ေပးဆပ္မႈအျပည့္နဲ႔ Doctor ေဒၚျမင့္ျမင့္စိန္ ( ေမ့ေဆးဆရာဝန္) ဘဝျဖတ္သန္းမႈ

ေပးဆပ္မႈအျပည့္နဲ႔ Doctor ေဒၚျမင့္ျမင့္စိန္ ( ေမ့ေဆးဆရာဝန္) ဘဝျဖတ္သန္းမႈ
ေပးဆပ္မႈအျပည့္နဲ႔ Doctor ေဒၚျမင့္ျမင့္စိန္ ( ေမ့ေဆးဆရာဝန္) ဘဝျဖတ္သန္းမႈ

ေပးဆပ္မႈအျပည့္နဲ႔ Doctor ေဒၚျမင့္ျမင့္စိန္ ( ေမ့ေဆးဆရာဝန္) ဘဝျဖတ္သန္းမႈ

သူမ ဖခင္ဟာ သူေမြးၿပီး အာဏာရွင္ရဲ႕ဖမ္းဆီးေထာင္ခ်ျခင္းအျဖစ္ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ခံခဲ့ရလို႔ အဖမဲ့စြာႀကီးျပင္းလာခဲ့ၿပီး၊ မိခင္ရဲ႕စြမ္းပကားေအာက္မွာေနရင္း ဆရာဝန္ျဖစ္ေအာင္ႀကိဳးစားခဲ့သူျဖစ္တယ္။

၈၈၈၈ အေရးခင္းျဖစ္ေတာ့ သူမ ရန္ကုန္ေဆး႐ုံႀကီးမွာ၊ ပစ္ခတ္ခံရလို႔ ဒဏ္ရာရသူေတြကို မအားလပ္ေအာင္ ကုသေပးရတဲ့အျပင္၊ ျပင္ပကဆႏၵျပျပည္သူေတြကို ထြက္ၿပီး ပန္း ေရခ်မ္း အစားအစာေတြကို ေထာက္ပံ့ေပးခဲ့သူျဖစ္တယ္။

အလုပ္ကထြက္မွာလား?၊ မတူညီတဲ့လမ္းကိုဆက္ေလွ်ာက္မွာလား ျဖစ္လာတဲ့အခါ ျပည္ထဲေရးေအာက္က ဌာနတစ္ခုမွာ အရာရွိျဖစ္တဲ့ ခင္ပြန္းနဲ႔ျပတ္စဲခဲ့ၿပီး သမီးတစ္ေယာက္ကို တာဝန္ယူထိန္းေက်ာင္းၿပီး ဆရာဝန္အလုပ္ကို ဆက္လုပ္ခဲ့တယ္၊ ႏိုင္ငံေရးပိုးအျပည့္ရွိၿပီး တိုင္းျပည္အေရးကို ႏွလုံးသားထဲထည့္သူမို႔ ပင္ပန္းႀကီးစြာ ဘဝကိုဆက္ေလွ်ာက္ခဲ့တယ္။

သူမ ဖခင္(ဒလဦးထြန္းစိန္) တစ္ကြၽန္းက လြတ္လာေတာ့ ဖခင္နဲ႔ႏွစ္ေပါင္းမ်ားစြာ ကြဲကြာခဲ့လို႔ သူစိမ္းတစ္ေယာက္လို ေၾကာင္ေတာင္ေတာင္ျဖစ္ခဲ့ရၿပီး၊ ေထာင္ကထြက္ခဲ့တဲ့ ဖခင္နဲ႔ ၁၄ ရက္သာ ဆုံခဲ့ရၿပီး သူမ ဖခင္နဲ႔ တစ္သက္တာထပ္မံ ေဝးခဲ့ရျပန္တယ္။

