ကံကံ၏အက်ိဳး ႏွင့္ ၀ဋ္ဆိုတာ

ကံကံ၏အက်ိဳး ႏွင့္ ၀ဋ္ဆိုတာ
ကံကံ၏အက်ိဳး ႏွင့္ ၀ဋ္ဆိုတာ

ကံကံ၏အက်ိဳး ႏွင့္ ၀ဋ္ဆိုတာ

၀ဋ္ဆိုတာ လည္တတ္ တယ္ ဆိုတာ လက္ခံ ပါသလား။

တစ္ေန႔ ့တစ္ေန ့ကိုယ္လုပ္ ခဲ့တဲ့ အလုပ္ေတြ ထဲမွာ သူတပါးေပၚ မေကာင္းၾကံ မိခဲ့ တာေလးေတြ သိလို ့ပဲျဖစ္ေစ၊ မသိလိုက္ ပဲျဖစ္ေစရွိ ေနတတ္ ပါတယ္။

ကာယကံ၊ ၀ီစီကံ၊ မေနာ ကံဆုိတဲ့ ကံသံုးပါးမွာ မေနာကံေျမာက္ ကာယကံနဲ ့၊ မေနာကံေျမာက္ ၀ီစီကံတို ့ဟာေျကာက္ဖို ့အေကာင္းဆံုးပါ။ ဒါေျကာင့္ အမွဳတမွဳ ကိုဆံုးျဖတ္ေတာ့မယ္ ဆိုရင္ေတာင္ ျကိုတင္ျကံစည္မွဳဆိုတာ ပိုျပီးျကီးေလး တတ္ပါတယ္။

ေျပာခ်င္တာကေတာ့ ဘယ္အမွဳ ကိုပဲ ျပဳျပဳပါ။ စိတ္ပါ လက္ပါနဲ ့ သူတပါးကို မေကာင္းမျကံမိ ပါေစနဲ ့။ သိပ္ေျကာက္ဖို ့ ေကာင္းပါ တယ္။ ကံဆိုတာ အလုပ္ပါ ကိုျပဳ ခဲ့တဲ့ အလုပ္ေပၚ မူတည္ျပီး တခ်ိန္ကိုပဲျပန္ခံစား၊ စံစား ရမွာပါ။ အဲ့ေတာ့ ကိုဘယ္လမ္း ေလ်ာက္ခဲ့ဲလဲ ကိုယ္ေလ်ာက္ ခဲ့တဲ့ လမ္းကို ပဲေရာက္မွာပါ။

ဒါက နိယာမ တခုပါပဲ ဆိုတာ မေမ့ဖို ့လို ပါတယ္။ လူေပၚလူေဇာ္ လုပ္ျပီး ကိုယ္ကေကာင္း စားသြားေတာ့ေကာ ကိုယ္၏ ခ်မ္းသာျခင္းေတာ့ ျပည့္စံုမယ္၊ စိတ္၏ ခ်မ္းသာျခင္း မျပည့္စံုဘူးဆို တာသင္တို ့လက္ခံလား။

တူေသာ အက်ိဳးေပးဆိုတာ ျမင္တတ္ ရင္ေတြ ့ပါတယ္။ ကိုယ္ေတြ ့ေကာ၊ ပတ္၀န္းက်င္မွာပါ ရွိေနတာပါ။ ယုတ္စြအဆံုး တိရိစာၦန္ ေလးေတြ အေပၚမွာ မတရား လုပ္မိခဲ့ရင္ေတာင္ ၀ဋ္လိုက္ တတ္ပါ တယ္။

ငယ္ငယ္က အဖိုးေတြ အဖြားေတြ ေျပာေနတဲ့ စကားတခြန္းေပါ့။ အယ္ဒီ ေကာင္ေလးေတာ့ ၀ဋ္လိုက္ ေတာ့မွာပဲ ဆိုတာေလ။ ၀ဋ္မွာအျမဲ ငရဲမွာအပပါ။ ငရဲ ဆိုတာ ကိုယ္ျပဳခဲ့တဲ့ ကုသိုလ္ အဟုန္ျကီးေန ရင္ ေတာင္လြတ္နိုင္ ပါေသးတယ္။

