



” မစားလောက်တဲ့ အကွက် ”




အစိုးရ က ဗော်လန်တီယာ အဖွဲ့ ဖွဲ့တယ်ဆိုတာ တာဝန်ယူမှုတာဝန်ခံမှု ဘောင်တစ်ခုနဲ့ စည်း နဲ့ စနစ်နဲ့ ဖြစ်လာအောင် စီမံဖို့ကြိုးစားနေတာ. လို့ပဲနားလည်ပါတယ်.. အခု ဗော်လန်တီယာ လုပ်နေသူအားလုံးကို လေးစားပါတယ် သို့သော် အခုခ်ျိန် ထိ ပါဝင်နေတဲ့ဗော်လန်တီယာတွေဟာ ကိုယ့်သဘော နဲ့ကိုယ်ပါဝင်နေတာပါ ကိုယ့်သဘောနဲ့ကိုယ် အချိန်မရွေးရပ်ပြီး အိမ်ပြန်သွားနိုင်ပါတယ် ၊ ဘယ်သူမှ စာချုပ် ချုပ်မထားပါ..





Crd

Unicode

ကွာရာတင်းတွေကို အစိုးရ ကတာဝန်မခံလို့ ဘယ်သူကတာဝန်ခံမှာလဲ ? (အရမ်းကောင်းတဲ့စာသား ဖတ်ကြည့်)

ကွာရာတင်းတွေကို အစိုးရ ကတာဝန်မခံလို့ ဘယ်သူကတာဝန်ခံမှာလဲ ? (အရမ်းကောင်းတဲ့စာသား ဖတ်ကြည့်)

” မစားလောက်တဲ့ အကွက် ”

ကွာရာတင်းတွေကို အစိုးရ ကတာဝန်မခံလို့ ဘယ်သူကတာဝန်ခံမှာလဲ ???

ကွာရာတင်းတွေမှာ မပြည်စုံတော့ ဘယ်သူကို ဦးတည်ပြီး အပြစ်တင်ကြသလဲ ???

ဗောလန်တီရာတွေ က ကိုယ်ပိုင်ဆုံးဖြတ်ချက် နဲ့ ချက်ချင်းနှုတ်ထွက်သွားရင် တားဆီးခွင့်မရှိသလို လစ်ဟာသွားတဲ့ လိုအပ်ချက်ကို ဘယ်သူက တာဝနိယူ စီမံမလဲ. ဆိုတဲ့ မေးခွန်းက ဘယ်ကိုဦးတည်သွားမလဲ..

အစိုးရ က ဗော်လန်တီယာ အဖွဲ့ ဖွဲ့တယ်ဆိုတာ တာဝန်ယူမှုတာဝန်ခံမှု ဘောင်တစ်ခုနဲ့ စည်း နဲ့ စနစ်နဲ့ ဖြစ်လာအောင် စီမံဖို့ကြိုးစားနေတာ. လို့ပဲနားလည်ပါတယ်.. အခု ဗော်လန်တီယာ လုပ်နေသူအားလုံးကို လေးစားပါတယ် သို့သော် အခုချိန် ထိ ပါဝင်နေတဲ့ဗော်လန်တီယာတွေဟာ ကိုယ့်သဘော နဲ့ကိုယ်ပါဝင်နေတာပါ ကိုယ့်သဘောနဲ့ကိုယ် အချိန်မရွေးရပ်ပြီး အိမ်ပြန်သွားနိုင်ပါတယ် ၊ ဘယ်သူမှ စာချုပ် ချုပ်မထားပါ..

ဒါကြောင့် အစိုးရအနေနဲ့ လိုအပ်ချက် အပေါ်မှာ သေချာတဲ့ စီမံပြင်ဆင်မှုလိုတယ်လို့ယူဆလို့ အခုလိုပြင်ဆင်တာဖြစ်ပါလိမ့်မယ် ၊ မကြာခင် နိုင်ငံခြားကနေ ပြန်လာပြီး ကွာရာတင်း လုပ်မယ့် ပြည်တော်ပြန်အရေအတွက်ဟာ မနည်းပါဘူး ၊

ဗော်လန်တီယာ လိုအပ်ချက်ဟာ အလွန်ကြီးမားသလို ကတိကဝတ် စိတ်ပိုင်းဖြတ်ချက်တစ်ခုနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ပါဝင်မယ့် ဗော်လန်တီယာ ပါဝင်မှုစနစ်တစ်ခု ဟာလည်းလိုအပ်ပါတယ် ၊ ဒီကိစ္စမှာအတိုင်ပင်ခံ ပါဝင်လာတာ နိုင်ငံရေး အရ အရောင်ဝင်ဆိုးတယ်လို့တွေးတာဟာ အတွေးခေါင်လွန်းတယ် အကဲဆတ်လွန်းတယ်လိုမြင်ပါတယ် ၊ နိုင်ငံရေး အရပြောရင် ဒီအကွက်ဟာ မစားလောက်ပါဘူး..

ကိုဗစ် အရေးမှာ ဗောလန်တီယာ ကိစ္စကို အရံမီးသတ် ဧည့်စာရင်းကူစစ်ပေးတာလောက် မီးဘေးဒုက္ခသည် ထမင်းထုတ်ဝေတာလောက် ပဲ နားလည်ပြီး နိုင်ငံရေး ဝေစားမျှစား စာကျက်အကြောင်းလောက်ပဲ ခေါင်းထဲမှာများနေရင်တော့ ဗောလန်တီယာ လုပ်ဖို့အစကတည်း က အဆင်မပြေတဲ့ ခံယူချက်ရှိနေတယ်လို့မြင်ပါတယ် ၊

ဒီလို တိုင်းပြည် မှာ အားလုံး တတ်စွမ်းသ၍ ဝိုင်းကူကြရမယ့် အချိနိမှာနိုင်ငံရေး အမြတ်အစွန်းတွေ သာတယ် နာ တယ်တွေ တွေးနေနိုင်တဲ့ သူတွေ ကိုလည်း အံဩမိပါတယ်၊ ကျေးဇူးပြုပြီး အကျိုး စီးပွားဆိုတာတွေ ခဏလေးမေ့ထားပေးကြပါလား..

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*