ကို႐ိုနာျဖစ္ေနတဲ့ အီတလီေျမာက္ပိုင္းက ေဆး႐ုံဆရာဝန္တစ္ေယာက္ ေရးတဲ့စာ

ကို႐ိုနာျဖစ္ေနတဲ့ အီတလီေျမာက္ပိုင္းက ေဆး႐ုံဆရာဝန္တစ္ေယာက္ ေရးတဲ့စာ

ကို႐ိုနာျဖစ္ေနတဲ့ အီတလီေျမာက္ပိုင္းက ေဆး႐ုံဆရာဝန္တစ္ေယာက္ ေရးတဲ့စာ

ေျပာၿပီးသားေတြ အပ္ေၾကာင္းထပ္ ထပ္ေျပာေနတာ ျဖစ္ခ်င္ျဖစ္မယ္။ ကပ္ဆိုက္ေနသူေတြကို ထိုင္ၾကည့္ေနရင္းနဲ႔ ဒါမ်ိး ငါတို႔ေနရာေတြမွာ ျဖစ္မွာမဟုတ္ပါဘူးလို႔ ေတြးေနၾကတယ္။ ကပ္ေဘးကင္းေနတဲ့ေနရာမွာ ေရာက္ေနသလို ေတြးေနၾကတာကို ေထာက္ျပခ်င္တာ။

မီဒီယာကလဲ ေကာင္းသြားမွာပါတဲ့။ ႏိုင္ငံေရးသမားေတြကလဲ ဒီအတိုင္းပဲ။ ဘာမွ စိုးရိမ္စရာ မရွိပါဘူးတဲ့ ။ တကယ္ေတာ့ ဘာမွ စိတ္မပူစရာ၊ စိတ္ေအးစရာ မရွိဘူး။ ျဖစ္ေနတာကို ေရးသင့္မေရးသင့္၊ ေဝခြဲမရဘူး တိတ္တိတ္ေလးေနရင္ ငါတာဝန္ေက်မွာမဟုတ္ဘူးဆိုတဲ့ အသိနဲ႔ ဒီစာကို ေရးပါတယ္။ က်ေနာ္တို႔ Bergamo ၿမိဳ႕မွာ ဘာေတြျဖစ္ေနသလဲဆိုတာကို အေဝးကလူေတြ ျမင္ႏိုင္ေအာင္ ေရးပါ့မယ္။

မလိုအပ္ဘဲ လူေတြေၾကာက္ေအာင္ Panic ရေအာင္ မလုပ္ဖို႔ က်ေနာ္သိတယ္။ ဒါေပမယ့္ အခုျဖစ္ေနတဲ့အႏၲရာယ္သတင္း တျခားလူေတြဆီ မေရာက္မွာကိုလဲ က်ေနာ္ေၾကာက္မိတယ္။ က်ေနာ္တို႔အခုရင္ဆိုင္ေနရတဲ့ရန္သူ မေရာက္လာခင္ ၿပီးခဲ့တဲ့အပတ္မွာပဲ ေဆး႐ုံမွာ အစီအစဥ္ေတြ စေျပာင္းတယ္။ လူနာေဆာင္ထဲက လူနာေတြကို ရွင္းထုတ္ပစ္တယ္။

အေရးေပၚ ေရာဂါက လြဲၿပီး ကုသခြဲစိတ္မႈေတြ ရပ္ထားတယ္။ ICU ေဆာင္ေတြကိုလဲ ႀကိဳတင္ ရွင္းပစ္လိုက္ၿပီး ကုတင္လြတ္ေတြ အမ်ားႀကီး နဲ႔ ေစာင့္ေနလိုက္တယ္။ ေဆး႐ုံက အရာရာအားလုံး ျမန္ျမန္ႀကီး ေျပာင္းလဲထားတယ္။ ေဆး႐ုံေကာ္ရစ္ဒါေတြ တိတ္ဆိတ္ကုန္တယ္။ဟာတာတာနဲ႔။ အိပ္မက္လိုမ်ိဳး။

ဒီလိုခံစားခ်က္ဘာ့ေၾကာင့္ျဖစ္သလဲဆိုတာ ဘယ္သူမွ နားမလည္ၾကဘူး။ မစ ေသးတဲ့ စစ္ကို ေစာင့္ေနသလိုမ်ိဳး။စစ္ရႈံးမယ္ အထိနာမယ္ လို႔လဲ က်ေနာ္အပါအဝင္ ေတာ္ေတာ္မ်ားမ်ားက မထင္ခဲ့ၾကဘူး။လြန္ခဲ့တဲ့တစ္ပတ္ night ဂ်ဴတီက်တုန္း swab အေျဖတစ္ခု ေစာင့္ေနတာကို မွတ္မိေသးတယ္။

