ပါခ်ဳပ္ဆရာေတာ္ၾကီး၏ ႏွွစ္ဦးကာလ ဓမၼလက္ေဆာင္

ပါခ်ဳပ္ဆရာေတာ္ၾကီး၏ ႏွွစ္ဦးကာလ ဓမၼလက္ေဆာင္
ပါခ်ဳပ္ဆရာေတာ္ၾကီး၏ ႏွွစ္ဦးကာလ ဓမၼလက္ေဆာင္

ပါခ်ဳပ္ဆရာေတာ္ၾကီး၏ ႏွွစ္ဦးကာလ ဓမၼလက္ေဆာင္

ႏွွစ္ဦးကာလ ဓမၼလက္ေဆာင္

နွစ္သစ္မွာ ေသာက အပူဟူသမွ် ကင္းစင္ လြင့္္ေပ်ာက္၍ ကိုယ္စိတ္နွစ္ပါးေအးခ်မ္း သာယာရွိၾကပါေစ။

ကမၻာေလာကႀကီးမွာ ေန႔စဥ္ႏွင့္အမွ် လူေတြ ေသဆံုးေန ၾကတယ္။ မိမိိေဆြ မ်ဳိးသားခ်င္း မိမိခ်စ္ခင္တဲ့သူ မဟုတ္လို႔ ရွိရင္ ဘယ္သူမွ မငိုၾက ပါဘူး။ စိတ္ထဲမွာလည္း မတုန္လႈပ္ ၾကပါဘူး။

ေအး ကိုိယ္တြယ္တာတဲ့ ပုဂိၢဳလ္တစ္ဦး ဆိုရင္ ရင္ဘတ္စည္တီး ႐ႈိက္ႀကီး တငင္္ ငိုၾက ရတယ္။ ဘာျဖစ္လို႔တံုးဆိုရင္ အဲဒါ တြယ္တာမႈ။ တြြယ္တာမ ႈရွိတဲ့ေနရာမွာ ေသာက လာတယ္ ဆိုတာ အင္မတန္မွ ထင္ရွားပါတယ္။

လူေတြကေတာ့ ေသာကကင္းေဝးေနႏိုိင္ေရး ဆိုၿပီးေတာ့ ပိုက္ဆံရွိရင္ ေသာက ကင္းလိိမ့္မယ္၊ သားသမီးေတြရွိရင္ ေသာကကင္း လိမ့္မယ္၊ အရာရာျပည့္စံုရင္ ေသာကကင္း လိမ့္မယ္လို ႔ထင္တာ။

မဟုတ္ဘူး၊ ပိုက္ဆံရွိေလေလ ေသာကမ်ားေလေလ၊ သားသမီးမ်ားေလေလ ေသာကမ်ားေလေလ၊ အလုပ္ေတြခ်ဲ႕ေလေလ ေသာက မ်ားေလေလ ပဲ။ ဘာျဖစ္လို ႔တံုးဆို အတြယ္အတာေတြ မ်ားလာ တာကိုး။ အတြယ္အတာေတြ မ်ားေလေလ ေသာကမ်ားေလေလ။ အဲဒီလို သိတာဟာ ပညာလိုိ႔ေခၚတယ္။

ေသာက ဘယ္ကစ သလဲ၊ ခ်စ္ခင္မႈက စတယ္။”ဝိယေတာ ဇာယေတ ေသာေကာ”ျမတ္စြာဘုရားက ေသာကဆိုတဲ့ တရားဟာ “ဝိယေတာ ဇာယေတ” ခ်စ္ခင္မႈက အစပ်ဳိး လာတာ ပါ။

ေအး ဒါေၾကာင့္ မိုိ႔လို႔ တရားဓမၼနဲ႔ ပတ္သက္ၿပီးေတာ့ အခုလိုိသိ၊ ေသာက ကင္းၿပီးေတာ့ ေနခ်င္တယ္ဆိုရင္ ဘာလုပ္ရ မလဲ။ တြယ္တာမႈ၊ ခ်စ္ခင္မႈကို ေလွ်ာ့ရ မယ္။

