ျမန္မာႏုိင္ငံမွ ေရႊ႕ေျပာင္းလုပ္သား တစ္ေသာင္းေက်ာ္ တရုတ္ႏုိင္ငံမွ ျပန္ဝင္လာမည့္ သတင္း

ျမန္မာႏုိင္ငံမွ ေရႊ႕ေျပာင္းလုပ္သား တစ္ေသာင္းေက်ာ္ တရုတ္ႏုိင္ငံမွ ျပန္ဝင္လာမည့္ သတင္း
ျမန္မာႏုိင္ငံမွ ေရႊ႕ေျပာင္းလုပ္သား တစ္ေသာင္းေက်ာ္ တရုတ္ႏုိင္ငံမွ ျပန္ဝင္လာမည့္ သတင္း

ျမန္မာႏုိင္ငံမွ ေရႊ႕ေျပာင္းလုပ္သား တစ္ေသာင္းေက်ာ္ တရုတ္ႏုိင္ငံမွ ျပန္ဝင္လာမည့္ သတင္း

တ႐ုတ္ေရာက္ ျမန္မာ လုပ္သား တစ္ေသာင္းေက်ာ္ ယေန႔ စတင္ဝင္ေရာက္မည္

တ႐ုတ္ ႏိုင္ငံတြင္ ဒုကၡေရာက္ ေနေသာ ျမန္မ ေ႐ႊ႕ေျပာင္းလုပ္သား တစ္ေသာင္းေက်ာ္သည္ လြယ္ဂ်ယ္ႏွင့္ ကန္ပိုက္တည္ နယ္စပ္ဂိတ္မွ တစ္ဆင့္ ယေန႔ ( ဧၿပီ ၁၆ ရက္ )တြင္ စတင္ ဝင္ေရာက္မည္ဟု ကခ်င္ ျပည္နယ္ အစိုးရ အဖြဲ႕ လူမႈေရး ဝန္ႀကီး ဦးေနဝင္းက ေျပာသည္ ။ “ဒီေန႔ ျပန္ဝင္လာၾကမယ္ ။

ႀကံခုတ္သမားေတြ မ်ားပါတယ္ ။ နယ္စပ္ ေတြမွာေရာ သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြ မွာပါ အသြားအလာ ကန႔္သတ္တဲ့ ေနရာေတြ လုပ္ထားပါတယ္ ” ဟု ဦးေနဝင္းက ေျပာသည္ ။

စိုက္ပ်ိဳးေရး လုပ္သား အမ်ားစုပါေသာ ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား အေရအတြက္ တစ္ေသာင္းခြဲမွ တစ္ေသာင္းရွစ္ေထာင္ၾကား ျပန္ဝင္ လာဖြယ္ရွိေနသည္ ဟု ကခ်င္ျပည္နယ္ ျပည္နယ္အစိုးရ အဖြဲ႕က ေျပာသည္ ။

တစ္ရက္လွ်င္ လူဦးေရ ႏွစ္ရာခန႔္ ျပန္ဝင္လာဖြယ္ ရွိေနၿပီး နယ္စပ္ ဂိတ္တြင္ က်န္းမာေရးစစ္ေဆး မႈ ျပဳလုပ္ၿပီးေနာက္ သက္ဆိုင္ရာ ေဒသ အသီးသီးသို႔ တိုင္းႏွင့္ ျပည္နယ္ အစိုးရ အဖြဲ႕မ်ား၏အစီအစဥ္ျဖင့္ ဆက္လက္ ပို႔ေဆာင္ရန္ စီစဥ္ထားသည္ ။

Covid-19 ေရာဂါ အေရးေပၚ အေျခအေနတြင္ တ႐ုတ္ႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္း ျမန္မာ လုပ္သားအေရအတြက္ အမ်ားအျပား ျပန္ဝင္လာမည့္အေပၚ ကခ်င္ျပည္နယ္ ေဒသခံမ်ားက စိုးရိမ္မႈမ်ားရွိေနသည္။

ယင္း ျပႆနာကို စနစ္တက် ေျဖရွင္းႏိုင္ေရး အတြက္ ျပည္နယ္ အစိုးရသည္ ျပည္ေထာင္စုအစိုးရႏွင့္ ယခုထက္ ပို၍ နီးနီးကပ္ကပ္ အရွိန္ျမႇင့္ ေဆာင္႐ြက္ရန္ လိုသည္ဟု တိုင္းရင္းသားအေရး ေဆာင္႐ြက္သူ ျမစ္ႀကီးနားၿမိဳ႕ေဒသခံ ဇခုမ္(န္)ဘရန္ႏူးက ေျပာသည္ ။