အဲဒီအေျဖမ်ား Positive ျဖစ္ခဲ့ရင္ဆိုၿပီး ေတြးေနမိတာနဲ႔ အခုလက္ရွိမွာျဖစ္ေနတာေတြနဲ႔ ယွဥ္ၾကည့္လိုက္ရင္ ရယ္စရာေတာင္ေကာင္းေနေသး။ ယ္။ အခုျဖစ္ေနတာကေတာ့ ႐ုပ္ရွင္ထဲက အတိုင္းပဲ။စလဲ စ ေရာ။ တိုက္ပြဲေတြကလဲ ေန႔ညဆက္ေနတာ ။

အသင့္ပင္ ရွင္းလင္းထားတဲ့ ေဆး႐ုံထဲကို လူနာေတြက တစ္ေယာက္ၿပီးတစ္ေယာက္ဝင္လာေနၿပီ။လူနာအေျခအေနျပ Board မွာလဲ Code Red ေတြနဲ႔ ရဲပေဒါင္းခတ္ေနၿပီ။ လူနာတိုင္းရဲ႕ ေဘးမွာ ေရာဂါအေျဖက တစ္ ပုံစံထဲ ။ အဆုတ္ႏွစ္ဘက္လုံးေယာင္ျခင္း (bilateral interstitial pneumonia) ခ်ည္းပဲ။

ခင္ဗ်ားတို႔ ေျပာခဲ့သလို မဟုတ္ဘဲ ဘယ္တုပ္ေကြး ဒီလိုျမန္ျမန္ဆန္ဆန္ခ်ည္း ဆိုးသြားတာလဲလို႔ ဟိုလူေတြကို ေမးခ်င္တာ။ ေၾကာက္စရာ မလိုဘူး ေျပာခဲ့တဲ့ သူေတြကို ေမးခ်င္တာ။ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာခဲ့သူေတြကို ေမးခ်င္တာ။

လက္ရွိလုပ္ေနတဲ့အလုပ္ေတြရပ္ထားရမလား လို႔ ေမးလိုက္ခ်င္ေသး။ ကပ္ေရာဂါကဆိုက္ေနၿပီ။ ခြဲစိတ္ဆရာဝန္၊ ဆီးလမ္းေၾကာင္းအထူးကု၊ အ႐ိုးအထူးကုဆိုၿပီး မရွိေတာ့ဘူး။ အာလုံးဟာ ဒီ ကပ္ေရာဂါကို ရင္ဆိုင္မယ့္ ဆရာဝန္ေတြျဖစ္သြားၾကၿပီ။

Case ေတြ တိုးတိုးလာေနၿပီ။ တစ္ရက္ကို ၁၅ေယာက္ကေန အေယာက္၂၀လက္ခံေနရၿပီ။ အားလုံးရဲ႕အေျဖက positive တဲ့။ အေရးေပၚဌာနလဲ ဘုန္းဘုန္းလဲေတာ့မယ္။ အေရးေပၚကိုလာတဲ့ လူေတြအားလုံးရဲ႕ လကၡဏာက တစ္ပုံစံထဲပဲ။ ဖ်ားမယ္။ အသက္ရႉက်ပ္မယ္။ ေခ်ာင္းဆိုးမယ္။ အေမာေဖာက္မယ္။

ဓာတ္မွန္ဌာနက အေျဖကလဲ တစ္ပုံစံထဲ။ အဆုတ္ႏွစ္ဘက္လုံးေယာင္လို႔။ Tube နဲ႔ အသက္ရႈရမယ္။ ၾကပ္မတ္ေဆာင္ကို သြားရမယ္။ တခ်ိဳ႕အတြက္ေတာ့ ဒါေတြနဲ႔ ကယ္တာေတာင္ မမီေတာ့ဘူး။ ဒီအခ်ိန္မွာေတာ့ အသက္ရႉစက္ဟာ ေ႐ႊလို အဖိုးတန္သြားၿပီ။

