


ရုပ်ရှင်ရုံများ အားလုံးမတ်(၁၆)ရက် ကစပြီး ယာယီ ပိတ် မည်။








photo the lady news

Unicode

ကိုယ်ပိုင်ကျောင်း၊ ကျူရှင်နှင့် သင်တန်းများ အားလုံး ပိတ်သိမ်းခြင်း မရှိက အရေးယူမည်

ရုပ်ရှင်ရုံံများ အားလုံ းမတ်(၁၆)ရက် ကစပြီး ယာယီ ပိတ် မည်။

CPVID-19ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေအားလုံး ကို မတ်(၁၆)ရက် ကစပြီး ဧပြီလကုန် အထိ

ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြော ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကို ညွှန်ကြားချက် ပေးပို့ ထားတယ် လို့ ဦးညီညီထွန်းလွင် က ဆိုပါတယ်။

အခုလို ရုံတွေ ခေတ္တပိတ်ဖို့ ညွှန်ကြားချက် ကိုလည်း ထုတ်လုပ်သူတွေ အားလုံး ကလည်း သဘောတူ တယ်လို့ ဦးညီညီထွန်းလွင် က ပြော ပါတယ်။

ညွှန်ကြားချက် အရ ရုပ်ရှင်ရုံတွေ အားလုံး မတ်လ (၁၆) ရက်မှာ နေ့လည် ပွဲစဉ်တွေ ပြီးရင် ခေတ္တပိတ်ထား ရတော့မှာဖြစ်ပြီး အဲ့ဒီ အကြောင်း ကိုလည်း သက်ဆိုင်ရာ ရုပ်ရှင်ရုံတွေက သူတို့ရဲ့ လူမှုကွန် ရက်စာမျက်နှာ တွေမှာ ဖော်ပြထားပါတယ်။

ရုံတွေ ပိတ်လိုက်တဲ့ အတွက် ရုံတင်ဖို့ ရက်ချိတ် ယူထားတဲ့ ရုပ်ရှင်ကား တွေကိုလည်း ရုံတွေပြန်ဖွင့် တာနဲ့ အတွဲလိုက် ပြန်တင်နိုင်အောင် စီစဉ်ပေးမှာ ဖြစ်တယ်လို့ ဦးညီညီထွန်းလွင် က ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ရဲ့ ထုတ်ပြန်ချက်ထဲ မှာလည်း လူစုလူဝေး အခမ်းအနားတွေ၊ သင်္ကြန်အပါအဝင် ပွဲလမ်းသဘင် တွေကို ဧပြီလကုန် အထိ ရပ်ဆိုင်းထားဖို့ ထုတ်ပြန် ထားပါတယ်။

လေးစားစွာ ဖြင့် ခရက်ဒစ် The lady news
photo the lady news

Be the first to comment

Leave a Reply

Your email address will not be published.


*