အျမင့္ဆုံး ထီဆုႀကီးေတြနဲ႔ အကၡရာမတူဘဲ ဂဏန္းတူရင္ ေပါက္မဲအျဖစ္ သတ္မွတ္ေပးေတာ့မည္ ..

အျမင့္ဆုံး ထီဆုႀကီးေတြနဲ႔ အကၡရာမတူဘဲ ဂဏန္းတူရင္ ေပါက္မဲအျဖစ္ သတ္မွတ္ေပးေတာ့မည္

အျမင့္ဆုံး ထီဆုႀကီးေတြနဲ႔ အကၡရာမတူဘဲ ဂဏန္းတူရင္ ေပါက္မဲအျဖစ္ သတ္မွတ္ေပးေတာ့မည္ ..

အျမင့္ဆုံးထီဆုႀကီးေတြနဲ႔ အကၡရာမတူဘဲ ဂဏန္းတူရင္ ေပါက္မဲအျဖစ္ သတ္မွတ္ေပးရန္ ညႇိႏႈိင္းေဆြးေႏြး

ထီဆုႀကီးကို အကၡရာမတူ ဂဏန္းတူယုံနဲ႔ ေပါက္မဲအျဖစ္ သတ္မွတ္ေပးဖို႔ အစီအစဥ္ရွိတာေၾကာင့္ ညႇိႏႈိင္း ေဆြးေႏြးမႈေတြ ဆက္လုပ္ေဆာင္သြားမယ္ လို႔ စီမံကိန္း ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဒီေန႔ ေျပာလိုက္ ပါတယ္။

“ဆုမဲ ျပင္ဆင္တိုင္း ဝယ္လိုအား ျမင့္တက္ပါတယ္၊ အျမင့္ဆုံး အထူးဆုႀကီး အကၡရာမတူ ဂဏန္းတူ ဆုႀကီးေပးဖို႔ စီစဥ္ေနတယ္၊ ဦးစြာသုံးသပ္ေဆာင္႐ြက္ဖို႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္သြားမယ္”လို႔ ဦးေမာင္ေမာင္ဝင္း က ဒီေန႔ အမ်ိဳးသားလႊတ္ေတာ္မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းေဝးမွာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးကိုကိုႏိုင္က တစ္လ တစ္ႀကိမ္ဖြင့္တဲ့ ေအာင္ဘာေလ ထီဆုမဲေတြနဲ႔ ပတ္သက္လို႔ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ျပန္ေျဖၾကားခဲ့တာပါ။

“အျမင့္ဆုံးဆုႀကီးေတြကို စိတ္ဝင္စားေနတာ ျဖစ္ၾကတယ္ အေျခခံျပည္သူ အကၡရာတူ ဂ႑န္းေျခာက္လုံးတူမွ ရမွာပါ ဒါေၾကာင့္ အခု ထီဆုႀကီး က်ပ္သိန္းတစ္ေသာင္းခြဲ၊ က်ပ္သိန္းတစ္ေသာင္း၊

က်ပ္သိန္း (၅၀၀၀) ကို ေျခာက္လုံးတူ အကၡရာလြဲရင္ ထီဆုရဲ႕ ဝ.၁ ရာခိုင္ႏႈန္းကို ေပါက္မဲအျဖစ္ ေပးဖို႔ အထူးေျပာခ်င္တယ္”လို႔ ဦးကိုကိုႏိုင္က ေျပာပါတယ္။

ဒါေၾကာင့္ က်ပ္သိန္း တစ္ေသာင္းခြဲမွာ အကၡရာမတူ ဂဏန္းတူရင္ က်ပ္ (၁၅ )သိန္း၊ သိန္းတစ္ေသာင္းဆို (၁၀) သိန္း၊ က်ပ္သိန္း ငါးေထာင္ဆိုရင္ (၅) သိန္း အထိ ရရွိႏိုင္ဖို႔ သူက ေဆြးေႏြး ခဲ့တာပါ။

