( ၁၅ ) ရက္ေန ့ကစျပီး ရန္ကုန္ျမိဳ ့သူ/သားေတြအတြက္ သတင္းေကာင္းေလးပါ

ရန္ကုိျမဳိ႕ၾကီးတကြ္ သတင္းေကာင္းပါ
ရန္ကုိျမဳိ႕ၾကီးတကြ္ သတင္းေကာင္းပါ

( ၁၅ ) ရက္ေန ့ကစျပီး ရန္ကုန္ျမိဳ ့သူ/သားေတြအတြက္ သတင္းေကာင္းေလးပါ

( ၁၅ ) ရက္ေန ့ကစျပီး ရန္ကုန္ျမိဳ ့သူ/သားေတြအတြက္ သတင္းေကာင္းေလးပါ

ရန္ကုန္မွာ စားေသာက္ဆိုင္ေတြျပန္ဖြင့္ေတာ့မည္။ဆိုင္ထိုင္သုံးေဆာင္ခြင့္ေတြျပန္ခြင့္ျပဳမွာျဖစ္ပါတယ္။ေမလ(၁၅)ရက္ေန႔ေနာက္ပိုင္းကစၿပီး ရန္ကုန္မွာ စားေသာက္ဆိုင္ေတြကို ျပန္ဖြင့္လွစ္ခြင့္ေပးေတာ့မွာ ျဖစ္တယ္လို့ သိရပါတယ္။

ဘီယာဆိုင္ေတြ၊ နိုက္ကလပ္ေတြနဲ႔ ဘားေတြကိုေတာ့ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳအုံးမွာ မဟုတ္ဘဲ အေျခခံလူတန္းစာေတြရဲ့ စိတ္ထြက္ေပါက္ျဖစ္တဲ့ လက္ဖက္ရည္ဆိုင္လိုမ်ိဳးေတြကို ဆိုင္ထိုင္သုံးေဆာင္ခြင့္ေတြျပန္လည္ခြင့္ျပဳမွာျဖစ္တယ္လို့ မဂၤလာဒုံၿမိဳ့နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္လွိုင္ဝင္းက Duwun ကိုေျပာပါတယ္။

“ အဓိကကေတာ့ အိမ္ထဲမွာ အၾကာႀကီးတင္းၾကပ္ေနေနရတဲ့အခါက်ေတာ့ ၿငီးေငြ႕လာမွာစိုးသလို စားေသာက္ဆိုင္ဝန္ထမ္းေတြအတြက္လည္း အလုပ္လက္မဲ့မျဖစ္ေအာင္ပါ။ ျပည္သူေတြက ဆိုင္ထိုင္ၿပီး စားလို့ရမယ့္ စားေသာက္ဆိုင္လိုမ်ိဳးေတြကို စည္းကမ္းခ်က္ေတြအညီ ဖြင့္လွစ္ခြင့္ေပးမွာပါ။ ဘယ္လိုသတ္မွတ္ခ်က္နဲ႔ ဖြင့္လွစ္ရမယ္ဆိုတာ တိုင္းအစိုးရက ထုတ္ျပန္ပါလိမ့္မယ္။

ျပန္ဖြင့္ခြင့္ေပးထားၿပီး လိုက္နာမွုမရွိတဲ့ဆိုင္ေတြကိုေတာ့ အေရးယူမွုေတြလုပ္ေဆာင္သြားမွာပါ” လို့ ဦးေအာင္လွိုင္ဝင္းက ေျပာပါတယ္။ ဒါ့အျပင္ ရန္ကုန္မွာ semi lock down လုပ္ထားတဲ့ ၿမိဳ့နယ္(၁၀)ခုထဲက လူနာထပ္မံမေတြ႕ရွိရေတာ့တဲ့ မဂၤလာဒုံ၊ လွိုင္သာယာ၊ ေရႊျပည္သာနဲ႔ ဗိုလ္တစ္ေထာင္ၿမိဳ့နယ္မွာလည္း ကန႔္သတ္ခ်က္ေတြကို ေျဖေလ်ာ့ေပးသြားမွာျဖစ္ပါတယ္။