ေက်ာ္သြားနိုင္ ပါေသးတယ္။ ၀ဋ္ဆို တာေတာ့ မိမိ သံသရာ တေလ်ာက္ နိဗၺာန္ မေရာက္ခင္ စပ္ျကား အျကား အလပ္မရွိ လိုက္လာ တတ္တာပါ။

တန္ခိုးေတာ္အရာမွာ ဧတဒဂ္ ဘြဲ ့ရေတာ္မူထားတဲ့ ရွင္ေမာဂၢလန္ ရဟႏာၱ ကိုယ္ေတာ္ျမတ္ျကီးေတာင္ ၀ဋ္ကို မေက်ာ္နိုင္ သြားပါ ဘူး။ ပရိနိဗၺာန္ စံခါနီး ဒိဌိ ေတြလႊတ္လိုက္တဲ ့ လူမိုက္ငါးရာရဲ့ ရိုက္နွက္မွဳနဲ ပရိနိဗၺာန္ ျပဳခဲ့ ရတာပါ။

တန္ခိုးေတာ္ နဲ ့ဒီဟာကို ေရွာင္လႊဲလို ့ရရဲ့သားနဲ ့ ျပဳခဲ့ဖူးတဲ့ အမူကိုဆင္ျခင္ျပီး ဒီ၀ဋ္ ကိုျပန္လည္ေပးဆပ္ခဲ့ တာပါ။ အတိတ္ဘ၀ တခုတုန္း က မယားရဲ့ အလိုဆႏၵကို

လိုက္ကာ မ်က္မျမင္ မိခင္ဖခင္တို ့ကို ေတာထဲေခၚကာ ခိုးသားျကီး ေယာင္ေဆာင္ျပီး ရိုက္နွက္ခဲ့ ဖူးတဲ့ အတိတ္၀ဋ္ေျကြးေျကာင့္ပါ။

၀ဋ္ေျကြးကို ျမတ္ဗုဒၶ ဘုရားရွင္ေတာင္ ေရွာင္လႊဲလို ့မရခဲ့ပါဘူး။ တခုေသာ ဘ၀တြင္ ညီငယ္နွင့္စည္းစိမ္ ခြဲရာတြင္ ခိုင္ရန္ျဖစ္ပြားျပီး ညီငယ္အားေက်ာက္ျဖင့္ ထုသတ္

ခဲ့ဖူးေသာ အတိတ္ကံ၊ ပေစၥကဗုဒၶာ အား ကေလး ဘ၀တခုတြင္ ေျခမေတာ္ကို ေက်ာက္ျဖင့္ အပ်ာ္သေဘာ ျပစ္ခတ္ခဲ့ဖူးတဲ့ အတိတ္ကံ၊

ပေဒသရာဇ္မင္း ဘ၀တခုတြင္ လူယုတ္မာနွင့္ ေပါင္းမိသျဖင့္ အျပစ္မရွိသူအား ဓါးျဖင့္ခြဲစိတ္ခဲ့ဖူးတဲ့ အတိတ္ကံ တို ့ေျကာင့္ ဗုဒၶဘုရားရွင္ ျဖစ္ေတာ္ မူေသာ အခါ ေဒ၀ဒတ္၏ ေက်ာက္ေမာင္းဆင္ လုပ္ျကံမွဳ ကိုခံရျခင္း၊

ထိုမွေက်ာက္လႊာတခု ပဲ့စင္၍ ေျခမေတာ္၌ ေသြးစိမ္း တည္ျခင္း၊ ၄င္းဒါဏ္ရာ ကိုေဆးဆရာ ဇိ၀က က ဓါးျဖင့္ခြဲစိပ္ ကုသတာကို ခံရျခင္း စတဲ့ ၀ဋ္ေျကြးေတြကို အစဥ္ လိုက္ျပန္လည္ ေပးဆပ္ရ ပါတယ္။

