













Unicode

ပြောင်းလဲ သွားသည့် မြန်မာ့ မီးရထားနှင့် ရထား ပေါ်က သန့်ရှင်းသော စားသောက်တွဲ ပုံစံသစ်

ပြောင်းလဲသွား သည့် မြန်မာ့မီးရထား နှင့် ရထားပေါ်က နိုင်ငံတကာ အဆင့်မှီ သန့်ရှင်းသော စားသောက် တွဲ ပုံစံသစ်…

“မမ” မြန်မာ့ မီးရထားတောင် အများကြီး ပြောင်းလဲ သွားပါပြီ။

၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက် နေ့မှ စတင် ပြေးဆွဲ မည့် မန္တလေး-မြစ်ကြီးနား အဲယားကွန်း တွဲဆိုင်း + စားသောက်တွဲ နှင့် မန္တလေးမှ ရွှေဘို အထိစမ်းသပ် ပြေးဆွဲ ပါသည်။

စားသောက်တွဲ ဝန်ဆောင်မှု အ တွက် သတင်းစာ မှ တင်ဒါ ခေါ် ယူ ရွေး ချယ် ခဲ့ရာ တင်ဒါအောင်မြင် သော Amazing Hotel ၏ အကြို ပြင်ဆင် ဆောင်ရွက် ထားမှု ကို ပါ စစ်ဆေး ခဲ့ပါသည်။

ယခင် မြင်တွေ့နေကျ စား သောက်တွဲ ရောင်းချ မှု မျိုး မဟုတ် တော့ဘဲ အဆင့်မီ သန့်ရှင်း သော စားသောက် ဖွယ် ရာများ ဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

လမ်းခရီးတွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း ဘူတာများ ၌ ရပ်တန့် ပေး သွားမည် ဖြစ် ပါသည်။

ခရီးစဉ် အစအဆုံး လက်မှတ်ခမှာ ကျပ် နှစ်သောင်း ဖြစ် ပါသည်။ တွဲဆိုင်း အသစ် (ကိုရီးယားမိတ်) ၊ ဝန်ဆောင်မှု အသစ် နှင့် ခရီးသွား ပြည်သူပြည်သား များကို မြန်မာ့ မီးရထား ဝန်ထမ်းများက မင်္ဂလာပါ ဟု နှုတ်ခွန်းဆက်သ ကြိုဆိုလျက် လာရောက် စီးနင်း အ သုံးပြုကြ ပါ ရန် ဖိတ်ခေါ်အပ် ပါသည်။

သန့်ရှင်းသော အ စား အသောက် များ

မန္တလေး-မြစ်ကြီးနား ပြေးဆွဲမည့် ရထား စားသောက်တွဲ စစ်ဆေး

မန္တလေး-မြစ်ကြီးနား ပြေးဆွဲ မည့် ရထား စားသောက် တွဲ ပေါ်က စာဖိုမှူးများ

မ န္တလေး-မြစ်ကြီးနား ပြေးဆွဲ မည့် ရထား စား သောက်တွဲ ဝန်ထမ်းများ

ဦးအောင်မြင့်လှိုင် (မြန်မာ့မီးရထား)

Be the first to comment

Leave a Reply

Your email address will not be published.


*