အိမ္ေထာင္တစ္ခုကို ႏိုင္ငံေရးစိတ္၊ တိုင္းျပည္အတြက္အလုပ္နဲ႔ ေပးဆပ္လဲလွယ္ရဲခဲ့သူ အာဂအမ်ိဳးသမီးတစ္ဦးျဖစ္လို႔လည္း အင္မတန္ေလးစားခဲ့ရပါတယ္။ ဘယ္ေဆး႐ုံမွာ တာဝန္က်က်၊ ေဆးလာကုၿပီး၊ ေဆးဖိုးမတတ္ႏိုင္သူေတြအတြက္ က်န္အလုပ္ခြင္ အေပါင္းအသင္းေရာင္းရင္းေတြနဲ႔အတူ ေငြေၾကးစုေဆာင္းၿပီး ေဆးဖို႔ရေအာင္ အသက္ရွင္ေအာင္ ကူညီေပးခဲ့သူျဖစ္တယ္။

ေဆး႐ုံမွာ ေရာဂါလြန္မွေရာက္လာၿပီး ဆုံးပါးသြားသူအခ်ိဳ႕မွာ ေဆး႐ုံလာတင္သူ မိသားစုဝင္ေတြက ဟိုလူ႔ေခၚလိုက္ပါဦးမယ္ သည္ေဆြမ်ိဳးအလာကို ေစာင့္ပါဦးမယ္ဆိုၿပီး ေသဆုံးသူကို ေဆး႐ုံမွာပစ္ထားခဲ့တာကိုလည္း လစ္လွ်ဴမရႈ႕တတ္ပဲ ေျမက်ေအာင္အထိ ဘာမဆိုင္ ညာမဆိုင္ တာဝန္ယူလုပ္ေပးခဲ့ပါတယ္။

ခုေတာ့ သူမမွာ ကိုဗစ္၁၉ ေရာဂါပိုးရွိေနၿပီဆိုတဲ့ သတင္းဆိုးနဲ႔အတူ တစ္ဦးတည္းေသာသမီးေလး”ေအး”အေနနဲ႔လည္း မိခင္အတြက္ ဘယ္ေလာက္စိုးရိမ္ပူပန္ေနမလည္းဆိုတာ ေတြးေနမိတယ္။ ေဒါက္တာေရ… Fighting ပါ၊ “ေပးဆပ္ျခင္းနဲ႔ေမြးဖြားလာတဲ့ ေဒါက္တာ့အဖို႔ ဆက္လက္ေပးဆပ္ႏိုင္ဖို႔.. ဆုံးရႈံးမႈကို လက္မခံပဲ၊ ေအာင္ျမင္က်န္းမာမႈနဲ႔ ေဝဘာဂီကေန ျပန္လာခဲ့ပါ”။
.
#Credit: internet post ZarmaniThway

#LwinMawHan #LwinMawHan2020

Unicode

ပေးဆပ်မှုအပြည့်နဲ့ Doctor ဒေါ်မြင့်မြင့်စိန် ( မေ့ဆေးဆရာဝန်) ဘဝဖြတ်သန်းမှု

သူမ ဖခင်ဟာ သူမွေးပြီး အာဏာရှင်ရဲ့ဖမ်းဆီးထောင်ချခြင်းအဖြစ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ခံခဲ့ရလို့ အဖမဲ့စွာကြီးပြင်းလာခဲ့ပြီး၊ မိခင်ရဲ့စွမ်းပကားအောက်မှာနေရင်း ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သူဖြစ်တယ်။

၈၈၈၈ အရေးခင်းဖြစ်တော့ သူမ ရန်ကုန်ဆေးရုံကြီးမှာ၊ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေကို မအားလပ်အောင် ကုသပေးရတဲ့အပြင်၊ ပြင်ပကဆန္ဒပြပြည်သူတွေကို ထွက်ပြီး ပန်း ရေချမ်း အစားအစာတွေကို ထောက်ပံ့ပေးခဲ့သူဖြစ်တယ်။

