အႏၲရာယ္ရန္အသြယ္သြြယ္ႏွင့္ကပ္ေရာဂါေဘးဘယာမွကင္းေဝးေစမည္႔ ဓာရဏ ပရိိတ္ေတာ္္

အႏၲရာယ္ရန္အသြယ္သြြယ္ႏွင့္ကပ္ေရာဂါေဘးဘယာမွကင္းေဝးေစမည္႔ ဓာရဏ ပရိိတ္ေတာ္္
အႏၲရာယ္ရန္အသြယ္သြြယ္ႏွင့္ကပ္ေရာဂါေဘးဘယာမွကင္းေဝးေစမည္႔ ဓာရဏ ပရိိတ္ေတာ္္

အႏၲရာယ္ရန္အသြယ္သြြယ္ႏွင့္ကပ္ေရာဂါေဘးဘယာမွကင္းေဝးေစမည္႔ ဓာရဏ ပရိိတ္ေတာ္္

အႏၲရာယ္ မွွန္သမ်ွ ကင္္းေဝးေစေသာ ဓာရဏ ပရိတ္ေတာ္္

ဓာရဏသုတ္ေတာ္(ျဖစ္စဉ္)

ေဂါတမ ျမတ္စြာ ဘုရားသည္ ညီေတာ္္ အာနႏၵာအား ဓာရဏ သုတ္ေတာ္ကို ေဟာ၍ လူဒါယကာ-ဒါယိကာမ တို႔အား တစ္ဆင့္ ေဟာၾကားရန္၊ ရွင္းလင္း သင္ျပရန္ အမိန႔္ ရိွေသာ သုတ္ေတာ္ ျဖစ္ပါသည္။

ဓာရဏ ပရိတ္ေတာ္တြင္ ဝိပႆိ၊ သိခီ၊ ေဝႆဘူ၊ ကကုသန္၊ေကာဏာဂံု၊ ကႆပ၊ ေဂါတမ တည္းဟူေသာ ဘုရား ခုႏွစ္ဆူအား ရိွခို းပါ၍ က်ေရာက္ လတၲံ့ေသာ ေဘးခပ္သိမ္း ရန္ခပ္သိမ္း ကင္းၿငိမ္းေအာင္ ဗုဒၶ၊ ဓမၼ၊ သံဃဂုဏ္ေတာ္ ေက်းဇူးေတာ္ တို႔ကို ဖြဲ႔ဆို ထားသည္မွ စ၍ ဓာရဏ သုတ္ေတာ္ ျဖစ္ေပၚရြတ္ဆို ပြား မ်ားခဲ့ၾက ပါသည္။

တိုက္တြန္းခ်က္။ ။ ဓာရဏ ပရိတ္ေတာ္သည္ ျမတ္ဗုဒၶ ရွင္ေတာ္ဘုရား၏ အာေဝဏိကဂုဏ္ေတာ္ ၁၈-ပါးကို ေဖာ္ျပ ထားသည္။ ဤဂုဏ္ ၁၈-ပါးသည္ ျမတ္စြ ာဘုရား၏ သီးျခား ကိုယ္ပိုင္ ဂုဏ္ေတာ္မ်ား ျဖစ္သည္။

အျခား မည္သူ တစ္ဦးတစ္ေယာက္၌ မ်ွ ဤဂုဏ္ မ်ိဳး မရိွေခ်။ ရဟႏၲာႏွင့္ ပစၥေကဗုဒၶမ်ား၌ ေသာ္မွ ဤ ဂုဏ္သတၲိ မ်ိဳး မရိွၾက ။ စင္စစ္အားျဖင့္ ဓာရဏပရိတ္ေတာ္သည္ ျမတ္စြာဘုရား၏ အာေဝဏိက ဂုဏ္ေတာ္တို႔ကို ခ်ီးက်ူး ပူေဇာ္ျခင္းပင္ ျဖစ္သည္။

ေကာင္းျမတ္ေသာ ေစတနာျဖင့္္ တာဝန္ ၀တၲရားမ်ားကို ထမ္းေဆာင္ေနသူ အားလံုးတို႔သည္ ဓာရဏ ပရိတ္ေတာ္ကို ရြတ္ဖတ္ပါမူ အ,ကာလ မရဏမွ လြတ္ေျမာက္ႏိုင္ သည္။ အ,ကာလ မရဏႏွင့္ မေတြ့ႀကံဳရ-မေတြ့ ႀကံဳႏိုင္။

အ,ကာလ မရဏ ဆိုိသည္မွာ သူတစ္ပါး လက္နက္ျဖင့္ ေသရျခင္း၊ သူတစ္ပါး ပေယာဂျဖင့္ ေသရျခင္း၊ က်ားကိုက္ ေသရျခင္း၊ ေခ်ာက္ကမ္းပါးက ေသရျခင္္း၊ ကားေမွာက္၍ ေသရျခင္း စသၫ့္ ဥပစၧေဒက ကံေၾကာင့္ ေသရျခင္း မ်ိဳးမ်ားကို ဆိုသည္ ။ ဓာရဏ ပရိတ္ကို ရြတ္ဖတ္သူမွာ အ,ကာလ မရဏ အမ်ိဳးမ်ိဳးတို႔မွ လြတ္ေျမာက္ သည္။

