သင့်ကို ရူးရူးမူးမူးချစ်ပါတယ်ဆိုတဲ့ အမျိုးသမီးတစ်ဦးတောင်မှ သင့်ကိုစွန့်ခွာသွားနိုင်တဲ့ အကြောင်းရင်းများ
သင်အလုပ်မှာအလုပ်လုပ်နေစဉ် သူတို့ကတံခါးကိုဆောင့်ပိတ်ပီး သင့်ဘဝထဲကနေ ထာဝရ ထွက်သွားနိုင်ပါတယ်။ အဲ့တာနဲ့ပတ်သတ်ပီး အကြောင်းရင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် …..
(1) သင့်ကိုမှီခိုလို့မရနိုင်ဘူးလို့ သူမခံစားရတယ်
အမျိုးသမီးတိုင်းဟာ သူတို့လွတ်လပ်ခွင့်ကို အမျိုးသမီးတိုင်းဟာ သူတို့လွတ်လပ်ခွင့်ကိုတန်ဖိုးထားနှစ်သက်တာနဲ့တစ်ချိန်တည်းမှာပဲ တစ်စုံတစ်ယောက်အပေါ်မှီခိုအားထားချင်တဲ့စိတ်လေးကလဲရှိတတ်ပါတယ်။ ပီးတော့
အမျိုးသားကိုအင်မတန်လိုအပ်တဲ့အခိုက်အတန့်တွေရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်နေစဉ်အချိန်လိုမျိုးပေါ့။ ယုံကြည်စိတ်ချလို့ရပီးအားကိုးလို့ရတဲ့သူမျိုးကသာ အမျိုးသမီးတစ်ဦးကိုစိတ်သက်တောင့် သက်သာဖြစ်အောင် ခံစားရစေတာ ဖြစ်ပါတယ် …။
(2) သင့်ရဲ့လိုအပ်ချက်စံနှုန်းတွေနဲ့ကိုက်ညီအောင်နေရတာ သူမစိတ်ကုန်လာပီ
ခန္ဓာကိုယ်အနေအထားကလဲ အမြဲလှပနေရအုံးမယ်။ အမြဲစိတ်ကြည်လင်နေရပီး ဟင်းကလဲကောင်းကောင်းချက်တတ်ရမယ်။ ပီးတော့ စာအုပ်စာပေမြင့်မြင့်တွေကိုလဲဖတ်နိုင်ရမယ်။ သင့်သူငယ်ချင်းတွေနဲ့
အဆင်ပြေပြေပေါင်းသင်းတတ်ရမယ်။ ကဲ သင်ပဲစဉ်းစားကြည့်ပါ။ ဒီလိုလိုအပ်ချက်စာရင်းကြီးကမရှည်လွန်းဘူးလားလို့ ? တစ်ချိန်လုံးကြီး တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်စံနှုန်းတွေအတိုင်းကိုက်ညီနေအောင် လုပ်ဖို့ဆိုတာ သိပ်ကိုပင်ပန်း လှပါတယ် …။
(3) သင့်အတွက် သူမတစ်ယောက်တည်းသာလျှင်လို့မခံစားရတဲ့အခါ
ဒါဖောက်ပြန်တဲ့ကိစ္စမှာတင်မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်ကတော့ သင် သူတို့ကိုချစ်တယ်ဆိုတာသူတို့မြင်နိုင်ပီးသင် အခြားအမျိုးသမီးတွေကိုမကြည့်ဘူးဆိုတာက သိပ်ကိုအရေးကြီးပါတယ်။
(4) သင့်ရဲ့သူမအပေါ်ယုံကြည်မှုမရှိတဲ့အပြုအမူတွေကိုစိတ်ကုန်သွားတဲ့အခါ
သူငယ်ချင်းတွေနဲ့သွားတွေ့ဖို့သင့်ဆီမှာ တစ်ပတ်လောက်ကြာအောင်ခွင့်တောင်းနေရတယ်။ ပီးတော့ သူငယ်ချင်းတွေနဲ့ တွေ့နေတဲ့တစ်ညနေခင်းလုံးလဲ သင့်ဆီကလာတဲ့ဖုန်းတွေ messages တွေကို reply ပြန်နေရတယ်။
