောင်ရေး အဆင် မပြေသူများ ပြန်လည်သင့်မြတ်သွားတတ်ပါသည်။

ကျန်းမာရေး – အအေးမိလွယ်တတ်ပါသည်။ အဆစ်အမြစ်ကညောင်းညာကိုက်ခဲသည့် ဝေဒနာကို ခံစားရတတ်ပါသည်။

ယတြာ – ကျန်းမာရေးမကောင်းသူတစ်ဦးအား ဆေးဖိုးဝါးခငွေ(သို့မဟုတ်) ဆေး ဝယ်၍လှူဒါန်းပေးလိုက်ပါလေ။

တနင်္လာသားသမီးများ

ငွေကြေးကိစ္စ၊ အလုပ်ကိစ္စအဆင်ပြေအောင်မြင်မှု ရရှိပါလိမ့်မည်။ စပ်တူရှယ်ယာလုပ်ငန်း(သို့မဟုတ်) စုပေါင်းလုပ်ကိုင်ရသည့်အလုပ် အကိုျးပေး တတ်ပါသည်။ မိတ်ဆွေကောင်းရရှိခြင်း၊ အဆက်အသွယ်ကောင်းရရှိခြင်းတို့ကြုံတွေ့ရတတ်ပါသည်။ မျက်နှာပွင့်တတ်ပါသည်။

အမိုျးသမီးတစ်ယောက်ထံမှ အကူအညီရခြင်း၊ အကြံအÓဏ်ကောင်းရခြင်းတို့ဖြစ်လာတတ်သည်။ အလုပ်မှာနာမည်ကောင်းရတတ်သည်။ ရည်ရွယ်ထားသည့်ကိစ္စတို့ အောင်မြင်ပါလာ လိမ့်မည်။ ဤကာလတွင် အပျော်အပါး၊ အသောက်အစားကိစ္စတို့ ရှောင်ကြဉ်ပါမှ အထက်ပါအကိုျးများခံစားရပါလိမ့်မည်။ အကျင့်မကောင်းသည့်မိန်းမ တစ်ယောက်ဒုက္ခပေးလာတတ်သည် သတိထားပါ။ မိတ်ဆွေကောင်းများနှင့်ပြန်လည်ဆုံတွေ့ရတတ်ပါသည်။

ကျန်းမာရေး – အစားအသောက်မှား၍ ရောဂါဖြစ်တတ်ပါသည်။

ယတြာ အိမ်ဘုရားတွင် နေ့စဉ်သောက်တော်ရေသုံးခွက်ကပ်လှူ၍ လိုရာဆုကိုတောင်းပါလေ။

အင်္ဂါသားသမီးများ

အလုပ်သစ်လုပ်လိုစိတ်ပေါ်မည်။ အလုပ်သစ်လည်း စတင်လုပ်ကိုင်တတ်သည်။ မိမိမျှော်မှန်းထားသလောက် ဖြစ်မလာနိုင်သေးသော်လည်း အလုပ် နှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရရှိတတ်ပါသည်။ ငွေအကုန်အကျများရတတ်ပါသည်။

ငွေဝင်လာလျှင် တစ်နည်းမဟုတ်တစ်နည်းဖြင့် ငွေပြန်ထွက်တတ်ပါသည်။ အခိုျ့ကိစ္စများတွင် ချိတုံချတုံဖြင့် ဆုံးဖြတ်ရခက်နေတတ်ပါသည်။ ငွေများများဝင်မည့်ကိစ္စတို့ ပွတ်ကာသီကာလွဲချော်နေတတ်ပါသည်။ အခက်အခဲကြုံ၍ အကူ အညီတောင်းထားသောကိစ္စတို့ အဆင်မပြေနိုင်သေးပါ။

ချိန်းထားသောသူနှင့်လွဲတတ်ပါသည်။ ကြိုးစားအားထုတ်မှုလိုအပ်နေသေးသောကြောင့် မိမိရည်မှန်း ထားသည့်ကိစ္စတို့ ဖြစ်မလာသေးခြင်းဖြစ်ပါသည်။ ဇွဲ၊ လုံ့လ၊ ဝိရီယတို့ဖြင့် ယခုထက်ပို၍ကြိုးစားလျှင် လိုတာရနိုင်ပါသည်။

ကျန်းမာရေး – သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ရောဂါဖြစ်တတ်ပါသည်။

ယတြာ -နီးရာဘုရားတစ်ဆူတို့သွား၍ မိမိမွေးနံထောင့်တွင် ရေသက်စေ့သွန်းလောင်းပူဇော်ပြီး အလိုရှိရာကိုဆုတောင်းလိုက်ပါလေ။