သတၲဝါတိုင္း လူတိုိင္းပင္ တစ္ေန့ေန့၌ ေသရမည္မွာ ဓမၼတာ ျဖစ္သည္။ အ,ကာလ မရဏမွ လြတ္ေျမာက္သည္ဟု ဆိုသည္မွာ ဥပစၧေဒက ကံေၾကာင့္ မေသရ၊ မေသႏိုင္ျခင္းကို ဆိုသည္။ ျဖစ္ၿမဲ ဓမၼတာအရ ေသခ်ိန္က်မွသာ ေသရသည္။

ရွင္းျပပါဦးအံ့-ေသရျခင္္း ေလးမ်ိဳးရိွသည္။

(၁) အသက္တမ္း ကုန္၍ ေသရျခင္း “အာယုကၡယမရဏ”၊ အသက္တစ္ရာတမ္း၌ အႏွစ္တစ္ရာ ပတ္ဝန္းက်င္မ်ွသာ ေနၾကရသည္။ ျမတ္စြာဘုရားေသာ္မွ အႏွစ္ ၈၀-သာ ေနရသည္။

(၂) ကံကုန္၍ ေသရျခင္း “ကမၼကၡယမရဏ”။ မိမိ ကုသိုလ္ကံအေလ်ာက္သာ ေနရသည္။ ကံကုန္လ်ွင္ အရြယ္ ေကာင္းတုန္း၌လည္း ေသရသည္။ ႏို႔စို႔ အရြယ္ စသည္၌လည္း ေသရသည္။

(၃) သက္တမ္းႏွင့္ ကံ ၂-ပါးလံုး ကုန္၍ ေသရျခင္း “ဥဘယကၡယမရဏ”။

(၄) အထက္ မရဏ ၃-မ်ိဳးမွ တစ္ပါး အျခားပေယာဂ တစ္ခုခုေၾကာင့္ သစ္စိမ္းခ်ိဳး ခ်ိဳးျဖတ္သကဲ့သို႔ ေသရျခင္းမ်ိဳး “ဥပစၧေဒက မရဏ” ဟူ၍ ေသရျခင္းမ်ိဳး ၄-မ်ိဳးရိွသည္။

ပထမ ေသျခင္း ၃-မ်ိဳးကို ဘုရား၊ ရဟႏၲာ၊ ပစၥေကဗုဒၶါ အရွင္ျမတ္တို႔ေသာ္မွ မလြန္ႏိုင္။ ယင္း မရဏ ၃-မ်ိဳးမွာ ေသရိုး ေသစဉ္ ဓမၼတာ မရဏ ျဖစ္သည္။

ဥပစၧေဒက မရဏကို အ,ကာလမရဏ ဟု ေခၚသည္။ ေသခ်ိန္ မေရာက္ေသးဘဲ ေသရျခင္းသည္ အ,ကာလ မရဏ ျဖစ္သည္။ ဓာရဏ ပရိတ္ေတာ္ကို ရြတ္ဖတ္ျခင္း အားျဖင့္ အ,ကာလ မရဏကို တားျမစ္ ပယ္ေဖ်ာက္ႏိုင္သ ည္။ ေစတနာ ျဖဴစင္သူတို႔ အ,ကာလ မရဏမွ ကင္းလြတ္ၾကပါေစေသာ္။

ဓာရဏသုတ္ (ပါဠိေတာ္) နေမာ တႆ ဘဂ၀ေတာ အရဟေတာ သမၼာသမၺုဒၶႆ။

၁။ ဗုဒၶါနံ ဇီဝိတႆ န သကၠာ ေကနစိ အႏၲရာေယာ ကာတံု၊ တထာ ေမ ေဟာတု။

၂။ အတီတံေသ ဗုဒၶႆ ဘဂ၀ေတာ အပၸဋိိဟတံ ဉာဏံ၊ အနာဂတံံေသ ဗုဒၶႆ ဘဂ၀ေတာ အပၸဋိဟတံ ဉာဏံ၊ ပစၥုပၸႏၷံေသ ဗုဒၶႆ ဘဂ၀ေတာ အပၸဋိဟတံ ဉာဏံ။

၃။ ဣေမဟိ တီဟိ ဓမၼေဟိိ သမႏၷာဂတႆ ဗုဒၶႆ ဘဂ၀ေတာ သဗၺြံ ကာယကမၼံ ဉာဏပုဗၺဂၤမံ ဥာဏာႏုပရိဝတၲံ၊ သဗၺံ ၀စီကမံ ဉာဏပုဗၺဂၤမံ ဉာဏာႏုပရိဝတၲံ၊ သဗံၺ မေနာကမၼံ ဉာဏပုဗၺမဂၤမံ ဥာဏာႏုပရိဝတၲံ။

