ညသန္းေခါင္ (၁) နာရီေက်ာ္ေက်ာ္ ေလာက္ တေရးနိး အျပင္ထြက္ လုိက္ေသာအခါ…

ညသန္းေခါင္ (၁) နာရီေက်ာ္ေက်ာ္ ေလာက္ တေရးနိး အျပင္ထြက္ လုိက္ေသာအခါ…
ညသန္းေခါင္ (၁) နာရီေက်ာ္ေက်ာ္ ေလာက္ တေရးနိး အျပင္ထြက္ လုိက္ေသာအခါ…

Zawgyiျဖင့္ဖတ္ရန္

ညသန္းေခါင္ (၁) နာရီေက်ာ္ေက်ာ္ ေလာက္ တေရးနိး အျပင္ထြက္ လုိက္ေသာအခါ…

“အသက္ ၉၀ အေမ ”

ဟင္ …..အေမ …ဘာလုပ္မလို႔လဲ …ည သန္းေကာင္ ၁ နာရီေက်ာ္ေက်ာ္ ေလာက္တေရးနိး အျပင္ထြက္လာတဲ့ မလဲ့ ..အေမ့ကို ထမင္းဝိုင္း မွာ ကုန္းကြကြ ျမင္လိုက္ရတယ္။

” အေမ ဗိုက္ဆာလို႔ ထမင္း စားမလို႔ ….”

ထမင္းအုပ္ေဆာင္းဖြင့္လ်က္သား တန္းလန္း နဲ႔အေမကေျဖပါတယ္။

ေအာ္…ဟုတ္လား…လဲ့ဝင္းျပင္ေပးမယ္အေမ။ ညေနထဲက ဖယ္ထားတဲ့ ငါးဘတ္ေမႊဟင္းငါးပိရည္ခ်ိဳပန္းကန္ ခဝဲသီးေဂ်ာ္ဂ်က္ေရာင္ဟင္းရည္ပုဂံကိုအေမ့အေရွ႕တိုးေပးလိုက္တယ္။ညေနက ဝယ္ထားတဲ့ မုန္႔ဟင္းခါး နဲ႔ဟင္းရည္ကို ေနာက္နားမွာခပ္ရွိုရွို ပို႔ထားလိုက္တာ ..

“ငါ မုန္႔ဟင္းခါးပဲစားမယ္ ငါ့ကိုမုန္႔ဟင္းခါး ပဲေပး …”မုန္႔ဟင္းခါးက ဘယ္အခ်ိန္ထဲကခ်က္ထားတာလဲမသိဘူး အေမရဲ့အေမဝမ္းႏူး ေနအုန္းမယ္ ရာသီကလဲပူတယ္ဆိုေတာ့ ..

မလဲ့စကားမဆုံးေသးခင္မွာပဲ အေမ မုန္႔ဟင္းခါး ဖတ္ထဲ ဟင္းရည္ ထည့္ပီး စားေနပါပီ။” မႀကီး အေမက ည ည ဗိုက္ဆာတယ္ဆိုပီး တေရးနိုးထထ ပီးစားတယ္ စားရင္လဲ မုန္႔ဟင္းခါးပဲစားတယ္။တျခားဘာမွမစားဘူး ဒါေၾကာင့္ညေနမွာ မုန္႔ဟင္းခါးတပြဲဝယ္ပီးအသင့္ ထားထားေပးရတယ္ ။ညီမေတြရဲ့ စကားကိုျပန္ၾကားေယာင္ရင္း အေမ့ကို ေရေႏြးၾကမ္းငွဲ႕ေပးရင္း .. အေမ အားရပါးရစားေနတာကို ၾကည့္ေနမိတယ္ …

” စားေကာင္းလိုက္တာ ..ဒီအခ်ိန္စားရရင္ ဘယ္လိုအရသာရွိမွန္းမသိဘူး မစားရရင္ အိပ္လို႔ကိုမရဘူး ။အေမက လက္ေဆးရင္း ေက်နပ္စြာေျပာေနပါတယ္။

