ေန႔တိုင္း ဆားရည္နဲ႔ ပလုတ္က်င္းပါ

ေန႔တိုင္း ဆားရည္နဲ႔ ပလုတ္က်င္းပါ
ေန႔တိုင္း ဆားရည္နဲ႔ ပလုတ္က်င္းပါ

ေန႔တိုင္း ဆားရည္နဲ႔ ပလုတ္က်င္းပါ

ကြၽန္ေတာ္တို႔ လည္ေခ်ာင္းနာတာ ၊ သြားဖုံး ေသြးထြက္တာေတြ ခံစား ရတဲ့ အခါ ဆားရည္ နဲ႔ ပလုတ္က်င္းဖို႔ မၾကာခဏ အႀကံ ေပး ခံ ရမယ္ ထင္ ပါ တယ္။ ဒီနည္းက ေဈးလည္း မႀကီ း၊ လြယ္လည္းလြယ္ကူတဲ့အျပင္ အိမ္မွာ လုပ္လို႔ရတဲ့ နည္းလမ္းလည္းျဖစ္ပါတယ္။

ဘယ္လို ဆိုးက်ိဳးမွ မရွိတာကလည္း အဲဒါရဲ႕ အားသာခ်က္ပါပဲ ။ က်န္းမာေရးျပႆနာ အ ေသး အမႊားေတြကို ကုသတဲ့ေနရာမွာ ကူညီေပးႏိုင္တဲ့ ဆားရည္နဲ႔ ပလုတ္က်င္းတာကို အႀကံျပဳ ထား တဲ့ သုေတသန ျပဳခ်က္ ေတြ ရွိပ ါ တယ္။ ဒါေၾကာင့္ ေန႔တိုင္း ဆားရည္နဲ႔ ပလုတ္က်င္းတာရဲ႕ အက်ိဳးေက်းဇူးတခ်ိဳ႕ကို သိရွိေစဖို႔အတြက္ ေျပာျပေပးလိုက္ရပါတယ္။

pH ပမာဏကို ထိန္းညႇိေပးျခင္း

ဆားရည္နဲ႔ ပလုတ္ က်င္း တာဟာ ဘတ္တီးရီးယားက ထုတ္လႊတ္လိုက္တဲ့ လည္ေခ်ာင္းမွာ ရွိတဲ့အက္ဆစ္ေတြကို ေလ်ာ့ပါးေစဖို႔ ကူညီေပးပါတယ္။ ခံတြင္းမွာ မလိုအပ္တဲ့ဘတ္တီးရီးယားေတြ ႀကီးထြားမလာေအာင္ ကာကြယ္ေပးတဲ့ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ pH ပမာဏကို ထိန္းညႇိေပးပါတယ္။

ႏွာပိတ္ျခင္းကို ဖယ္ရွားေပးျခင္း

ဆားရည္ နဲ႔ ပလုတ္က်င္း တာ က လည္း အသက္ရႈလမ္းေၾကာင္းနဲ႔ ႏွာေခါင္း ေပါက္ ေတြမွာ ျဖစ္တတ္တဲ့ ပိတ္ဆို႔မႈေတြကို ဖယ္ရွားေပးပါတယ္။ ဒါက နီျမန္းျခင္းေတြကို ေလ်ာ့ေခ်းသလို လည္ေခ်ာင္းနာက်င္မႈကို ေျပေလ်ာ့ေစပါတယ္။ ဒါတင္မကေသးပါဘူး။ ႏွာပိတ္တာေတြ ျဖစ္လာေစတဲ့ ဘတ္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ေတြကိုလည္း ဖယ္ထုတ္ေပးပါတယ္။

အာသီးေရာင္ျခင္းကို သက္သာေစျခင္း

ဘတ္တီးရီးယား နဲ႔ ဗိုင္းရပ္စ္ကူးစက္တာေတြေၾကာင့္ အာသီးေရာင္ျခင္းေတြ အျဖစ္မ်ားၾကပါတယ္။ အာသီးေရာင္တာက အစားအစာ မ်ိဳခ်တဲ့အခါမွာ ေတာ္ေတာ္ေလး နာက်င္ပါတယ္။ ဆားရည္နဲ႔ ပလုတ္က်င္းမယ္ဆိုရင္ နာက်င္တာေတြကို ေျပေလ်ာ့ေစသလို အဲဒီလိုျဖစ္တာကို ဖယ္ရွားေပးႏိုင္ပါတယ္။

