












crd:The myanmar Time

Unicode

ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ အတိုက်ပြိုင် ပွဲ ဝမ်းချန်ပီယံရှစ်၏ ပါဝါအပြင်းဆုံးဖိုက်တာ (၅)ဦးစာရင်းတွင် အောင်လအန်ဆန် ထိပ်ဆုံးတွင်ရပ်တည်

ဝမ်း ချန် ပီယံရှစ် မှ ကျင်းပနေ သည့် ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ အတိုက်ပြိုင်ပွဲ (MMA) ၌ ပါဝါအပြင်း ဆုံး ဖိုက်တာ (၅)ဦးကို ယနေ့မတ် (၁၄)ရက်က ထုတ်ပြန်ခဲ့ရာ

လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်က နံပါတ်တစ် နေရာ၌ ရွေးချယ် ခံရသည်။

ဖိုက်တာ ငါးဦးနေရာတွင် ထိပ်ဆုံး၌ရပ်တည်နိုင် ခဲ့သည့် မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် သည် ပြိုင်ဘက်များ ကို ချုပ်ကွက်ဖြင့် အနိုင်ယူရာ ၌ ထင်ရှားသူဖြစ် ပြီး

၎င်း၏အားပါပြင်းထန် သည့် ဘယ်ညာလက်သီးချက် များကြောင့် နံပါတ်တစ်နေရာ ၌ ရွေးချယ်ခံရ သူဖြစ်သည်။

နံပါတ်နှစ်နေရာ တွင် ရွေးချယ်ခံရသူမှာ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲ၌ အောင်လအန်ဆန်ကို ရှုံးနိမ့် ခဲ့သည့် အမေရိကန် နိုင်ငံသား ဘရန်ဒန် ဗီရာဖြစ်သည်။

နံပါတ်သုံးနေရာ တွင် ရွေးချယ်ခံရသူမှာ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူးသည့် ဘရာဇီးနိုင်ငံ သား အလိန်ဂါလာနီဖြစ် သည်။

အလိန်ဂါလာနီ သည် ၂၀၁၇ခုနှစ် နိုဝင်ဘာက ကျင်းပခဲ့သော ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲ တွင် ချုပ်ကွက်ဖြင့် အောင်လအန်ဆန်ကို အရှုံးပေးခဲ့ရ သူဖြစ်သည်။

နံပါတ်လေးနေရာ တွင် ထိုင်းနိုင်ငံသူ အမျိုးသမီး ဖိုက်တာ စတန့် ဖဲလ်တက်စ်ကရပ် တည်ခဲ့ပြီး နံပါတ်ငါးနေရာ၌ ဘရာဇီးနိုင်ငံသား ဗစ်တာဗဲလ်ဖို့က ရပ်တည် ခဲ့သည်။

ဆက်စပ် သတင်း များအရ ယခုနှစ်ဧပြီ တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ကျင်းပမည့် မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ဗစ်တာလီဘစ်ဒက်ရှ် တို့၏

ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲမှာ (COVID) -19 ဗိုင်းရပ်စ် ကြောင့် တံခါးပိတ် ကျင်းပရဖွယ်ရှိနေကြောင်း သိရသည် ။

crd:The myanmar Time

Be the first to comment

Leave a Reply

Your email address will not be published.


*