နိုင္ငံေတာ္က COVID 19 ထိန္းခ်ဳပ္ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး ေမလ(၁၅)ရက္ေန႔ထိ အက်ဳံးဝင္တဲ့ ညႊန္ၾကားခ်က္တစ္ခုကို ကနဦးထုတ္ျပန္ထားခဲ့ၿပီး ယခုအခါမွာထုတ္ျပန္ခ်က္အသစ္တစ္ခုကိုေမလ(၁၅)ရက္မတိုင္ခင္မွာ ထုတ္ျပန္သြားမယ္လို့ သိရပါတယ္။ထုတ္ျပန္ခ်က္အသစ္မွာေတာ့ စားေသာက္ဆိုင္ေတြျပန္လည္ဖြင့္ခြင့္ေပးမယ့္ ကိစၥေတြပါဝင္လာမွာျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဝန္ႀကီးမ်ားနဲ႔ တာဝန္ရွိသူမ်ားပါဝင္တဲ့ အစည္းအေဝးတစ္ခုျပဳလုပ္ခဲ့ရာမွာ ဒီအခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္လို့ ဦးေအာင္လွိုင္ဝင္းက ေျပာပါတယ္။

Crd

( ၁၅ ) ရက်နေ့ကစပြီး ရန်ကုန်မြို့သူ/သားတွေအတွက် သတင်းကောင်းလေးပါ

( ၁၅ ) ရက်နေ့ကစပြီး ရန်ကုန်မြို့သူ/သားတွေအတွက် သတင်းကောင်းလေးပါ

ရန်ကုန်မှာ စားသောက်ဆိုင်တွေပြန်ဖွင့်တော့မည်။ဆိုင်ထိုင်သုံးဆောင်ခွင့်တွေပြန်ခွင့်ပြုမှာဖြစ်ပါတယ်။မေလ(၁၅)ရက်နေ့နောက်ပိုင်းကစပြီး ရန်ကုန်မှာ စားသောက်ဆိုင်တွေကို ပြန်ဖွင့်လှစ်ခွင့်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေနဲ့ ဘားတွေကိုတော့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုအုံးမှာ မဟုတ်ဘဲ အခြေခံလူတန်းစာတွေရဲ့ စိတ်ထွက်ပေါက်ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်လိုမျိုးတွေကို ဆိုင်ထိုင်သုံးဆောင်ခွင့်တွေပြန်လည်ခွင့်ပြုမှာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက Duwun ကိုပြောပါတယ်။

“ အဓိကကတော့ အိမ်ထဲမှာ အကြာကြီးတင်းကြပ်နေနေရတဲ့အခါကျတော့ ငြီးငွေ့လာမှာစိုးသလို စားသောက်ဆိုင်ဝန်ထမ်းတွေအတွက်လည်း အလုပ်လက်မဲ့မဖြစ်အောင်ပါ။ ပြည်သူတွေက ဆိုင်ထိုင်ပြီး စားလို့ရမယ့် စားသောက်ဆိုင်လိုမျိုးတွေကို စည်းကမ်းချက်တွေအညီ ဖွင့်လှစ်ခွင့်ပေးမှာပါ။ ဘယ်လိုသတ်မှတ်ချက်နဲ့ ဖွင့်လှစ်ရမယ်ဆိုတာ တိုင်းအစိုးရက ထုတ်ပြန်ပါလိမ့်မယ်။

ပြန်ဖွင့်ခွင့်ပေးထားပြီး လိုက်နာမှုမရှိတဲ့ဆိုင်တွေကိုတော့ အရေးယူမှုတွေလုပ်ဆောင်သွားမှာပါ” လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ semi lock down လုပ်ထားတဲ့ မြို့နယ်(၁၀)ခုထဲက လူနာထပ်မံမတွေ့ရှိရတော့တဲ့ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဗိုလ်တစ်ထောင်မြို့နယ်မှာလည်း ကန့်သတ်ချက်တွေကို ဖြေလျော့ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်က COVID 19 ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မေလ(၁၅)ရက်နေ့ထိ အကျုံးဝင်တဲ့ ညွှန်ကြားချက်တစ်ခုကို ကနဦးထုတ်ပြန်ထားခဲ့ပြီး ယခုအခါမှာထုတ်ပြန်ချက်အသစ်တစ်ခုကိုမေလ(၁၅)ရက်မတိုင်ခင်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ထုတ်ပြန်ချက်အသစ်မှာတော့ စားသောက်ဆိုင်တွေပြန်လည်ဖွင့်ခွင့်ပေးမယ့် ကိစ္စတွေပါဝင်လာမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများနဲ့ တာဝန်ရှိသူများပါဝင်တဲ့ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ရာမှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*