၄။ ဣေမဟိ ဆဟိ ဓမၼေဟိ သမႏၷာဂတႆ ဗုဒၶႆ ဘဂ၀ေတာ နတၴိ ဆႏၵႆ ဟာနိ၊ နတၴိ ဓမၼေဒသနာယ ဟာနိ၊ နတၴိ ဝီရိယႆ ဟာနိ၊ နတၴိ သမာဓိႆ ဟာနိ၊ နတၴိ ပညာယ ဟာနိ၊ နတၴိ ဝိမုတၲိယာ ဟာနိ၊

၅။ ဣေမဟိ ဒြါဒသဟိ ဓမၼေဟိ သမႏၷာဂတႆ ဗုဒၶႆ ဘဂ၀ေတာ နတၴိ ဒဝါ၊ နတၴိ ရဝါ၊ နတၴိ အ,ဖုဋံ၊ နတၴိ ေဝဂါယိတတၲံ၊ နတၴိ အ,ဗ်ာဝဋမေနာ၊ နတၴိ အပၸဋိသခၤါႏုေပကၡာ။ ဣေမဟိ အ႒ာရသဟိ ဓမၼေဟိ သမႏၷာဂတႆ ဗုဒၶႆ ဘဂ၀ေတာ နေမာ သတၲႏၷံ သမၼာသမၺုဒၶါနံ။

၆။ နတၴိ တထာဂတႆ ကာယဒုစၥရိတံ၊ နတၴိ တထာဂတႆ ၀စီဒုစၥရိတံ၊ နတၴိ တထာဂတႆ မေနာဒုစၥရိတံ၊ နတၴိ အတီတံေသ ဗုဒၶႆ ဘဂ၀ေတာ ပဋိဟတံ ဉာဏံ၊ နတၴိ အနာဂတံေသ ဗုဒၶႆ ဘဂ၀ေတာ ပဋိဟတံ ဉာဏံ၊

နတၴိ ပစၥုပၸႏၷံေသ ဗုဒၶႆ ဘဂ၀ေတာ ပဋိဟတံ ဉာဏံ၊ နတၴိ သဗၺံ ကာယကမၼံ ဉာဏာပုဗၺမဂၤမံ ဉာဏံ နာႏုပရိဝတၲံ၊ နတၴိ သဗၺံ ၀စီကမၼံ ဉာဏာပုဗၺမဂၤမံ ဉာဏံ နာႏုပရိဝတၲံ၊ နတၴိ သဗၺံ မေနာကမၼံ ဉာဏာပုဗၺမဂၤမံ ဉာဏံ နာႏုပရိဝတၲံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗၺသတၲာနံ တာဏံ ေလဏံ သံသာရဘယဘီတာနံ အဂၢံ မဟာေတဇံ။

၇။ ဣမံ အာနႏၵ ဓာရဏပရိတၲံ ဓာေရဟိ ဝါေရဟိ ပရိပုစၧာဟိ။ တႆ ကာေယ ဝိသံ န ကေမယ်၊ ဥဒေက န လဂၢေယ်၊ အဂၢိ န ဍေဟယ်၊ နာနာဘယဝိေကာ၊ န ဧကာဟာရေကာ၊ နဒြိဟာရေကာ၊ န တိဟာရေကာ၊ န စတုဟာရေကာ၊ န ဥမၼတၲကံ၊ န မူဠွကံ၊ မႏုေႆဟိ အ,မႏုေႆဟိ န ဟႎသကာ။

၈။ တံံ ဓာရဏပရိတၲံ ယထာ ကတေမ၊ ဇာေလာ မဟာဇာေလာ၊ ဇာလိတၲေ မဟာဇာလိတၲေ၊ ပုဂၢေ မဟာပုဂၢေ၊ သမၸတၲေ မဟာသမၸတၲေ၊ ဘူတဂၤမိွ တမဂၤလံ။ ဣမံ ေခါ ပနာနႏၵ ဓာရဏပရိတၲံ န၀နဝုတိယာ သမၼာသမၺုဒၶေကာဋီဟိ ဘာသိတံ၊

၀တၲေ အ,၀တၲေ၊ ဂႏၶေဝ အ,ဂႏၶေဝ၊ ေနာေမ အ,ေနာေမ၊ ေသေဝ အ,ေသေဝ၊ ကာေယ အ,ကာေယ၊ ဓာရေဏ အ,ဓာရေဏ၊ ဣလႅိ မိလႅိ၊ တိလႅိ မိလႅိ၊ ေယာရုကၡ မဟာေယာရုကၡေ၊ ဘူတဂၤမိွ တမဂၤလံ။

