COVID-19 …. ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ…..

COVID-19 …. ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ…..

COVID-19 …. ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ…..

လိုအပ်တဲ့နေရာတွေမှာဆို ရက်ရက်ရောရော လှူတတ်တဲ့ ဦးဇော်ဇော်ကို မကြာမကြာ တွေ့ရတယ်

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID-19 ကြိုတင်ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွား လာခဲ့ပါက ထိရောက်စွာ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင်

အရေးပေါ် လိုအပ်နေသော ငွေကျပ် သိန်း(၁၀၀၀) တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်းများ၊ ကာကွယ်ကုသရေး အသုံးအဆောင်များကို ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၊ ဧရာဝတီဘဏ်လီမိတက်နှင့် AYA SOMPO Insurance တို့မှ ပံ့ပိုးကူညီပေးခဲ့သည်။

ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့်တကွ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဝန်၊ ဆရာမကြီးများနှင့်အတူ

မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရေးပေါ် လိုအပ်လျက်ရှိသည့် Medical Ventilator၊ Oxygen Flow Meter နှင့် ၎င်းတို့နှင့် ဆက်စပ်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)၊ Infrared Thermometer များ၊ N95 Mask နှင့် Surgical Mask များ၊ Surgical Glove များကို ပံ့ပိုးကူညီပေးခဲ့ပါသည်။

ထို့အတူ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် မတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး အရေးပေါ် ဖြည့်တင်းရန် လိုအပ်နေသည့် ICU ကုတင်များ၊ လူနာကုတင်များ၊ Monitor with Echo

cardiogram၊ ICU Ventilator၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)များ၊ အခြား လိုအပ်နေသော ပစ္စည်းများ ဝယ်ယူရန်ပံ့ပိုးကူညီပေးခဲ့ပါသည်။

ထို့အပြင် AYA Sompo အာမခံအနေဖြင့် COVID19 အတွက် တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံတစ်ရပ် စီစဉ်ပေးနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

Credit: Myanmar Live

As the COVID-19 outbreak becomes more widespread globally, Ayeyarwady Foundation together with Max Myanmar Group, AYA Bank and AYA SOMPO Insurance contributed MMK 1,000 lakhs worth medical aids including medical supplies, hospital equipment and preventive materials to Waibargi Hospital and Yankin Children Hospital.

The contributions were made to prevent the spread of the coronavirus and to take measures not only to protect patients and medical officers but also to ensure to protect the people in society.

Ayeyarwady Foundation members led by U Zaw Zaw met with Medical superintendent of Yankin Children Hospital, Medical Officers and other members to discuss the preventive measures and provided medical requirements such as Medical Ventilator, Oxygen Flow Meter, PPE Uniform, Infrared Thermometers, N95 Masks, Surgical Masks and Surgical Gloves.

Also, Ayeyarwady Foundation members then proceeded to the Waibargi Hospital and extended contributions to the urgent required materials including ICU Beds, Patient Beds, Monitor with Echo cardiogram, ICU Ventilator, PPE Uniforms and other requirements.

Besides, AYA SOMPO Insurance negotiated with Ministry of Health and Sport to provide Life Insurance Packages for Medical Officers. Ayeyarwady Foundation will continue to help and extend it’s helping hands in timely contribution and working together with the local authorities concerned.

Be the first to comment

Leave a Reply

Your email address will not be published.


*