ခံတြင္းအနံ႔ဆိုးေတြ ကို ဖယ္ရွားေပးျခင္း

ခံတြင္းအနံ႔ဆိုး ေၾကာင့္ စိတ္ညစ္ေန တယ္ ဆို ရင္ ဆားရည္ နဲ႔ ပလုတ္ က်င္းတာက အဲဒါကို ဖယ္ရွားေပးဖို႔ အတြက္ ထိေရာက္ တဲ့ နည္းတစ္နည္းျဖစ္ႏိုင္ပါတယ္။ အနံ႔ဆိုးေတြ ျဖစ္ လာ ေစတဲ့ ခံတြင္းအတြင္းက ဘတ္တီးရီးယားေတြကို ဖယ္ထုတ္ေပးႏိုင္ပါတယ္။

သြားနာျခင္း နဲ႔ သြားဖုံးေသြးထြက္ျခင္းေတြကို သက္သာေစျခင္း

ဒီနည္းလမ္းက သြားဖုံးေရာင္တာ၊ ေသြးထြက္တာေတြကို သက္သာေစပါတယ္။ သြားဖုံးေရာင္တာ၊ ေသြးထြက္တာေတြက ဘတ္တီးရီးယားေၾကာင့္ ျဖစ္လာတဲ့ သြားဖုံးေရာဂါရဲ႕ ပထမဆုံးလကၡဏာရပ္ျဖစ္ပါတယ္။ ဆားရည္နဲ႔ ပလုတ္က်င္းလိုက္မယ္ဆိုရင္ ေရာင္ရမ္းတာကို ေလ်ာ့နည္းေစၿပီး ဘတ္တီးရီးယားေတြကို တိုက္ဖ်က္ေပးပါတယ္ ။ သြားနာတဲ့ သူေတြ အ တြက္ လည္း အဆင္ေျပတဲ့နည္းျဖစ္ပါတယ္။

ပါးစပ္အပူကန္ျခင္းကို ကုသ ေပးျခင္း

ပါးစပ္အပူကန္ျခင္းထက္ ပိုၿပီး နာက်င္တာ မရွိေတာ့ပါဘူး။ အစားအစာဖို႔ ခက္ခဲသလို ေရေသာက္ရင္ေတာင္ နာက်င္ရပါတယ္။ ဆားရည္က နာက်င္တာေတြကို ေျပေလ်ာ့ေစႏိုင္တဲ့ အျပင္ ေပ်ာက္ကင္းေအာင္လည္း ကုသေပးႏိုင္ပါတယ္။

ဆားရည္နဲ႔ ဘယ္လို ပလုတ္က်င္းမလဲ

ေရ ေႏြးေႏြးေလး တစ္ခြက္ထဲကို ဆား (လက္ဖက္ရည္ဇြန္း တစ္ဝက္) ကိုထည့္လိုက္ၿပီး လုံးဝ ေပ်ာ္ဝင္သြားတဲ့အထိ ေမႊ လိုက္ပါ၊ ဆားရည္ကို ပါးစပ္ထဲ ငုံထားလိုက္ပါ၊ ေခါင္းကို ေမာ့ခ်လိုက္ၿပီး စကၠန႔္ ( ၃၀ ) ေလာက္ လည္ ေခ်ာင္းမွာ ဆားရည္ကို ပလုတ္ က်င္းလိုက္ပါ။ အဲဒီေနာက္ ေထြးထုတ္လိုက္ပါ။ ခြက္တစ္ခြက္လုံး ကုန္တဲ့အထိ အဲဒီနည္းကို လုပ္ေဆာင္လိုက္ပါ။

Credit : TOI

Unicode

နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပါ

ကျွန်တော်တို့ လည်ချောင်းနာတာ ၊ သွားဖုံး သွေးထွက်တာတွေ ခံစား ရတဲ့ အခါ ဆားရည် နဲ့ ပလုတ်ကျင်းဖို့ မကြာခဏ အကြံ ပေး ခံ ရမယ် ထင် ပါ တယ်။ ဒီနည်းက ဈေးလည်း မကြီ း၊ လွယ်လည်းလွယ်ကူတဲ့အပြင် အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

ဘယ်လို ဆိုးကျိုးမှ မရှိတာကလည်း အဲဒါရဲ့ အားသာချက်ပါပဲ ။ ကျန်းမာရေးပြဿနာ အ သေး အမွှားတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ ဆားရည်နဲ့ ပလုတ်ကျင်းတာကို အကြံပြု ထား တဲ့ သုတေသန ပြုချက် တွေ ရှိပ ါ တယ်။ ဒါကြောင့် နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းတာရဲ့ အကျိုးကျေးဇူးတချို့ကို သိရှိစေဖို့အတွက် ပြောပြပေးလိုက်ရပါတယ်။

pH ပမာဏကို ထိန်းညှိပေးခြင်း

ဆားရည်နဲ့ ပလုတ် ကျင်း တာဟာ ဘတ်တီးရီးယားက ထုတ်လွှတ်လိုက်တဲ့ လည်ချောင်းမှာ ရှိတဲ့အက်ဆစ်တွေကို လျော့ပါးစေဖို့ ကူညီပေးပါတယ်။ ခံတွင်းမှာ မလိုအပ်တဲ့ဘတ်တီးရီးယားတွေ ကြီးထွားမလာအောင် ကာကွယ်ပေးတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။

