ဆံပင္အေရာင္ဆိုးလိုက္လို႔ 5ရက္ေလာက္ ေခါင္းေတြေယာင္ကိုင္းသြားခဲ့ၿပီး မ်က္စိပါကြယ္ခဲ့ရတဲ့ အမ်ိဳးသမီး

ဆံပင္အေရာင္ဆိုးလိုက္လို႔ 5ရက္ေလာက္ ေခါင္းေတြေယာင္ကိုင္းသြားခဲ့ၿပီး မ်က္စိပါကြယ္ခဲ့ရတဲ့ အမ်ိဳးသမီး

ဆံပင္အေရာင္ဆိုးလိုက္လို႔ 5ရက္ေလာက္ ေခါင္းေတြေယာင္ကိုင္းသြားခဲ့ၿပီး မ်က္စိပါကြယ္ခဲ့ရတဲ့ အမ်ိဳးသမီး

Steph O’Dell ဆိုတဲ့အမ်ိဳးသမီးဟာ သူမ၏ ညီမေလးအသက္ 18ႏွစ္ျပည့္တဲ့ေမြးေန႔မွာ နယ္သာလန္ႏိုင္ငံ ၊ Amsterdam ၿမိဳ႕သို႔ အလည္အပတ္ခရီးသြားရန္ စီစဥ္ခဲ့ၿပီးေနာက္ အလွဆုံးျဖစ္ရန္အတြက္ သူမ၏ ဆံပင္ကို အေရာင္ဆိုးရန္ဆုံး ျဖတ္ခဲ့ပါတယ္ ။

သူမဟာ အေရာင္ဆိုးေဆးေတြမွ ာပါတဲ့ PPD ဆိုေသာအရာႏွင့္ ဓာတ္မတည့္ျခင္း ျဖစ္တတ္သည္ကိုအစကတည္းက သိရွိထားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူမဟာ ဆံပင္ညႇပ္ဆိုင္ကို သူမဟာ အေရာင္ဆိုးေဆးေတြမွာ ပါဝင္တဲ့ PPDႏွင့္ ဓာတ္မတည့္ေၾကာင္း ဦးစြာေျပာျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ဆံပင္ညႇပ္ဆိုင္က ဦးေရျပားကို မထိမိေအာင္ဆံပင္အေရာင္ဆိုးေပးမည္ ၊ ဆံပင္ဆိုးေဆးမွာ သဘာဝ organic သာ ျဖစ္ေၾကာင္းသူမကို အာမခံခဲ့ပါတယ္ ။

သူမ ဆံပင္အေရာင္ဆိုးၿပီး ေနာက္တစ္ရက္မွာေတာ့ သူမရဲ႕လည္ပင္းဟာ ယားယံလာခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမ၏အေရးျပားေပၚမွာ ဆံပင္ဆိုးေဆး အနည္းငယ္က်န္ေနခဲ့တယ္လို႔သာ ထင္မွတ္ၿပီးေနာက္ ေရေဆးခ် ၿပီး ယားနာေပ်ာက္ေဆးကိုသာ လိမ္းခဲ့ပါတယ္ ။

ထို႔ေနာက္ သူမ၏ညီမျဖစ္သူႏွင့္ Amsterdam ၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး ေနာက္တစ္ရက္မွာေတာ့ သူမ၏မ်က္ႏွာမွာ စတင္ၿပီး ေရာင္ကိုင္းလာပါေတာ့တယ္ ။

သူမ၏ေျပာျပခ်က္အရ – ‘ကြၽန္မတပ္ထားတဲ့ မ်က္မွန္ေတာင္ အရမ္းက်ပ္ေနသလိုျဖစ္ေနၿပီး ၊ လည္ပင္းမွာလဲ မီးကင္ထားသလို ခံစားခဲ့ရပါတယ္ ။ ေနာက္ထပ္ တစ္ရက္ေရာက္ေတာ့ ကြၽန္မေခါင္းဟာ ႀကီးလာၿပီး မ်က္စိတစ္ဖက္ကလည္း ေရာင္ကိုင္းလြန္းလို႔ ဖြင့္လို႔မရေတာ့ေလာက္ေအာင္ ပိတ္သြားခဲ့ပါတယ္ ။

မ်က္ႏွာ နဲ႔ ေခါင္းတစ္ခုလုံးဟာ တအားနာက်င္ေနခဲ့လို႔ ေဆး႐ုံသြားျပခဲ့ပါတယ္ ။သို႔ေပမဲ့လည္းေနာက္တစ္ရက္မွာ မ်က္ႏွာဟာ ပိုေယာင္ကိုင္းလာခဲ့ၿပီး မ်က္စိႏွစ္ဖက္လုံးက လုံးဝဖြင့္လို႔မရေတာ့တဲ့ အေျခအေနထိ ေရာက္သြားခဲ့ပါတယ္’ ဟူ၍ ေျပာျပထားခဲ့ပါတယ္။

ထို႔ေနာက္ ဖခင္ျဖစ္သူကို လွမ္းဆက္သြယ္အေၾကာင္းၾကားၿပီး ေနရပ္သို႔ျပန္လာခဲ့ကာ ေလဆိပ္သို႔ေရာက္ေရာက္ခ်င္းမွာပဲ ဖခင္ျဖစ္သူက သူမငယ္႐ြယ္စဥ္ကတည္းက ျပသခဲ့ေသာ Milton Keynes Hospital သို႔ ခ်က္ခ်င္ေခၚေဆာင္သြားခဲ့ပါတယ္ ။