၉။ ဣမံံ ေခါ ပနာနႏၵ ဓာရဏပရိတၲံ န၀နဝုတိယာ သမၼာသမၺုဒၶေကာဋီဟိ ဘာသိတံ။ ဒိ႒ိလာ ဒ႑ိလာ မႏၲိလာ ေရာဂိလာ ခရလာ ဒုဗ႓ိလာ။ ဧေတန သစၥ၀ဇၨေန ေသာတၴိ ေတ ေဟာတု သဗၺဒါ။

ဓာရဏသုတ္ (ျမန္မာျပန္)

၁။ ျမတ္စြာဘုရားတို႔၏ အသက္၏ ေဘးအႏၲရယ္ကိုိ တစ္စံုတစ္ေယာက္ေသာ သူသည္ ျပဳျခင္းငွာ မတတ္ႏိုင္။ ထိုိ႔အတူ အကြၽႏ္ုပ္အား ျဖစ္ပါေစသတည္း။

၂။ ဘုန္းေတာ္ေျခာက္ပါးနဲ႔ ျပၫ့္စံုေတာ္မူေသာ ျမတ္စြာဘုရားအား လြန္ေလၿပီးေသာ အဖို႔၌ ေနာင္လာလတၲံေသာ အနာဂတ္အဖို႔၌ ပစၥုပၸန္ မ်က္ေမွာက္ ျဖစ္ေသာ အဖို႔၌ အတားအဆီးအပိတ္အပင္ မရိွေသာ ဥာဏ္ေတာ္သည္ ျဖစ္၏။

၃။ သံုးပါးကုန္ေသာ ဤေက်းဇူးတရားေတာ္တိုိ ႔ႏွင့္ျပၫ့္စံုေတာ္မူေသာ ဘုန္းေတာ္ေျခာက္ ပါးႏွင့္ ျပၫ့္စံုေတာ္မူေသာ ျမတ္စြာ ဘုရားအား အလံုးစံုေသာ ကိုယ္ ႏႈတ္ ႏွလံုး ျဖင့္ျပဳ လုပ္ေသာ အမႈသည္ ဥာဏ္ေတာ္ျပ႒ာန္းျခင္း ရိွသည္။ ဥာဏ္ေတာ္၏ ေနာက္သို႔ အစဉ္လိုက္သည္ ျဖစ္၏။

၄။ ေျခာက္ပါးကုန္ေသာ ဤ ေက်းဇူးတရား တိုိ႔ႏွင့္ ျပၫ့္စံုေတာ္မူေသာ ျမတ္စြာဘုရားအား သတၲဝါတို႔၏ အက်ိဳးစီးပြားကို ျပဳလိုိေသာ ဆႏၵေတာ္၏ ဆုတ္ယုတ္ျခင္းသည္ မရိွ။ တရားေတာ္ကို ေဟာေျပာျခင္း၏ ဆုတ္ယုတ္ျခင္းသည္ မရိွ။

သူတစ္ပါးတို႔၏ အက်ိဳးစီးပြားအတြက္ ေဆာင္ရြက္ျခင္း ၌ လံု႔လဝီရိယေတာ္၏ ဆုတ္ယုတ္ျခင္းသည္ မရိွ။

သခၤါရတရားတို႔ကို အနိစၥ အစရိွေသာ လကၡဏာ သံုးပါးျဖင့္ ရႈမႈ ဥာဏ္ေတာ္၏ ဆုတ္ယုတ္ျခင္းသည မရိွ။ စိတ္တည္ၾကည္မႈ သမာဓိေတာ္၏ ဆုတ္ယုတ္ျခင္းသည္ မရိွ။ အရဟတၲဖိုလ္ကို ၀င္စားေတာ္ မူျခင္း၏ ဆုတ္ယုတ္ျခင္းသည္ မရိွ။

၅။ တစ္ဆယ့္ႏွစ္ပါးကုန္ေသာ ဤေက်းဇူးတရားေတာ္တိုိ႔ႏွင့္ ျပၫ့္စံုေတာ္မူေသာ ဘုန္းေတာ္ေျခာက္ပါးႏွင့္ ျပၫ့္စံံုေတာ္မူေသာ ျမတ္စြာဘုရားအား ရယ္ျမဴးလို၍ ျပဳမူေျပာဆိုျခင္းသည္ မရိွ။ သတိလြတ္၍ ခြၽတ္ယြင္းေျပာဆိုျခင္းသည္ မရိွ။

ဥာဏ္ေတာ္ျဖင့္မေတြ့မထိ မသိအပ္ေသာတရားသည္ မရိွ။ဥာဏ္ျဖင့္ မဆင္မျခင္ အေဆာတလ်င္ ျပဳေသာအမႈသည္ မရိွ။ သူတစ္ပါးတို႔အတြက္ ေၾကာင့္ၾကမဲ့ျဖစ္ေသာ စိတ္ႏွလံုးေတာ္သည္ မရိွ။ ဥာဏ္ျဖင့္ မဆင္မျခင္ လ်စ္လ်ူရႈေသာ အမႈသည္ မရိွ။

