လူတစ္ယာက္ကို အဓိက က်ရႈံးေစတဲ့ အေၾကာင္းတရားမ်ား

လူတစ္ယာက္ကို အဓိက က်ရႈံးေစတဲ့ အေၾကာင္းတရားမ်ား
လူတစ္ယာက္ကို အဓိက က်ရႈံးေစတဲ့ အေၾကာင္းတရားမ်ား

လူတစ္ယာက္ကို အဓိက က်ရႈံးေစတဲ့ အေၾကာင္းတရားမ်ား

ဟားဗတ္ တကၠသိုလ္က သုေတသန တစ္ခုျပဳ ခဲ့ပါ တယ္။ လူတစ္ေယာက္ ကို အဓိက က်႐ူံးေစတဲ့ အေၾကာင္ းတရားမ်ားဟာ ေအာက္ပါ အတိုင္းျဖစ္ ပါတယ္။

၁။ ခ်ီတုံခ်တံု ျဖစ္ျခင္း ( ၁၃ % )

ဘာကိုမွ ျပတ္ျပတ္သားသား မဆုံးျဖတ္ရဲ၊ ဟိုေယာင္ေယာင္၊ ဒီေယာင္ေယာင္၊ ဟိုဟာလုပ္ရင္ ေကာင္းနိူးနိူး၊ ဒီဟာလုပ္ရင္ ေကာင္းနိူးနိူးနဲ႕ အခ်ိန္ကုန္ အသက္ႀကီးသြားတဲ့ လူမ်ား တစ္ပုံႀကီးပါ။

မွားမွာေၾကာက္လို႔၊ ဆုံး႐ူံးမွာ ေၾကာက္လို႔ ဆိုတဲ့ စိတ္မ်ိဳးဟာ ခ်ီတုံခ်တုံကို ျဖစ္ေပၚ ေစ ပါတယ္။ ဘယ္အရာမဆို ၁၀၀% ေသခ်ာမွ လုပ္မယ္ ဆိုရင္ အခြင့္အေရး အဲဒီေနရာမွာ မရွိေတာ့ ပါဘူး။

၂။အခ်ိန္ဆြဲျခင္း ( ၉%)

လုပ္မယ္၊ လုပ္မယ္၊ မနက္ဖန္စမယ္ ဆိုၿပီး မၿပီးဆုံးနိုင္တဲ့ မနက္ဖန္ျဖစ္ေနရင္ အလုပ္မျဖစ္ေတာ့ပါဘူး။ ခဏမွ လုပ္မယ္။ နက္ဖန္မွ လုပ္မယ္။ ေနာက္တစ္ပတ္မွ စလိုက္မယ္ ဆိုတဲ့ အက်င့္မ်ိဳးဟာ လူတစ္ေယာက္ က်႐ူံးေစတဲ့ အဓိက အေၾကာင္းအရာ ထဲမွာ ပါပါ တယ္။

၃။ေကာက္ရိုးမီး အက်င့္ ( ၈%)

ဘာပဲလုပ္လုပ္ အစပဲေကာင္းၿပီး အဆုံးမရွိတာမ်ိဳး၊ စာတစ္အုပ္ဖတ္ေတာ့မယ္လို႔ ေသေသခ်ာခ်ာ ဆုံးျဖတ္ၿပီး ပထမပိုင္း ၁၀ မ်က္နာေတာင္ ၿပီးေအာင္ မဖတ္႐ူ႕ နိုင္တဲ့ အက်င့္မ်ိဳး ျဖစ္ပါတယ္။ သိပ္ဝေနၿပီ၊ ဝိတ္ခ်ေတာ့မယ္။

အစတုန္းကေတာ့ ဟုတ္မလိုလိုပဲ၊ ေနာင္ေတာ့ အဖ်ားရႉးသြားတယ္။ ခ်ေလဝေလ ျဖစ္သြားတယ္။ လုပ္ငန္းတစ္ခု စလုပ္တယ္။ အစေတာ့ အားတက္တေရာ၊ စိတ္ေရာ ကိုယ္ပါ ႀကိဳးစား ပါတယ္။ အလုပ္ေတာင္ေကာင္းေကာင္း မျဖစ္ေသးဘူး၊ အဖ်ားရႉး သြားတာ မ်ိဳးကို ဆိုလို ပါတယ္။