တဏွာကို ေလွ်ာ့ရ မယ္။ တဏွာမေလွ်ာ့ဘဲနဲ႔ ေသာကကို ကင္းေအာင္လုပ္လို႔ မရပါဘူးတဲ့။ ေသာကကင္းတဲ့ဘဝမ်ဳိးကို မေနႏိုင္ ပါဘူး။

ဗုုဒၶျမတ္စြာရဲ႕ တရားဓမၼေတြဟာ အေၾကာင္းနဲ႔အက်ဳိးကိုိ ေဟာတာျဖစ္လို႔ လူ႔ေလာကမွာ ေကာင္းက်ဳိးခ်မ္းသာရဖို႔ ေမွ်ာ္လင့္ ၾကတယ္။ ခုနကေျပာတဲ့ လူ႔ရဲ႕ေမွ်ာ္လင့္ ခ်က္ေတြ။

ထိုေမွ်ာ္လင့္ခ်က္ေတြ ျပည့္ဝဖို႔အတြက္က စီးပြားဥစၥာ တိုးတက္ခ်င္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊ ဂုဏ္သတင္းေက်ာ္ၾကားခ်င္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊ က်န္းမာၿပီးေတာ့ အသက္ရွည္ခ်င္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊

ဒီဘဝကုန္ဆံုးလို႔ ေနာက္ဘဝ ေရာက္တဲ့အခါမွာလည္း ေကာင္းရာသုဂတိကို ရခ်င္တယ္ဆိုတဲ့ လူ႔ရဲ႕ေမွ်ာ္လင့္ခ်က္၊ ဒီီေမွ်ာ္လင့္ခ်က္ေလးမ်ဳိးသည္ “အတၱသမၼာပဏိိဓိ” လို႔ေခၚတဲ့ သဒၶါတရားနဲ႔ျပည့္စံုမႈ၊

ကိုယ္က်င့္တရားကို အေျခခံမႈ၊ “စာဂသမၸဒါ” စာဂနဲ႔ ျပည့္စံုမႈ၊ “ပညာသမၸဒါ” အသိပညာ ဉာဏ္ပညာနဲ႔ ျပည့္စံုမႈဆိုတဲ့ ဒီ အေၾကာင္းေလးမ်ဳိးကင္းၿပီးေတာ့ ခုနက ေမွ်ာ္လင့္ခ်က္ေတြ မေအာင္ျမင္ႏိုင္ပါဘူး။

အခုေျပာခဲ့တဲ့ သဒၶါတို႔၊ သီလတို႔၊ စာဂတို႔၊ ပညာတို႔ိဆိုတဲ့ အေရးပါတဲ့ အေျခအေနေကာင္းေတြကို မဖန္တီးႏိုင္ဘူး ဆိုလို႔ရွိရင္ ႏွစ္သစ္ကူး အခါသမယမွာ လူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ ျဖစ္လာမွာ မဟုတ္ပါဘူး။ ေမွ်ာ္လင့္ခ်က္ေတြဟာ ျဖစ္ၿပီးေတာ့ မလာႏိုင္ ပါဘူး။

ႏွစ္သစ္ကူးတိုင္း ကူးတိုိင္း လူေတြဟာ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးထြားၿပီးေတာ့ လာၾကတယ္။ ႏွစ္ေဟာင္းကထက္္ လာမယ့္ႏွစ္က ပိုေကာင္းလာ လိမ့္မယ္လို႔ စိတ္ထဲမွာ ေမွ်ာ္လင့္ လာၾက တယ္။ သို႔ေသာ္ ကိုယ္က အေျခအေနေတြ ပိုေကာင္းေအာင္ လုပ္မလာဘူး ဆိုလို ႔ရွိရင္ေတာ့ ပိုေကာင္းလာဖို ႔ဆိုတာ မျဖစ္ႏိုင္ဘူး။