” ဗန္းေမာ္တို႔ ျမစ္ႀကီးနား တို႔မွာ က်န္းမာေရး ဝန္ထမ္းေတြ ဆရာဝန္ေတြ သူနာျပဳေတြ က်န္းမာေရး ဆိုင္ရာ အသုံးအေဆာင္ေတြ လုံေလာက္မယ္ မထင္ဘူး ။

အျပင္က volunteer ေတြနဲ႔ ဘယ္လို အကူအညီ ေတာင္းၾကမလဲ ။ စီမံၾကမလဲ ။ လိုအပ္တာေတြ အရင္မလုပ္ရ ေသးဘဲ ဒီလို ျပန္ အဝင္ခံတာမ်ိဳး မလုပ္သင့္ ေသးဘူးလို႔ ထင္တယ္” ဟု ဗန္းေမာ္ ေဒသခံ တစ္ဦးက ေျပာသည္ ။

နယ္စပ္မွတစ္ဆင့္ ျပန္လာ သူမ်ား ေကာင္းမြန္စြာ လက္ခံနိင္ေရး အတြက္ ကခ်င္ ျပည္နယ္အစိုးရ အေနျဖင့္ အျခားတိုင္းႏွင့္ ျပည္နယ္ အစိုးရမ်ားႏွင့္ ခ်ိတ္ဆက္၍ က်န္းမာေရး ဆိုင္ရာ ျပင္ဆင္မႈမ်ား ျပဳလုပ္ ထားသည္ဟု ဦးေနဝင္းက ေျပာသည္ ။

ဗန္းေမာ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သိန္းက ” ကြၽန္ေတာ္တို႔ ဝန္ႀကီးခ်ဳပ္နဲ႔ ခ်ိတ္ထားတယ္ ။ အျခား ေဒသကတြ ပါလာရင္ သက္ဆိုင္ရာ အစိုးရနဲ႔ ခ်ိတ္ၿပီး ပို႔ေပးမွာ” ဟု ေျပာသည္ ။

ျပန္ဝင္လာမည့္ သူအားလုံးသည္ တ႐ုတ္ ႏိုင္ငံ၌ အလုပ္လက္မဲ့ အေျခအေနေၾကာင့္ ဒုကၡႀကဳံေန သူမ်ား ျဖစ္ေၾကာင္း ဦးေအာင္သိန္းက ေျပာသည္ ။

ျမန္မာႏွင့္ တ႐ုတ္နယ္စပ္ ေဒသ တာဝန္ရွိသူမ်ားသည္ ယခု ျပန္ဝင္လာမည့္သူမ်ား အေရးကို ၿပီးခဲ့သည့္ ႏွစ္ပတ္ခန႔္မွ စ၍ ေဆြးေႏြးခဲ့ျခင္း ျဖစ္သည္ ။ သို႔ေသာ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က နယ္စပ္ဂိတ္မ်ားမွ ဝင္ေရာက္ လာမည့္ ျမန္မာလုပ္သားမ်ား ဧၿပီလကုန္အထိ ေစာင့္ဆိုင္းရန္ ေမတၱာရပ္ခံ ထားသည္ ။

Posted in Daily News

Unicode

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော် တရုတ်နိုင်ငံမှ ပြန်ဝင်လာမည့် သတင်း

တရုတ်ရောက် မြန်မာ လုပ်သား တစ်သောင်းကျော် ယနေ့ စတင်ဝင်ရောက်မည်

တရုတ် နိုင်ငံတွင် ဒုက္ခရောက် နေသော မြန်မ ရွှေ့ပြောင်းလုပ်သား တစ်သောင်းကျော်သည် လွယ်ဂျယ်နှင့် ကန်ပိုက်တည် နယ်စပ်ဂိတ်မှ တစ်ဆင့် ယနေ့ ( ဧပြီ ၁၆ ရက် )တွင် စတင် ဝင်ရောက်မည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနေဝင်းက ပြောသည် ။ “ဒီနေ့ ပြန်ဝင်လာကြမယ် ။

ကြံခုတ်သမားတွေ များပါတယ် ။ နယ်စပ် တွေမှာရော သက်ဆိုင်ရာ မြို့နယ်တွေ မှာပါ အသွားအလာ ကန့်သတ်တဲ့ နေရာတွေ လုပ်ထားပါတယ် ” ဟု ဦးနေဝင်းက ပြောသည် ။

