





Publicado por Molly Phyo en Sábado, 14 de marzo de 2020

Publicado por Molly Phyo en Sábado, 14 de marzo de 2020



Publicado por Molly Phyo en Sábado, 14 de marzo de 2020

Publicado por Molly Phyo en Sábado, 14 de marzo de 2020



Unicode

မြင့်မြတ် နဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ ပရိသတ်တစ်ယောက် ရဲ့ Tik Tok

ပရိသတ်ကြီးရေ.. မြင့်မြတ်ကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းမင်းသားတွေ ထဲက တစ်ယောက်ဖြစ်ပြီး ဂျင်းကောင် ကာရိုက်တာနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ် ။

မြင့်မြတ်ရဲ့ သဘာ၀ ကျကျ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေကြောင့် ပရိသတ်တွေ အသည်းစွဲအားပေးခဲ့ကြ တာဖြစ်ပြီး (၂၀၁၉) ခုနှစ်အတွက် အကယ်ဒမီဆုကြီး ကိုလည်း မြင့်မြတ်အတွက် ပရိသတ်တွေက ထင်ကြေးပေးနေခဲ့ကြတာ ဖြစ်ပါတယ် ။

လတ်တလော မှာတော့ ပရိသတ်တွေ တောင် အံ့အားသင့်သွားလောက် တဲ့ tik tok တစ်ခုက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ် ။

မြင့်မြတ်နဲ့ ခွဲမရအောင် တူတဲ့ ပရိသတ်တစ်ယောက် က မြင့်မြတ် ရဲ့ ဇာတ်ဝင်ခန်း တွေကို Tik tok ဆော့ထားတာ ဖြစ်ပြီး ပရိသတ်တွေက မြင့်မြတ် tik tok ဆော့နေတာလားလို့တောင် အထင်မှားခဲ့ကြတဲ့ထိ ခွဲမရအောင် ရုပ်ချင်း ဆင်နေတာပဲ ဖြစ်ပါတယ် ။

မြင့်မြတ်ရဲ့ ခိုးဆိုးလုနှိုက် ကားထဲက ကာရိုက်တာနဲ့ တစ်ပုံစံထဲဖြစ်ပြီး မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေကလည်း မြင့်မြတ်နဲ့ ခွဲမရအောင် တူနေတာပါ ။

မကြည့်ရသေး တဲ့ ပရိသတ်တွေ အတွက်လည်း မြင့်မြတ်နဲ့ ခွဲမရအောင်တူတဲ့ ပရိသတ်တစ်ယောက်ရဲ့ Tik tok လေးကို ပရိသတ်ကြီးအတွက် တဆင့် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးရော မြင့်မြတ်နဲ့ ခွဲမရအောင် တူရဲ့လား ဆိုတာ အမြင်လေးတွေ ပြောပေးခဲ့ပါဦးနော် ..။

Source : Tik Tok.Credit : Cele Gabar

Be the first to comment

Leave a Reply

Your email address will not be published.


*