ဝန္ထမ္းေတြလဲ ေျခကုန္လက္ပမ္းက်ၿပီ။ ဆရာဝန္ေတြကိုယ္တိုင္ ခုတင္ေတြ၊ လူနာေတြေ႐ႊ႕၊ ေဆးေပး၊ သူနာျပဳေတြလဲ လူနာေတြအားလုံးကို မကယ္ႏိုင္လို႔ ငိုေနၾကတယ္။ လူနာေတာ္ေတာ္မ်ားမ်ားရဲ႕ နိဂုံးကလဲ ေသမယ္ဆိုတာက ေသခ်ာေနၿပီ။ အဆိုင္းေတြ၊ ဂ်ဴတီေတြ မရွိေတာ့ဘူး။ နာရီေတြလဲ မသိေတာ့ဘူး။ မိသားစု ဘဝ တျခားသာေရးနာေရးဆိုတာ က်ေနာ္တို႔အတြက္ မရွိေတာ့ဘူး။

ကူးမွာ စိုးလို႔ မိသားစုေတြကိုေတာင္ မေတြ႕ေတာ့ဘူး။ ၫႊန္ၾကားခ်က္ေတြကို လိုက္နာတဲ့ၾကားက က်ေနာ္တို႔ထဲမွာေတာင္ ကူးတဲ့လူရွိေနတာ။ အဲဒီလိုကူးတဲ့လူဆီက ေဆြမ်ိဳးသားခ်င္းေတြျပန္ကူး၊ တခ်ိဳ႕ဆို ေသမင္းနဲ႔လြန္ဆြဲေနရၿပီ။ ပြဲ မသြားရတာ ၊ Gym မသြားရတာ၊ ျပတိုက္မသြားရတာကို သည္းခံပါ။

ကိုယ့္ေၾကာင့္ ေသကုန္မယ့္ သက္ႀကီး႐ြယ္အိုေတြကို သနားၾကပါ။ က်ေနာ္တို႔ တျခားလူေတြကို ကူေပးေနၾကတယ္။ မိတ္ေဆြလဲ ဝင္ကူလို႔ရတယ္။ ကိုယ့္ေၾကာင့္ တျခားလူေတြ ေသႏိုင္တယ္။ ဒီမွာကပ္ဆိုတာမ်ိဳး တျခားေနရာေတြမွာ မျဖစ္ရေလေအာင္ က်ေနာ္ေျပာတာေတြကို ထပ္ဆင့္ေျပာေပးၾကပါ။

အီတလီေျမာက္ပိုင္း ကိုရိုနာျဖစ္ေနတဲ့ လုံဘာဒီနယ္ မီလန္အေနာက္ေျမာက္ပိုင္းက ေဆး႐ုံဆရာဝန္တစ္ေယာက္ မေန႔က ေရးထားတာ ဖတ္ေစခ်င္လို့ ဘာသာျပန္ေပးလိုက္ပါတယ္။ သူ႔နာမယ္က Daniele Macchini တဲ့။ အီတာလ္ံေကန အဂၤလိပ္ကို ျပန္တဲ့လူက Silvia Stringhini တဲ့။ မူရင္းစာက ecodibergamo.it မွာ ရွိပါတယ္။

From Maung Maung Oo’s FB

Unicode

ကိုရိုနာဖြစ်နေတဲ့ အီတလီမြောက်ပိုင်းက ဆေးရုံဆရာဝန်တစ်ယောက် ရေးတဲ့စာ

ပြောပြီးသားတွေ အပ်ကြောင်းထပ် ထပ်ပြောနေတာ ဖြစ်ချင်ဖြစ်မယ်။ ကပ်ဆိုက်နေသူတွေကို ထိုင်ကြည့်နေရင်းနဲ့ ဒါမျိး ငါတို့နေရာတွေမှာ ဖြစ်မှာမဟုတ်ပါဘူးလို့ တွေးနေကြတယ်။ ကပ်ဘေးကင်းနေတဲ့နေရာမှာ ရောက်နေသလို တွေးနေကြတာကို ထောက်ပြချင်တာ။

မီဒီယာကလဲ ကောင်းသွားမှာပါတဲ့။ နိုင်ငံရေးသမားတွေကလဲ ဒီအတိုင်းပဲ။ ဘာမှ စိုးရိမ်စရာ မရှိပါဘူးတဲ့ ။ တကယ်တော့ ဘာမှ စိတ်မပူစရာ၊ စိတ်အေးစရာ မရှိဘူး။ ဖြစ်နေတာကို ရေးသင့်မရေးသင့်၊ ဝေခွဲမရဘူး တိတ်တိတ်လေးနေရင် ငါတာဝန်ကျေမှာမဟုတ်ဘူးဆိုတဲ့ အသိနဲ့ ဒီစာကို ရေးပါတယ်။ ကျနော်တို့ Bergamo မြို့မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အဝေးကလူတွေ မြင်နိုင်အောင် ရေးပါ့မယ်။

