ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ (အရမ်းမှန်တဲ့ စာသားတွေ)
ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ (အရမ်းမှန်တဲ့ စာသားတွေ)
ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ (အရမ်းမှန်တဲ့ စာသားတွေ)
ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ (အရမ်းမှန်တဲ့ စာသားတွေ)
Crd သူမ
Unicode
ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ
ဒီ ကပ်ကြီး ပြီးသွားတဲ့အခါ
ရှုံးချိန်မှီအောင် ပြေးရတဲ့ မနက်ခင်းတွေဟာ ပိုပြီး အဓိပ္ပာယ် ရှိလာမယ်။
စိတ်ဖိစီး မှုတွေကြောင့် တစ်ခါတစ်လေ ရှောင်ပြေး ချင်ပေမယ့် နေ့တိုင်း သွားနေရ တဲ့ ရုံး က ခုမှ ပိုပြီး သက်ဝင်လှုပ်ရှား လာ မယ် ။
လုပ်ဖော် ကိုင်ဖက်တွေနဲ့ အတူဝိုင်းဖွဲ့ စားတဲ့ နေ့လည် စာလေးဟာ ပိုပြီ းဖွယ်ဖွယ်ရာရာ ရှိ လိမ့် မယ် ။
ရုံးအပြီး ဈေးထဲဝင်ပြီး ဟိုဟို ဒီဒီ မွှေနှောက် လျှောက်ကြည့် အသီးအရွက်တွေ ဝယ်ရ တာက တစ်မျိုး အရသာ ရှိ လိမ့် မယ် ။
သွားဖို့ ခဏခဏ ကိုယ့်ကိုယ်ကို တွန်းရတဲ့ gym ကလည်း တကယ်ဆို ပျော်စရာကြီး ပါ လို့ ထင်လာမယ်။
အပေါင်းအသင်းတွေနဲ့ TGIF တို့၊ ချစ်သူနဲ့ weekends getaway တို့ က လည်း ပိုပြီး ချိုမြိန် လာပါ လိမ့်မယ်။
ဘယ်သူမှ မပါဘဲ ကိုယ်တစ်ယောက်တည်း ကြိုက်တတ် တဲ့ အစားအသောက်လေးတွေ လျှောက်စားရတာ၊ အင်းလျားက န်ဘောင်မှာ ညနေခင်း လေ့ကျင့်ခန်း လုပ်ရတာ၊
ကော်ဖီဆိုင်တစ်ဆိုင်မှာ တစ်ယောက်တည်း ထိုင်ပြီး လမ်းပေါ်ကို ငေးကြည့်ရတာ တွေက ပျော်စရာ လိုလို ဖြစ် လာ လိမ့် မယ် ။
မှတ်မိသေးလား? အရမ်း ပင်ပန်းတဲ့ အခါ ကျမ တို့ တောင်း တ ဖူး တယ် ။
“တစ်ရက်လောက်တော့ အိမ်မှာ နား ပါ ရစေ။”
“ဘာမှ မလုပ်ဘဲ ခဏလောက် ဒီအတိုင်းနေလို့ မရ ဘူးလား။”
“တစ်နာရီလောက် ပိုအိပ် ပါရစေ။”
ခု ဒီအခွင့်အရေးတွေကို ရနေ ပါ တယ် ။ ဒီလိုပဲ တစ်ချိန်မှာ ပြန်ပြီး ဒီအတွေ့အကြုံလေးကိုပဲ လွမ်းလို့ပါလို့ ဖြစ်လာ အုံးမှာ ပါ။
ပုံမှန်ဘဝကြီးထဲ ရိုးအီလာခဲ့တဲ့ ကျမ တို့ဟာ ရိုးရှင်းတဲ့ ကျမ တို့ရဲ့ နေ့စဉ် ဘဝလေးတွေကိုပဲ ပြန်ပြီး တန်ဖိုးထားလာမယ်၊ မမြဲတဲ့ လောကကြီးမှာ ကိုယ့်ဘဝထဲ ကျန်နေပေးဖို့ ရွေးချယ်ခဲ့တဲ့ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ်ချစ်ရတဲ့ သူတွေ ကို ပိုပြီး မေတ္တာထ ားတတ် လာ လိမ့်မယ်၊ မမြဲခြင်းတရား ကို လက်ခံလာပါလိမ့်မယ်။
ကျမ လည်း တရှိုက်မက်မက် စာတွေ ဆက်ရေးပါ့မယ်။ ကျမ တို့အားလုံး အဆင်ပြေကြမှာပါ။
ပျော်ရွှင်စရာ နှစ်သစ်မနက်ခင်း ပါရှင်
အတူတူ ရှင်သန်ကြပါစို့။
Crd သူမ
Be the first to comment
Leave a Reply
Your email address will not be published.
*