ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီး႐ိုးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႕ေျပာ

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီး႐ိုးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႕ေျပာ

ျပႆနာ ႀကီးထြားလာမည္စိုး၍ က်ိဳက္ထီး႐ိုးဘုရားဖူးခြင့္ ပိတ္မည္မဟုတ္ဟု ေဂါပက အဖြဲ႕ေျပာ

က်ိဳက္ထီး႐ိုး ဘုရားဖူးေျမႇာ္ခြင့္ကို ပိတ္ပင္လိုက္ပါက ေနာက္ဆက္တြဲ ျပႆနာမ်ား ႀကီးထြားလာႏိုင္ေသာေၾကာင့္ ပိတ္ပင္မည္မ ဟုတ္ဘဲ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ကာ ဆက္လက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ ေဂါပကအဖြဲ႕မွ အဖြဲ႕ဝင္ ဦးစိုးလႈိင္က ေျပာသည္။

မတ္လ ၁၆ ရက္က ဘုရားဖူးမ်ား မ်ားျပားလြန္းသည့္အတြက္ တိုးေဝွ႔ေနသည့္ ပုံမ်ား ပ်ံ႕ႏွံ႔လာသည့္အေပၚ အကုန္သိ သတင္း ဌာနမွ ဆက္သြယ္ေမးျမန္းစဥ္ ၎က ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“မတ္လ ၁၅ ရက္က ၾသဝါဒ ဆရာေတာ္ႀကီးေတြေရာ၊ ျပည္နယ္အစိုးရအဖြဲ႕က ဝန္ႀကီးခ်ဳပ္လည္းပါတယ္။ အစည္းအေဝးလုပ္ ၾက တယ္။ ေသေသခ်ာခ်ာ ေဆြးေႏြးလိုက္ေတာ့ ပိတ္ပစ္ဖို႔က အခက္အခဲ ေတာ္ေတာ္ရွိတယ္။

ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ျပ ႆနာေတြက ႀကီးမားတယ္။ ဗုဒၶဘာသာျဖစ္ၿပီး ဘုရားမဖူးရဘူးလားဆိုၿပီး ျဖစ္ကုန္မယ္။ ေနာက္ၿပီး ေ႐ႊတိဂုံတို႔၊ ေ႐ႊေမာ္ေဓာတို႔ ၊မဟာျမတ္မုနိတို႔ ဘုရားႀကီးေတြလည္း ဒီလိုပဲ ဘုရားဖူးဆက္ထားတယ္ဆိုေတာ့ က်ိဳက္ထီး႐ိုးေစတီေတာ္လည္း မပိတ္ဖို႔ ဆုံး ျဖတ္လိုက္တယ္။

ဒါေပမဲ့ ေတာင္ေပၚမတက္ခင္ ကားဂိတ္မွာ ကိုယ္အပူခ်ိန္တိုင္းမယ္။ လက္ေဆးမယ္။ ဒါေတြ မလုပ္ရင္ေတာ့ ေပးမတက္ဘူး။ အဲဒီအစီအစဥ္က မတ္လ ၁၆ ရက္က စတယ္” ဟု ၎ကေျပာသည္။

မြန္ျပည္နယ္ က်ိဴက္ထိုၿမိဳတြင္ တည္ရွိေသာ က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ ေန႔စဥ္ ဘုရားဖူး လူဦးေရ ႏွစ္ေထာင္မွ ငါးေထာင္ၾကားရွိ ေၾကာင္း သိရသည္။

“အခုက က်န္းမာေရးအရ တစ္ခုခုျဖစ္တာ မရွိေသးဘူးေလ။ ေနာက္ၿပီး ျမန္မာႏိုင္ငံမွာလည္းျဖစ္တဲ့သူ မရွိေသးဘူး။ အဲဒီေတာ့ က်န္းမာေရးအရ တစ္ခုခုျဖစ္ရင္ေတာ့ ပိတ္မွာပါ”ဟု ဘုရားေဂါပကမွ ဦးစိုးလႈိင္က ေျပာသည္။

လတ္တေလာတြင္ လူစုလူေဝးျဖစ္ေစႏိုင္သည့္ ပြဲလမ္းသဘင္ႏွင့္ အခမ္းအနားမ်ားကို ေလွ်ာ့ခ်ရ ႏိုင္ငံေတာ္အစိုးရက လမ္းၫႊန္ ထားၿပီး ၿပီးခဲ့သည့္ မတ္လ ၁၃ ရက္တြင္လည္း မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္းမွ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲ ေတာ္ကို ပိတ္သိမ္းရန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အမိန႔္ထုတ္ျပန္ခဲ့ၿပီး လက္ရွိတြင္ ဘုရားပြဲအတြင္းရွိ တည္းခိုေဆာင္မ်ား၊ ေဈး ဆိုင္းခန္းမ်ားကို ဖ်က္သိမ္းေနၾကၿပီျဖစ္သည္။