တစ္ဆယ့္ ရွစ္ပါးကုန္ေသာ ဤ ေက်းဇူး တရားေတာ္တို႔ႏွင့္ ျပၫ့္စံုေတာ္မူေသာ ဘုန္းေတာ္ေျခာက္ ပါးႏွင့္ျပၫ့္စံုေတာ္မူေသာ ျမတ္စြာဘုရားအား ရိွခိုးပါ၏။ ခုႏွစ္ဆူကုန္ေသာ ျမတ္စြာဘုရားရွင္တို႔အား ရိွခိုးပါ၏။

၆။ ဝိပႆီ အစရိွေသာ ေရွးဘုရားတို႔ကဲ့သို႔ိ လာျခင္းေကာင္းေတာ္မူေသာ ျမတ္စြာဘုရားအား ကိုယ္ျဖင့္ျပဳလုပ္ေသာမေကာင္းမႈ ” ကာယဒုစရိုက္ ” ႏႈတ္ျဖင့္ျပဳလုပ္ေသာ ” ၀စီဒုစရိုက္ “စိတ္ျဖင့္ ျပဳလုပ္ေသာ” မေနာဒုစရိုက္ ” သည္ မရိွ။

လြန္ေလၿပီးေသာ အဖို႔ကာလ၊ေနာင္လာလတၲံေသာ အဖို႔ကာလ ၊မ်က္ေမွာက္ေသာ အဖို႔ကာလ၌ ဘုန္းေတာ္ႀကီးေသာ ျမတ္စြာဘုရားအား ဆီးတားပိတ္ပင္ျခင္းရိွေသာ ဥာဏ္ေတာ္သည္ မရိွ။ ျမတ္စြာဘုရားအား အလံုးစံုေသာ ကိုယ္၊ႏႈတ္ ၊ စိတ္ သံုးပါး ျဖင့္ျပဳလုပ္ေသာအမႈသည္ ဥာဏ္ေတာ္လ်ွင္ ေရ႔ွသြားမရိျွခင္းသည္ မရိွ။

ဥာဏ္ေတာ္သို႔ အစဉ္မလိုက္ျခင္းသည္ မရိွ။ ဤေဆာင္ထားအပ္ေသာ ဓာရဏပရိတ္ေတာ္သည္ မႏိႈင္းယွဉ္အပ္။ တူမ်ျွခင္းလည္းမရိွ။ ခပ္သိမ္းေသာ သတၲဝါအေပါင္းတို႔၏ မိုခိုကိုးကြယ္ရာလည္းျဖစ္၏။ ပုန္းေအာင္းလဲေလ်ာင္းရာလည္း ျဖစ္၏၊

သံသရာေဘးကိုေၾကာက္ရြံေသာ သူတို႔၏ အလြန္ျမတ္ေသာ အရံအတားျဖစ္၏။ ႀကီးေသာ တန္ခိုးရိွန္ေစာ္ အာႏုေဘာ္ရိွေသာ အရံအတားျဖစ္၏။

၇။ ခ်စ္သားအာနႏၵာ ဤတန္ခိုးေတေဇာ္္ အာႏုေဘာ္ႀကီးျမတ္ေသာ ဓာရဏပရိိတ္ေတာ္ကိ ရြတ္ေဆာင္ေလာ့။ မွတ္သားေလာ့။ ေမးျမန္းစူးစမ္း ဆင္ျခင္ေလာ့။ ထိုသို႔ ရြတ္ေဆာင္မွတ္သား ေမးျမန္း စူးစမ္းဆင္ျခင္ေသာ သူ၏ ကိုယ္၌ ေႁမြနဂါး စသည္တို႔၏ အဆိပ္သည္ မက်ေရာက္ႏိုင္။

ေရ၌ မၿငိတြယ္ မနစ္မြန္းရာ။ မီးသည္ မေလာင္ကြၽမ္းရာ။ အထူးထူး အျပားျပား မ်ားစြာေသာ ေဘးရန္တို႔သည္ မထိေရာက္ႏိုင္ရာ။ မေကာင္းႀကံေသာသူသည္လည္း မႀကံႏိုင္ရာ။

ရူးသြပ္ ပ်ံ့လြင့္ေသာ အနာလည္းမျဖစ္ႏိုင္ရာ။ ေတြေဝမိုက္မဲေသာအနာလည္းမျဖစ္ႏိုင္ရာ။ လူတို႔သည္ လည္းေကာင္း၊ ဘီလူးတို႔သည္ လည္းေကာင္း မၫွဉ္းဆဲ မဖ်က္ဆီး မႏိွပ္စက္ႏိုင္ရာ။

၈။ ထိုဓာရဏပရိတ္ေတာ္သည္ အဘယ္သည္တိုိ႔နည္း ဟူမူကား စၾက၀ဠာ ကမ႓ာတစ္ေသာင္းကိုိ ေလာင္ကြၽမ္းေစေသာ ေနခုႏွစ္စင္း၏ အရိွန္အေစာ္ကဲ့သို႔ေဘးရန္ အႏၲရာယ္အေပါင္းတို႔ကို ေလာင္ကြၽမ္းပယ္ေ ဖ်ာက္ႏိုင္သၫ့္ တန္ခိုးရိွန္ေစာ္ အာႏုေဘာ္ရိွ၏။