မလိုအပ်ဘဲ လူတွေကြောက်အောင် Panic ရအောင် မလုပ်ဖို့ ကျနော်သိတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့အန္တရာယ်သတင်း တခြားလူတွေဆီ မရောက်မှာကိုလဲ ကျနော်ကြောက်မိတယ်။ ကျနော်တို့အခုရင်ဆိုင်နေရတဲ့ရန်သူ မရောက်လာခင် ပြီးခဲ့တဲ့အပတ်မှာပဲ ဆေးရုံမှာ အစီအစဉ်တွေ စပြောင်းတယ်။ လူနာဆောင်ထဲက လူနာတွေကို ရှင်းထုတ်ပစ်တယ်။

အရေးပေါ် ရောဂါက လွဲပြီး ကုသခွဲစိတ်မှုတွေ ရပ်ထားတယ်။ ICU ဆောင်တွေကိုလဲ ကြိုတင် ရှင်းပစ်လိုက်ပြီး ကုတင်လွတ်တွေ အများကြီး နဲ့ စောင့်နေလိုက်တယ်။ ဆေးရုံက အရာရာအားလုံး မြန်မြန်ကြီး ပြောင်းလဲထားတယ်။ ဆေးရုံကော်ရစ်ဒါတွေ တိတ်ဆိတ်ကုန်တယ်။ဟာတာတာနဲ့။ အိပ်မက်လိုမျိုး။

ဒီလိုခံစားချက်ဘာ့ကြောင့်ဖြစ်သလဲဆိုတာ ဘယ်သူမှ နားမလည်ကြဘူး။ မစ သေးတဲ့ စစ်ကို စောင့်နေသလိုမျိုး။စစ်ရှုံးမယ် အထိနာမယ် လို့လဲ ကျနော်အပါအဝင် တော်တော်များများက မထင်ခဲ့ကြဘူး။လွန်ခဲ့တဲ့တစ်ပတ် night ဂျူတီကျတုန်း swab အဖြေတစ်ခု စောင့်နေတာကို မှတ်မိသေးတယ်။

အဲဒီအဖြေများ Positive ဖြစ်ခဲ့ရင်ဆိုပြီး တွေးနေမိတာနဲ့ အခုလက်ရှိမှာဖြစ်နေတာတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ရယ်စရာတောင်ကောင်းနေသေး။ ယ်။ အခုဖြစ်နေတာကတော့ ရုပ်ရှင်ထဲက အတိုင်းပဲ။စလဲ စ ရော။ တိုက်ပွဲတွေကလဲ နေ့ညဆက်နေတာ ။

အသင့်ပင် ရှင်းလင်းထားတဲ့ ဆေးရုံထဲကို လူနာတွေက တစ်ယောက်ပြီးတစ်ယောက်ဝင်လာနေပြီ။လူနာအခြေအနေပြ Board မှာလဲ Code Red တွေနဲ့ ရဲပဒေါင်းခတ်နေပြီ။ လူနာတိုင်းရဲ့ ဘေးမှာ ရောဂါအဖြေက တစ် ပုံစံထဲ ။ အဆုတ်နှစ်ဘက်လုံးယောင်ခြင်း (bilateral interstitial pneumonia) ချည်းပဲ။

ခင်ဗျားတို့ ပြောခဲ့သလို မဟုတ်ဘဲ ဘယ်တုပ်ကွေး ဒီလိုမြန်မြန်ဆန်ဆန်ချည်း ဆိုးသွားတာလဲလို့ ဟိုလူတွေကို မေးချင်တာ။ ကြောက်စရာ မလိုဘူး ပြောခဲ့တဲ့ သူတွေကို မေးချင်တာ။ ညွှန်ကြားချက်တွေကို မလိုက်နာခဲ့သူတွေကို မေးချင်တာ။

လက်ရှိလုပ်နေတဲ့အလုပ်တွေရပ်ထားရမလား လို့ မေးလိုက်ချင်သေး။ ကပ်ရောဂါကဆိုက်နေပြီ။ ခွဲစိတ်ဆရာဝန်၊ ဆီးလမ်းကြောင်းအထူးကု၊ အရိုးအထူးကုဆိုပြီး မရှိတော့ဘူး။ အာလုံးဟာ ဒီ ကပ်ရောဂါကို ရင်ဆိုင်မယ့် ဆရာဝန်တွေဖြစ်သွားကြပြီ။