ဗုဒ္ဓဟူးသားသမီးများ

မိမိမိတ်ဆွေ၊ မိမိအနီးအနားပတ်ဝန်းကျင်မှ လူများနှင့် အဆင်မပြေဖြစ်တတ်ပါသည်။ အပြုအမှုအပြောအဆိုမှား၍ပြဿနာကြုံတွေ့ ရတတ်ပါသည်။ ဤအချိန်ကာလသည် မိမိကိုယ်လူမုန်းများတက်သောကြောင့် သတိထား၍လုပ်ကိုင်ပြောဆိုရပါလိမ့်မည်။

ရန်အတိုက်အခိုက်လည်းပေါ်တတ်ပါသည်။ ငွေဝင် မည့်အခွင့်အလန်းတို့ လက်လွတ်ဆုံးရှုံးရတတ်ပါသည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွင် အဆင်မပြေမှုများဖြစ်တတ်ပါသည်။ အခက်အခဲကြုံလျှင် ကိုယ်ထိ လက်ရောက် အမှန်တကယ်ကူညီပေးမည့်သူနှင့် မတွေ့ဆုံနိုင်ဘဲ ဖြစ်တတ်ပါသည်။

စကားကိုအနည်းဆုံးပြောပြီး အလုပ်ကိုပို၍လုပ်ရမည့်အချိန်ဖြစ်ပါသည်။ စိတ်ကူးယဉ်ဆန်သည့်အတွေးများကြောင့် နစ်မွန်းတတ်ပါသည်။ တစ်ခုသတိပေးလိုသည်မှာ မိမိကိုယ်ကိုမိမိအထင်ကြီးလွန်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းတို့ ဖြစ်တတ်သောကြောင့် အမှားတွေ့ရတတ်ပါသည်။

ကျန်းမာရေး – အစားအသောက်သောင်းကျန်း၍ရောဂါရတတ်ပါသည်။ လက်တစ်ဖက်အကြောညှပ်ခြင်း၊ အကြောကပ်ခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ- ဆင်းရဲသည့်ကလေးငယ်လေးများကို ဖျော်ရည်ဗူးများဝေပေးလိုက်ပါ။

ကြာသပတေးသားများ

လမ်းလျှောက်ရင်းလမ်းပျောက်နေသူကဲ့သို့ အလုပ်လုပ်ရင်း ကြိုးစားရုန်းကန်နေရင်း အဆင်မပြေမှုများနှင့်ကြုံတွေ့ရတတ်ပါသည်။ ဤအချိန်ကာလ တွင် ရည်ရွယ်ချက်ရည်မှန်းချက်တို့ ပျောက်ဆုံးနေသကဲ့သို့ဖြစ်တတ်ပါသည်။ စိတ်သောကရောက်စရာတို့နှင့်ကြုံရတတ်သည်။

အလုပ်ကိစ္စ၊ အရောင်းအဝယ် ကိစ္စတို့ ပြောထားပြီးမှ ပျက်သွားတတ်ပါသည်။ လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်တတ်ပါသည်။ အလုပ်ထဲတွင် စိတ်မဝင်စားသကဲ့သို့ဖြစ်လာတတ်သည်။ မိမိ၏အား နည်းချက်၊ လိုအပ်ချက်တို့ကို ပြန်လည်စဉ်ခြင်သုံးသပ်ပြီး ရည်မှန်းချက်အတိုင်း ဆက်လျှောက်ပါက အဆင်ပြေအောင်မြင်မှုနှင့်ကြုံတွေ့လာရပါလိမ့်မည်။

ငွေရေး၊ ကြေးရေးအခက်အခဲကြုံတွေ့ရတတ်ပါသည်။ လာဘ်ပိတ်နေတတ်ပါသည်။ သူတစ်ပါးတို့၏ အထင်အမြင်သေးခြင်းကိုလည်းခံရတတ်သည်။ အားငယ်နေတတ် ပါသည်။ မိမိကိုယ်မိမိလည်း အားမလိုအားမရဖြစ်တတ်ပါသည်။

ကျန်းမာရေး – ထိခိုက်အနာတရကြုံရတတ်သည်။

ယတြာ – ဘုရားသို့သွား၍ ရွှေသင်္ကန်းအတွက် အလှူငွေထည့်ဝင်လှူဒါန်းလိုက်ပါလေ။

သောကြာသားသမီးများ

ဤအချိန်ကာလတွင် အိုးပြောင်း၊ အိမ်ပြောင်း၊ အလုပ်ပြောင်း၊ နေရာပြောင်းစသည့် အပြောင်းအလဲတစ်မဟုတ်တစ်ခုနှင့်ကြုံတွေ့ရတတ်ပါသည်။ ထိုအပြောင်းအလဲသည် အကောင်းလည်းဖြစ်နိုင်သလို၊ အဆိုးနှင့်လည်းကြုံတွေ့ရနိုင်ပါသည်။