နတ္ ၊ သိၾကား ၊ နဂါး ၊ ဂဠုန္ ၊ ကုမ႓ဏ္ ၊ ဘီလူး ၊ ရကၡုသ္ အစရိွသည္တို႔ကို တားျမစ္ႏိုင္ေသာ သံကြန္ရက္နဲ႔တူေသာ ဘုန္းတန္းခိုးရိွန္ေစာ္ အာႏုေဘာ္ရိွ၏။ ေရ၊ မီး၊ မင္း၊ ခိုးသူ၊ မခ်စ္မႏွစ္လိုေသာ သူဟုဆိုအပ္ေသာ ရန္သူအႏၲရာယ္အေပါင္းတို႔ကိုလည္း ပယ္ရွားတားျမစ္ႏိုင္၏။

ကပ္သံုးပါးတို႔မွ ကင္းလြတ္ေစႏိုင္၏။ အမိဝမ္းတြင္း၌ ပိသႏၨေ ေနေသာ္လည္း အ,ျခင္း ၊ ဆြံ႔ျခင္း၊ နားပင္းျခင္း၊ ရႈးသြပ္ပ်ံ့လြင့္ျခင္း အနာမ်ိဳးတို႔မွ လြတ္ေစႏိုင္၏။ သစ္ပင္ ေတာင္ကမ္း ေခ်ာက္တို႔မွ က်ျငားေသာ္လည္း မေသႏိုင္ရာ။

မရေသးေသာ စည္းစိမ္ခ်မ္းသာ ၊ ဥစၥာရတနာ အေပါင္းတို႔ကိုလည္း ရေစႏိုင္၏။ ရၿပီးေသာ စည္းစိမ္ခ်မ္းသာ ရတနာဥစၥာအေပါင္း တို႔ကိုလည္း ႀကီးက်ယ္ျပန႔္ပြားမ်ားေစ၏။ ဟုတ္မွန္ေသာအားျဖင့္ အမိုက္ေပ်ာက္၍ အလင္းေရာက္ႏိုင္၏။

၉။ ခ်စ္သားအာနႏၵာ စင္စစ္မူကား ဤဓာရဏပရိတ္ေတာ္ကို ကိုးဆယ့္ကိုးကုေ ကုန္ေသာ ဘုရားရွင္တို႔သည္ ေဟာေတာ္မူအပ္ၿပီ ။ မေကာင္းသျဖင့္ ႀကံေသာ သူတို႔၏ အႀကံအစည္ကိုလည္း သိျမင္ႏိုင္၏။ ဓား ၊ လွံ ၊ ေလး ၊ ျမႇား ၊ လက္နက္ မီးေပါက္အေျမႇာက အစရိွေသာ ဘးတို႔သည္လည္း မထိေရာက္ေစႏိုင္ ။

မႏၲန္၊ မႏၲရားဂါထာ၊ အင္းအိုင္ တို႔သည္လည္း ထက္ျမက္ေစႏိုင္၏။ ေရာဂါအႏၲရာယ္မ်ိဳးတို႔ကိုလည္း ပယ္ေဖ်ာက္ေစႏိုင္၏။ ၾကမ္းတမ္းခက္မာေသာ အနာေရာဂါမ်ိဳး တို႔သည္လည္း မထိေရာက္ႏိုင္။

ႀကိဳး၊ ထိပ္၊ သံေျခက်င္း ၊ ကပ္ဖိ၊ တြင္းေလွာင္၊ ပင္းသကား၊ လည္ေထာက္ ကိုလည္း လြတ္ေစႏိုင္၏။ ဤမွန္ေသာ သစၥာစကားေၾကာင့္ အခါခပ္သိမ္း သင့္အား ခ်မ္းသာျခင္းသည္ ျဖစ္ပါေစသတည္း။

ဓာရဏပရိတ္ေတာ္ (ရြတ္ဖတ္ျခင္း၏အ က်ိဳးေက်းဇူး) ဓာရဏသုတ္ေတာ္ကို ေန့စဉ္မျပတ္ ရြတ္ဖတ္ပြားမ်ား သရဇၩာယ္ပါက ေဘးရန္ ကင္းရွင္းပါသည္။

အျခားေသာ ရန္သူ၊ မနာလိုသူမ်ားက ရန္ျပဳျခင္း၊ ေဆးပါးခပ္ျခင္း အဆိိပ္ခပ္ျခင္းတိုိ႔မွ ကင္းေဝးေစပါသည္။ ေႁမြ၊ ကင္းစေသာ အဆိပ္ျပင္းထန္ေသာ သတၲဝါတို႔၏ ကိုက္ခဲ ရန္ျပဳျခင္းေဘးမွ ကင္းေဝးေစပါသည္။

အႏၲရာယ္ရန္အသြယ္သြြယ္ႏွင့္ကပ္ေရာဂါေဘးဘယာမွကင္းေဝးၾကပါေစ…..