Case တွေ တိုးတိုးလာနေပြီ။ တစ်ရက်ကို ၁၅ယောက်ကနေ အယောက်၂၀လက်ခံနေရပြီ။ အားလုံးရဲ့အဖြေက positive တဲ့။ အရေးပေါ်ဌာနလဲ ဘုန်းဘုန်းလဲတော့မယ်။ အရေးပေါ်ကိုလာတဲ့ လူတွေအားလုံးရဲ့ လက္ခဏာက တစ်ပုံစံထဲပဲ။ ဖျားမယ်။ အသက်ရှူကျပ်မယ်။ ချောင်းဆိုးမယ်။ အမောဖောက်မယ်။

ဓာတ်မှန်ဌာနက အဖြေကလဲ တစ်ပုံစံထဲ။ အဆုတ်နှစ်ဘက်လုံးယောင်လို့။ Tube နဲ့ အသက်ရှုရမယ်။ ကြပ်မတ်ဆောင်ကို သွားရမယ်။ တချို့အတွက်တော့ ဒါတွေနဲ့ ကယ်တာတောင် မမီတော့ဘူး။ ဒီအချိန်မှာတော့ အသက်ရှူစက်ဟာ ရွှေလို အဖိုးတန်သွားပြီ။

ဝန်ထမ်းတွေလဲ ခြေကုန်လက်ပမ်းကျပြီ။ ဆရာဝန်တွေကိုယ်တိုင် ခုတင်တွေ၊ လူနာတွေရွှေ့၊ ဆေးပေး၊ သူနာပြုတွေလဲ လူနာတွေအားလုံးကို မကယ်နိုင်လို့ ငိုနေကြတယ်။ လူနာတော်တော်များများရဲ့ နိဂုံးကလဲ သေမယ်ဆိုတာက သေချာနေပြီ။ အဆိုင်းတွေ၊ ဂျူတီတွေ မရှိတော့ဘူး။ နာရီတွေလဲ မသိတော့ဘူး။ မိသားစု ဘဝ တခြားသာရေးနာရေးဆိုတာ ကျနော်တို့အတွက် မရှိတော့ဘူး။

ကူးမှာ စိုးလို့ မိသားစုတွေကိုတောင် မတွေ့တော့ဘူး။ ညွှန်ကြားချက်တွေကို လိုက်နာတဲ့ကြားက ကျနော်တို့ထဲမှာတောင် ကူးတဲ့လူရှိနေတာ။ အဲဒီလိုကူးတဲ့လူဆီက ဆွေမျိုးသားချင်းတွေပြန်ကူး၊ တချို့ဆို သေမင်းနဲ့လွန်ဆွဲနေရပြီ။ ပွဲ မသွားရတာ ၊ Gym မသွားရတာ၊ ပြတိုက်မသွားရတာကို သည်းခံပါ။

ကိုယ့်ကြောင့် သေကုန်မယ့် သက်ကြီးရွယ်အိုတွေကို သနားကြပါ။ ကျနော်တို့ တခြားလူတွေကို ကူပေးနေကြတယ်။ မိတ်ဆွေလဲ ဝင်ကူလို့ရတယ်။ ကိုယ့်ကြောင့် တခြားလူတွေ သေနိုင်တယ်။ ဒီမှာကပ်ဆိုတာမျိုး တခြားနေရာတွေမှာ မဖြစ်ရလေအောင် ကျနော်ပြောတာတွေကို ထပ်ဆင့်ပြောပေးကြပါ။

အီတလီမြောက်ပိုင်း ကိုရိုနာဖြစ်နေတဲ့ လုံဘာဒီနယ် မီလန်အနောက်မြောက်ပိုင်းက ဆေးရုံဆရာဝန်တစ်ယောက် မနေ့က ရေးထားတာ ဖတ်စေချင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။ သူ့နာမယ်က Daniele Macchini တဲ့။ အီတာလ်ံကေန အင်္ဂလိပ်ကို ပြန်တဲ့လူက Silvia Stringhini တဲ့။ မူရင်းစာက ecodibergamo.it မှာ ရှိပါတယ်။

From Maung Maung Oo’s FB

 

Be the first to comment

Leave a Reply

Your email address will not be published.


*