ဒါေျကာင့္ က်ေတာ္တို လို ပုတုဇဥ္မ်ား အတြက္ေတာ့ အထူးသတိထား စရာပါ။ ၀ဋ္ဆိုတာ သူကေတာ့ ရဟႏာၱ၊ သူကေတာ့ ဘုရားရွင္ ျဖစ္တယ္ ဆိုျပီး မ်က္နွာ လိုက္ရိုး ထံုးစံ မရွိပါ။ ဒါေျကာင့္ မိမိျပဳခဲ့ဖူးတဲ့ အလုပ္ေတြကို အထူး ဆင္ျခင္သင့္ ပါတယ္။

ငါသူ ့ကိုတခုလုပ္ ထားတယ္ တေန ့ငါ့လဲ ငါလုပ္ထား သလိုျပန္ ျဖစ္မွာပါလားဆိုတဲ့ သတိသံေ၀ဂ အျမဲရွိေနဖို ့လိုပါလိမ့္မယ္။ လုပ္ရဲရင္ခံရဲ ရမယ့္ သတၱိေတာ့ လိုမွာေပါ့ဗ်ာ။ အလွည့္က်ေတာ့ မႏြဲ ့စတမ္းေပါ့။ အဲ့လို စိတ္မ်ိဳး ေလးထားလို ့ အရာရာကို ဆင္ျခင္နိုင္ ရင္ေတာ့ အေကာင္း ဆံုးေပါ့။

ဒီဘ၀ေတာ့ ငါေကာင္းစားရင္ျပီးတာပဲ ေနာက္ဘ၀မွ အကုန္ခံမယ္ ဆိုတဲ့ လူစားမ်ိဳးေတြလဲ သတိထားေစခ်င္ပါတယ္။

တခ်ိဳ ့က အခုျဖစ္မွာ မွမဟုတ္ တာ ေပ်ာ္ေပ်ာ္ေန တယ္ဘာျဖစ္လဲ ဆိုတဲ့ လူတန္းစားကလဲ တမ်ိဳးရွိျကျပန္ ပါေသးတယ္။ အထူး သတိထားေစ ခ်င္ပါ တယ္။ အဲ့လိုလူမ်ိဳးေတြ အေသမေကာင္း ျကပါဘူး။ ဘ၀နီဂံုး ေတြကိုျကည့္လိုက္ရင္ မလွပျကပ ါဘူး။

မ်က္စိေရွ့မွာတင္ ၀ဋ္လည္တယ္ ဆိုတာ ဒါမ်ိဳးေတြကို ေျပာတာပါ။ မိတ္ေဆြတို ့ျကံုဖူး ျကားဖူး ျကမွာပါ။ ဒါေတြကို ျမင္တတ္ေအာင္ ျကည့္သင့္ ပါတယ္။ ဥပမာ ယူသင့္ ပါတယ္။ ဘာလုပ္လုပ္ သူ ့ေနရာမွာငါသာဆိုရင္ ဆိုတဲ့ စိတ္ကို အျမဲေမြးသင့္ ပါတယ္။

ဒါမွလဲေလာကျကီးမွာ ျဗဟၼစိုရ္ ၄ပါး ျဖစ္တဲ ့ ေမတၱာ၊ ကရုဏာ၊ မုဒိတာ၊ ဥေပကၡာ တို ့ထြန္းကားျပီး သာယာျပည့္စံု မွာျဖစ္ပါ တယ္။

တရားထူးမရလို ့ အရိယာယ္ ပုဂိၢဳလ္ မျဖစ္နိုင္ေသးရင္ေတာင္ သူေတာ္ေကာင္း တရားေလးေတြ ပြားမ်ားနိုင္ဖို ့လိုပါတယ္။ ဒါမွသာ ေရာက္ရာ ဘ၀တိုင္းမွာ ပါရမီ တျဖည္းျဖည္းျဖည့္ေနရာေရာက္ ပါမယ္။

