ကပ္ေရာဂါဆိုးမွကင္းေဝးေအာင္ အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာမ်ား

ကပ္ေရာဂါဆိုးမွကင္းေဝးေအာင္ အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာမ်ား
ကပ္ေရာဂါဆိုးမွကင္းေဝးေအာင္ အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာမ်ား

ကပ္ေရာဂါဆိုးမွကင္းေဝးေအာင္ အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာမ်ား

ကပ္ေရာဂါဆိုးမွကင္းေဝးေအာင္

ဒီအခ်ိန္မွာ အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာမ်ား

ေဒါက္တာေဒၚဝင္းဝင္းျမင့္ (အာဟာရဆိုင္ရာအထူးကု ဆရာဝန္ႀကီး) မွ ေျဖၾကားေပးပါသည္။

ဒီအခ်ိန္မွာ လူတိုင္းလူတိုင္း အဆုတ္က်န္းမာေရးေကာင္းေနေအာင္ ေနထိုင္စားေသာက္ဖို႔ အထူးအေရးႀကီးပါတယ္။ အရင္ဆုံး အဆုတ္က်န္းမာဖို႔ လိုက္နာသင့္တာေတြကို ေျပာျပခ်င္ပါတယ္။

(၁) ေရ

ေရက အဆုတ္ကို သန႔္ရွင္းေပးရာေရာက္တယ္။ ဒါေၾကာင့္ ေရကို တစ္ေန႔အနည္းဆုံး ႏွစ္လီတာ ေသာက္ေပးသင့္ပါတယ္။ ေရေႏြးၾကမ္းေသာက္ခ်င္ရင္လည္း ေသာက္ပါ။ အခုေနာက္ပိုင္း Detox Water ဆိုၿပီး ေရထဲ ပူစီနံ၊ သခြားသီး၊ သံပရာသီး ဒါမွမဟုတ္ သံပ႐ိုသီး၊ ပန္းသီးထည့္ၿပီး ေသာက္ၾကပါတယ္၊ ဒါလည္း ရပါတယ္။ Hydrogen rich Water လည္း ေသာက္လာၾကတယ္။

(၂) အမွ်င္ဓာတ္ (Fiber)

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြျဖစ္တဲ့ ဘ႐ိုကိုလီ(ပန္းေဂၚဖီစိမ္း)၊ ကန္စြန္း႐ြက္ေတြ စားေပးရပါမယ္။ ဒါေတြမွာ အင္တီေအာက္ဆီးဒင့္ပါလို႔ က်န္းမာေရးေကာင္းေစတယ္။

(၃) သစ္သီးမ်ား

ဗီတာမင္စီပါဝင္မႈမ်ားတဲ့ အသီးေတြ (ဥပမာ- လိေမၼာ္သီး၊ ပန္းသီး၊ မာလကာသီး စသျဖင့္) စားေပးရင္ ကိုယ္ခံအားေကာင္းေစတဲ့အတြက္ စားသင့္တာပါ။ အဆုတ္က်န္းမာေရးအတြက္ အေကာင္းဆုံးအသီးကေတာ့ သလဲသီးပါပဲ။ သလဲသီးက အဆုတ္မွာ အမႈန္အမႊာကပ္ၿငိတာကို ဖယ္ရွားေပးႏိုင္ပါတယ္။

(၄) ကင္ပြန္းခ်ဥ္႐ြက္

အ႐ြက္ေတြထဲမွာ ကင္ပြန္းခ်ဥ္႐ြက္က အဆုတ္က်န္းမာေရး ေကာင္းေစပါတယ္။

(၅) ပ႐ိုတင္းဓာတ္

အသက္ရႉသြင္းလိုက္တဲ့အခါ ရင္ဝမ္းတာႂကြက္သား (Diaphragm)၊ အ႐ိုးေတြၾကားထဲက ျြကက္သား (Intercostal Muscle)၊ ဝမ္းဗိုက္ႂကြက္သား (Abdominal Muscle)ေတြ လႈပ္ရွားရတဲ့အတြက္ ဒီႂကြက္သားေတြ အားေကာင္းဖို႔ အဓိကအားျဖင့္ ပ႐ိုတင္းဓာတ္ လိုအပ္ပါတယ္။ ပ႐ိုတင္းဓာတ္ရဖို႔ႏို႔၊ အသား၊ ငါး၊ ပဲအမ်ိဳးမ်ိဳး၊ ၾကက္ဥ၊ အေစ့အဆန္၊ တိုဟူးေတြ စားေပးရပါမယ္။ သာမန္ေကာင္းေနတဲ့သူေတြမွာ ဒီႂကြက္သားေတြ ပုံမွန္အလုပ္လုပ္ေနရင္ အသက္ရႉရတာ ေကာင္းပါတယ္။ ငါးအဆီေတြစားရင္လည္း အဆုတ္က်န္းမာေစပါတယ္။ အခုေလာေလာဆယ္ ငါးစားဖို႔အဆင္မေျပရင္ ငါးႀကီးဆီ (Omega 3 Fatty Acid) ေသာက္ထားသင့္ပါတယ္။ ေဆး႐ုံေရာက္တဲ့အခါ Albumin ကို ၾကည့္ပါတယ္။ Albuminေလ်ာ့နည္းသြားရင္ ေသြးဆိပ္က ခ်က္ခ်င္းတက္လာတတ္တယ္။ ဒါေၾကာင့္ စားႏိုင္တုန္းမွာ ၾကက္ဥေကြၽးပါတယ္။ ႏို႔တိုက္ပါတယ္။ ဒါကိုမွ မစားႏိုင္ေတာ့ဘူးဆိုရင္ လက္ကေန Albumin သြင္းရပါတယ္။ ဒါကေတာ့ ေဆး႐ုံတက္တဲ့အခါ လုပ္ေပးရတာပါ။