နှာပိတ်ခြင်းကို ဖယ်ရှားပေးခြင်း

ဆားရည် နဲ့ ပလုတ်ကျင်း တာ က လည်း အသက်ရှုလမ်းကြောင်းနဲ့ နှာခေါင်း ပေါက် တွေမှာ ဖြစ်တတ်တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးပါတယ်။ ဒါက နီမြန်းခြင်းတွေကို လျော့ချေးသလို လည်ချောင်းနာကျင်မှုကို ပြေလျော့စေပါတယ်။ ဒါတင်မကသေးပါဘူး။ နှာပိတ်တာတွေ ဖြစ်လာစေတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကိုလည်း ဖယ်ထုတ်ပေးပါတယ်။

အာသီးရောင်ခြင်းကို သက်သာစေခြင်း

ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ်ကူးစက်တာတွေကြောင့် အာသီးရောင်ခြင်းတွေ အဖြစ်များကြပါတယ်။ အာသီးရောင်တာက အစားအစာ မျိုချတဲ့အခါမှာ တော်တော်လေး နာကျင်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းမယ်ဆိုရင် နာကျင်တာတွေကို ပြေလျော့စေသလို အဲဒီလိုဖြစ်တာကို ဖယ်ရှားပေးနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးတွေ ကို ဖယ်ရှားပေးခြင်း

ခံတွင်းအနံ့ဆိုး ကြောင့် စိတ်ညစ်နေ တယ် ဆို ရင် ဆားရည် နဲ့ ပလုတ် ကျင်းတာက အဲဒါကို ဖယ်ရှားပေးဖို့ အတွက် ထိရောက် တဲ့ နည်းတစ်နည်းဖြစ်နိုင်ပါတယ်။ အနံ့ဆိုးတွေ ဖြစ် လာ စေတဲ့ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

သွားနာခြင်း နဲ့ သွားဖုံးသွေးထွက်ခြင်းတွေကို သက်သာစေခြင်း

ဒီနည်းလမ်းက သွားဖုံးရောင်တာ၊ သွေးထွက်တာတွေကို သက်သာစေပါတယ်။ သွားဖုံးရောင်တာ၊ သွေးထွက်တာတွေက ဘတ်တီးရီးယားကြောင့် ဖြစ်လာတဲ့ သွားဖုံးရောဂါရဲ့ ပထမဆုံးလက္ခဏာရပ်ဖြစ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းလိုက်မယ်ဆိုရင် ရောင်ရမ်းတာကို လျော့နည်းစေပြီး ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ် ။ သွားနာတဲ့ သူတွေ အ တွက် လည်း အဆင်ပြေတဲ့နည်းဖြစ်ပါတယ်။

ပါးစပ်အပူကန်ခြင်းကို ကုသ ပေးခြင်း

ပါးစပ်အပူကန်ခြင်းထက် ပိုပြီး နာကျင်တာ မရှိတော့ပါဘူး။ အစားအစာဖို့ ခက်ခဲသလို ရေသောက်ရင်တောင် နာကျင်ရပါတယ်။ ဆားရည်က နာကျင်တာတွေကို ပြေလျော့စေနိုင်တဲ့ အပြင် ပျောက်ကင်းအောင်လည်း ကုသပေးနိုင်ပါတယ်။

ဆားရည်နဲ့ ဘယ်လို ပလုတ်ကျင်းမလဲ

ရေ နွေးနွေးလေး တစ်ခွက်ထဲကို ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်) ကိုထည့်လိုက်ပြီး လုံးဝ ပျော်ဝင်သွားတဲ့အထိ မွှေ လိုက်ပါ၊ ဆားရည်ကို ပါးစပ်ထဲ ငုံထားလိုက်ပါ၊ ခေါင်းကို မော့ချလိုက်ပြီး စက္ကန့် ( ၃၀ ) လောက် လည် ချောင်းမှာ ဆားရည်ကို ပလုတ် ကျင်းလိုက်ပါ။ အဲဒီနောက် ထွေးထုတ်လိုက်ပါ။ ခွက်တစ်ခွက်လုံး ကုန်တဲ့အထိ အဲဒီနည်းကို လုပ်ဆောင်လိုက်ပါ။

Credit : TOI

Be the first to comment

Leave a Reply

Your email address will not be published.


*