အခုခ်ိန္မွာေတာ့ ေအာင္ဘာေလထီ ေရာင္းရေငြ ရဲ႕ (၆၀) ရာခိုင္ႏႈန္းကို ထီးဆုမဲေတြထဲကို ျပန္ထည့္ေပးၿပီး က်န္တဲ့ (၄၀) ရာခိုင္ ႏႈန္းကို ႏိုင္ငံေတာ္ ဘ႑ာေငြထဲကို ထည့္သြင္းေနတာ ျဖစ္ပါတယ္။

Source – Omedia

Unicode

အမြင့်ဆုံး ထီဆုကြီးတွေနဲ့ အက္ခရာမတူဘဲ ဂဏန်းတူရင် ပေါက်မဲအဖြစ် သတ်မှတ်ပေးတော့မည် ..

အမြင့်ဆုံးထီဆုကြီးတွေနဲ့ အက္ခရာမတူဘဲ ဂဏန်းတူရင် ပေါက်မဲအဖြစ် သတ်မှတ်ပေးရန် ညှိနှိုင်းဆွေးနွေး

ထီဆုကြီးကို အက္ခရာမတူ ဂဏန်းတူယုံနဲ့ ပေါက်မဲအဖြစ် သတ်မှတ်ပေးဖို့ အစီအစဉ်ရှိတာကြောင့် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်သွားမယ် လို့ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီနေ့ ပြောလိုက် ပါတယ်။

“ဆုမဲ ပြင်ဆင်တိုင်း ဝယ်လိုအား မြင့်တက်ပါတယ်၊ အမြင့်ဆုံး အထူးဆုကြီး အက္ခရာမတူ ဂဏန်းတူ ဆုကြီးပေးဖို့ စီစဉ်နေတယ်၊ ဦးစွာသုံးသပ်ဆောင်ရွက်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်”လို့ ဦးမောင်မောင်ဝင်း က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က တစ်လ တစ်ကြိမ်ဖွင့်တဲ့ အောင်ဘာလေ ထီဆုမဲတွေနဲ့ ပတ်သက်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်ဖြေကြားခဲ့တာပါ။

“အမြင့်ဆုံးဆုကြီးတွေကို စိတ်ဝင်စားနေတာ ဖြစ်ကြတယ် အခြေခံပြည်သူ အက္ခရာတူ ဂဏ္ဍန်းခြောက်လုံးတူမှ ရမှာပါ ဒါကြောင့် အခု ထီဆုကြီး ကျပ်သိန်းတစ်သောင်းခွဲ၊ ကျပ်သိန်းတစ်သောင်း၊

ကျပ်သိန်း (၅၀၀၀) ကို ခြောက်လုံးတူ အက္ခရာလွဲရင် ထီဆုရဲ့ ဝ.၁ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ် ပေးဖို့ အထူးပြောချင်တယ်”လို့ ဦးကိုကိုနိုင်က ပြောပါတယ်။

ဒါကြောင့် ကျပ်သိန်း တစ်သောင်းခွဲမှာ အက္ခရာမတူ ဂဏန်းတူရင် ကျပ် (၁၅ )သိန်း၊ သိန်းတစ်သောင်းဆို (၁၀) သိန်း၊ ကျပ်သိန်း ငါးထောင်ဆိုရင် (၅) သိန်း အထိ ရရှိနိုင်ဖို့ သူက ဆွေးနွေး ခဲ့တာပါ။

အခုချိန်မှာတော့ အောင်ဘာလေထီ ရောင်းရငွေ ရဲ့ (၆၀) ရာခိုင်နှုန်းကို ထီးဆုမဲတွေထဲကို ပြန်ထည့်ပေးပြီး ကျန်တဲ့ (၄၀) ရာခိုင် နှုန်းကို နိုင်ငံတော် ဘဏ္ဍာငွေထဲကို ထည့်သွင်းနေတာ ဖြစ်ပါတယ်။

Source – Omedia

Be the first to comment

Leave a Reply

Your email address will not be published.


*