(၆) ေလ့က်င့္ခန္း

ရင္ဝမ္းတား ျြကက္သား (Diaphragm)၊ အ႐ိုးေတြၾကားထဲက ျြကက္သား(Intercostal Muscle)၊ ဝမ္းဗိုက္ႂကြက္သား (Abdominal Muscle) ေတြ ေကာင္းဖို႔အတြက္ ေလ့က်င့္ခန္းကေတာ့ မျဖစ္မေန လုပ္ရပါမယ္။ ႏွာေခါင္းကေန အသက္ရႉၿပီး ႏႈတ္ခမ္းကိုစူၿပီး မႈတ္ထုတ္တဲ့ေလ့က်င့္ခန္းကို တစ္ရက္မွာ မနက္ အႀကိမ္ ၂၀၊ ည အႀကိမ္ ၂၀ လုပ္ေပးပါ။ ဒီေလ့က်င့္ခန္းက အသက္ရႉလမ္းေၾကာင္းႂကြက္သားေတြ အားေကာင္းေနေအာင္ လုပ္ေဆာင္တာပါ။

Plank ေလ့က်င့္ခန္းေတြကလည္း အဆုတ္က်န္းမာေစပါတယ္။ လမ္းေလွ်ာက္တာကလည္း လုပ္သင့္ပါတယ္။

ေရွာင္ရန္မ်ား

အဆုတ္က်န္းမာခ်င္တယ္ဆိုရင္ ေဆးလိပ္ကို လုံးဝမေသာက္ပါနဲ႔။ ေဆးလိပ္က အဆိုးဆုံးပါပဲ။

အခ်ိဳရည္ေတြ အမ်ားႀကီး မေသာက္ဖို႔လည္း လိုအပ္ပါတယ္။ ေလထုညစ္ညမ္းတဲ့ေနရာေတြမွာ မေနသင့္ပါဘူး။

နဂိုက ပန္းနာရင္က်ပ္၊ COPDအဆုတ္ပြေရာဂါ စတာေတြရွိရင္ အထူးဂ႐ုစိုက္သင့္ပါတယ္။

ခ်စ္ခင္ရသူအားလုံး အနာေရာဂါကင္းေဝးၿပီး ကိုယ္က်မ္းမာလို႔ စိတ္ခ်မ္းသာၾကပါေစရွင္

ခ်စ္ခင္ေလးစားလွ်က္

Credit …Original uploader

Unicode

ကပ်ရောဂါဆိုးမှကင်းဝေးအောင် အဆုတ်ကျန်းမာရေးကောင်းနေအောင် ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာများ

ကပ်ရောဂါဆိုးမှကင်းဝေးအောင်

ဒီအချိန်မှာ အဆုတ်ကျန်းမာရေးကောင်းနေအောင် ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

ဒီအချိန်မှာ လူတိုင်းလူတိုင်း အဆုတ်ကျန်းမာရေးကောင်းနေအောင် နေထိုင်စားသောက်ဖို့ အထူးအရေးကြီးပါတယ်။ အရင်ဆုံး အဆုတ်ကျန်းမာဖို့ လိုက်နာသင့်တာတွေကို ပြောပြချင်ပါတယ်။

(၁) ရေ

ရေက အဆုတ်ကို သန့်ရှင်းပေးရာရောက်တယ်။ ဒါကြောင့် ရေကို တစ်နေ့အနည်းဆုံး နှစ်လီတာ သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းသောက်ချင်ရင်လည်း သောက်ပါ။ အခုနောက်ပိုင်း Detox Water ဆိုပြီး ရေထဲ ပူစီနံ၊ သခွားသီး၊ သံပရာသီး ဒါမှမဟုတ် သံပရိုသီး၊ ပန်းသီးထည့်ပြီး သောက်ကြပါတယ်၊ ဒါလည်း ရပါတယ်။ Hydrogen rich Water လည်း သောက်လာကြတယ်။

(၂) အမျှင်ဓာတ် (Fiber)

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)၊ ကန်စွန်းရွက်တွေ စားပေးရပါမယ်။ ဒါတွေမှာ အင်တီအောက်ဆီးဒင့်ပါလို့ ကျန်းမာရေးကောင်းစေတယ်။