“ဘုရားကိစၥက မြန္ျပည္နယ္အစိုးရ အဖြဲ႕နဲ႔ ေဂါပကနဲ႔ ၾသဝါဒ ဆရာေတာ္ႀကီးဆီ ေလွ်ာက္တင္တယ္လို႔ေတာ့ သိရတယ္။ ကြၽန္ ေတာ့္ အျမင္ကေတာ့ ဘုရားေပၚတက္တဲ့ လူဦးေရနဲ႔ က်န္းမာေရးအရ ထိန္းထားႏိုင္တယ္ဆိုရင္ေတာ့ ေကာင္းပါတယ္” ဟု က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာခင္ေဆာင္က ေျပာသည္။

အကုန္သိ

Unicode

ပြဿနာ ကြီးထွားလာမည်စိုး၍ ကျိုက်ထီးရိုးဘုရားဖူးခွင့် ပိတ်မည်မဟုတ်ဟု ဂေါပက အဖွဲ့ပြော

ကျိုက်ထီးရိုး ဘုရားဖူးမြှော်ခွင့်ကို ပိတ်ပင်လိုက်ပါက နောက်ဆက်တွဲ ပြဿနာများ ကြီးထွားလာနိုင်သောကြောင့် ပိတ်ပင်မည်မ ဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးစိုးလှိုင်က ပြောသည်။

မတ်လ ၁၆ ရက်က ဘုရားဖူးများ များပြားလွန်းသည့်အတွက် တိုးဝှေ့နေသည့် ပုံများ ပျံ့နှံ့လာသည့်အပေါ် အကုန်သိ သတင်း ဌာနမှ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မတ်လ ၁၅ ရက်က သြဝါဒ ဆရာတော်ကြီးတွေရော၊ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးချုပ်လည်းပါတယ်။ အစည်းအဝေးလုပ် ကြ တယ်။ သေသေချာချာ ဆွေးနွေးလိုက်တော့ ပိတ်ပစ်ဖို့က အခက်အခဲ တော်တော်ရှိတယ်။

နောက်ဆက်တွဲ အကျိုးဆက်တွေ ပြ ဿနာတွေက ကြီးမားတယ်။ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားမဖူးရဘူးလားဆိုပြီး ဖြစ်ကုန်မယ်။ နောက်ပြီး ရွှေတိဂုံတို့၊ ရွှေမော်ဓောတို့ ၊မဟာမြတ်မုနိတို့ ဘုရားကြီးတွေလည်း ဒီလိုပဲ ဘုရားဖူးဆက်ထားတယ်ဆိုတော့ ကျိုက်ထီးရိုးစေတီတော်လည်း မပိတ်ဖို့ ဆုံး ဖြတ်လိုက်တယ်။

ဒါပေမဲ့ တောင်ပေါ်မတက်ခင် ကားဂိတ်မှာ ကိုယ်အပူချိန်တိုင်းမယ်။ လက်ဆေးမယ်။ ဒါတွေ မလုပ်ရင်တော့ ပေးမတက်ဘူး။ အဲဒီအစီအစဉ်က မတ်လ ၁၆ ရက်က စတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် ကျိူက်ထိုမြိုတွင် တည်ရှိသော ကျိုက်ထီးရိုးစေတီတော်သို့ နေ့စဉ် ဘုရားဖူး လူဦးရေ နှစ်ထောင်မှ ငါးထောင်ကြားရှိ ကြောင်း သိရသည်။

“အခုက ကျန်းမာရေးအရ တစ်ခုခုဖြစ်တာ မရှိသေးဘူးလေ။ နောက်ပြီး မြန်မာနိုင်ငံမှာလည်းဖြစ်တဲ့သူ မရှိသေးဘူး။ အဲဒီတော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင်တော့ ပိတ်မှာပါ”ဟု ဘုရားဂေါပကမှ ဦးစိုးလှိုင်က ပြောသည်။

လတ်တလောတွင် လူစုလူဝေးဖြစ်စေနိုင်သည့် ပွဲလမ်းသဘင်နှင့် အခမ်းအနားများကို လျှော့ချရ နိုင်ငံတော်အစိုးရက လမ်းညွှန် ထားပြီး ပြီးခဲ့သည့် မတ်လ ၁၃ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ မန်းရွှေစက်တော် ဘုရားပွဲ တော်ကို ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ဘုရားပွဲအတွင်းရှိ တည်းခိုဆောင်များ၊ ဈေး ဆိုင်းခန်းများကို ဖျက်သိမ်းနေကြပြီဖြစ်သည်။

“ဘုရားကိစ္စက မွန်ပြည်နယ်အစိုးရ အဖွဲ့နဲ့ ဂေါပကနဲ့ သြဝါဒ ဆရာတော်ကြီးဆီ လျှောက်တင်တယ်လို့တော့ သိရတယ်။ ကျွန် တော့် အမြင်ကတော့ ဘုရားပေါ်တက်တဲ့ လူဦးရေနဲ့ ကျန်းမာရေးအရ ထိန်းထားနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောသည်။

အကုန်သိ

Be the first to comment

Leave a Reply

Your email address will not be published.


*