၄။သူမ်ားျငင္းဆိုမူကို ေၾကာက္႐ႊံ႕ ျခင္း ( ၇%)

ကိုယ္ခ်စ္မိတဲ့သူ ျငင္းဆိုမွာ ေၾကာက္လို႔ ရည္းစားစကားမေျပာရဲတဲ့လူဟာ ကိုယ္ခ်စ္တဲ့လူ အျခားလူနဲ႕ ညားသြားတဲ့ အခါက်မွ အႀကီးအက်ယ္ အသဲကြဲ ရတတ္ ပါတယ္။

အလုပ္အကိုင္၊ အခြင့္အေရးေတြလည္း ဒီလိုပါပဲ။ ကိုယ္စေတာင္ မစရေသးဘူး၊ သူမ်ားျငင္း ဆိုမယ္ ဆိုတာကို စိုးရိမ္ေနရင္ ဘယ္ေတာ့မွ မစျဖစ္ေတာ့ ပါဘူး။

၅။မိမိကိုယ္မိမိ ေဘာင္ခတ္ျခင္း ( ၆% )

ဆိုပါစို႔၊ ဒီအလုပ္ဟာ အလုပ္ျဖစ္နိုင္တယ္။ လုပ္ကိုင္ဖို႔ အခြင့္အေရး လည္းရွိတယ္။ ဒါေပမဲ့ ကိုယ့္မိသားစုရဲ႕ ဂုဏ္ကို ငွဲ႕လို႔ မလုပ္ျဖစ္ တဲ့လူေတြ အမ်ားႀကီးေတြ႕ဖူး ပါတယ္။ ဒါ ဂုဏ္ငယ္မွာေၾကာက္လို႔ ကိုယ့္ေဘာင္ကို ကိုယ္ျပန္ခတ္ မိတာျဖစ္တယ္။

ဟိုအလုပ္မလုပ္နိုင္ဘူး၊ ဘာေၾကာင့္၊ ဒီအလုပ္ မလုပ္ ခ်င္ဘူး၊ ဘာေၾကာင့္ ဆိုၿပီး ကိုယ့္ကိုယ္ကို ေဘာင္ခတ္တာ အမ်ားႀကီး ရွိပါေသး တယ္။

၆။အျဖစ္မွန္ကို ရင္မဆိုင္လိုျခင္း ( ၇%)

လက္ေတြ႕မက်တဲ့လူကို ဆိုလိုတာပါ။ စိတ္ကူးယာဥ္ ဆန္လြန္းၿပီး ကိုယ့္စိတ္ကူးယာဥ္ထဲမွာပဲ ေက်နပ္ေနတတ္တဲ့ လူစားမ်ိဳးကို ဆိုလို တာပါ။ ဘာမဆို အလကား လိုခ်င္တယ္။

အလုပ္ေကာင္းေအာင္ထက္ ကံေကာင္းေအာင္ပဲ အားထုတ္ေန တတ္တယ္။ အခ်ိန္ရွိတိုင္း ထီပဲေပါက္ေန ခ်င္ တယ္။ ေန႕ခ်င္းညခ်င္း ခ်မ္းသာ ခ်င္တယ္။

၇။ဆင္ေျခမ်ားလြန္းျခင္း ( ၂၂ % )

ဆင္ေျခမ်ားလြန္းျခင္း၊ အေၾကာင္းျပခ်က္မ်ားလြန္းျခင္း ဟာ ဘ၀ဆုံး႐ူံးေစတဲ့ အေၾကာင္းရင္းထဲမွာ ၂၂% ေတာင္ပါ၀င္ပါတယ္။ သူတို႔ဟာ အလုပ္ကို စိတ္ႏွစ္ကိုယ္ႏွစ္ မလုပ္ကိုင္ တတ္ပါ။ ဘာပဲအားနည္းခ်က္ေတြ႕ေတြ႕ သူတို႔မွာ အေၾကာင္းျပခ်က္ အျပည့္အစုံ အၿမဲရွိေန တတ္တယ္။