လြန္ခဲ့တဲ့တႏွစ္ေလာက္အထိ အေမဟာ မုန္႔ဟင္းခါး ကိုဘယ္ေတာ့မွမစား ဘယ္လိုမွမႀကိဳက္အျမဲခါးခါးသီးသီးျငင္းခဲ့သူပါ။

အသက္ႀကီးလာတဲ့ အရြယ္အိုလူႀကီးေတြကာညေနစာ စားခ်ိန္ မွာ မဆာေသးပဲ စားလိူက္ရတာျဖစ္ျဖစ္ညေနစာကို မတင္းတိမ္လိုက္တာျဖစ္ျဖစ္တေရးနိုးခ်ိန္မွာ ဗိုက္တအားဆာပီးနိုးလာတတ္တယ္။ဒီအခ်ိန္မွာ တခုခုစားခ်င္တာေပါ့ ။မီးဖိုေခ်ာင္ထဲဝင္ပီး စားစရာဘာရွိလဲထ ရွာစားေလ့ရွိတယ္။သား သမီး သမက္ ေခၽြးမ မွီခို ေနရတဲ့ သက္ႀကီးရြယ္အိုမ်ားဘယ္ေလာက္ သနားစရာေကာင္းလိုက္မလဲ ..

သည္သဘာဝကိုမသိထားရင္ ..ညေနကေကၽြးတုန္းကေတာ့ မဆာဘူး လိုလို ..မစားခ်င္ဘူးလိုလို အိုက္တင္ခံေနၿပီးညမွ ထစားတယ္ဆိုပီး အထင္လြဲခံရတတ္ပါတယ္ ။အၿငိဳျငင္ခံရတတ္ပါတယ္။

မၾကာမတင္က ေနမေကာင္းမ်ားျဖစ္ထားရင္ ..ပိုဆိုးတာေပါ့။ သားသမီးရင္းက အစဖုတ္ဝင္တယ္ထင္ပီး ဖုတ္ထုတ္မယ္လုပ္တတ္ၾကပါေသးတယ္ ။သက္ႀကီးရြယ္အိုသဘာဝ နားလည္နိုင္ၾကပါေစ။

အေမ့ကို ၾကည့္ရင္းစဥ္းစားမိတာတခုက ..ငါ့အေမမ်ား တကယ္ဖုတ္ဝင္ေနရင္တယ္ ဆိုရင္ေတာင္..အဲသည္ဖုတ္ေကာင္ကို ေက်းဇူးတင္အုံးမွာ … လို႔ ။အေမ့ကို လႈပ္ရွားသြားလာရက္ အသက္ရွင္လ်က္ပုံစံမ်ိဳးေတြ႕ေနရလို႔ေလ …

မိအို ဖအို ေမြးျမဴျပဳစု ရင္း ကုသိုလ္ ယူနိုင္ၾကပါေစ ။

Credit Lai Lai Win

Unicode

ညသန်းခေါင် (၁) နာရီကျော်ကျော် လောက် တရေးနိး အပြင်ထွက် လိုက်သောအခါ…

“အသက် ၉၀ အမေ ”

ဟင် …..အမေ …ဘာလုပ်မလို့လဲ …ည သန်းကောင် ၁ နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ ..အမေ့ကို ထမင်းဝိုင်း မှာ ကုန်းကွကွ မြင်လိုက်ရတယ်။

” အမေ ဗိုက်ဆာလို့ ထမင်း စားမလို့ ….”

ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်း နဲ့အမေကဖြေပါတယ်။

အော်…ဟုတ်လား…လဲ့ဝင်းပြင်ပေးမယ်အမေ။ ညနေထဲက ဖယ်ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန် ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကိုအမေ့အရှေ့တိုးပေးလိုက်တယ်။ညနေက ဝယ်ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ ..

“ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါး ပဲပေး …”မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့ ..