အဲ့ကတဆင့္ ပါရမီျပည့္ လို ့ကိုကလဲ က်င့္ျကံနိုင္ မယ္ဆို အရိယာယ္ ပုဂိၢဳလ္ေတာင္ျဖစ္နိုင္ ပါေသးတယ္။ ဒါေျကာင့္ ကံကံ၏ အက်ိဳးကိုလဲ ယံု၊ ၀ဋ္ဆို တာလည္ တတ္တဲ့

သေဘာတရား ရွိ တယ္ ဆိုတာလက္ခံတဲ့ လူေကာင္းလူမြန္ လူသူေတာ္ေကာင္း မ်ားျဖစ္ေစ ခ်င္ေျကာင္းပါ။

Credit – အရွင္ေတဇနိယ (အုတ္ဖို)

Unicode

ကံကံ၏အကျိုး နှင့် ဝဋ်ဆိုတာ

ဝဋ်ဆိုတာ လည်တတ် တယ် ဆိုတာ လက်ခံ ပါသလား။

တစ်နေ့တစ်နေ့ကိုယ်လုပ် ခဲ့တဲ့ အလုပ်တွေ ထဲမှာ သူတပါးပေါ် မကောင်းကြံ မိခဲ့ တာလေးတွေ သိလို့ပဲဖြစ်စေ၊ မသိလိုက် ပဲဖြစ်စေရှိ နေတတ် ပါတယ်။

ကာယကံ၊ ဝီစီကံ၊ မနော ကံဆိုတဲ့ ကံသုံးပါးမှာ မနောကံမြောက် ကာယကံနဲ့၊ မနောကံမြောက် ဝီစီကံတို့ဟာကြောက်ဖို့အကောင်းဆုံးပါ။ ဒါကြောင့် အမှုတမှု ကိုဆုံးဖြတ်တော့မယ် ဆိုရင်တောင် ကြိုတင်ကြံစည်မှုဆိုတာ ပိုပြီးကြီးလေး တတ်ပါတယ်။

ပြောချင်တာကတော့ ဘယ်အမှု ကိုပဲ ပြုပြုပါ။ စိတ်ပါ လက်ပါနဲ့ သူတပါးကို မကောင်းမကြံမိ ပါစေနဲ့။ သိပ်ကြောက်ဖို့ ကောင်းပါ တယ်။ ကံဆိုတာ အလုပ်ပါ ကိုပြု ခဲ့တဲ့ အလုပ်ပေါ် မူတည်ပြီး တချိန်ကိုပဲပြန်ခံစား၊ စံစား ရမှာပါ။ အဲ့တော့ ကိုဘယ်လမ်း လျောက်ခဲ့ဲလဲ ကိုယ်လျောက် ခဲ့တဲ့ လမ်းကို ပဲရောက်မှာပါ။

ဒါက နိယာမ တခုပါပဲ ဆိုတာ မမေ့ဖို့လို ပါတယ်။ လူပေါ်လူဇော် လုပ်ပြီး ကိုယ်ကကောင်း စားသွားတော့ကော ကိုယ်၏ ချမ်းသာခြင်းတော့ ပြည့်စုံမယ်၊ စိတ်၏ ချမ်းသာခြင်း မပြည့်စုံဘူးဆို တာသင်တို့လက်ခံလား။

တူသော အကျိုးပေးဆိုတာ မြင်တတ် ရင်တွေ့ပါတယ်။ ကိုယ်တွေ့ကော၊ ပတ်ဝန်းကျင်မှာပါ ရှိနေတာပါ။ ယုတ်စွအဆုံး တိရိစ္ဆာန် လေးတွေ အပေါ်မှာ မတရား လုပ်မိခဲ့ရင်တောင် ဝဋ်လိုက် တတ်ပါ တယ်။

ငယ်ငယ်က အဖိုးတွေ အဖွားတွေ ပြောနေတဲ့ စကားတခွန်းပေါ့။ အယ်ဒီ ကောင်လေးတော့ ဝဋ်လိုက် တော့မှာပဲ ဆိုတာလေ။ ဝဋ်မှာအမြဲ ငရဲမှာအပပါ။ ငရဲ ဆိုတာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အဟုန်ကြီးနေ ရင် တောင်လွတ်နိုင် ပါသေးတယ်။