လုပ္ေဖၚကိုင္ဘက္ေၾကာင့္၊ အလုပ္ရွင္ေၾကာင့္၊ ေခတ္စနစ္ေၾကင့္၊ မိဘမ်ားေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္၊ အစိုးရ ေၾကာင့္၊ သူတို ႔ဆုံး႐ူံးရ တယ္လို႔ပဲ သူတို႔ ယူဆၾက ပါတယ္။ သူတို႔ကို သူတို႔ ဘယ္ေသာအခါမွ မစမ္းစစ္ပါ။

၈။ သင္ယူရန္ ျငင္းဆန္ျခင္း ( ၁၁ % )

သင္ယူတယ္ဆိုတာ ပင္ပမ္းရ ပါတယ္။ အားထုတ္ ရပါတယ္။ ဦးေနာက္သုံး ရပါတယ္။ သူတို႔ဟာ ဘာပဲလုပ္လုပ္၊ ဘယ္မွာပဲလုပ္လုပ္၊ အလုပ္ကို ၿပီးေအာင္သာ လုပ္ပါတယ္။ ၀တ္ေက်တန္းေက် လုပ္ပါတယ္။ အျပစ္တင္လြတ္ေအာင္သာ လုပ္ပါ တယ္။

ဘယ္အလုပ္မဆို သင္ယူနိုင္တဲ့ အခြင့္အေရး ရွိတယ္ဆိုတာ သူတို႔ မသိၾက ပါ။ သိရင္လည္း မလုပ္လိုၾကပါ။ အလုပ္အားရင္ သက္ေတာင့္ သက္သာနဲ႕ လက္ကိုင္ ဖုန္းေဆာ့ေနၾက ပါတယ္။ လၻက္ရည္ဆိုင္ထိုင္ၾကပါတယ္။ စကားေျပာေနၾက ပါတယ္။

Credit
ေလးစားစြာျဖင့္
Unicode

လူတစ်ယာက်ကို အဓိက ကျရှုံးစေတဲ့ အကြောင်းတရားများ📙

ဟားဗတ် တက္ကသိုလ်က သုတေသန တစ်ခုပြု ခဲ့ပါ တယ်။ လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင် းတရားများဟာ အောက်ပါ အတိုင်းဖြစ် ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများ တစ်ပုံကြီးပါ။

မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့ စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေ ပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ် ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ ပါဘူး။

၂။အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှ လုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာ ထဲမှာ ပါပါ တယ်။

၃။ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။

အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရော ကိုယ်ပါ ကြိုးစား ပါတယ်။ အလုပ်တောင်ကောင်းကောင်း မဖြစ်သေးဘူး၊ အဖျားရှူး သွားတာ မျိုးကို ဆိုလို ပါတယ်။

၄။သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲ ရတတ် ပါတယ်။

အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်း ဆိုမယ် ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ ပါဘူး။

၅။မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ် တဲ့လူတွေ အများကြီးတွေ့ဖူး ပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ် မိတာဖြစ်တယ်။

ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ် မလုပ် ချင်ဘူး၊ ဘာကြောင့် ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီး ရှိပါသေး တယ်။

၆။အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ် ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလို တာပါ။ ဘာမဆို အလကား လိုချင်တယ်။

အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေ တတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေ ချင် တယ်။ နေ့ချင်းညချင်း ချမ်းသာ ချင်တယ်။

၇။ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင် တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေ တတ်တယ်။

လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရ တယ်လို့ပဲ သူတို့ ယူဆကြ ပါတယ်။ သူတို့ကို သူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )

သင်ယူတယ်ဆိုတာ ပင်ပမ်းရ ပါတယ်။ အားထုတ် ရပါတယ်။ ဦးနောက်သုံး ရပါတယ်။ သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာ လုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါ တယ်။

ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြ ပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့် သက်သာနဲ့ လက်ကိုင် ဖုန်းဆော့နေကြ ပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြ ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*