သူမဟာ အဆိုပါေဆး႐ုံမွာ 5ရက္ေလာက္ ေဆးကုသမႈခံယူခဲ့ရၿပီးေနာက္ ျပန္လည္ေကာင္းမြန္လာခဲ့ကာ ေနာက္ပိုင္းတြင္ ဘယ္ေတာ့အခါမွ ဆံပင္အေရာင္မဆိုးေတာ့ေၾကာင္း သူမရဲ႕အေတြ႕အႀကဳံကိုေဝမွ်သြားခဲ့ပါတယ္ ။

Source: thesun.co.uk

Unicode

ဆံပင်အရောင်ဆိုးလိုက်လို့ 5ရက်လောက် ခေါင်းတွေယောင်ကိုင်းသွားခဲ့ပြီး မျက်စိပါကွယ်ခဲ့ရတဲ့ အမျိုးသမီး

Steph O’Dell ဆိုတဲ့အမျိုးသမီးဟာ သူမ၏ ညီမလေးအသက် 18နှစ်ပြည့်တဲ့မွေးနေ့မှာ နယ်သာလန်နိုင်ငံ ၊ Amsterdam မြို့သို့ အလည်အပတ်ခရီးသွားရန် စီစဉ်ခဲ့ပြီးနောက် အလှဆုံးဖြစ်ရန်အတွက် သူမ၏ ဆံပင်ကို အရောင်ဆိုးရန်ဆုံး ဖြတ်ခဲ့ပါတယ် ။

သူမဟာ အရောင်ဆိုးဆေးတွေမှ ာပါတဲ့ PPD ဆိုသောအရာနှင့် ဓာတ်မတည့်ခြင်း ဖြစ်တတ်သည်ကိုအစကတည်းက သိရှိထားခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ ဆံပင်ညှပ်ဆိုင်ကို သူမဟာ အရောင်ဆိုးဆေးတွေမှာ ပါဝင်တဲ့ PPDနှင့် ဓာတ်မတည့်ကြောင်း ဦးစွာပြောပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း ဆံပင်ညှပ်ဆိုင်က ဦးရေပြားကို မထိမိအောင်ဆံပင်အရောင်ဆိုးပေးမည် ၊ ဆံပင်ဆိုးဆေးမှာ သဘာဝ organic သာ ဖြစ်ကြောင်းသူမကို အာမခံခဲ့ပါတယ် ။

သူမ ဆံပင်အရောင်ဆိုးပြီး နောက်တစ်ရက်မှာတော့ သူမရဲ့လည်ပင်းဟာ ယားယံလာခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမ၏အရေးပြားပေါ်မှာ ဆံပင်ဆိုးဆေး အနည်းငယ်ကျန်နေခဲ့တယ်လို့သာ ထင်မှတ်ပြီးနောက် ရေဆေးချ ပြီး ယားနာပျောက်ဆေးကိုသာ လိမ်းခဲ့ပါတယ် ။

ထို့နောက် သူမ၏ညီမဖြစ်သူနှင့် Amsterdam မြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး နောက်တစ်ရက်မှာတော့ သူမ၏မျက်နှာမှာ စတင်ပြီး ရောင်ကိုင်းလာပါတော့တယ် ။

သူမ၏ပြောပြချက်အရ – ‘ကျွန်မတပ်ထားတဲ့ မျက်မှန်တောင် အရမ်းကျပ်နေသလိုဖြစ်နေပြီး ၊ လည်ပင်းမှာလဲ မီးကင်ထားသလို ခံစားခဲ့ရပါတယ် ။ နောက်ထပ် တစ်ရက်ရောက်တော့ ကျွန်မခေါင်းဟာ ကြီးလာပြီး မျက်စိတစ်ဖက်ကလည်း ရောင်ကိုင်းလွန်းလို့ ဖွင့်လို့မရတော့လောက်အောင် ပိတ်သွားခဲ့ပါတယ် ။

မျက်နှာ နဲ့ ခေါင်းတစ်ခုလုံးဟာ တအားနာကျင်နေခဲ့လို့ ဆေးရုံသွားပြခဲ့ပါတယ် ။သို့ပေမဲ့လည်းနောက်တစ်ရက်မှာ မျက်နှာဟာ ပိုယောင်ကိုင်းလာခဲ့ပြီး မျက်စိနှစ်ဖက်လုံးက လုံးဝဖွင့်လို့မရတော့တဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်’ ဟူ၍ ပြောပြထားခဲ့ပါတယ်။

ထို့နောက် ဖခင်ဖြစ်သူကို လှမ်းဆက်သွယ်အကြောင်းကြားပြီး နေရပ်သို့ပြန်လာခဲ့ကာ လေဆိပ်သို့ရောက်ရောက်ချင်းမှာပဲ ဖခင်ဖြစ်သူက သူမငယ်ရွယ်စဉ်ကတည်းက ပြသခဲ့သော Milton Keynes Hospital သို့ ချက်ချင်ခေါ်ဆောင်သွားခဲ့ပါတယ် ။

သူမဟာ အဆိုပါဆေးရုံမှာ 5ရက်လောက် ဆေးကုသမှုခံယူခဲ့ရပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ကာ နောက်ပိုင်းတွင် ဘယ်တော့အခါမှ ဆံပင်အရောင်မဆိုးတော့ကြောင်း သူမရဲ့အတွေ့အကြုံကိုဝေမျှသွားခဲ့ပါတယ် ။

Source: thesun.co.uk

 

Be the first to comment

Leave a Reply

Your email address will not be published.


*