နကၡတၲေဗဒဆရာေက်ာ္မ်ိဳးလြင္

09420936117

Unicode

အန္တရာယ်ရန်အသွယ်သွယ်နှင့်ကပ်ရောဂါဘေးဘယာမှကင်းဝေးစေမည့် ဓာရဏ ပရိတ်တော်

အန္တရာယ် မှန်သမျှ ကင်းဝေးစေသော ဓာရဏ ပရိတ်တော်

ဓာရဏသုတ်တော်(ဖြစ်စဉ်)

ဂေါတမ မြတ်စွာ ဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏ သုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမ တို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့် ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ဝိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရား ခုနှစ်ဆူအား ရှိခို းပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော် တို့ကို ဖွဲ့ဆို ထားသည်မှ စ၍ ဓာရဏ သုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွား များခဲ့ကြ ပါသည်။

တိုက်တွန်းချက်။ ။ ဓာရဏ ပရိတ်တော်သည် မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြ ထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွ ာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။

အခြား မည်သူ တစ်ဦးတစ်ယောက်၌ မျှ ဤဂုဏ် မျိုး မရှိချေ။ ရဟန္တာနှင့် ပစ္စကေဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိ မျိုး မရှိကြ ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။

ကောင်းမြတ်သော စေတနာဖြင့် တာဝန် ဝတ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ ကြုံနိုင်။

အ,ကာလ မရဏ ဆိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင်း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆဒေက ကံကြောင့် သေရခြင်း မျိုးများကို ဆိုသည် ။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက် သည်။

သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆဒေက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။

ရှင်းပြပါဦးအံ့-သေရခြင်း လေးမျိုးရှိသည်။

(၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။

(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။

(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။

(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆဒေက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။

ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စကေဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။

ဥပစ္ဆဒေက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သ ည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။

ဓာရဏသုတ် (ပါဠိတော်) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဉာဏာနုပရိဝတ္တံ။

၄။ ဣမေဟိ ဆဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ၊

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊

နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂယျေ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယဝိကော၊ န ဧကာဟာရကော၊ နဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုဿေဟိ အ,မနုဿေဟိ န ဟိံသကာ။

၈။ တံံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊

ဝတ္တေ အ,ဝတ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊ ကာယေ အ,ကာယေ၊ ဓာရဏေ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ။ ဧတေန သစ္စဝဇ္ဇနေ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဓာရဏသုတ် (မြန်မာပြန်)

၁။ မြတ်စွာဘုရားတို့၏ အသက်၏ ဘေးအန္တရယ်ကို တစ်စုံတစ်ယောက်သော သူသည် ပြုခြင်းငှာ မတတ်နိုင်။ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်း။

၂။ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီးသော အဖို့၌ နောင်လာလတ္တံသော အနာဂတ်အဖို့၌ ပစ္စုပ္ပန် မျက်မှောက် ဖြစ်သော အဖို့၌ အတားအဆီးအပိတ်အပင် မရှိသော ဉာဏ်တော်သည် ဖြစ်၏။

၃။ သုံးပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့်ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရားအား အလုံးစုံသော ကိုယ် နှုတ် နှလုံး ဖြင့်ပြု လုပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်။ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ဖြစ်၏။

၄။ ခြောက်ပါးကုန်သော ဤ ကျေးဇူးတရား တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သတ္တဝါတို့၏ အကျိုးစီးပွားကို ပြုလိုသော ဆန္ဒတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ တရားတော်ကို ဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ၌ လုံ့လဝီရိယတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာ သုံးပါးဖြင့် ရှုမှု ဉာဏ်တော်၏ ဆုတ်ယုတ်ခြင်းသည မရှိ။ စိတ်တည်ကြည်မှု သမာဓိတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော် မူခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။

၅။ တစ်ဆယ့်နှစ်ပါးကုန်သော ဤကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စံုံတော်မူသော မြတ်စွာဘုရားအား ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည် မရှိ။ သတိလွတ်၍ ချွတ်ယွင်းပြောဆိုခြင်းသည် မရှိ။

ဉာဏ်တော်ဖြင့်မတွေ့မထိ မသိအပ်သောတရားသည် မရှိ။ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် မရှိ။ သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် မရှိ။ ဉာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည် မရှိ။

တစ်ဆယ့် ရှစ်ပါးကုန်သော ဤ ကျေးဇူး တရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ခုနှစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။

၆။ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ိ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ကိုယ်ဖြင့်ပြုလုပ်သောမကောင်းမှု ” ကာယဒုစရိုက် ” နှုတ်ဖြင့်ပြုလုပ်သော ” ဝစီဒုစရိုက် “စိတ်ဖြင့် ပြုလုပ်သော” မနောဒုစရိုက် ” သည် မရှိ။