ကျော်သွားနိုင် ပါသေးတယ်။ ဝဋ်ဆို တာတော့ မိမိ သံသရာ တလျောက် နိဗ္ဗာန် မရောက်ခင် စပ်ကြား အကြား အလပ်မရှိ လိုက်လာ တတ်တာပါ။

တန်ခိုးတော်အရာမှာ ဧတဒဂ် ဘွဲ့ရတော်မူထားတဲ့ ရှင်မောဂ္ဂလန် ရဟန္တာ ကိုယ်တော်မြတ်ကြီးတောင် ဝဋ်ကို မကျော်နိုင် သွားပါ ဘူး။ ပရိနိဗ္ဗာန် စံခါနီး ဒိဌိ တွေလွှတ်လိုက်တဲ့ လူမိုက်ငါးရာရဲ့ ရိုက်နှက်မှုနဲ ပရိနိဗ္ဗာန် ပြုခဲ့ ရတာပါ။

တန်ခိုးတော် နဲ့ဒီဟာကို ရှောင်လွှဲလို့ရရဲ့သားနဲ့ ပြုခဲ့ဖူးတဲ့ အမူကိုဆင်ခြင်ပြီး ဒီဝဋ် ကိုပြန်လည်ပေးဆပ်ခဲ့ တာပါ။ အတိတ်ဘ၀ တခုတုန်း က မယားရဲ့ အလိုဆန္ဒကို

လိုက်ကာ မျက်မမြင် မိခင်ဖခင်တို့ကို တောထဲခေါ်ကာ ခိုးသားကြီး ယောင်ဆောင်ပြီး ရိုက်နှက်ခဲ့ ဖူးတဲ့ အတိတ်ဝဋ်ကြွေးကြောင့်ပါ။

ဝဋ်ကြွေးကို မြတ်ဗုဒ္ဓ ဘုရားရှင်တောင် ရှောင်လွှဲလို့မရခဲ့ပါဘူး။ တခုသော ဘဝတွင် ညီငယ်နှင့်စည်းစိမ် ခွဲရာတွင် ခိုင်ရန်ဖြစ်ပွားပြီး ညီငယ်အားကျောက်ဖြင့် ထုသတ်

ခဲ့ဖူးသော အတိတ်ကံ၊ ပစ္စေကဗုဒ္ဓာ အား ကလေး ဘဝတခုတွင် ခြေမတော်ကို ကျောက်ဖြင့် အပျာ်သဘော ပြစ်ခတ်ခဲ့ဖူးတဲ့ အတိတ်ကံ၊

ပဒေသရာဇ်မင်း ဘဝတခုတွင် လူယုတ်မာနှင့် ပေါင်းမိသဖြင့် အပြစ်မရှိသူအား ဓါးဖြင့်ခွဲစိတ်ခဲ့ဖူးတဲ့ အတိတ်ကံ တို့ကြောင့် ဗုဒ္ဓဘုရားရှင် ဖြစ်တော် မူသော အခါ ဒေဝဒတ်၏ ကျောက်မောင်းဆင် လုပ်ကြံမှု ကိုခံရခြင်း၊

ထိုမှကျောက်လွှာတခု ပဲ့စင်၍ ခြေမတော်၌ သွေးစိမ်း တည်ခြင်း၊ ၎င်းဒါဏ်ရာ ကိုဆေးဆရာ ဇိဝက က ဓါးဖြင့်ခွဲစိပ် ကုသတာကို ခံရခြင်း စတဲ့ ဝဋ်ကြွေးတွေကို အစဉ် လိုက်ပြန်လည် ပေးဆပ်ရ ပါတယ်။