မိသားစုထဲမှတစ်ဦးဦး နာဖျားခြင်း၊ မကျန်းမမာဖြစ်တတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်နှင့်ပတ်သက်၍ အတိုက်အခံကြုံတွေ့ရတတ်ပါသည်။ အထက်လူကြီးအကြီးအကဲတို့ဒုက္ခပေးတတ်ပါသည်။ အကြီးအကဲတို့၏ အထင် အမြင်လွဲမှားခြင်းကိုခံရတတ်ပါသည်။ ခရီးသွားရန်အစီအစဉ်ရှိပါက ရက်ရွှေ့ပြီးမှသွားပါ။

မိဘ၊ ဆရာသမားတို့၏ စကားကိုဆန့်ကျင်၍ လုပ်ကိုင်ပါက ဆိုးကိုျး တွေ့တတ်ပါသည်။ မိမိနှင့်နီးစပ်သည့် မိတ်ဆွေပတ်ဝန်းကျင်တွင် နာရေးသတင်းတစ်ခုကြားရတတ်ပါသည်။ နာရေးသွားခြင်းကို ရှောင်ထားရမည့်ကာလဖြစ်ပါ သည်။ မိမိတက်လမ်းကို တားဆီးပိတ်ဆို့ဟန့်တားထားသည့် အရာများနှင့် ကြုံတွေ့ရတတ်ပါသည်။ စိတ်မပျက်လိုက်ပါနှင့်။ ယာယီသာဖြစ်ပါလိမ့်မည်။

ကျန်းမာရေး – ခန္ဓာကိုယ်ညောင်းညာကိုက်ခဲခြင်း၊ နာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။

ယတြာ – ဆင်းရဲသည့် သက်ကြီးရွယ်အိုတစ်ဦးကို ပိုက်ဆံလှူပေးပါ။

စနေသားသမီးများ

ငွေရေးကြေးရေးကိစ္စ၊ အလုပ်ကိစ္စတို့တွင် အငြင်းပွားစရာပေါ်ပေါက်လာတတ်ပါသည်။ စီးပွားရေးအလုပ်အကိုင်နှင့်ပတ်သက်ပြီး အတိုက်အခံလုပ် မည့်သူနှင့်တွေ့ရတတ်ပါသည်။ အကြောင်းမဲ့ရန်ပေါ်လာတတ်ပါသည်။

အမှုပြဿနာဖြစ်တတ်သောကြောင့် သူတစ်ပါးတို့၏အမှုပြဿနာများတွင် ကြားဝင်ခြင်း လုံးဝမလုပ်ပါနှင့်။ ငွေရေးရှာဖွေရခက်ခဲသလောက် အကုန်မြန်တတ်ပါသည်။ ပိုက်ဆံပျောက်တတ်သည် သတိထားပါ။ အလုပ်ကိုပင်ပင်ပန်းပန်းလုပ်နေရတတ် ပါသည်။ သူတစ်ပါးကမိမိအပေါ်အပြစ်ပုံချတတ်သည်။

အမှုဟောင်း၊ ပြဿနာဟောင်းပြန်ပေါ်လာတတ်သော ကာလဖြစ်၍ အကုသိုလ်ဖြစ်စေသည့် အနေအထိုင် များစဉ်ခြင်ရပါလိမ့်မည်။ သူများမြှောက်ပေးတိုင်းဘာမှမလုပ်ပါနှင့်။ ရန်လိုတတ်သူ၊ အသောက်အစားအပျော်အပါးမက်မောတတ်သူမိတ်ဆွေများကို ရှောင်ထား ပါ။ အကောင်းဆုံးကတော့ စွန့်စားလုပ်ကိုင်ရမည့်အလုပ်မည့်သည့်အလုပ်ကိုမှမလုပ်ဘဲ အဓိဌာန်တစ်ခုခုဝင်နေခြင်းကပို၍ကောင်းပါသည်။

ကျန်းမာရေး – ခြေနာ၊ လက်နာဖြစ်တတ်ပါသည်။

ယတြာ – တောင်းရမ်းစားသောက်နေရသူများကို ဒါနပြုပေးလိုက်ပါလေ။

ဒဂုံမြို့သစ်တောင်ပိုင်းနှင့်မြောက်ပိုင်းလမ်းဆုံအနီး၊မြောက်ဒဂုံပြည်ကြီးချမ်းသာမဟာစေတီခေါ်( မြို့ဦးစေတီ ) ဘုရားတောင်ဘက်မုခ်

ဆက်သွယ်ရန်ဖုန်း

09787734338

09797532606

တနင်္လာနေ့တိုင်းဟောခန်းနားပါသည်။

ဟောခန်းဖွင့်ချိန်မနက် 10:00 မှ ညနေ 4:00ထိ

Be the first to comment

Leave a Reply

Your email address will not be published.


*