ႏွွစ္သစ္အခါသမယမွာ ပိုၿပီး ေကာင္းလာေစခ်င္လို ႔ရွိိရင္ ပိုၿပီး သဒၶါတရားေတြ ေကာင္းလာေအာင္၊ ပိုၿပီး ကိုယ္က်င့္တရားေတြ လံုၿခံဳလာေအာင္၊ ပိုၿပီး စြန္႔လႊတ္မႈေတြ ခိုင္မာ လာလာေအာင္၊ ပိုၿပီး အသိဉာဏ္ေတြ ၾကြယ္ဝ လာေအာင္ လုပ္ဖို ႔လိုပါ တယ္။

အဲဒီ အေၾကာင္းတရားေတြ ျပည့္စံုမွသာလွ်င္ မိမိတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ခ်မ္းသာသုခေတြ၊ မဂၤလာအေပါင္းနဲ႔ ျပည့္စံုပါေစဆိုတဲ့ ဆုေတာင္းေတြ၊ ေတာင္းဆို မႈေတြဟာ တစ္လံုးတစ္ဝႀကီး ျဖစ္လာမွာပါ။

ပါခ်ဳပ္ဆရာေတာ္ႀကီး

Unicode

ပါချုပ်ဆရာတော်ကြီး၏ နှစ်ဦးကာလ ဓမ္မလက်ဆောင်

နှစ်ဦးကာလ ဓမ္မလက်ဆောင်

နှစ်သစ်မှာ သောက အပူဟူသမျှ ကင်းစင် လွင့်ပျောက်၍ ကိုယ်စိတ်နှစ်ပါးအေးချမ်း သာယာရှိကြပါစေ။

ကမ္ဘာလောကကြီးမှာ နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေ ကြတယ်။ မိမိဆွေ မျိုးသားချင်း မိမိချစ်ခင်တဲ့သူ မဟုတ်လို့ ရှိရင် ဘယ်သူမှ မငိုကြ ပါဘူး။ စိတ်ထဲမှာလည်း မတုန်လှုပ် ကြပါဘူး။

အေး ကိုယ်တွယ်တာတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆိုရင် ရင်ဘတ်စည်တီး ရှိုက်ကြီး တငင် ငိုကြ ရတယ်။ ဘာဖြစ်လို့တုံးဆိုရင် အဲဒါ တွယ်တာမှု။ တွယ်တာမ ှုရှိတဲ့နေရာမှာ သောက လာတယ် ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။

လူတွေကတော့ သောကကင်းဝေးနေနိုင်ရေး ဆိုပြီးတော့ ပိုက်ဆံရှိရင် သောက ကင်းလိမ့်မယ်၊ သားသမီးတွေရှိရင် သောကကင်း လိမ့်မယ်၊ အရာရာပြည့်စုံရင် သောကကင်း လိမ့်မယ်လို့ထင်တာ။

မဟုတ်ဘူး၊ ပိုက်ဆံရှိလေလေ သောကများလေလေ၊ သားသမီးများလေလေ သောကများလေလေ၊ အလုပ်တွေချဲ့လေလေ သောက များလေလေ ပဲ။ ဘာဖြစ်လို့တုံးဆို အတွယ်အတာတွေ များလာ တာကိုး။ အတွယ်အတာတွေ များလေလေ သောကများလေလေ။ အဲဒီလို သိတာဟာ ပညာလို့ခေါ်တယ်။

သောက ဘယ်ကစ သလဲ၊ ချစ်ခင်မှုက စတယ်။”ဝိယတော ဇာယတေ သောကော”မြတ်စွာဘုရားက သောကဆိုတဲ့ တရားဟာ “ဝိယတော ဇာယတေ” ချစ်ခင်မှုက အစပျိုး လာတာ ပါ။

အေး ဒါကြောင့် မို့လို့ တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အခုလိုသိ၊ သောက ကင်းပြီးတော့ နေချင်တယ်ဆိုရင် ဘာလုပ်ရ မလဲ။ တွယ်တာမှု၊ ချစ်ခင်မှုကို လျှော့ရ မယ်။