စိုက်ပျိုးရေး လုပ်သား အများစုပါသော ရွှေ့ပြောင်း မြန်မာလုပ်သား အရေအတွက် တစ်သောင်းခွဲမှ တစ်သောင်းရှစ်ထောင်ကြား ပြန်ဝင် လာဖွယ်ရှိနေသည် ဟု ကချင်ပြည်နယ် ပြည်နယ်အစိုးရ အဖွဲ့က ပြောသည် ။

တစ်ရက်လျှင် လူဦးရေ နှစ်ရာခန့် ပြန်ဝင်လာဖွယ် ရှိနေပြီး နယ်စပ် ဂိတ်တွင် ကျန်းမာရေးစစ်ဆေး မှု ပြုလုပ်ပြီးနောက် သက်ဆိုင်ရာ ဒေသ အသီးသီးသို့ တိုင်းနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏အစီအစဉ်ဖြင့် ဆက်လက် ပို့ဆောင်ရန် စီစဉ်ထားသည် ။

Covid-19 ရောဂါ အရေးပေါ် အခြေအနေတွင် တရုတ်နိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားအရေအတွက် အများအပြား ပြန်ဝင်လာမည့်အပေါ် ကချင်ပြည်နယ် ဒေသခံများက စိုးရိမ်မှုများရှိနေသည်။

ယင်း ပြဿနာကို စနစ်တကျ ဖြေရှင်းနိုင်ရေး အတွက် ပြည်နယ် အစိုးရသည် ပြည်ထောင်စုအစိုးရနှင့် ယခုထက် ပို၍ နီးနီးကပ်ကပ် အရှိန်မြှင့် ဆောင်ရွက်ရန် လိုသည်ဟု တိုင်းရင်းသားအရေး ဆောင်ရွက်သူ မြစ်ကြီးနားမြို့ဒေသခံ ဇခုမ်(န်)ဘရန်နူးက ပြောသည် ။

” ဗန်းမော်တို့ မြစ်ကြီးနား တို့မှာ ကျန်းမာရေး ဝန်ထမ်းတွေ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေး ဆိုင်ရာ အသုံးအဆောင်တွေ လုံလောက်မယ် မထင်ဘူး ။

အပြင်က volunteer တွေနဲ့ ဘယ်လို အကူအညီ တောင်းကြမလဲ ။ စီမံကြမလဲ ။ လိုအပ်တာတွေ အရင်မလုပ်ရ သေးဘဲ ဒီလို ပြန် အဝင်ခံတာမျိုး မလုပ်သင့် သေးဘူးလို့ ထင်တယ်” ဟု ဗန်းမော် ဒေသခံ တစ်ဦးက ပြောသည် ။

နယ်စပ်မှတစ်ဆင့် ပြန်လာ သူများ ကောင်းမွန်စွာ လက်ခံနိင်ရေး အတွက် ကချင် ပြည်နယ်အစိုးရ အနေဖြင့် အခြားတိုင်းနှင့် ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ ကျန်းမာရေး ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ် ထားသည်ဟု ဦးနေဝင်းက ပြောသည် ။

ဗန်းမော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ” ကျွန်တော်တို့ ဝန်ကြီးချုပ်နဲ့ ချိတ်ထားတယ် ။ အခြား ဒေသကတွ ပါလာရင် သက်ဆိုင်ရာ အစိုးရနဲ့ ချိတ်ပြီး ပို့ပေးမှာ” ဟု ပြောသည် ။

ပြန်ဝင်လာမည့် သူအားလုံးသည် တရုတ် နိုင်ငံ၌ အလုပ်လက်မဲ့ အခြေအနေကြောင့် ဒုက္ခကြုံနေ သူများ ဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည် ။

မြန်မာနှင့် တရုတ်နယ်စပ် ဒေသ တာဝန်ရှိသူများသည် ယခု ပြန်ဝင်လာမည့်သူများ အရေးကို ပြီးခဲ့သည့် နှစ်ပတ်ခန့်မှ စ၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည် ။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နယ်စပ်ဂိတ်များမှ ဝင်ရောက် လာမည့် မြန်မာလုပ်သားများ ဧပြီလကုန်အထိ စောင့်ဆိုင်းရန် မေတ္တာရပ်ခံ ထားသည် ။

Posted in Daily News

Be the first to comment

Leave a Reply

Your email address will not be published.


*