(၃) သစ်သီးများ

ဗီတာမင်စီပါဝင်မှုများတဲ့ အသီးတွေ (ဥပမာ- လိမ္မော်သီး၊ ပန်းသီး၊ မာလကာသီး စသဖြင့်) စားပေးရင် ကိုယ်ခံအားကောင်းစေတဲ့အတွက် စားသင့်တာပါ။ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံးအသီးကတော့ သလဲသီးပါပဲ။ သလဲသီးက အဆုတ်မှာ အမှုန်အမွှာကပ်ငြိတာကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) ကင်ပွန်းချဉ်ရွက်

အရွက်တွေထဲမှာ ကင်ပွန်းချဉ်ရွက်က အဆုတ်ကျန်းမာရေး ကောင်းစေပါတယ်။

(၅) ပရိုတင်းဓာတ်

အသက်ရှူသွင်းလိုက်တဲ့အခါ ရင်ဝမ်းတာကြွက်သား (Diaphragm)၊ အရိုးတွေကြားထဲက ြွကက်သား (Intercostal Muscle)၊ ဝမ်းဗိုက်ကြွက်သား (Abdominal Muscle)တွေ လှုပ်ရှားရတဲ့အတွက် ဒီကြွက်သားတွေ အားကောင်းဖို့ အဓိကအားဖြင့် ပရိုတင်းဓာတ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ရဖို့နို့၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆန်၊ တိုဟူးတွေ စားပေးရပါမယ်။ သာမန်ကောင်းနေတဲ့သူတွေမှာ ဒီကြွက်သားတွေ ပုံမှန်အလုပ်လုပ်နေရင် အသက်ရှူရတာ ကောင်းပါတယ်။ ငါးအဆီတွေစားရင်လည်း အဆုတ်ကျန်းမာစေပါတယ်။ အခုလောလောဆယ် ငါးစားဖို့အဆင်မပြေရင် ငါးကြီးဆီ (Omega 3 Fatty Acid) သောက်ထားသင့်ပါတယ်။ ဆေးရုံရောက်တဲ့အခါ Albumin ကို ကြည့်ပါတယ်။ Albuminလျော့နည်းသွားရင် သွေးဆိပ်က ချက်ချင်းတက်လာတတ်တယ်။ ဒါကြောင့် စားနိုင်တုန်းမှာ ကြက်ဥကျွေးပါတယ်။ နို့တိုက်ပါတယ်။ ဒါကိုမှ မစားနိုင်တော့ဘူးဆိုရင် လက်ကနေ Albumin သွင်းရပါတယ်။ ဒါကတော့ ဆေးရုံတက်တဲ့အခါ လုပ်ပေးရတာပါ။

(၆) လေ့ကျင့်ခန်း

ရင်ဝမ်းတား ြွကက်သား (Diaphragm)၊ အရိုးတွေကြားထဲက ြွကက်သား(Intercostal Muscle)၊ ဝမ်းဗိုက်ကြွက်သား (Abdominal Muscle) တွေ ကောင်းဖို့အတွက် လေ့ကျင့်ခန်းကတော့ မဖြစ်မနေ လုပ်ရပါမယ်။ နှာခေါင်းကနေ အသက်ရှူပြီး နှုတ်ခမ်းကိုစူပြီး မှုတ်ထုတ်တဲ့လေ့ကျင့်ခန်းကို တစ်ရက်မှာ မနက် အကြိမ် ၂၀၊ ည အကြိမ် ၂၀ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အသက်ရှူလမ်းကြောင်းကြွက်သားတွေ အားကောင်းနေအောင် လုပ်ဆောင်တာပါ။

Plank လေ့ကျင့်ခန်းတွေကလည်း အဆုတ်ကျန်းမာစေပါတယ်။ လမ်းလျှောက်တာကလည်း လုပ်သင့်ပါတယ်။

ရှောင်ရန်များ

အဆုတ်ကျန်းမာချင်တယ်ဆိုရင် ဆေးလိပ်ကို လုံးဝမသောက်ပါနဲ့။ ဆေးလိပ်က အဆိုးဆုံးပါပဲ။

အချိုရည်တွေ အများကြီး မသောက်ဖို့လည်း လိုအပ်ပါတယ်။ လေထုညစ်ညမ်းတဲ့နေရာတွေမှာ မနေသင့်ပါဘူး။

နဂိုက ပန်းနာရင်ကျပ်၊ COPDအဆုတ်ပွရောဂါ စတာတွေရှိရင် အထူးဂရုစိုက်သင့်ပါတယ်။

ချစ်ခင်ရသူအားလုံး အနာရောဂါကင်းဝေးပြီး ကိုယ်ကျမ်းမာလို့ စိတ်ချမ်းသာကြပါစေရှင်

ချစ်ခင်လေးစားလျှက်

Credit …Original uploader

Be the first to comment

Leave a Reply

Your email address will not be published.


*