ဒါကြောင့် ကျတော်တို လို ပုတုဇဉ်များ အတွက်တော့ အထူးသတိထား စရာပါ။ ဝဋ်ဆိုတာ သူကတော့ ရဟန္တာ၊ သူကတော့ ဘုရားရှင် ဖြစ်တယ် ဆိုပြီး မျက်နှာ လိုက်ရိုး ထုံးစံ မရှိပါ။ ဒါကြောင့် မိမိပြုခဲ့ဖူးတဲ့ အလုပ်တွေကို အထူး ဆင်ခြင်သင့် ပါတယ်။

ငါသူ့ကိုတခုလုပ် ထားတယ် တနေ့ငါ့လဲ ငါလုပ်ထား သလိုပြန် ဖြစ်မှာပါလားဆိုတဲ့ သတိသံဝေဂ အမြဲရှိနေဖို့လိုပါလိမ့်မယ်။ လုပ်ရဲရင်ခံရဲ ရမယ့် သတ္တိတော့ လိုမှာပေါ့ဗျာ။ အလှည့်ကျတော့ မနွဲ့စတမ်းပေါ့။ အဲ့လို စိတ်မျိုး လေးထားလို့ အရာရာကို ဆင်ခြင်နိုင် ရင်တော့ အကောင်း ဆုံးပေါ့။

ဒီဘဝတော့ ငါကောင်းစားရင်ပြီးတာပဲ နောက်ဘဝမှ အကုန်ခံမယ် ဆိုတဲ့ လူစားမျိုးတွေလဲ သတိထားစေချင်ပါတယ်။

တချို့က အခုဖြစ်မှာ မှမဟုတ် တာ ပျော်ပျော်နေ တယ်ဘာဖြစ်လဲ ဆိုတဲ့ လူတန်းစားကလဲ တမျိုးရှိကြပြန် ပါသေးတယ်။ အထူး သတိထားစေ ချင်ပါ တယ်။ အဲ့လိုလူမျိုးတွေ အသေမကောင်း ကြပါဘူး။ ဘဝနီဂုံး တွေကိုကြည့်လိုက်ရင် မလှပကြပ ါဘူး။

မျက်စိရှေ့မှာတင် ဝဋ်လည်တယ် ဆိုတာ ဒါမျိုးတွေကို ပြောတာပါ။ မိတ်ဆွေတို့ကြုံဖူး ကြားဖူး ကြမှာပါ။ ဒါတွေကို မြင်တတ်အောင် ကြည့်သင့် ပါတယ်။ ဥပမာ ယူသင့် ပါတယ်။ ဘာလုပ်လုပ် သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်ကို အမြဲမွေးသင့် ပါတယ်။

ဒါမှလဲလောကကြီးမှာ ဗြဟ္မစိုရ် ၄ပါး ဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ထွန်းကားပြီး သာယာပြည့်စုံ မှာဖြစ်ပါ တယ်။

တရားထူးမရလို့ အရိယာယ် ပုဂ္ဂိုလ် မဖြစ်နိုင်သေးရင်တောင် သူတော်ကောင်း တရားလေးတွေ ပွားများနိုင်ဖို့လိုပါတယ်။ ဒါမှသာ ရောက်ရာ ဘဝတိုင်းမှာ ပါရမီ တဖြည်းဖြည်းဖြည့်နေရာရောက် ပါမယ်။

အဲ့ကတဆင့် ပါရမီပြည့် လို့ကိုကလဲ ကျင့်ကြံနိုင် မယ်ဆို အရိယာယ် ပုဂ္ဂိုလ်တောင်ဖြစ်နိုင် ပါသေးတယ်။ ဒါကြောင့် ကံကံ၏ အကျိုးကိုလဲ ယုံ၊ ဝဋ်ဆို တာလည် တတ်တဲ့

သဘောတရား ရှိ တယ် ဆိုတာလက်ခံတဲ့ လူကောင်းလူမွန် လူသူတော်ကောင်း များဖြစ်စေ ချင်ကြောင်းပါ။

Credit – အရှင်တေဇနိယ (အုတ်ဖို)

Be the first to comment

Leave a Reply

Your email address will not be published.


*