














RAY

Unicode

ဘဝမှာဒီအချက်တွေမပြည့်စုံမချင်း single အဖြစ်ပဲနေသင့်ပါတယ်

အခုခေတ်ကြီးမှာ လူငယ်လေးတွေဟာ အသက်ငယ်ငယ်လေးနဲ့ အချစ်ရေးကိုဦးစားပေးပြီး ချစ်သူရှာဖို့ အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ ပညာနဲ့အလုပ်အကိုင်မပြည့်စုံခင်မှာ အချစ်ကိုဦးစားပေးမယ်ဆိုရင် အဆင်မပြေတာတွေ၊ ပြဿနာတွေများတတ်ပါတယ်။ ဒါကြောင့်ဘဝမှာ ဒီအချက်တွေမပြည့်စုံမချင်း ဆင်ဂယ်လ်အဖြစ်ပဲနေသင့်ပါတယ်။

(၁) ဘဝမှာကိုယ်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုမသိသေးရင်

ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ ရည်မှန်းချက်ကိုသိပြီးမှ ရည်းစားထားတာက နောက်မကျသေးပါဘူး။ ကိုယ့်ဘဝမှာတကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုတောင်မသိသေးဘဲ အချစ်ရေးကို ဦးစားပေးစဉ်းစားမယ်ဆိုရင် စိတ်ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုသေချာနားမလည်သေးရင်
ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ ကိုယ့်ရဲ့ဘဝအနေအထား ဒါတွေကို သေချာနားမလည်ဘဲ ရည်းစားမထားပါနဲ့ဦး။ ကိုယ့်ကိုယ်ကိုသေချာနားလည်ပြီးမှ အချစ်ရေးကိုစဉ်းစားတာက အရာရာပိုအဆင်ပြေစေပါတယ်။

(၃) တစ်ယောက်တည်းကောင်းကောင်းမရပ်တည်နိုင်သေးရင်

ကိုယ့်စိတ်အဆင်မပြေမှုတွေ၊ အထီးကျန်တာတွေကို တစ်ယောက်တည်းကောင်းကောင်းဖြေရှင်းနိုင်ပြီး တစ်ယောက်တည်းရပ်တည်နိုင်တဲ့အချိန်မှ ဆင်ဂယ်လ်ဘဝကိုစွန့်လွှတ်ပါ။ တစ်ယောက်တည်းနေရတာအထီးကျန်လို့၊ တစ်ယောက်တည်းမရပ်တည်နိုင်လို့တော့ ဆင်ဂယ်လ်ဘဝကိုမစွန့်လွှတ်လိုက်ပါနဲ့။

(၄) ကိုယ်ပိုင်ဝင်ငွေမရှိသေးရင်
ကိုယ်ပိုင်ဝင်ငွေမရှိလို့၊ ငွေကြေးအတွက်အားကိုးချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ တစ်ယောက်ယောက်ကိုမချစ်သင့်ပါဘူး။ ကိုယ်ပိုင်ဝင်ငွေသတ်သတ်မှတ်မှတ်ရှိပြီး ငွေကြေးအတွက် မှီခိုစရာမလိုတော့တဲ့ အချိန်မှာ အချစ်ရေးကိုစဉ်းစားဖို့အကောင်းဆုံးပါပဲ။

တနင်္ဂနွေသားသမီးလေးတွေရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားနဲ့ မွေးရာပါအားသာချက် (၁၀) ခု
(၅) မျှမျှတတမတွေးတတ်သေးရင်

အချစ်ရေးကိုစဉ်းစားတဲ့အခါ ချစ်တတ်ဖို့အပြင် မျှမျှတတတွေးတတ်ဖို့လည်း လိုပါတယ်။ မျှမျှတတတွေးတတ်တဲ့အခါ အချစ်ရေးက ပိုအဆင်ပြေနိုင်ပြီး စိတ်ညစ်ရတာလည်း နည်းနိုင်ပါတယ်။ ဒါကြောင့် မျှမျှတတမတွေးတတ်သေးဘူးဆိုရင်တော့ ဆင်ဂယ်လ်အဖြစ်နေတာအကောင်းဆုံးပါ။

RAY

Be the first to comment

Leave a Reply

Your email address will not be published.


*