သင့်ရဲ့သံသယတွေကို နားထောင်ပီး တစ်ခုချင်းလိုက်ဖြေရှင်းနေရတာ Healthy Relationship တစ်ခုရဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ အဲ့လို relationship မျိုးကို သဘောကျတဲ့မိန်းကလေးမျိုးကရှားပါတယ်။
သင်ကိုယ်တိုင်ကရော အဲ့လောက်တောင်မယုံနိုင်ဘူးဖြစ်နေရင် လမ်းခွဲပစ်လိုက်ရောပေါ့ …။
(5) မကောင်းတဲ့စိတ်ခံစားချက်တွေရဲ့ရင်းမြစ်ကသင်ဖြစ်နေတဲ့အခါ
သင်မပျော်တဲ့အခါ အမြဲဒီလိုဖြစ်နေတတ်ပီး အသစ်အသစ်တွေကိုလဲမကြိုးစားကြည့်ချင်ဘူး။ သင့်ချစ်သူမိန်းကလေးကပေးလာတဲ့အကြံတွေကိုလဲ ရူးကြောင်ကြောင်နိုင်တယ်ဆိုပီးလျစ်လျူရှုတယ်။
အဲ့အခါမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘာကိုယ်ပဲဘဝကိုရှေ့ဆက်လျှောက်ဖို့ကြိုးစားလာကြပါတော့တယ် …။
(6) သင်တို့ ၂ ယောက်က မတူညီတဲ့ကမ္ဘာ ၂ ခုစီကနေလာတဲ့အခါ
အစပိုင်းမှာတော့ အချစ်ပဲမြင်တဲ့အခါ ဘာကိုမှ သေချာမစဉ်းစားနိုင်ပဲ တစ်ဖက်စီရဲ့မိသားစုတို့ သူငယ်ချင်းတို့စတဲ့အရာတွေကိုလျစ်လျူရှုခဲ့ကြပါတယ်။ နောက်အတော်ကြာတော့မှ အချစ်တွေအေးစက်သွားတော့မှသာ
ငါကသူ့သူငယ်ချင်းတွေနဲ့အဆင်မပြေဘူး။ မိဘတွေကိုသည်းမခံနိုင်ဘူး စတဲ့ပြဿနာတွေ ဖြစ်လာပါတော့တယ် …။
(7) သင်ကအရမ်းကလေးဆန်တဲ့အခါ
သူမကကလေးယူချင်နေတဲ့အချိန် သင်ကတော့ သင့်သူငယ်ချင်းတွေနဲ့ အတူဖူးခက်ကို ခရီးထွက်ချင်တယ်။ သိထားရမှာက အမျိုးသမီးတွေဟာ မရင့်ကျက်သေးတဲ့သူတွေနဲ့တော့ ကလေးတစ်ယောက် ယူချင်မှာမဟုတ်ပါဘူး …။
(8) ဘာမှမရပဲပေးပဲပေးနေရတာကိုစိတ်ကုန်သွားတဲ့အခါ
ဘာမှလဲမရပဲ ကိုယ့်ဘက်ကအပေးချည်းပဲဖြစ်နေတယ်? ဒီလိုဆို relationship တွေအလုပ်မလုပ်ပါဘူး …။
(9) သင်ဘာလိုချင်တယ်ဆိုတာသင်သိလားမသိလားဆိုတာ သူမလဲမသေချာတဲ့အခါ
အမြဲအစီအစဉ်တွေက အပြောပဲရှိပီး ဟိုမရောက်ဒီမ ရောက်ဖြစ်နေတဲ့သူမျိုးကို မမှီခိုချင်ကြပါဘူး။ တစ်ချိန်လုံးစိတ်က အမျိုးမျိုးဖြစ်နေတဲ့သူနဲ့ဆို ဘာမှဖြစ်ဖြစ် မြောက်မြောက် ဖြစ်လာမှာမဟုတ်ပါဘူး …။
(10) အနာဂတ်အတွက်သင်တို့ ၂ ယောက်ရဲ့စိတ်ကူးတွေကမတူညီတဲ့အခါ
အိမ်လေးဆောက်ပီးနေချင်တယ်။ အဲ့လိုအသီးသီး စိတ်ကူးတွေကမတူညီတဲ့အခါမှာလဲ ပြဿနာတစ်ခုဖြစ်လာပါတယ် …။ ။