အလုပ်ကထွက်မှာလား?၊ မတူညီတဲ့လမ်းကိုဆက်လျှောက်မှာလား ဖြစ်လာတဲ့အခါ ပြည်ထဲရေးအောက်က ဌာနတစ်ခုမှာ အရာရှိဖြစ်တဲ့ ခင်ပွန်းနဲ့ပြတ်စဲခဲ့ပြီး သမီးတစ်ယောက်ကို တာဝန်ယူထိန်းကျောင်းပြီး ဆရာဝန်အလုပ်ကို ဆက်လုပ်ခဲ့တယ်၊ နိုင်ငံရေးပိုးအပြည့်ရှိပြီး တိုင်းပြည်အရေးကို နှလုံးသားထဲထည့်သူမို့ ပင်ပန်းကြီးစွာ ဘဝကိုဆက်လျှောက်ခဲ့တယ်။

သူမ ဖခင်(ဒလဦးထွန်းစိန်) တစ်ကျွန်းက လွတ်လာတော့ ဖခင်နဲ့နှစ်ပေါင်းများစွာ ကွဲကွာခဲ့လို့ သူစိမ်းတစ်ယောက်လို ကြောင်တောင်တောင်ဖြစ်ခဲ့ရပြီး၊ ထောင်ကထွက်ခဲ့တဲ့ ဖခင်နဲ့ ၁၄ ရက်သာ ဆုံခဲ့ရပြီး သူမ ဖခင်နဲ့ တစ်သက်တာထပ်မံ ဝေးခဲ့ရပြန်တယ်။

အိမ်ထောင်တစ်ခုကို နိုင်ငံရေးစိတ်၊ တိုင်းပြည်အတွက်အလုပ်နဲ့ ပေးဆပ်လဲလှယ်ရဲခဲ့သူ အာဂအမျိုးသမီးတစ်ဦးဖြစ်လို့လည်း အင်မတန်လေးစားခဲ့ရပါတယ်။ ဘယ်ဆေးရုံမှာ တာဝန်ကျကျ၊ ဆေးလာကုပြီး၊ ဆေးဖိုးမတတ်နိုင်သူတွေအတွက် ကျန်အလုပ်ခွင် အပေါင်းအသင်းရောင်းရင်းတွေနဲ့အတူ ငွေကြေးစုဆောင်းပြီး ဆေးဖို့ရအောင် အသက်ရှင်အောင် ကူညီပေးခဲ့သူဖြစ်တယ်။

ဆေးရုံမှာ ရောဂါလွန်မှရောက်လာပြီး ဆုံးပါးသွားသူအချို့မှာ ဆေးရုံလာတင်သူ မိသားစုဝင်တွေက ဟိုလူ့ခေါ်လိုက်ပါဦးမယ် သည်ဆွေမျိုးအလာကို စောင့်ပါဦးမယ်ဆိုပြီး သေဆုံးသူကို ဆေးရုံမှာပစ်ထားခဲ့တာကိုလည်း လစ်လျှူမရှု့တတ်ပဲ မြေကျအောင်အထိ ဘာမဆိုင် ညာမဆိုင် တာဝန်ယူလုပ်ပေးခဲ့ပါတယ်။

ခုတော့ သူမမှာ ကိုဗစ်၁၉ ရောဂါပိုးရှိနေပြီဆိုတဲ့ သတင်းဆိုးနဲ့အတူ တစ်ဦးတည်းသောသမီးလေး”အေး”အနေနဲ့လည်း မိခင်အတွက် ဘယ်လောက်စိုးရိမ်ပူပန်နေမလည်းဆိုတာ တွေးနေမိတယ်။ ဒေါက်တာရေ… Fighting ပါ၊ “ပေးဆပ်ခြင်းနဲ့မွေးဖွားလာတဲ့ ဒေါက်တာ့အဖို့ ဆက်လက်ပေးဆပ်နိုင်ဖို့.. ဆုံးရှုံးမှုကို လက်မခံပဲ၊ အောင်မြင်ကျန်းမာမှုနဲ့ ဝေဘာဂီကနေ ပြန်လာခဲ့ပါ”။
.
#Credit: internet post ZarmaniThway

#LwinMawHan #LwinMawHan2020

Be the first to comment

Leave a Reply

Your email address will not be published.


*