မလဲ့စကားမဆုံးသေးခင်မှာပဲ အမေ မုန့်ဟင်းခါး ဖတ်ထဲ ဟင်းရည် ထည့်ပီး စားနေပါပီ။” မကြီး အမေက ည ည ဗိုက်ဆာတယ်ဆိုပီး တရေးနိုးထထ ပီးစားတယ် စားရင်လဲ မုန့်ဟင်းခါးပဲစားတယ်။တခြားဘာမှမစားဘူး ဒါကြောင့်ညနေမှာ မုန့်ဟင်းခါးတပွဲဝယ်ပီးအသင့် ထားထားပေးရတယ် ။ညီမတွေရဲ့ စကားကိုပြန်ကြားယောင်ရင်း အမေ့ကို ရေနွေးကြမ်းငှဲ့ပေးရင်း .. အမေ အားရပါးရစားနေတာကို ကြည့်နေမိတယ် …

” စားကောင်းလိုက်တာ ..ဒီအချိန်စားရရင် ဘယ်လိုအရသာရှိမှန်းမသိဘူး မစားရရင် အိပ်လို့ကိုမရဘူး ။အမေက လက်ဆေးရင်း ကျေနပ်စွာပြောနေပါတယ်။

လွန်ခဲ့တဲ့တနှစ်လောက်အထိ အမေဟာ မုန့်ဟင်းခါး ကိုဘယ်တော့မှမစား ဘယ်လိုမှမကြိုက်အမြဲခါးခါးသီးသီးငြင်းခဲ့သူပါ။

အသက်ကြီးလာတဲ့ အရွယ်အိုလူကြီးတွေကာညနေစာ စားချိန် မှာ မဆာသေးပဲ စားလိူက်ရတာဖြစ်ဖြစ်ညနေစာကို မတင်းတိမ်လိုက်တာဖြစ်ဖြစ်တရေးနိုးချိန်မှာ ဗိုက်တအားဆာပီးနိုးလာတတ်တယ်။ဒီအချိန်မှာ တခုခုစားချင်တာပေါ့ ။မီးဖိုချောင်ထဲဝင်ပီး စားစရာဘာရှိလဲထ ရှာစားလေ့ရှိတယ်။သား သမီး သမက် ချွေးမ မှီခို နေရတဲ့ သက်ကြီးရွယ်အိုများဘယ်လောက် သနားစရာကောင်းလိုက်မလဲ ..

သည်သဘာဝကိုမသိထားရင် ..ညနေကကျွေးတုန်းကတော့ မဆာဘူး လိုလို ..မစားချင်ဘူးလိုလို အိုက်တင်ခံနေပြီးညမှ ထစားတယ်ဆိုပီး အထင်လွဲခံရတတ်ပါတယ် ။အငြိုငြင်ခံရတတ်ပါတယ်။

မကြာမတင်က နေမကောင်းများဖြစ်ထားရင် ..ပိုဆိုးတာပေါ့။ သားသမီးရင်းက အစဖုတ်ဝင်တယ်ထင်ပီး ဖုတ်ထုတ်မယ်လုပ်တတ်ကြပါသေးတယ် ။သက်ကြီးရွယ်အိုသဘာဝ နားလည်နိုင်ကြပါစေ။

အမေ့ကို ကြည့်ရင်းစဉ်းစားမိတာတခုက ..ငါ့အမေများ တကယ်ဖုတ်ဝင်နေရင်တယ် ဆိုရင်တောင်..အဲသည်ဖုတ်ကောင်ကို ကျေးဇူးတင်အုံးမှာ … လို့ ။အမေ့ကို လှုပ်ရှားသွားလာရက် အသက်ရှင်လျက်ပုံစံမျိုးတွေ့နေရလို့လေ …

မိအို ဖအို မွေးမြူပြုစု ရင်း ကုသိုလ် ယူနိုင်ကြပါစေ ။

Credit Lai Lai Win

Be the first to comment

Leave a Reply

Your email address will not be published.


*