တဏှာကို လျှော့ရ မယ်။ တဏှာမလျှော့ဘဲနဲ့ သောကကို ကင်းအောင်လုပ်လို့ မရပါဘူးတဲ့။ သောကကင်းတဲ့ဘဝမျိုးကို မနေနိုင် ပါဘူး။

ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေဟာ အကြောင်းနဲ့အကျိုးကို ဟောတာဖြစ်လို့ လူ့လောကမှာ ကောင်းကျိုးချမ်းသာရဖို့ မျှော်လင့် ကြတယ်။ ခုနကပြောတဲ့ လူ့ရဲ့မျှော်လင့် ချက်တွေ။

ထိုမျှော်လင့်ချက်တွေ ပြည့်ဝဖို့အတွက်က စီးပွားဥစ္စာ တိုးတက်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ဂုဏ်သတင်းကျော်ကြားချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကျန်းမာပြီးတော့ အသက်ရှည်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်၊

ဒီဘဝကုန်ဆုံးလို့ နောက်ဘဝ ရောက်တဲ့အခါမှာလည်း ကောင်းရာသုဂတိကို ရချင်တယ်ဆိုတဲ့ လူ့ရဲ့မျှော်လင့်ချက်၊ ဒီမျှော်လင့်ချက်လေးမျိုးသည် “အတ္တသမ္မာပဏိဓိ” လို့ခေါ်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံမှု၊

ကိုယ်ကျင့်တရားကို အခြေခံမှု၊ “စာဂသမ္ပဒါ” စာဂနဲ့ ပြည့်စုံမှု၊ “ပညာသမ္ပဒါ” အသိပညာ ဉာဏ်ပညာနဲ့ ပြည့်စုံမှုဆိုတဲ့ ဒီ အကြောင်းလေးမျိုးကင်းပြီးတော့ ခုနက မျှော်လင့်ချက်တွေ မအောင်မြင်နိုင်ပါဘူး။

အခုပြောခဲ့တဲ့ သဒ္ဓါတို့၊ သီလတို့၊ စာဂတို့၊ ပညာတို့ိဆိုတဲ့ အရေးပါတဲ့ အခြေအနေကောင်းတွေကို မဖန်တီးနိုင်ဘူး ဆိုလို့ရှိရင် နှစ်သစ်ကူး အခါသမယမှာ လူတွေရဲ့ မျှော်လင့်ချက်ဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်တွေဟာ ဖြစ်ပြီးတော့ မလာနိုင် ပါဘူး။

နှစ်သစ်ကူးတိုင်း ကူးတိုင်း လူတွေဟာ မျှော်လင့်ချက်တွေ ကြီးထွားပြီးတော့ လာကြတယ်။ နှစ်ဟောင်းကထက် လာမယ့်နှစ်က ပိုကောင်းလာ လိမ့်မယ်လို့ စိတ်ထဲမှာ မျှော်လင့် လာကြ တယ်။ သို့သော် ကိုယ်က အခြေအနေတွေ ပိုကောင်းအောင် လုပ်မလာဘူး ဆိုလို့ရှိရင်တော့ ပိုကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

နှစ်သစ်အခါသမယမှာ ပိုပြီး ကောင်းလာစေချင်လို့ရှိရင် ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာအောင်၊ ပိုပြီး ကိုယ်ကျင့်တရားတွေ လုံခြုံလာအောင်၊ ပိုပြီး စွန့်လွှတ်မှုတွေ ခိုင်မာ လာလာအောင်၊ ပိုပြီး အသိဉာဏ်တွေ ကြွယ်ဝ လာအောင် လုပ်ဖို့လိုပါ တယ်။

အဲဒီ အကြောင်းတရားတွေ ပြည့်စုံမှသာလျှင် မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ၊ တောင်းဆို မှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ။

ပါချုပ်ဆရာတော်ကြီး

Be the first to comment

Leave a Reply

Your email address will not be published.


*