လွန်လေပြီးသော အဖို့ကာလ၊နောင်လာလတ္တံသော အဖို့ကာလ ၊မျက်မှောက်သော အဖို့ကာလ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံသော ကိုယ်၊နှုတ် ၊ စိတ် သုံးပါး ဖြင့်ပြုလုပ်သောအမှုသည် ဉာဏ်တော်လျှင် ရှေ့သွားမရိြှခင်းသည် မရှိ။

ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် မနှိုင်းယှဉ်အပ်။ တူမျြှခင်းလည်းမရှိ။ ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ မိုခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏၊

သံသရာဘေးကိုကြောက်ရွံသော သူတို့၏ အလွန်မြတ်သော အရံအတားဖြစ်၏။ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတားဖြစ်၏။

၇။ ချစ်သားအာနန္ဒာ ဤတန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏပရိတ်တော်ကိ ရွတ်ဆောင်လော့။ မှတ်သားလော့။ မေးမြန်းစူးစမ်း ဆင်ခြင်လော့။ ထိုသို့ ရွတ်ဆောင်မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သော သူ၏ ကိုယ်၌ မြွေနဂါး စသည်တို့၏ အဆိပ်သည် မကျရောက်နိုင်။

ရေ၌ မငြိတွယ် မနစ်မွန်းရာ။ မီးသည် မလောင်ကျွမ်းရာ။ အထူးထူး အပြားပြား များစွာသော ဘေးရန်တို့သည် မထိရောက်နိုင်ရာ။ မကောင်းကြံသောသူသည်လည်း မကြံနိုင်ရာ။

ရူးသွပ် ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ။ တွေဝေမိုက်မဲသောအနာလည်းမဖြစ်နိုင်ရာ။ လူတို့သည် လည်းကောင်း၊ ဘီလူးတို့သည် လည်းကောင်း မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။

၈။ ထိုဓာရဏပရိတ်တော်သည် အဘယ်သည်တို့နည်း ဟူမူကား စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ဘေးရန် အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်းပယ်ေ ဖျာက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။

နတ် ၊ သိကြား ၊ နဂါး ၊ ဂဠုန် ၊ ကုမ္ဘဏ် ၊ ဘီလူး ၊ ရက္ခုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နဲ့တူသော ဘုန်းတန်းခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသော သူဟုဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းတို့ကိုလည်း ပယ်ရှားတားမြစ်နိုင်၏။

ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ အမိဝမ်းတွင်း၌ ပိသန္ဇေ နေသော်လည်း အ,ခြင်း ၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရှုးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။ သစ်ပင် တောင်ကမ်း ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။

မရသေးသော စည်းစိမ်ချမ်းသာ ၊ ဥစ္စာရတနာ အပေါင်းတို့ကိုလည်း ရစေနိုင်၏။ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း တို့ကိုလည်း ကြီးကျယ်ပြန့်ပွားများစေ၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။

၉။ ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုေ ကုန်သော ဘုရားရှင်တို့သည် ဟောတော်မူအပ်ပြီ ။ မကောင်းသဖြင့် ကြံသော သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား ၊ လှံ ၊ လေး ၊ မြှား ၊ လက်နက် မီးပေါက်အမြှောက အစရှိသော ဘးတို့သည်လည်း မထိရောက်စေနိုင် ။

မန္တန်၊ မန္တရားဂါထာ၊ အင်းအိုင် တို့သည်လည်း ထက်မြက်စေနိုင်၏။ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်စေနိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုး တို့သည်လည်း မထိရောက်နိုင်။

ကြိုး၊ ထိပ်၊ သံခြေကျင်း ၊ ကပ်ဖိ၊ တွင်းလှောင်၊ ပင်းသကား၊ လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဤမှန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း သင့်အား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။

ဓာရဏပရိတ်တော် (ရွတ်ဖတ်ခြင်း၏အ ကျိုးကျေးဇူး) ဓာရဏသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွားများ သရဇ္ဈာယ်ပါက ဘေးရန် ကင်းရှင်းပါသည်။

အခြားသော ရန်သူ၊ မနာလိုသူများက ရန်ပြုခြင်း၊ ဆေးပါးခပ်ခြင်း အဆိပ်ခပ်ခြင်းတို့မှ ကင်းဝေးစေပါသည်။ မြွေ၊ ကင်းစသော အဆိပ်ပြင်းထန်သော သတ္တဝါတို့၏ ကိုက်ခဲ ရန်ပြုခြင်းဘေးမှ ကင်းဝေးစေပါသည်။

အန္တရာယ်ရန်အသွယ်သွယ်နှင့်ကပ်ရောဂါဘေးဘယာမှကင်းဝေးကြပါစေ…..

နက္ခတ္တဗေဒဆရာကျော်မျိုးလွင်

09420936117

Be the first to comment

Leave a Reply

Your email address will not be published.


*