Writer – SMT
Unicode
ကိုဗစ်-၁၉ ရောဂါကုသတဲ့ ဆေးတွေကို ဂျပန်နိုင်ငံက မြန်မာကို အခမဲ့ပေးမယ်
တကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ COVID_19 ရောဂါဟာဆိုရင် လက်ရှိအချိန်အထိ ကုသနိုင်တဲ့ ဆေးတိတိပပ မရှိသေးဘူးဆိုပေမယ့် အကျိုးသက်ရောက်မှု ကောင်းတဲ့ ဆေးတွေကိုလည်း ဆေးသုတေသနပညာရှင်တွေနဲ့ နိုင်ငံတော်တော်များများက ကြိုးပမ်းရှာဖွေနေကြတာ အားလုံး အသိပဲ ဖြစ်မှာပါနော် ……။
လက်ရှိအချိန်ထိ ဆိုရင် တရုတ်နိုင်ငံက ထုတ်တဲ့ ဆေးတစ်မျိုးဟာဆိုရင် တိရိစ္ဆာန်များမှာ စမ်းသပ်တဲ့အခါ အကျိုးကျေးဇူးကောင်းတွေရတာကြောင့် ဒီနေ့မှာတော့ အမေရိကန် ဝါရှင်တန်ဒီစီ မြို့မှာ ရှိတဲ့ ကျန်းမာရေးဆိုင်ရာ အင်စတီကျတစ်ခုမှာ လူသား နဲ့ စတင်စမ်းသပ် နေပြီပဲ ဖြစ်ပါတယ် …။
ထို့အတူပဲ ဂျပန်နိုင်ငံက Avigan ဆိုတဲ့ ဆေးဟာလည်း COVID-19 ကုသရာမှာ အလားအလာ ကောင်းတဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ် …။
ဒီဆေးနဲ့ လူနာတွေကို သုံးစွဲခဲ့တဲ့အခါမှာ ၄ ရက်အတွင်း ပြန်လည်ကောင်းမွန်ပြီးတော့ ဆေးမသုံးစွဲခဲ့သူတွေကတော့ ၁၂ ကြာမှာ ပြန်လည်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီဆေးကို နိုင်ငံပေါင်း ၃၀ ကျော်က စိတ်ဝင်စား လျှက်ရှိနေကြပါတယ် …။
ဒီနေ့မှာပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ ကို အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။ ဒါကြောင့် အခုလို ဝမ်းသာစရာသတင်းလေးကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် …..။ ။
Writer – SMT
Be the first to comment
Leave a Reply
Your email address will not be published.
*